ကေလးဘဝအရြယ္ကတည္းက “ေစာေစာထ၊ သြားတိုက္၊ မ်က္ႏွာသစ္၊ အိပ္ရာသိမ္း၊ အစာစား၊ ေက်ာင္းသြား” ဆိုတဲ့ ကေလးငယ္ေတြေဆာင္ရြက္ရမယ့္ ဝတၱရားေတြကို ဆရာသမားေတြက သင္ၾကားေပးခဲ့ၾကတယ္။
ကေလးငယ္ဘဝကတည္း က မနက္တိုင္း မ်က္ႏွာသစ္ခဲ့ရတာ အခုေရာက္ေနတဲ့ အသက္အရြယ္အထိပါပဲ။ တခ်ိဳ႕ဆို ညဘက္အိပ္ရာဝင္ခါနီးမွာေတာင္ မ်က္ႏွာသစ္၊ သြားတိုက္တဲ့ အေလ့အက်င့္လုပ္ထားတာ ေတြ႕ရပါတယ္။
ဒီေနရာမွာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြက မ်က္ႏွာကို အခ်ိန္ၾကာျမင့္စြာ ဆပ္ျပာ၊ သန္႔စင္ဆီေတြနဲ႔ သစ္ေနတာကို သတိျပဳမိတယ္။ တကယ္ေတာ့ လူတစ္ေယာက္အတြက္ မ်က္ႏွာအသားအေရဟာ အေရးအႀကီးဆုံးပါ။ အဲဒါေၾကာင့္ အမ်ိဳးသားျဖစ္ျဖစ္၊ အမ်ိဳးသမီးျဖစ္ျဖစ္ မိမိရဲ့မ်က္ႏွာအသားအေရကို ဂ႐ုစိုက္ၾကရပါမယ္။
တခ်ိဳ႕မိန္းကေလးေတြက မ်က္ႏွာသစ္႐ုံမက လွခ်င္လြန္းလို႔ ဆိုင္မွာ မ်က္ႏွာကိုေပါင္းတင္တာ၊ မ်က္ႏွာအေၾကာေတြ ႏွိပ္နယ္တာ၊ အေၾကာေလၽွာ့တာ၊ မ်က္ရိုးေတြႏွိပ္နယ္အေၾကာေလၽွာ့တာေတြကို ျပဳလုပ္တတ္ၾကပါတယ္။
အမွန္ဆိုရင္ မ်က္ႏွာအသားအေရဟာ ပါးလႊာတဲ့အတြက္ မ်က္ႏွာကို ဓာတုေဆးေတြနဲ႔ မၾကာခဏ ေဆးေၾကာ မပစ္သင့္ပါ ဘူး။ မ်က္ႏွာအသားအေရကို ပ်က္စီးေစတာ ဘယ္သူမွ သတိမထားမိၾကပါဘူး။
မ်က္ႏွာကို တစ္လ တစ္ႀကိမ္ေလာက္ ႏွိပ္နယ္၊ အေၾကာေလၽွာ့၊ ေပါင္းတင္တာေတြက စိတ္ကို ၾကည္လင္လန္းဆန္းေစၿပီး ခႏၶာကိုယ္အတြင္းပိုင္း အေၾကာေတြနဲ႔ လည္း ဆက္စပ္ေနတာမို႔ က်န္းမာေရးကို အေထာက္အကူျဖစ္ေစပါတယ္။
မ်က္ႏွာမသစ္မီ မ်က္ႏွာသစ္မယ့္ေရရဲ့အပူခ်ိန္ကို သတိျပဳပါ။ လူေတြထင္ေနၾကတာက ေအးတဲ့ေရက ေခၽြးေပါက္ပိတ္ေစ ၿပီး ေရေႏြးစပ္ထားတဲ့ေရက ေခၽြးေပါက္ပြင့္ေစတယ္ဆိုတာ မဟုတ္ပါဘူး။
