သင့္ကို ဘယ္ေတာ့မွ မထားသြားမယ့္ သူေတြမွာ ရွိေနတဲ့လကၡဏာမ်ား…

သင့္ကို ဘယ္ေတာ့မွ မထားသြားမယ့္ သူေတြမွာ ရွိေနတဲ့လကၡဏာမ်ား…

လူေတြနဲ႔ ေပါင္းသင္းဆက္ဆံတဲ့အခါ ကိုယ့္အေပၚ ေကာင္းလား မေကာင္းလားဆိုတာကို အျပဳအမူေတြကေန သိႏိုင္ပါတယ္။ ဒီလိုပဲ ကိုယ့္နဲ႔ ခ်စ္ရတဲ့သူေတြမွာလည္း ကိုယ့္အေပၚ ဘယ္လို သေဘာထားတဲ့သူလဲဆိုတာကို သူ႔ရဲ႕ အျပဳအမူေတြကလည္း သိႏိုင္ပါတယ္ …။

ကိုယ့္ကို ဘယ္ေတာ့မွ ထားမသြားမယ့္ ကိုယ့္ကို ဘယ္ေတာ့မွ လက္မလႊတ္မယ့္ ခ်စ္သူေတြမွာေတာ့ အခုလို လကၡဏာရပ္ေတြ ရွိလို႔ ေနပါတယ္ …။

သင့္ကို ဘယ္ေတာ့မွ မထားသြားမယ့္သူေတြမွာ ရွိေနတဲ့ လကၡဏာေတြကေတာ႔….

(၁) သင့္ အရွိအတုိင္းကို လက္ခံတယ္”

သူက သင့္ရဲ႕ အရွိအတိုင္းကို လက္ခံပါတယ္။ သင္က တျခားသူေတြနဲ႔ ျခားနားၿပီး ဘယ္သူနဲ႔မွ မတူတဲ့သူဆိုတာကို သူက ေကာင္းေကာင္းကို နားလည္ သေဘာေပါက္ ၾကပါတယ္ …။

သင္ရဲ႕ ဆုိးတဲ့အခ်က္ေတြေရာ ေကာင္းတဲ့အခ်က္ေတြ အားလံုးကို ျမင္ၿပီးရင္ေတာင္မွ သင့္ကို လက္ခံၿပီး ဘယ္ေတာ့ အေဝးကို တြန္းပို႔ဖို႔လည္း ႀကိဳးစားၾကမွာ မဟုတ္ပါဘူး …။

(၂) တျခားသူေတြ ဘာထင္ထင္ သူက ဂရုမစိုက္ဘူး”

တျခားသူေတြက ဘယ္လို ထင္ထင္ သူကေတာ့ သင့္ကို ဂရုစိုက္မွာပါပဲ။ သင့္အေၾကာင္းကို ဘယ္ေလာက္ပဲ ၾကားၾကား သူက ေဝဖန္ အကဲျဖတ္ဖို႔ မလုပ္ပါဘူး။ သူ႔အနားမွာ ရွိေနတဲ့ သင့္ကိုပဲ ယံုၾကည္ၿပီး ခ်စ္ေနမွာ ျဖစ္ပါတယ္။ တျခားသူေတြက သူ မဟုတ္တဲ့အတြက္ သူကေတာ့ သင့္အေပၚ ထားတဲ့ သူ႔စိတ္အတိုင္းပဲ အျမဲ သင့္အနား ရွိေနမွာပဲ ျဖစ္ပါတယ္ …။

(၃) သင့္ကို စိတ္ညစ္စရာေတြ မေပးဘူး”

သင္က ဘယ္ေလာက္အဖိုးတန္တယ္ဆိုတာကို သူက ေကာင္းေကာင္း နားလည္ပါတယ္။ ဒါေၾကာင့္ သင့္ကို ခံစားနာက်င္ရမွာေတြကိုလည္း သူက မလိုလားပါဘူး။ သူ႔ေၾကာင့္ ထပ္စိတ္ညစ္ရတာမ်ိဳး မျဖစ္ေစပဲ သူနဲ႔ ရွိတိုင္း ေပ်ာ္ရႊင္ေနတာမ်ိဳးကို ျမင္ခ်င္ၾကသူေတြလည္း ျဖစ္ပါတယ္ …။

(၄) သင္က သူ႔ရဲ႕ ဘဝထဲ အေလးထားရမယ့္သူလို႔ သေဘာထားတယ္”

သူက သင့္အတြက္ ဝတၱရား ရွိတဲ့သူလို႔ ခံယူထားပါတယ္။ သင့္ရဲ႕ အဆင္ေျပမႈ၊ ေပ်ာ္ရႊင္မႈနဲ႔ က်န္တဲ့ အေျခအေနေတြမွာပါ မိသားစုလို လက္တြဲေဖာ္လို သင့္ေဘးနားမွာ ရွိေနေပးဖို႔ လိုတယ္လို႔လည္း သူတို႔က အျမဲ ေတြးထားၿပီး အေကာင္အထည္ ေဖာ္တတ္ၾကသူေတြ ျဖစ္ပါတယ္ …။

(၅) သင္က သူ႔အတြက္ အေကာင္းဆံုးသူ ျဖစ္တယ္”

