ဒီ၂ဝဝ ကျပ်ကို သေသေချာချာ သိမ်းထားတာ ၆ နှစ်ကျော်ပါပြီ

ဒီ၂ဝဝ ကျပ်ကို သေသေချာချာ သိမ်းထားတာ ၆ နှစ်ကျော်ပါပြကျွန်တော် အရမ်းပျင်းရိတဲ့အခါ၊ အဆင်မပြေမှု၊ အခက်ခဲတွေကြုံတဲ့ အခါမှာလည်း ဒီ ၂၀၀ ကျပ်ကို ကြည့်လိုက်ရင် ခွန်အားတွေ ပြန်ပြည့်လာတယ်လို့ အမြဲခံစားရပါတယ်

ဒီ ၂၀၀ ကျပ်ကို တန်ခိုးရှိတဲ့ ဆရာ၊ ဘုန်းကြီးတွေ ပေးထားလို့ သိမ်းထားခြင်းလည်း မဟုတ်သလို ကျွန်တော်က အယူသီးသူတစ်ယောက်ဖြစ်လို့ သိမ်းထားခြင်းလည်း မဟုတ်ပါ။

လွန်ခဲ့တဲ့ ၆ နှစ်က သူငယ်ချင်းတွေနဲ့ ကန်ဘောင်မှာ တစ်ပတ် တစ်ခေါက် ပုံမှန်ရောက်ဖြစ်တယ်ကန်ဘောင်ပေါ်မှာ သီချင်းတွေ ဆိုဖြစ်တယ်။ တစ်ခါတစ်လေလည်း ဘီယာ သောက်ရင်းနဲ့ စကားတွေပြော ဖြစ်ကြပါတယ်

ကြုံရင် ကြုံသလို ဈေးလိုက်ရောင်းနေတဲ့ ဈေးသည်တွေဆီက မုန့်၊ ရေသန့်ဗူးတွေ ဝယ်ရင်း သူတို့နဲ့ စကားတွေလည်း ခဏခဏ ပြောဖြစ်တယ်။ တချို့နဲ့ဆို ရင်နှီးခဲ့ကြပါတယ်။

တစ်ရက်တော့ ရေသန့်နဲ့ အာလူးကြော် လိုက်ရောင်းတဲ့ ၁၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်က အနားကို ရောက်လာတယ်သူ့ရဲ့ ကိုယ်ပေါ်ကအဝတ်တွေဟာ အရမ်းကို ဟောင်းနွမ်းနေတော့ တော်တော်သနားမိတယ်

ကျွန်တော် တို့ကလည်း ရေဆာနေတော့ ၄ဝဝ ကျပ်တန် ရေတစ်ဗူး ယူလိုက်တယ်ဒို့သူငယ်ချင်းတွေက အမ်းစရာငွေကို ပြန်မယူဘဲ သူတို့ကို မုန့်ဖိုးပေးတတ်တဲ့အကျင့် တစ်ခုရှိတော့ ကျန်တဲ့ ၆ဝဝ ကို သမီးပဲ ယူလိုက်ပါလို့ ပြောလိုက်မိတယ်။

အဲဒီ အချိန် သူ ပြန်ပြော တာက “သူများ ငွေ အလကား မလိုချင်ပါဘူး၊ အကိုတို့ပိုက်ဆံ အကိုတို့ပြန်ယူပါ” ဆိုပြီး ၆ဝဝ ပြန်အမ်းပေးတယ်ကျွန်တော်က ဒီကလေးကို အရမ်းစိတ်ဝင်စား သွားတော့ သူ့ကို ပြန်ပြော လိုက်တယ်

“ဒီ ၆ဝဝ မယူရင် ညီမလေးဆီက ရေသန့်လည်း မဝယ်နိုင်တော့ဘူး”ဒီကလေးက ခပ်စွာစွာလေသံနဲ့ ပြန်ပြောတယ်။ “ရတယ်လေ သမီးရဲ့ ရေသန့်ဗူး ပြန်ပေးပါ။ ရော့ အကို့ရဲ့ ပိုက်ဆံ ၁ဝဝဝ။ သူများငွေကို အလကား ယူစရာလား၊ မယူနိုင်ပါဘူး။”

သူမရဲ့ ရေသန့်ဗူး ယူပြီး “ရေသန့်ဗူး၊ ရေသန့်ဗူး၊ အာလူးကြော် ရမယ်” ဆိုပြီး ကျွန်တော်တို့ရှိတဲ့နေရာက သူထွက်သွားတယ်။ တစ်ချက်မှ နောက်ပြန် မလှည့်ပါ။အရွယ်နဲ့ မလိုက်တဲ့ ဘဝသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို သဘောကျမိတော့ သူ့နောက်ကို မရမက ပြန်ပြီး လိုက်သွားမိတယ်

“ရေသန့် ၂ ဗူးပေးပါ သမီး” လို့ပြောတော“ခဏစောင့်ပါ အကို။ သမီးမှာ အမ်းစရာ ၂ဝဝ မရှိသေးဘူး ဈေးလိုက်ရောင်း လိုက်မယ်။ ပြီးတော့ အကိုတို့ဆီ ပြန်လာခဲ့မယ်” ဆိုပြီး သူ ဈေးရောင်း ထွက်သွားခဲ့တယ်။

သူအမ်းမယ့် ငွေကို အမှတ်တရ သိမ်းထားချင်တဲ့ ကျွန်တော်က ရေဆာတဲ့စိတ်တောင် ဘယ်ရောက်သွားမှန်း မသိတော့ပါ။သူ့ကို စောင့်နေခဲ့တယ်။ ခဏအကြာ သူပြန်ရောက် လာခဲ့တယ်။ ပြီးတော့ ဒီ၂ဝဝ ကျပ်ကို သူပေးသွားတယ်။အခုတော့ ကျွန်တော့် လက်ထဲမှာ သိမ်းထားတာ ၆ နှစ်ရှိပါပြီ။

လမ်းဘေးမှာ ညတိုင်း ဈေးလိုက်ရောင်းပြီး အဘွားကို ရိုးသားစွာနဲ့ ရှာဖွေကျွေးနေတဲ့ ၁၀ နှစ်အရွယ် ကလေးက ပေးခဲ့တဲ့ ၂ဝဝ ကျပ်ပါမှတ်ချက်။ ။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ လမ်းပေါ်မှာ ဈေးရောင်းနေတဲ့ သူတိုင်း စိတ်ဓာတ် ဆင်းရဲ ကြသူများ မဟုတ်ပါ။ လေးလေးစားစား ဆက်ဆံပေးကြပါ(Credit)

 











