သီေပါၿမိဳ႕နယ္တြင္ ျပည္ပမွ ျပန္လာ၍ ေနအိမ္၌ အသြားအလာကန႔္သတ္ထားသူ၏ မိခင္မွာ ကြယ္လြန္

သီေပါၿမိဳ႕နယ္တြင္ ျပည္ပမွ ျပန္လာ၍ ေနအိမ္၌ အသြားအလာကန႔္သတ္ထားသူ၏ မိခင္မွာ ကြယ္လြန္

သီေပါၿမိဳ႕နယ္တြင္ ျပည္ပမွ ျပန္လာ၍ ေနအိမ္၌ အသြားအလာကန႔္သတ္ထားသူ၏ မိခင္မွာ ကြယ္လြန္သြား၍ မိသားစုဝင္မ်ားကို ကိုဗစ္ ဓါတ္ခြဲနမူနာ ရယူထား … ။

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) သီေပါၿမိဳ႕နယ္ မန္ေကာင္းေက်း႐ြာတြင္ ျပည္ပမွ ျပန္လာသျဖင့္ က်န္းမာေရး ေစာင့္ ၾကည့္ရန္ေနအိမ္အသြားအလာ ကန႔္သတ္ထားသူ (၂)ဦး၏ မိခင္ျဖစ္သူသည္

ၾသဂုတ္လ (၂၉)ရက္က ေသဆုံး သြားသည့္အတြက္PPE အကာအကြယ္ျဖင့္ နာေရးပို႔ေဆာင္ခဲ့ၿပီး က်န္ရွိသည့္ မိသားစုဝင္ (၅)ဦးအား ႏွာေခါင္း၊ အာေခါင္တို႔ဖတ္ နမူနာရယူထားေၾကာင္း သိရသည္ … ။

“ျပည္ပျပန္ (၂)ဦးကေတာ့ တ႐ုတ္ျပည္က ျပန္လာၾကတာ ျဖစ္ပါတယ္၊ ေနအိမ္အသြားအလာ ကန႔္သတ္ထားတုန္းသူတို႔ မိခင္ျဖစ္သူေသဆုံး သြားတဲ့အတြက္ ေသဆုံးသူေကာ

က်န္ရွိတဲ့ မိသားစုဝင္ စုစုေပါင္း (၅)ဦးကိုပါတို႔ဖတ္ နမူနာေတြ ယူထားပါတယ္”ဟု သီေပါၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီးေဒါက္တာမ်ိဳးေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ပျပန္ (၂)ဦးရွိသည့္ ေနအိမ္ကို က်န္းမာေရးေစာင့္ၾကည့္ရန္ အသြားအလာ ကန႔္သတ္ထားစဥ္၎တို႔ (၂ )ဦး၏ မိခင္ျဖစ္သူ ေသဆုံးသြားသည့္အတြက္ ေသဆုံးသူကိုလဲ တို႔ဖတ္ နမူနာယူထားၿပီး

က်န္ရွိသည့္မိသားစုဝင္ (၅)ဦးကိုလဲ တို႔ဖတ္နမူနာယူထားကာ ဓါတ္ခြဲအေျဖ ရယူသြားမည္ဟု သိရသည္။

ေသဆုံးသူ အမ်ိဳးသမီးအား နယ္စည္းမျခား ပရဟိတအသင္း (သီေပါ)မွ PPE ဝတ္စုံဝတ္ဆင္ၿပီး နာေရးပို႔ေဆာင္ကာ မီးသၿဂႋဳဟ္ေပးခဲ့ၿပီး ေသဆုံးသူႏွင့္ ပတ္သက္၍ က်န္းမာေရးက စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရသည္။

#ရွမ္းေျမာက္ #သီေပါ #ျပည္ပျပန္ #သြားလာကန႔္သတ္ #ကြယ္လြန္ #မိသားစု #ဓာတ္ခြဲနမူနာ

Ref ; Tachileik News Agency

Unicode

သီပေါမြို့နယ်တွင် ပြည်ပမှ ပြန်လာ၍ နေအိမ်၌ အသွားအလာကန့်သတ်ထားသူ၏ မိခင်မှာ ကွယ်လွန်

သီပေါမြို့နယ်တွင် ပြည်ပမှ ပြန်လာ၍ နေအိမ်၌ အသွားအလာကန့်သတ်ထားသူ၏ မိခင်မှာ ကွယ်လွန်သွား၍ မိသားစုဝင်များကို ကိုဗစ် ဓါတ်ခွဲနမူနာ ရယူထား … ။

ရှမ်းပြည်နယ်( မြောက်ပိုင်း ) သီပေါမြို့နယ် မန်ကောင်းကျေးရွာတွင် ပြည်ပမှ ပြန်လာသဖြင့် ကျန်းမာရေး စောင့် ကြည့်ရန်နေအိမ်အသွားအလာ ကန့်သတ်ထားသူ (၂)ဦး၏ မိခင်ဖြစ်သူသည်

သြဂုတ်လ (၂၉)ရက်က သေဆုံး သွားသည့်အတွက်PPE အကာအကွယ်ဖြင့် နာရေးပို့ဆောင်ခဲ့ပြီး ကျန်ရှိသည့် မိသားစုဝင် (၅)ဦးအား နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာရယူထားကြောင်း သိရသည်။

“ပြည်ပပြန် (၂)ဦးကတော့ တရုတ်ပြည်က ပြန်လာကြတာ ဖြစ်ပါတယ်၊ နေအိမ်အသွားအလာ ကန့်သတ်ထားတုန်းသူတို့ မိခင်ဖြစ်သူသေဆုံး သွားတဲ့အတွက် သေဆုံးသူကော

ကျန်ရှိတဲ့ မိသားစုဝင် စုစုပေါင်း (၅)ဦးကိုပါတို့ဖတ် နမူနာတွေ ယူထားပါတယ်”ဟု သီပေါမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမျိုးအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ပပြန် (၂)ဦးရှိသည့် နေအိမ်ကို ကျန်းမာရေးစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားစဉ်၎င်းတို့ (၂ )ဦး၏ မိခင်ဖြစ်သူ သေဆုံးသွားသည့်အတွက် သေဆုံးသူကိုလဲ တို့ဖတ် နမူနာယူထားပြီး

ကျန်ရှိသည့်မိသားစုဝင် (၅)ဦးကိုလဲ တို့ဖတ်နမူနာယူထားကာ ဓါတ်ခွဲအဖြေ ရယူသွားမည်ဟု သိရသည်။

သေဆုံးသူ အမျိုးသမီးအား နယ်စည်းမခြား ပရဟိတအသင်း (သီပေါ)မှ PPE ဝတ်စုံဝတ်ဆင်ပြီး နာရေးပို့ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့ပြီး သေဆုံးသူနှင့် ပတ်သက်၍ ကျန်းမာရေးက စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

#ရှမ်းမြောက် #သီပေါ #ပြည်ပပြန် #သွားလာကန့်သတ် #ကွယ်လွန် #မိသားစု #ဓာတ်ခွဲနမူနာ

Ref ; Tachileik News Agency