ေခၽြးေပါက္ေတြမွာ အဲသလို ဖြင့္ပိတ္ဖို႔ ႂကြက္သား ေတြမရွိတာကို မသိၾကလို႔ပါ။ အမွန္ေတာ့ ေရေႏြးစပ္ထားတဲ့ေရက အသားအေရကိုေျခာက္ေသြ႕ေစၿပီး မ်က္ႏွာအသားအေရ ကိုပ်က္စီးတာမို႔ အေကာင္းဆုံးကေတာ့ မပူမေအး ၾကက္သီးေႏြးအပူခ်ိန္ရွိတဲ့ေရပါပဲ။
မ်က္ႏွာသစ္တဲ့အခါ ေရခပ္မ်ားမ်ားနဲ႔ ေျပာင္စင္ေအာင္သစ္ပါ။ နဖူးျပင္၊ ပါးျပင္၊ ႏွာေခါင္း၊ ေမးေစ့ေတြကို လက္ေခ်ာင္းေလး ေတြနဲ႔ ပြတ္တိုက္ေဆးေၾကာပါ။ ဆပ္ျပာနဲ႔ပြတ္တိုက္ၿပီးမွ ဆပ္ျပာအခၽြဲေတြကုန္စင္ေအာင္ ေရနဲ႔ေဆးေၾကာေပးပါ။
မိမိ အသုံးျပဳတဲ့ဆပ္ျပာဟာ မိမိအသားအေရနဲ႔ ဓာတ္တည့္မတည့္ကိုလည္း ဆန္းစစ္ရပါမယ္။ မ်က္ႏွာကို ဆပ္ျပာနဲ႔ ပြတ္တိုက္ မ်က္ႏွာသစ္ၿပီးရင္ မ်က္ႏွာက်ိန္းစပ္စပ္ျဖစ္ေနရင္ ဓာတ္မတည့္သလား ခ်င့္ခ်ိန္ၿပီး အျခားဆပ္ျပာ ေျပာင္းလဲအသုံးျပဳပါ။
မ်က္ႏွာကို ဆပ္ျပာနဲ႔ေခ်းခၽြတ္တာ က်န္းမာေရးနဲ႔ညီညြတ္ပါတယ္။ ႏုဖတ္တဲ့ အဝတ္စေလးကို ေရစြတ္ၿပီး မ်က္ႏွာကို ပြတ္တိုက္ေပးတာကေတာ့ အေကာင္းဆုံးပါပဲ။
မ်က္ႏွာသစ္ၿပီးၿပီဆိုရင္ မ်က္ႏွာေပၚက ေရစက္ေတြကိုသုတ္တဲ့ မ်က္ႏွာသုတ္ပဝါက ႏူးညံ့ေနဖို႔လိုပါတယ္။ မ်က္ႏွာကို မ်က္ႏွာသုတ္ပုဝါနဲ႔ အားရပါးရခပ္ၾကမ္းၾကမ္းမသုတ္ဘဲ ခပ္ဖြဖြေလးသာသုတ္ေပးသင့္ပါတယ္။
ၿပီးရင္ေတာ့ သန္႔စင္ေနတဲ့ မ်က္ႏွာျပင္ေပၚ သနပ္ခါးပါးပါးေလး ဒါမွမဟုတ္ သနပ္ခါးထူထူလိမ္းေပးတာက မ်က္ႏွာကို ေအးျမေစပါတယ္။
မ်က္ႏွာသစ္တယ္ဆိုတာ ခႏၶာကိုယ္သန္႔ရွင္းေရးအတြက္ လုပ္ေဆာင္ရာမွာ အလြယ္ကူဆုံးအလုပ္လို႔ ထင္ရေပမယ့္ မ်က္ႏွာ ကို သန္႔ရွင္းေအာင္လုပ္တဲ့ နည္းလမ္းအခ်ိဳ႕ဟာ မွားယြင္းေနရင္ မ်က္ႏွာအသားအေရကို ပ်က္စီးေစတယ္ဆိုတာ သတိျပဳ ပါ။
မ်က္ႏွာကို သန္႔ရွင္းစင္ၾကယ္ေအာင္ဆိုၿပီး မၾကာခဏ မ်က္ႏွာသစ္ေနရင္ေတာ့ မ်က္ႏွာက်ိန္းစပ္ေစၿပီး မ်က္ႏွာအတြက္ လိုအပ္တဲ့ အဆီေတြကို ခႏၶာကိုယ္တြင္းက ပိုထုတ္ေနရတယ္ဆိုတာကိုလည္း သတိျပဳပါ။
