ငယ်ဆရာတွေကိုမမေ့ပါနဲ့

ငယ္ဆရာေတြကိုမေမ့ပါနဲ႔

ဆယ္တန္းမွာ ဂုဏ္ထူးေတြ တသီႀကီးနဲ႔ တပည့္က စင္ေပၚမွာ ဆုတက္ယူတယ္။ ေက်းဇူးတင္စကား ေျပာၾကားသြားတဲ့ အထဲမွာ ဆယ္တန္းဆရာ၊ ဆရာမေတြရဲ့ နာမည္အကုန္လုံးကို အစဥ္လိုက္ ရြတ္ခ်သြားေတာ့တယ္…။ ဘယ္လိုသင္ေပးခဲ့ေၾကာင္း ၊ လမ္းညြန္ခဲ့ေၾကာင္း… စသည္ျဖင့္…

ကင္မရာမီး တဖ်တ္ဖ်တ္ရဲ့ မျမင္ကြယ္ရာ ေထာင့္မွာေတာ့ ငယ္ငယ္က က်န္းမာေရး သိပ္ခ်ိဳ့တဲ့လြန္းတဲ့ သူ႔ကို….. ၊ အရမ္းဂ႐ုစိုက္ၿပီး သင္ေပးခဲ့ဖူးတဲ့ သူငယ္တန္းက ဆရာမအိုႀကီးမွာေတာ့ မ်က္ရည္ေတြ ဝိုင္းလို့…..

ဒါတင္မကဘူး… စာ စ ေရးဖို့ ေက်ာက္တံကိုင္ရန္ပင္ တုန္ရီေနတဲ့လက္ကို စိတ္ရွည္ရွည္နဲ႔ တည္ၿငိမ္လာေအာင္ လုပ္႐ုံမက စာေရးနိုင္ေအာင္ သင္ေပးတဲ့ သူငယ္တန္းဆရာမႀကီးကလည္း ရင္ထဲစို့လို့……

ေက်ာင္းစာစိတ္မဝင္စားပဲ အေလလိုက္ခ်င္ေနတဲ့ သူ႔ကို ႀကိဳးစားသင္ၾကားၿပီး ကူညီထိန္းမတ္ေပးခဲ့တဲ့ အလယ္တန္းျပ ဆရာမေတြကလည္း ေငးေမာလို့…။

သူကေတာ့ ဆယ္တန္းက ဆရာေတြကိုဖက္ၿပီး ဓာတ္ပုံေတြ အရိုက္ခံရင္း၊ ဂါရဝျပဳရ… လက္ေဆာင္ ပစၥည္းေတြနဲ႔ အမွတ္တရ ကန္ေတာ့ရနဲ႔…. ။

ေျပာတဲ့စကားေတြမွာ… ေရးတဲ့စာေတြမွာ .. လူျမင္ကြင္းေတြမွာ သူတို့ငယ္ဆရာျဖစ္တဲ့ မူလတန္း ၊အလယ္တန္းဆရာေတြ အေၾကာင္း တစ္ခြန္းမွ မပါခဲ့ရွာဘူး….

ကၽြန္ေတာ္ကေတာ့ ဒီျမင္ကြင္းကို ျမင္တိုင္း ျမင္တိုင္း ၊ သူတို့ ႏွုတ္ထြက္ စကားေတြ ၾကားတိုင္း သူ႔ရဲ့ ငယ္ဆရာေတြ ဘက္ကိုပဲ လွည့္ၾကည့္ျဖစ္ေတာ့တယ္။ ျမင္တိုင္းလည္း စိတ္မေကာင္း ျဖစ္ရတယ္..။သူတို့ေနရာမွာ ကိုယ္သာဆို ဘယ္လိုေနမလဲေပါ့…။

ကၽြန္ေတာ့္”တီခ်ယ္အုန္း”က ကၽြန္ေတာ္ဆရာ ျဖစ္လာေတာ့ အမွာစကားေႁခြတယ္။ “သားေရ… ဆရာဆိုတာ လိုအပ္ရင္ တပည့္ေတြကို ဥပကၡာ ထားတတ္ဖို့လည္း လိုတယ္” တဲ့..။ အရင္တုန္းက နားမလည္ေပမယ့္ အခုေတာ့ နားလည္စျပဳလာၿပီ..။

