နေ့ခင်းကြောင်တောင် သေနတ်အတုနဲ့ ရွှေဆိုင်အနုကြမ်းစီးမှု

ေန႔ခင္းေၾကာင္ေတာင္ ေသနတ္အတုနဲ႔ ေရႊဆိုင္အႏုၾကမ္းစီးမႈ

ၾသဂုတ္(၂၉) AlinnMyay(အလင္းေျမ)

ပဲခူးတိုင္းေဒသႀကီး၊ျပည္ၿမိဳ႕မွာ ညေနခင္းအခ်ိန္ ေသနတ္အတုနဲ႔ ေရႊဆိုင္အႏုၾကမ္းစီးခဲ့တဲ့ျဖစ္ရပ္တခုျဖစ္ပြားခဲ့ၿပီး တရားခံႏွစ္ဦးကို ရပ္ကြက္ေနျပည္သူေတြနဲ႔ျပည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ပူးေပါင္းဖမ္းဆီးခဲ့ၿပီး အခင္းျဖစ္ရာေနရာမွာပဲ ဖမ္းဆီးရမိခဲ့ပါတယ္။

ၾသဂုတ္လ ၂၉ရက္၊ညေန ၅နာရီခန႔္က ျပည္ၿမိဳ႕၊ေရႊကူရပ္ကြက္၊ပန္းပဲတန္းလမ္းနဲ႔ သံတစ္ေခ်ာင္းလမ္းေထာင့္က ေမ့သရဖူေရႊဆိုင္ကို သဲကုန္းအုပ္စု၊ ဆင္ပိုက္ရြာက၊ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူ ျပည့္ၿဖိဳးေအာင္နဲ႔ ထက္ေဇာ္ေအာင္ ဆိုသူ ႏွစ္ဦးေရာက္ရွိလာၿပီး ေသနတ္နဲ႔ခ်ိန္ကာ အေရာင္းေကာင္တာထဲက ေရႊလက္ဝတ္လက္စားေတြ လုယူမႈျဖစ္ပြားခဲ့ပါတယ္။ သူတို႔ကို ရပ္ကြက္ေနလူထုနဲ႔ ရဲတပ္ဖြဲ႕ အခင္းျဖစ္ရာေနရာမွာ ခ်က္ျခင္းပဲဖမ္းဆီးနိုင္ခဲ့ပါတယ္။

က်မေယာက္်ားကိုလည္း ေသနတ္နဲ႔ ႏွစ္ခ်က္ျပစ္တယ္။ က်မတို႔ကိုလည္းစပေရးနဲ႔ဖ်န္းတယ္လို႔ အႏုၾကမ္းစီးခံရတဲ့ဆိုင္သူျဖစ္သူက ေျပာပါတယ္။

လက္ရွိမွာေတာ့ တရားခံျဖစ္သူႏွစ္ဦးကို ျပည္ၿမိဳ႕က အမွတ္ (၁)ရဲစခန္းက အမႈဖြင့္ထားရွိၿပီး အေရးယူမႈေတြ ေဆာင္ရြက္သြားမွာပါ။

ေဝဖုန္းစံ(ျပည္)

Credit to AlinnMyay(အလင္းေျမ)

Unicode

နေ့ခင်းကြောင်တောင် သေနတ်အတုနဲ့ ရွှေဆိုင်အနုကြမ်းစီးမှု

သြဂုတ်(၂၉) AlinnMyay(အလင်းမြေ)

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့မှာ ညနေခင်းအချိန် သေနတ်အတုနဲ့ ရွှေဆိုင်အနုကြမ်းစီးခဲ့တဲ့ဖြစ်ရပ်တခုဖြစ်ပွားခဲ့ပြီး တရားခံနှစ်ဦးကို ရပ်ကွက်နေပြည်သူတွေနဲ့ပြည်မြို့နယ်ရဲတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးခဲ့ပြီး အခင်းဖြစ်ရာနေရာမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။

သြဂုတ်လ ၂၉ရက်၊ညနေ ၅နာရီခန့်က ပြည်မြို့၊ရွှေကူရပ်ကွက်၊ပန်းပဲတန်းလမ်းနဲ့ သံတစ်ချောင်းလမ်းထောင့်က မေ့သရဖူရွှေဆိုင်ကို သဲကုန်းအုပ်စု၊ ဆင်ပိုက်ရွာက၊ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ပြည့်ဖြိုးအောင်နဲ့ ထက်ဇော်အောင် ဆိုသူ နှစ်ဦးရောက်ရှိလာပြီး သေနတ်နဲ့ချိန်ကာ အရောင်းကောင်တာထဲက ရွှေလက်ဝတ်လက်စားတွေ လုယူမှုဖြစ်ပွားခဲ့ပါတယ်။ သူတို့ကို ရပ်ကွက်နေလူထုနဲ့ ရဲတပ်ဖွဲ့ အခင်းဖြစ်ရာနေရာမှာ ချက်ခြင်းပဲဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကျမယောက်ျားကိုလည်း သေနတ်နဲ့ နှစ်ချက်ပြစ်တယ်။ ကျမတို့ကိုလည်းစပရေးနဲ့ဖျန်းတယ်လို့ အနုကြမ်းစီးခံရတဲ့ဆိုင်သူဖြစ်သူက ပြောပါတယ်။

လက်ရှိမှာတော့ တရားခံဖြစ်သူနှစ်ဦးကို ပြည်မြို့က အမှတ် (၁)ရဲစခန်းက အမှုဖွင့်ထားရှိပြီး အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။

ဝေဖုန်းစံ(ပြည်)

Credit to AlinnMyay(အလင်းမြေ)