Credit မူရင်း
Unicode
နှုတ်မဆက်ပဲ ထွက်သွားတဲ့အဖေကို တစ်ကြိမ်လောက် တွေ့ချင်သေးပါတယ်ဆိုတဲ့ သမီးလေး…
မိသားစုအတွက် သားသမီးတွေအတွက် ကိုယ်ပိုင်အိမ်လေးနဲ့ ထားချင်လို့ဆိုပြီး အဖေ ကျောက်သွားတူးတယ် . . .။
ခုတော့ အဖေ သမီးတို့အဝေးကို အပြီးထွက်သွားပြီလား . . . ? အဖေ အလုပ်သိမ်းတဲ့အချိန်ဆို ဖုန်းလေးခေါ်ပြီး သမီးတို့ရေ နေကောင်းလား . . .? ဖေဖေ ပြန်လာတော့မှာနော် . . .။ ဖေဖေ သမီးတို့အတွက် သမီးတို့လိုချင်တဲ့အိမ်လေး ဝယ်ဖို့ ပိုက်ဆံစုနေတာ ပြည့်တော့မယ်လို့ပြောတဲ့ဖေဖေ. . .။
ခုတော့ အဝေးဆုံးကို ထွက်သွားပြီလား ဖေဖေ . . . သူများတွေ အလုပ်တွေနားလို့ မိသားစုတွေဆီပြန်ကြရင်တောင် . . .သမီးတို့နဲ့ တစ်သက်လုံးအတူတူနေဖို့ ဖေဖေ ခဏခွဲနေရတာပါ . . .ပြန်လာတော့မှာပါဆိုပြီး ငိုချင်နေတာကို အံကိုကြိတ် အားတင်းပြီး ပြောတဲ့ဖေဖေ . . .ခုတော့ ဖေဖေပြန်မလာနိုင်တော့ဘူးတဲ့လား . . .အဖေ . . .နောင်ဘဝဆက်တိုင်း အဖေနဲ့ ပြန်ဆုံချင် မိတယ် အဖေ. . . .
အဖေ ကောင်းရာသုဂတိလားပါစေ အဖေ. . . . အမေကတော့ အဖေ့သတင်းကြားပြီးကတည်းက ငိုနေတာ ခုထိပဲ အဖေ. . . သမီးစိတ်ညစ်တဲ့အခါ ဘယ်သူ့ကို ရင်ဖွင့်ရမလဲ အဖေရယ် . . . အဖေ သမီးတို့ကို မနှုတ်ဆက်ပဲ အဝေးကို ထွက်သွားတယ်နော်အဖေ. . . သမီးအဖေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် တွေ့ပြီး စကားတွေပြောချင်သေးတယ် အဖေရယ် . . . .။ ။
ဖေဖေ့ကို ချစ်တဲ့ သမီးလေး
Credit မူရင်း