ခေါင်းအစခြေအဆုံး အလှအပအတွက် အသုံးဝင်လှတဲ့ ပန်းသီးရှာလကာရည် အသုံးပြုနည်း

ပန်းသီးရှာလကာရည်က အလှအပရေးရာတွေမှာ အသုံးဝင်တယ်ဆိုတာကိုတော့ အနည်းအကျဉ်းသိပြီးသား ဖြစ်မှာပါ။

ပန်းသီးရှာလကာရည်က ခေါင်းအစ ခြေအဆုံး အလှအပရေးရာအတွက် တကယ့်ကို အသုံးဝင်ပါတယ်နော်။ အလှအပအတွက် လူတိုင်းမသိသေးတဲ့ ပန်းသီးရှာလကာရည် အသုံးပြုနည်းကို ဝေမျှပေးလိုက်ပါတယ်။

ဆိုင်တွေမှာ တကူးတကသွားပြီး detox လုပ်စရာမလိုပဲ အိမ်မှာပဲ ပန်းသီးရှာလကာရည်နဲ့ ဆံပင်ကို detox လုပ်လို့ရပါတယ်။

အကုန်အကျသက်သာစေသလို အာနိသင်လည်း ကောင်းစေတာဖြစ်လို့ တကယ့်ကို အသုံးပြုကြည့်သင့်ပါတယ်နော်။

ခေါင်းမလျှော်ခင်မှာ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနဲ့ ရေနှောလိုက်ပြီး ခေါင်းပေါ်မှာ လောင်းချပေးရမှာပါ။

ပြီးရင်တော့ ငါးမိနစ်၊ ဆယ်မိနစ်ခန့်လောက် ဦးရေပြားကို နှိပ်နှယ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် ပုံမှန်ခေါင်းလျှော်နေကျအတိုင်း လျှော်ပေးလို့ ရပါပြီ။

ပန်းသီးရှာလကာရည်က အသားအရေကို ချောမွေ့စေပြီး ပိုမိုကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။ နောက်ပြီး အသားအရေရဲ့ pH level ကို ထိန်းညှိပေးပြီး နေလောင်ခြင်းကိုလည်း ကုသပေးပါတယ်။

ပန်းသီးရှာလကာရည် ရှစ်စက် သို့ ဆယ်စခန့်ကို ရေချိုးကန် ဒါမှမဟုတ် ချိုးမယ့်ရေထဲမှာ ဆယ့်ငါးမိနစ်ခန့်လောက် ကြိုထည့်ထားရမှာ ဖြစ်ပါတယ်။ ဒါက သင့်ရဲ့ အသားအရေကို ချောမွေ့လှပခြင်းကို ပေးစွမ်းမှာပါ။

ပန်းသီးရှာလကာရည်က မျက်နှာပေါ်က ဘက်တီးရီးယားတွေ၊ မှိုနဲ့ ဗိုင်းရက်စ်တွေကို သေစေနိုင်ပါတယ်နောက်ပြီး ဝက်ခြံတွေကို ကုသဖို့ အကောင်းဆုံးဖြစ်ပြီး နီရဲရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်ပါတယ်။

ပန်းသီးရှာလကာရည်နဲ့ ရေကို ဆတူရောနှောပြီး ဂွမ်းလေးနဲ့ မျက်နှာပေါ်မှာ toner အဖြစ်အသုံးပြုလို့ ရပါတယ်နော်။ နေ့ရော၊ ညပါသုံးစွဲနိုင်ပြီးတော့ နေ့စဉ်အသုံးပြုခြင်းဖြင့် သိသာတဲ့ ရလဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

ခြေထောက်အနံ့ဆိုးထွက်တတ်တဲ့သူတွေအနေနဲ့ ပန်းသီးရှာလကာရည်က ကူညီပေးမှာပါ။ ဘက်တီးရီးယားနဲ့ မှိုတွေကို သေစေနိုင်တဲ့ အစွမ်းရှိတဲ့ ပန်းသီးရှာလကာရည် တစ်ခွက်ကို ရေလေးခွက်နဲ့ ရောနှောပြီး ခြေထောက်ကို ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်အထိ စိမ်ထားပေးရမှာ ဖြစ်ပါတယ်။

ဒါက ခြေထောက်အနံ့ဆိုးထွက်ခြင်းကို ကောင်းမွန်စေရုံမက ခြေထောက်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

Khin