သင္က ဘယ္လို အေျခအေနမွာပဲ ရွိေနပါေစ သူကေတာ့ သင္က သူ႔အတြက္ အဖိုးအတန္ဆံုးနဲ႔ အျမတ္ႏိုးရဆံုး သူလို႔ပဲ ေတြးထားသူ ျဖစ္ပါတယ္။ သင္က လြဲၿပီး ဘယ္သူကိုမွ ထပ္ရွာမွာ မဟုတ္လို႔ သင့္အနားမွာပဲ အျမဲ ရွိေနမယ့္ သူလည္း ျဖစ္ပါတယ္ေနာ္ …။ ။

Credit

Kham

Unicode

သင့်ကို ဘယ်တော့မှ မထားသွားမယ့် သူတွေမှာ ရှိနေတဲ့လက္ခဏာများ…

လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ ကိုယ့်အပေါ် ကောင်းလား မကောင်းလားဆိုတာကို အပြုအမူတွေကနေ သိနိုင်ပါတယ်။ ဒီလိုပဲ ကိုယ့်နဲ့ ချစ်ရတဲ့သူတွေမှာလည်း ကိုယ့်အပေါ် ဘယ်လို သဘောထားတဲ့သူလဲဆိုတာကို သူ့ရဲ့ အပြုအမူတွေကလည်း သိနိုင်ပါတယ် …။

ကိုယ့်ကို ဘယ်တော့မှ ထားမသွားမယ့် ကိုယ့်ကို ဘယ်တော့မှ လက်မလွှတ်မယ့် ချစ်သူတွေမှာတော့ အခုလို လက္ခဏာရပ်တွေ ရှိလို့ နေပါတယ် …။

သင့်ကို ဘယ်တော့မှ မထားသွားမယ့်သူတွေမှာ ရှိနေတဲ့ လက္ခဏာတွေကတော့….

(၁) သင့် အရှိအတိုင်းကို လက်ခံတယ်”

သူက သင့်ရဲ့ အရှိအတိုင်းကို လက်ခံပါတယ်။ သင်က တခြားသူတွေနဲ့ ခြားနားပြီး ဘယ်သူနဲ့မှ မတူတဲ့သူဆိုတာကို သူက ကောင်းကောင်းကို နားလည် သဘောပေါက် ကြပါတယ် …။

သင်ရဲ့ ဆိုးတဲ့အချက်တွေရော ကောင်းတဲ့အချက်တွေ အားလုံးကို မြင်ပြီးရင်တောင်မှ သင့်ကို လက်ခံပြီး ဘယ်တော့ အဝေးကို တွန်းပို့ဖို့လည်း ကြိုးစားကြမှာ မဟုတ်ပါဘူး …။

(၂) တခြားသူတွေ ဘာထင်ထင် သူက ဂရုမစိုက်ဘူး”

တခြားသူတွေက ဘယ်လို ထင်ထင် သူကတော့ သင့်ကို ဂရုစိုက်မှာပါပဲ။ သင့်အကြောင်းကို ဘယ်လောက်ပဲ ကြားကြား သူက ဝေဖန် အကဲဖြတ်ဖို့ မလုပ်ပါဘူး။ သူ့အနားမှာ ရှိနေတဲ့ သင့်ကိုပဲ ယုံကြည်ပြီး ချစ်နေမှာ ဖြစ်ပါတယ်။ တခြားသူတွေက သူ မဟုတ်တဲ့အတွက် သူကတော့ သင့်အပေါ် ထားတဲ့ သူ့စိတ်အတိုင်းပဲ အမြဲ သင့်အနား ရှိနေမှာပဲ ဖြစ်ပါတယ် …။

(၃) သင့်ကို စိတ်ညစ်စရာတွေ မပေးဘူး”

သင်က ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို သူက ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့် သင့်ကို ခံစားနာကျင်ရမှာတွေကိုလည်း သူက မလိုလားပါဘူး။ သူ့ကြောင့် ထပ်စိတ်ညစ်ရတာမျိုး မဖြစ်စေပဲ သူနဲ့ ရှိတိုင်း ပျော်ရွှင်နေတာမျိုးကို မြင်ချင်ကြသူတွေလည်း ဖြစ်ပါတယ် …။

(၄) သင်က သူ့ရဲ့ ဘဝထဲ အလေးထားရမယ့်သူလို့ သဘောထားတယ်”

သူက သင့်အတွက် ဝတ္တရား ရှိတဲ့သူလို့ ခံယူထားပါတယ်။ သင့်ရဲ့ အဆင်ပြေမှု၊ ပျော်ရွှင်မှုနဲ့ ကျန်တဲ့ အခြေအနေတွေမှာပါ မိသားစုလို လက်တွဲဖော်လို သင့်ဘေးနားမှာ ရှိနေပေးဖို့ လိုတယ်လို့လည်း သူတို့က အမြဲ တွေးထားပြီး အကောင်အထည် ဖော်တတ်ကြသူတွေ ဖြစ်ပါတယ် …။

(၅) သင်က သူ့အတွက် အကောင်းဆုံးသူ ဖြစ်တယ်”

သင်က ဘယ်လို အခြေအနေမှာပဲ ရှိနေပါစေ သူကတော့ သင်က သူ့အတွက် အဖိုးအတန်ဆုံးနဲ့ အမြတ်နိုးရဆုံး သူလို့ပဲ တွေးထားသူ ဖြစ်ပါတယ်။ သင်က လွဲပြီး ဘယ်သူကိုမှ ထပ်ရှာမှာ မဟုတ်လို့ သင့်အနားမှာပဲ အမြဲ ရှိနေမယ့် သူလည်း ဖြစ်ပါတယ်နော် …။ ။

Credit

Kham