ခရက်ဒစ်
Unicode
ဖားကန့်မှာ​မြေမပြိုမှီ နိမိတ်အဖြစ် မြင်တွေ့ခဲ့ရသော ပြိုကျမယ့်မြေစာပုံကြီးနံရံက ရုပ်ပုံတွေပါ…
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေ့ခါးဒေသမှာ ကျောက်တွင်း မြေစာပုံပြိုကလို့ လူပေါင်း 200 ကျော် သေဆုံးခဲ့ရတဲ့ သတင်းကို အားလုံး သိရှိပြီးသား ဖြစ်ပါလိမ့်မယ် …။
အမြင့်ပေ 300လောက်ရှိတဲ့ မြေစာပုံကြီးမြေတေပြိုကျခဲ့တာဖြစ်ပီး ဂျိုင့်တွင်း အတွင်းမှရေတေပေါ်က ကျရောက်ခဲ့တာဖြစ်ပီး ဆူနာမီလှိုင်းလုံးလောက်ရှိတဲ့ ရေလိုင်းကြီးများဖြစ်ပေါ်ကာ ရေမဆေးကျောက် ရှာဖွေနေသူများ လှိုင်းနဲ့အတူ ရေအိုင်အလယ်ကို ဆွဲယူနစ်မွန်းစေခဲ့တာပဲ ဖြစ်ပါတယ် …။
ပြေးချိန်တောင်မရလောက်အောင် မြန်လွန်းလှပါတယ်။ ဒီလိုအဖြစ်ဆိုးများ မဖြစ်ပေါ်မီ ပြိုကျမယ့် မြေစာပုံနံရံကြီးမှာ မကောင်းဆိုးဝါများပုံစံ ပေါ်နေတဲ့ မြေစာပုံ ကပါးယံကြီးလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုကြပါတယ် …။
ဒီပုံကိုတော့ ဒေသခံလူငယ်တစ်ဦးက မကောင်းဆိုးဝါပုံတွေပေါ်နေလို့ မြေစာပုံကြီးမပြိုကျမီ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ လောကကြီးမှာ ထူးဆန်းမှုတွေနဲ့ လည်းပြည့်နှက်လို့ နေပါတယ် …။
ဗုဒ္ဓဘာသာမှာသာမဟုတ် တစ်ခြားသော ဘာသာများတွင်လည်း နမိတ်ပုံများ ရှေ့ဖြစ်များကို ယုံကြည်လက်ခံထားကြပါတယ်။ အခုပုံကိုလည်း သေချာကြည့်ကြည့်ပါ၊ မကောင်းဆိုးဝါးများ အရည်တရွှဲရွှဲ သွားရည်များ မျက်ရည်များစီကျနေပုံကြီးပေါ်နေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော် …။ ။
ခရက်ဒစ်