ကိုယ့္မွာ ျပဳစုဖို့ လိုအပ္တဲ့ ကေလးတခ်ိဳ့ကို ပင္ပင္ပန္းပန္း ျပဳစုခဲ့ရတာ..။ မူလတန္း အရြယ္ကေလးေတြဆို ပိုဆိုး..။အေျခခံခိုင္ေအာင္ နဲ႔ အတန္းႀကီးလာတဲ့အခါ စာေတြ လိုက္နိုင္ေအာင္… က်န္းမာေရးက အစေပါ့… ။

အခ်ိန္တန္လို့ ကိုယ့္အတန္းေအာင္သြားတဲ့အခါ သူတို့က ကိုယ့္ကိုေမ့လို့..။ ကိုယ္ကသာ သတိတရနဲ႔… ေအာ္.. ငါ့တပည့္ေလး အဆင္ေျပပါ့မလား ဆိုၿပီးေတာ့ေပါ့ေလ…

သူတို့က လမ္းမွာေတြ႕ရင္ေတာင္ ႏွုတ္ဆက္ေဖာ္မရတဲ့အခါ ကၽြန္ေတာ့္တီခ်ယ္ ေျပာတာ အမွန္ပါလားလို့ နားလည္ရတယ္… ။ ဥပကၡာထားတတ္ဖို့ ႀကိဳးစားရဦးမယ္ေပါ့..။ ရင္ဘတ္ႀကီးနဲ႔ လိုက္ခံစားေနရင္ ကိုယ္ပဲ ပင္ပန္းမွာ မဟုတ္လား..။

တကယ္ဆို ဒီကေလးရဲ့ ေအာင္ျမင္မွု မွတ္တိုင္မွာ ကန္႔ကူလက္လွည့္ဆရာလို့ ေခၚရမယ့္ ဝလုံးေလးေတြ ဝိုင္းေစခဲ့တဲ့ မူလတန္း ဆရာေတြက အေရးမပါဘူးလား…။ ေနာက္ၿပီး အေၾကာင္းေၾကာင္းေၾကာင့္ မူလတန္းမွာ အားနည္းခဲ့တဲ့ သူတို့ကို ကူညီျဖည့္စြက္ၿပီး သင္ၾကားေပးခဲ့တဲ့ အလယ္တန္းျပ ဆရာေတြကေရာ ဘာမွ မဟုတ္ဘူးလား…။

အရွင္ေမြး ေန႔ခ်င္းႀကီးလို့ ဒီကေလးေတြဟာ ေက်ာင္းေနတာနဲ႔ ဆယ္တန္းကို ဒိုင္းခနဲ ခုန္ပ်ံေက်ာ္တက္သြားတာ မဟုတ္ဘူး။ သူတို့အရာရာကို တစ္ကေနစခဲ့တာပဲ..။

ဒါဆို ဘာလို့ သူတို့ရဲ့ ေက်းဇူးစကားေတြမွာ ငယ္ဆရာေတြျဖစ္တဲ့ မူလတန္း ၊အလယ္တန္းက ဆရာေတြအေၾကာင္း ဘာလို့ တစ္လုံးမွ မပါရတာလဲ။ လူေရွ႕သူေရွ႕မွာ အသိအမွတ္ျပဳ မခံရတာလဲ။ ဂုဏ္ျပဳဆုေငြေတြ ၊လက္ေဆာင္ေတြ ထားပါဦး..။ သူ႔ဘဝေအာင္ျမင္မွုရဲ့ တစ္ခန္းတစ္ေနရာမွာ ေလွကားထစ္ေလးအျဖစ္ ပါဝင္ခဲ့ဖူးတဲ့ ငယ္ဆရာေတြကို အသိအမွတ္ျပဳေၾကာင္း ဘာတစ္ခုမွ မျပခဲ့တာကိုပဲ စိတ္မေကာင္းပါ….။