ကလေးဘဝအရွယ်ကတည်းက “စောစောထ၊ သွားတိုက်၊ မျက်နှာသစ်၊ အိပ်ရာသိမ်း၊ အစာစား၊ ကျောင်းသွား” ဆိုတဲ့ ကလေးငယ်တွေဆောင်ရွက်ရမယ့် ဝတ္တရားတွေကို ဆရာသမားတွေက သင်ကြားပေးခဲ့ကြတယ်။
ကလေးငယ်ဘဝကတည်း က မနက်တိုင်း မျက်နှာသစ်ခဲ့ရတာ အခုရောက်နေတဲ့ အသက်အရွယ်အထိပါပဲ။ တချို့ဆို ညဘက်အိပ်ရာဝင်ခါနီးမှာတောင် မျက်နှာသစ်၊ သွားတိုက်တဲ့ အလေ့အကျင့်လုပ်ထားတာ တွေ့ရပါတယ်။
ဒီနေရာမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက မျက်နှာကို အချိန်ကြာမြင့်စွာ ဆပ်ပြာ၊ သန့်စင်ဆီတွေနဲ့ သစ်နေတာကို သတိပြုမိတယ်။ တကယ်တော့ လူတစ်ယောက်အတွက် မျက်နှာအသားအရေဟာ အရေးအကြီးဆုံးပါ။ အဲဒါကြောင့် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် မိမိရဲ့မျက်နှာအသားအရေကို ဂရုစိုက်ကြရပါမယ်။
တချို့မိန်းကလေးတွေက မျက်နှာသစ်ရုံမက လှချင်လွန်းလို့ ဆိုင်မှာ မျက်နှာကိုပေါင်းတင်တာ၊ မျက်နှာအကြောတွေ နှိပ်နယ်တာ၊ အကြောလျှော့တာ၊ မျက်ရိုးတွေနှိပ်နယ်အကြောလျှော့တာတွေကို ပြုလုပ်တတ်ကြပါတယ်။
အမှန်ဆိုရင် မျက်နှာအသားအရေဟာ ပါးလွှာတဲ့အတွက် မျက်နှာကို ဓာတုဆေးတွေနဲ့ မကြာခဏ ဆေးကြော မပစ်သင့်ပါ ဘူး။ မျက်နှာအသားအရေကို ပျက်စီးစေတာ ဘယ်သူမှ သတိမထားမိကြပါဘူး။
မျက်နှာကို တစ်လ တစ်ကြိမ်လောက် နှိပ်နယ်၊ အကြောလျှော့၊ ပေါင်းတင်တာတွေက စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ်အတွင်းပိုင်း အကြောတွေနဲ့ လည်း ဆက်စပ်နေတာမို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
မျက်နှာမသစ်မီ မျက်နှာသစ်မယ့်ရေရဲ့အပူချိန်ကို သတိပြုပါ။ လူတွေထင်နေကြတာက အေးတဲ့ရေက ချွေးပေါက်ပိတ်စေ ပြီး ရေနွေးစပ်ထားတဲ့ရေက ချွေးပေါက်ပွင့်စေတယ်ဆိုတာ မဟုတ်ပါဘူး။
