ငတ္မွာစိုးလို႔ရရာ အလုပ္ထလုပ္ရင္းေသရတဲ့ သူငယ္ခ်င္းေတြအတြက္ ၀မ္းနည္းစြာေျပာဆိုလာတဲ့ ေဒါင္းေ၀…

ငတ္မွာစိုးလို႔ရရာ အလုပ္ထလုပ္ရင္းေသရတဲ့ သူငယ္ခ်င္းေတြအတြက္ ၀မ္းနည္းစြာေျပာဆိုလာတဲ့ ေဒါင္းေ၀…

ဇာတ္ပို႔ဇာတ္ရံ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေဒါင္းေဝကေတာ့ က်ရာဇာတ္႐ုပ္မွာ ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္

႐ုပ္ရွင္ဗြီဒီယို ဇာတ္ကားေတြသာမက MRTV-4 ႐ုပ္သံ ဇာတ္လမ္းတြဲေတြမွာပါ အမ်ားဆုံး ေတြ႕ျမင္ေနရသူ တစ္ေယာက္လည္း ျဖစ္ပါတယ္ …။

သ႐ုပ္ေဆာင္အလုပ္အျပင္ ဝါသနာပါရာဂီတခရီးလမ္းကိုေလွ်ာက္လွမ္းရင္း ပရိသတ္ေတြအတြက္ သီခ်င္းအစ္ေတြခ်ျပနိုင္ဖို႔ ဆက္တိုက္ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္ …။

နယ္ေဖ်ာ္ေျဖပြဲေတြသြားေနသူရမို႔ လတ္တေလာေျမၿပိဳမႈျဖစ္ပြားခဲ့တဲ့ဖားကန႔္မွာ ရင္းႏွီးခဲ့ရသူငယ္ခ်င္းေတြအတြက္ သူ႕ရင္ထဲက ခံစားခ်က္တခ်ိဳ႕ကို အခုလိုပဲ ေရးသားမွ်ေဝခဲ့ပါတယ္ …။

“သူငယ္ခ်င္းေတြ…ကြၽန္ေတာ့ကို ခ်စ္တဲ့ပရိတ္သတ္ ညီအကိုေတြ ဘဝဆက္တိုင္းဆက္တိုင္း ဒီလိုအျဖစ္ဆိုးမ်ိဳးေတြနဲ႕မႀကဳံၾကပါေစနဲ႕ …

ဘယ္ေကာင္မွ ဖုန္းဆက္မရဘူး စိတ္ပူလိုက္တာကြာ…ငါဒီတစ္ေခါက္ ဖားကန႔္သီခ်င္းလာဆိုရင္ မင္းတို႔အတြက္လက္ေဆာင္… အေႏြးထည္အက်ၤ ီေတြစုထားၿပီးသားပါကြ” ဆိုၿပီး

သူငယ္ခ်င္းေတြအတြက္ ေျဖမဆည္နိုင္ျဖစ္ေနေၾကာင္း မွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ …။

ကမၻာတစ္ဝွမ္းလုံးမွာ ျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာနိုင္ငံမွာ ေသဆုံးသူ (၆) ေယာက္သာရွိေပမယ့္ ေျမၿပိဳမႈေၾကာင့္ လူႏွစ္ရာထက္မနည္း ေသဆုံးခဲ့ရရွာပါတယ္ …။

ေဒါင္းေဝကေတာ့ “ကိုဗစ္ေၾကာင့္မေသဘဲ ငတ္မွာစိုးလို႔ရရာအလုပ္ထလုပ္ရင္းေသရတဲ့ သူငယ္ခ်င္းေတြ…မင္းတို႔ဘဝေတြကိုငါစာနာပါတယ္ကြာ” ဆိုၿပီးေတာ့လည္း သူ႕ရင္ထဲခံစားခ်က္ေတြ မွ်ေဝခဲ့ပါေသးတယ္ …။ ။

Source – Daung Wai

Unicode

ငတ်မှာစိုးလို့ရရာ အလုပ်ထလုပ်ရင်းသေရတဲ့ သူငယ်ချင်းတွေအတွက် ဝမ်းနည်းစွာပြောဆိုလာတဲ့ ဒေါင်းဝေ…

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းဝေကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့်

ရုပ်ရှင်ဗွီဒီယို ဇာတ်ကားတွေသာမက MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာပါ အများဆုံး တွေ့မြင်နေရသူ တစ်ယောက်လည်း ဖြစ်ပါတယ် …။

သရုပ်ဆောင်အလုပ်အပြင် ဝါသနာပါရာဂီတခရီးလမ်းကိုလျှောက်လှမ်းရင်း ပရိသတ်တွေအတွက် သီချင်းအစ်တွေချပြနိုင်ဖို့ ဆက်တိုက်ကြိုးစားနေသူလည်း ဖြစ်ပါတယ် …။

နယ်ဖျော်ဖြေပွဲတွေသွားနေသူရမို့ လတ်တလောမြေပြိုမှုဖြစ်ပွားခဲ့တဲ့ဖားကန့်မှာ ရင်းနှီးခဲ့ရသူငယ်ချင်းတွေအတွက် သူ့ရင်ထဲက ခံစားချက်တချို့ကို အခုလိုပဲ ရေးသားမျှဝေခဲ့ပါတယ် …။

“သူငယ်ချင်းတွေ…ကျွန်တော့ကို ချစ်တဲ့ပရိတ်သတ် ညီအကိုတွေ ဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့မကြုံကြပါစေနဲ့ …

ဘယ်ကောင်မှ ဖုန်းဆက်မရဘူး စိတ်ပူလိုက်တာကွာ…ငါဒီတစ်ခေါက် ဖားကန့်သီချင်းလာဆိုရင် မင်းတို့အတွက်လက်ဆောင်… အနွေးထည်အင်္ကျီတွေစုထားပြီးသားပါကွ” ဆိုပြီး

သူငယ်ချင်းတွေအတွက် ဖြေမဆည်နိုင်ဖြစ်နေကြောင်း မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ …။

ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ (၆) ယောက်သာရှိပေမယ့် မြေပြိုမှုကြောင့် လူနှစ်ရာထက်မနည်း သေဆုံးခဲ့ရရှာပါတယ် …။

ဒေါင်းဝေကတော့ “ကိုဗစ်ကြောင့်မသေဘဲ ငတ်မှာစိုးလို့ရရာအလုပ်ထလုပ်ရင်းသေရတဲ့ သူငယ်ချင်းတွေ…မင်းတို့ဘဝတွေကိုငါစာနာပါတယ်ကွာ” ဆိုပြီးတော့လည်း သူ့ရင်ထဲခံစားချက်တွေ မျှဝေခဲ့ပါသေးတယ် …။ ။

Source – Daung Wai