ဘုရားရွင္က သင္ဆရာ ၊ျမင္ဆရာ ၊ၾကားဆရာ ဆိုၿပီး ကိုယ့္ကို တစ္ခုတစ္ေလ သင္ၾကားျပသခဲ့ရင္ေတာင္ ဆရာလို့ သတ္မွတ္ရမယ္လို့ ေဟာခဲ့တယ္။

စာေတြထဲမွာေတာ့ ပညာေတြတတ္လာရင္ မ်က္ေတာင္ေမႊးကေန မ်က္ေစ့တစ္ဆုံး ျမင္လာသတဲ့။ ဒီကေလးေတြရဲ့ တတ္ေျမာက္လာတဲ့ ပညာေတြဟာ မ်က္ေစ့တစ္ကမ္း ဆယ္တန္း အထိပဲလား…။

တကယ္ပါ… အဲ့ငယ္ဆရာေတြရဲ့ ဘဝမွာ သူတို့တပည့္ေဟာင္းေတြဆီက ေငြေၾကး ၊လက္ေဆာင္ ဘာမွ လိုခ်င္မွာ မဟုတ္ဘူး။

သူတို့ရဲ့ တပည့္ျဖစ္ခဲ့ဖူးပါတယ္ ဆိုတာနဲ႔ ၊သူတို့ ဂ႐ုစိုက္ၿပီး သင္ၾကားေပးခဲ့ဖူးပါတယ္ ဆိုတဲ့ အသိအမွတ္ျပဳျခင္းကို သူတို့တပည့္ေတြဆီက လိုခ်င္မိ႐ုံေလးပါပဲ။

ကၽြန္ေတာ္တို့ အသက္ေတြ ဘယ္ေလာက္ႀကီးႀကီး ၊ဘယ္ေလာက္ပဲ ေအာင္ျမင္မွုေတြ ရရ… ကၽြန္ေတာ္တို့ ဘယ္ဆရာေတြကိုမွ မေမ့စေကာင္းပါဘူး….

အထူးသျဖင့္ အရမ္းဂ႐ုစိုက္ဖို့ လိုတဲ့ ပညာႏုနယ္ခ်ိန္မွာ ပင္ပန္းတႀကီးနဲ႔ အားစိုက္ သင္ေပးဖူးတဲ့ ငယ္ဆရာေတြကိုေပါ့

#Creditorginalwriter

 

ငယ်ဆရာတွေကိုမမေ့ပါနဲ့

ဆယ်တန်းမှာ ဂုဏ်ထူးတွေ တသီကြီးနဲ့ တပည့်က စင်ပေါ်မှာ ဆုတက်ယူတယ်။ ကျေးဇူးတင်စကား ပြောကြားသွားတဲ့ အထဲမှာ ဆယ်တန်းဆရာ၊ ဆရာမတွေရဲ့ နာမည်အကုန်လုံးကို အစဉ်လိုက် ရွတ်ချသွားတော့တယ်…။ ဘယ်လိုသင်ပေးခဲ့ကြောင်း ၊ လမ်းညွန်ခဲ့ကြောင်း… စသည်ဖြင့်…

ကင်မရာမီး တဖျတ်ဖျတ်ရဲ့ မမြင်ကွယ်ရာ ထောင့်မှာတော့ ငယ်ငယ်က ကျန်းမာရေး သိပ်ချို့တဲ့လွန်းတဲ့ သူ့ကို….. ၊ အရမ်းဂရုစိုက်ပြီး သင်ပေးခဲ့ဖူးတဲ့ သူငယ်တန်းက ဆရာမအိုကြီးမှာတော့ မျက်ရည်တွေ ဝိုင်းလို့…..

