












Unicode

သင့်ဖက်က ဘယ်တော့မှ “Sorry” မပြောသင့်တဲ့ အခြေအနေ (၅) ခု

“Sorry” ဆိုတဲ့စကားက ခက်ခဲနေတဲ့ကိစ္စတိုင်းကို အေးအေးဆေးဆေးနဲ့ ဖြေရှင်းနိုင်စွမ်း ပေးနိုင်ပေမယ့်လို့ တစ်ဖက်မှာလည်း သင့်အနေနဲ့ ဘယ်တော့မှ “sorry” ပြောဖို့မလိုအပ်တဲ့ အခြေအနေတွေရှိနေပါတယ်။ အဲဒီအထဲက အများစုကတော့..

(၁) အမှန်တရားကိုထုတ်ပြောတဲ့အခါ

အမှန်တရားဆိုတာ ခါးပါတယ်။ ဒါကြောင့် သင်ဟာ လူတစ်ယောက်မမြင်နိုင်တဲ့ အမှန်တရားတစ်ခုကို ထုတ်ပြောပြီးခဲ့ရင် ဘယ်တော့မှ “sorry” ပြောစရာမလိုပါဘူး။ “ငါကတော့ ဒီလိုထင်လို့ စေတနာနဲ့ ပြောပြတာပါ” ဆိုတာကို သုံးနိုင်ပါတယ်။

(၂) ခံစားချက်တွေ ထုတ်ပြမိတဲ့အခါ

သင့်ကို နားလည်ပေးနိုင်တဲ့လူတစ်ယောက်ကို သင့်အနေနဲ့ ခံစားချက်တွေ ထုတ်ပြလိုက်မိတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ဝင်ပြီး သူ့ကို “sorry” ပြောစရာမလိုပါဘူး။ “ငါအရမ်းခံစားနေရလို့ ပြောမိတာ၊ နားထေင်ပေးလို့ ကျေးဇူးတင်ပါတယ်” လို့သာပြောသင့်ပါတယ်။

(၃) နားမလည်တဲ့မေးခွန်းမေးတဲ့အခါ

ကိုယ်တကယ်နားမလည်လို့ မေးခွန်းကို ပြန်မေးတာမျိုးဆိုရင်လည်း တောင်းပန်စရာမလိုပါဘူး။ ဒါဟာ သင့်ကိုသင် ယုံကြည်မှုမရှိဘူး၊ အောင်မြင်ဖို့ အလားအလာမရှိဘူးဆိုပြီး တစ်ဖက်ကထင်သွားနိုင်ပါတယ်။

(၄) ကိုယ်မတတ်နိုင်တဲ့အရာတွေအတွက်

ဥပမာ ကိုယ်က အစောကြီးထွက်လာရဲ့သားနဲ့ ကားတွေအရမ်းပိတ်နေလို့ နောက်ကျသွားတာမျိုးပေါ့။ ဒီလိုအချိန်မျိုးမှာ “sorry” တစ်ခွန်းတည်းနဲ့ မပြီးသွားပါဘူး။ “စောင့်ပေးလို့ ကျေးဇူးတင်ပါတယ် ကြိုက်တာမှာစားနော် ကျွန်မရှင်းမယ်” ဆိုတာမျိုးက တစ်ဖက်သားအပေါ် ပိုပြီး လေးနက်စေပါတယ်တဲ့။

(၅) ကိုယ်မလုပ်ပေးနိုင်တဲ့အရာတွေအတွက်

ကိုယ်မလုပ်ပေးနိုင်တဲ့အရာတွေကို တစ်ဖက်သားက တောင်းဆိုလာတဲ့အခါ ငြင်းတတ်ပါစေ။ ငြင်းပြီးရင်လည်း တောင်းပန်စရာမလိုပါဘူး။