ချွေးပေါက်တွေမှာ အဲသလို ဖွင့်ပိတ်ဖို့ ကြွက်သား တွေမရှိတာကို မသိကြလို့ပါ။ အမှန်တော့ ရေနွေးစပ်ထားတဲ့ရေက အသားအရေကိုခြောက်သွေ့စေပြီး မျက်နှာအသားအရေ ကိုပျက်စီးတာမို့ အကောင်းဆုံးကတော့ မပူမအေး ကြက်သီးနွေးအပူချိန်ရှိတဲ့ရေပါပဲ။
မျက်နှာသစ်တဲ့အခါ ရေခပ်များများနဲ့ ပြောင်စင်အောင်သစ်ပါ။ နဖူးပြင်၊ ပါးပြင်၊ နှာခေါင်း၊ မေးစေ့တွေကို လက်ချောင်းလေး တွေနဲ့ ပွတ်တိုက်ဆေးကြောပါ။ ဆပ်ပြာနဲ့ပွတ်တိုက်ပြီးမှ ဆပ်ပြာအချွဲတွေကုန်စင်အောင် ရေနဲ့ဆေးကြောပေးပါ။
မိမိ အသုံးပြုတဲ့ဆပ်ပြာဟာ မိမိအသားအရေနဲ့ ဓာတ်တည့်မတည့်ကိုလည်း ဆန်းစစ်ရပါမယ်။ မျက်နှာကို ဆပ်ပြာနဲ့ ပွတ်တိုက် မျက်နှာသစ်ပြီးရင် မျက်နှာကျိန်းစပ်စပ်ဖြစ်နေရင် ဓာတ်မတည့်သလား ချင့်ချိန်ပြီး အခြားဆပ်ပြာ ပြောင်းလဲအသုံးပြုပါ။
မျက်နှာကို ဆပ်ပြာနဲ့ချေးချွတ်တာ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ နုဖတ်တဲ့ အဝတ်စလေးကို ရေစွတ်ပြီး မျက်နှာကို ပွတ်တိုက်ပေးတာကတော့ အကောင်းဆုံးပါပဲ။
မျက်နှာသစ်ပြီးပြီဆိုရင် မျက်နှာပေါ်က ရေစက်တွေကိုသုတ်တဲ့ မျက်နှာသုတ်ပဝါက နူးညံ့နေဖို့လိုပါတယ်။ မျက်နှာကို မျက်နှာသုတ်ပုဝါနဲ့ အားရပါးရခပ်ကြမ်းကြမ်းမသုတ်ဘဲ ခပ်ဖွဖွလေးသာသုတ်ပေးသင့်ပါတယ်။
ပြီးရင်တော့ သန့်စင်နေတဲ့ မျက်နှာပြင်ပေါ် သနပ်ခါးပါးပါးလေး ဒါမှမဟုတ် သနပ်ခါးထူထူလိမ်းပေးတာက မျက်နှာကို အေးမြစေပါတယ်။
မျက်နှာသစ်တယ်ဆိုတာ ခန္ဓာကိုယ်သန့်ရှင်းရေးအတွက် လုပ်ဆောင်ရာမှာ အလွယ်ကူဆုံးအလုပ်လို့ ထင်ရပေမယ့် မျက်နှာ ကို သန့်ရှင်းအောင်လုပ်တဲ့ နည်းလမ်းအချို့ဟာ မှားယွင်းနေရင် မျက်နှာအသားအရေကို ပျက်စီးစေတယ်ဆိုတာ သတိပြု ပါ။
မျက်နှာကို သန့်ရှင်းစင်ကြယ်အောင်ဆိုပြီး မကြာခဏ မျက်နှာသစ်နေရင်တော့ မျက်နှာကျိန်းစပ်စေပြီး မျက်နှာအတွက် လိုအပ်တဲ့ အဆီတွေကို ခန္ဓာကိုယ်တွင်းက ပိုထုတ်နေရတယ်ဆိုတာကိုလည်း သတိပြုပါ။