ဒါတင်မကဘူး… စာ စ ရေးဖို့ ကျောက်တံကိုင်ရန်ပင် တုန်ရီနေတဲ့လက်ကို စိတ်ရှည်ရှည်နဲ့ တည်ငြိမ်လာအောင် လုပ်ရုံမက စာရေးနိုင်အောင် သင်ပေးတဲ့ သူငယ်တန်းဆရာမကြီးကလည်း ရင်ထဲစို့လို့……

ကျောင်းစာစိတ်မဝင်စားပဲ အလေလိုက်ချင်နေတဲ့ သူ့ကို ကြိုးစားသင်ကြားပြီး ကူညီထိန်းမတ်ပေးခဲ့တဲ့ အလယ်တန်းပြ ဆရာမတွေကလည်း ငေးမောလို့…။

သူကတော့ ဆယ်တန်းက ဆရာတွေကိုဖက်ပြီး ဓာတ်ပုံတွေ အရိုက်ခံရင်း၊ ဂါရဝပြုရ… လက်ဆောင် ပစ္စည်းတွေနဲ့ အမှတ်တရ ကန်တော့ရနဲ့…. ။

ပြောတဲ့စကားတွေမှာ… ရေးတဲ့စာတွေမှာ .. လူမြင်ကွင်းတွေမှာ သူတို့ငယ်ဆရာဖြစ်တဲ့ မူလတန်း ၊အလယ်တန်းဆရာတွေ အကြောင်း တစ်ခွန်းမှ မပါခဲ့ရှာဘူး….

ကျွန်တော်ကတော့ ဒီမြင်ကွင်းကို မြင်တိုင်း မြင်တိုင်း ၊ သူတို့ နှုတ်ထွက် စကားတွေ ကြားတိုင်း သူ့ရဲ့ ငယ်ဆရာတွေ ဘက်ကိုပဲ လှည့်ကြည့်ဖြစ်တော့တယ်။ မြင်တိုင်းလည်း စိတ်မကောင်း ဖြစ်ရတယ်..။သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲပေါ့…။

ကျွန်တော့်”တီချယ်အုန်း”က ကျွန်တော်ဆရာ ဖြစ်လာတော့ အမှာစကားခြွေတယ်။ “သားရေ… ဆရာဆိုတာ လိုအပ်ရင် တပည့်တွေကို ဥပက္ခာ ထားတတ်ဖို့လည်း လိုတယ်” တဲ့..။ အရင်တုန်းက နားမလည်ပေမယ့် အခုတော့ နားလည်စပြုလာပြီ..။

ကိုယ့်မှာ ပြုစုဖို့ လိုအပ်တဲ့ ကလေးတချို့ကို ပင်ပင်ပန်းပန်း ပြုစုခဲ့ရတာ..။ မူလတန်း အရွယ်ကလေးတွေဆို ပိုဆိုး..။အခြေခံခိုင်အောင် နဲ့ အတန်းကြီးလာတဲ့အခါ စာတွေ လိုက်နိုင်အောင်… ကျန်းမာရေးက အစပေါ့… ။

အချိန်တန်လို့ ကိုယ့်အတန်းအောင်သွားတဲ့အခါ သူတို့က ကိုယ့်ကိုမေ့လို့..။ ကိုယ်ကသာ သတိတရနဲ့… အော်.. ငါ့တပည့်လေး အဆင်ပြေပါ့မလား ဆိုပြီးတော့ပေါ့လေ…

သူတို့က လမ်းမှာတွေ့ရင်တောင် နှုတ်ဆက်ဖော်မရတဲ့အခါ ကျွန်တော့်တီချယ် ပြောတာ အမှန်ပါလားလို့ နားလည်ရတယ်… ။ ဥပက္ခာထားတတ်ဖို့ ကြိုးစားရဦးမယ်ပေါ့..။ ရင်ဘတ်ကြီးနဲ့ လိုက်ခံစားနေရင် ကိုယ်ပဲ ပင်ပန်းမှာ မဟုတ်လား..။

