


(၁) စာဖတ်တယ်






(၄) တရားထိုင်တယ်




Unicode

အောင်မြင်သူအများစု အိပ်ရာမဝင်ခင်လုပ်လေ့ရှိတဲ့ အရာများ

အောင်မြင်တဲ့သူအများစု သူတို့ရဲ့ အိပ်ရာဝင်ခါနီးညအချိန်တွေမှာ ဘယ်လိုအရာတွေပြုလုပ်လေ့ရှိတယ်ဆိုတာ သိပါသလား။ ဒီဆောင်းပါးလေးမှာတော့ အောင်မြင်သူအများစု အိပ်ရာမဝင်ခင်လုပ်လေ့ရှိတဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဖတ်ကြည့်လိုက်ရအောင်။

(၁) စာဖတ်တယ်

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်စ်အပါအဝင် ကမ္ဘာပေါ်ကအောင်မြင်နေသူအများစုဟာ ညအိပ်ရာမဝင်ခင်အချိန်မှာ စာအုပ်ဖတ်လေ့ရှိကြပါတယ်။ စာဖတ်ခြင်း အလေ့အထက အသိပညာဗဟုသုတများစွာရရှိစေတဲ့အပြင် အောင်မြင်မှုလမ်းကြောင်းကို တိုးစေနိုင်တဲ့အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါတယ်။

(၂) နောက်နေ့အတွက်ကြိုတင်ပြင်ဆင်တယ်

အောင်မြင်သူအများစု အိပ်ရာမဝင်အချိန်မှာ နောက်တနေ့အတွက်ကြိုတင်ပြင်ဆင်မှုတွေကိုလုပ်လေ့ရှိကြပါတယ်။ မနက်ဖြန်အတွက် အရေးကြီးတဲ့ အလုပ်တွေ အစည်းအဝေးအချိန်ဇယားတွေ လုပ်ဆောင်ရမယ့်အရာတွေကို စာအုပ်မှာရေးမှတ်၍သိုလည်းကောင်း ပြင်ဆင်စရာရှိတဲ့အရာတွေကိုကြိုတင်ပြင်ဆင်လေ့ရှိကြပါတယ်။ ဒီလိုကြိုတင်ပြင်ဆင်မှုလုပ်ခြင်းဟာလည်း အောင်မြင်မှုအတွက်အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။

(၃) ဖုန်း လက်တော့တွေနဲ့ ဝေးဝေးနေတယ်

ညအိပ်ရာမဝင်ခင်အချိန်မှာ ဖုန်းတွေ လက်တော့တွေအသုံးပြုခြင်းက သင့်ရဲ့အချိန်တွေကို အာရုံလွင့်ပျံ့စေသလို အိပ်စက်ခြင်းကိုလည်းအနှောက်ယှက်ဖြစ်စေပါတယ်။ ဒါကြောင့် အောင်မြင်သူအများစုဟာ အိပ်ရာဝင်ခါနီးအချိန်တွေမှာ ဖုန်းတွေလက်တော့တွေအသုံးပြုခြင်း ဆိုရှယ်မီဒီယာတွေသုံးခြင်းကို မပြုလုပ်ပဲ စိတ်ရောကိုယ်ပါကောင်းမွန်စွာ အိပ်စက်အနားယူကြပါတယ်။

(၄) တရားထိုင်တယ်

တရားထိုင်တယ်ဆိုတာ ဘာသာရေးအယူအဆတစ်ခုထက်ပိုတဲ့ကောင်းကျိုးတွေများစွာရရှိစေတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ မအိပ်ခင်အချိန်မှာ ၁၅ မိနစ်လောက်တရားထိုင်ပေးတာက စိတ်နှင့်ခန္ဓာကိုယ်ကိုအေးချမ်းစေပြီး စိတ်ဖိစီးမှုလျော့ကျစေကာ အိပ်စက်ခြင်းကိုအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အောင်မြင်သူအများစုဟာမအိပ်ခင်မှာ အနည်းဆုံး ၁၅ မိနစ်လောက်တရားထိုင်လေ့ရှိကြတာဖြစ်ပါတယ်။

(၅) မိသားစုကိုအချိန်ပေးတယ်

AOL ကုပ္မဏီရဲ့ တည်ထောင်သူ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Tim Armstrong ဟာ ည ၈နာရီလောက်အိမ်ကိုပြန်ရောက်တာနဲ့သူရဲ့ သမီးတွေကို စာအုပ်ဖတ်ပြပြီးအချိန်ကုန်ဆုံးလေ့ရှိတယ်လို့ဆိုပါတယ်။ ဟုတ်ပါတယ် မိသားစုဆိုတာကလည်း ဘဝအတွက်အရေးပါတဲ့သူတွေဖြစ်တာကြောင့် သူတို့နဲ့အတူအချိန်ကုန်ဆုံးတာကလည်းကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။