တကယ်ဆို ဒီကလေးရဲ့ အောင်မြင်မှု မှတ်တိုင်မှာ ကန့်ကူလက်လှည့်ဆရာလို့ ခေါ်ရမယ့် ဝလုံးလေးတွေ ဝိုင်းစေခဲ့တဲ့ မူလတန်း ဆရာတွေက အရေးမပါဘူးလား…။ နောက်ပြီး အကြောင်းကြောင်းကြောင့် မူလတန်းမှာ အားနည်းခဲ့တဲ့ သူတို့ကို ကူညီဖြည့်စွက်ပြီး သင်ကြားပေးခဲ့တဲ့ အလယ်တန်းပြ ဆရာတွေကရော ဘာမှ မဟုတ်ဘူးလား…။

အရှင်မွေး နေ့ချင်းကြီးလို့ ဒီကလေးတွေဟာ ကျောင်းနေတာနဲ့ ဆယ်တန်းကို ဒိုင်းခနဲ ခုန်ပျံကျော်တက်သွားတာ မဟုတ်ဘူး။ သူတို့အရာရာကို တစ်ကနေစခဲ့တာပဲ..။

ဒါဆို ဘာလို့ သူတို့ရဲ့ ကျေးဇူးစကားတွေမှာ ငယ်ဆရာတွေဖြစ်တဲ့ မူလတန်း ၊အလယ်တန်းက ဆရာတွေအကြောင်း ဘာလို့ တစ်လုံးမှ မပါရတာလဲ။ လူရှေ့သူရှေ့မှာ အသိအမှတ်ပြု မခံရတာလဲ။ ဂုဏ်ပြုဆုငွေတွေ ၊လက်ဆောင်တွေ ထားပါဦး..။ သူ့ဘဝအောင်မြင်မှုရဲ့ တစ်ခန်းတစ်နေရာမှာ လှေကားထစ်လေးအဖြစ် ပါဝင်ခဲ့ဖူးတဲ့ ငယ်ဆရာတွေကို အသိအမှတ်ပြုကြောင်း ဘာတစ်ခုမှ မပြခဲ့တာကိုပဲ စိတ်မကောင်းပါ….။

ဘုရားရှင်က သင်ဆရာ ၊မြင်ဆရာ ၊ကြားဆရာ ဆိုပြီး ကိုယ့်ကို တစ်ခုတစ်လေ သင်ကြားပြသခဲ့ရင်တောင် ဆရာလို့ သတ်မှတ်ရမယ်လို့ ဟောခဲ့တယ်။

စာတွေထဲမှာတော့ ပညာတွေတတ်လာရင် မျက်တောင်မွှေးကနေ မျက်စေ့တစ်ဆုံး မြင်လာသတဲ့။ ဒီကလေးတွေရဲ့ တတ်မြောက်လာတဲ့ ပညာတွေဟာ မျက်စေ့တစ်ကမ်း ဆယ်တန်း အထိပဲလား…။

တကယ်ပါ… အဲ့ငယ်ဆရာတွေရဲ့ ဘဝမှာ သူတို့တပည့်ဟောင်းတွေဆီက ငွေကြေး ၊လက်ဆောင် ဘာမှ လိုချင်မှာ မဟုတ်ဘူး။

သူတို့ရဲ့ တပည့်ဖြစ်ခဲ့ဖူးပါတယ် ဆိုတာနဲ့ ၊သူတို့ ဂရုစိုက်ပြီး သင်ကြားပေးခဲ့ဖူးပါတယ် ဆိုတဲ့ အသိအမှတ်ပြုခြင်းကို သူတို့တပည့်တွေဆီက လိုချင်မိရုံလေးပါပဲ။

ကျွန်တော်တို့ အသက်တွေ ဘယ်လောက်ကြီးကြီး ၊ဘယ်လောက်ပဲ အောင်မြင်မှုတွေ ရရ… ကျွန်တော်တို့ ဘယ်ဆရာတွေကိုမှ မမေ့စကောင်းပါဘူး….

အထူးသဖြင့် အရမ်းဂရုစိုက်ဖို့ လိုတဲ့ ပညာနုနယ်ချိန်မှာ ပင်ပန်းတကြီးနဲ့ အားစိုက် သင်ပေးဖူးတဲ့ ငယ်ဆရာတွေကိုပေါ့

#Creditorginalwriter