ကိုဗစ္ေ႐ွ႕တန္း စစ္ေတြမွာ လူနာေတြကို ကုသရင္း ကူးစက္ခံလိုက္ရတဲ့ ဆရာဝန္မေလး ၿငိမ္းသီရိထိုက္…

ကိုဗစ္ေ႐ွ႕တန္း စစ္ေတြမွာ လူနာေတြကို ကုသရင္း ကူးစက္ခံလိုက္ရတဲ့ ဆရာဝန္မေလး ၿငိမ္းသီရိထိုက္…

မေန႔က ၾသဂုတ္ (၂၅) ရက္ည ပိုးေတြ႕လူနာ အေယာက္ (၃၀) ထဲမွာ စစ္ေတြ ျပည္သူ႕ေဆး႐ုံက အမ်ိဳးသမီးဆရာဝန္တစ္ဦးလည္း ပါဝင္တယ္လို႔ စစ္ေတြေဆး႐ုံ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေရးသားထားပါတယ္ …။

အဲ့ဒီဆရာဝန္ကို စစ္ေတြျပည္သူ႕ေဆး႐ုံ ဝန္ထမ္းအိမ္ရာကေန ေဆးကုသေပးဖို႔ လာေရာက္ေခၚေဆာင္သြားၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။ လက္႐ွိ အခ်ိန္ထိ ျမန္မာႏိုင္ငံမွာ COVID-19 အတည္ျပဳလူနာ (၅၀၄) ဦး႐ွိၿပီး ျပန္လည္သက္သာလာသူ (၃၄၁)ဦး ႐ွိပါတယ္။ ဆရာဝန္မေလးနဲ႔ ပတ္သက္ၿပီး နယ္ပယ္အသီးသီးက ဆုေတာင္းစကားမ်ားကို တစုတစည္းထဲ ေဖာ္ျပေပးလိုက္ပါတယ္။ ကေလးအထူးကုဆရာဝန္ႀကီး ‌ေဒါက္တာရဲျမင့္ေက်ာ္ ကေတာ႔ လူမႈကြန္ယက္မွာ အခုလိုပဲ ေရးသား ထားပါတယ္ …။

“မ်က္ရည္ လည္မိတဲ့ ပုံကေလး ပါ…ဘယ္သူက ကိုယ့္သားသမီးကို ဒီလို အခ်ိန္ Frontline မွာ ျမင္ခ်င္မလဲေနာ္…သူတို႔ေလးေတြ ကာမေပးရင္ တႏိုင္ငံလုံး ဗုံးကြဲသလို ျဖစ္မွာ စိုးလို႔ အကူးစက္ခံ ကာေပးေနၾကရ႐ွာတာ…ကူညီႏိုင္သေလာက္ ကူညီပါ…က်န္းမာေရးကို ထပ္ဝန္မပိပါေစနဲ႔…ႏႈတ္နဲ႔ စာနဲ႔ ေႏွာက္ယွက္ေနသူေတြ အတြက္ေတာ့ ေျပာစရာ စကားလုံး မ႐ွိပါဘူး…” (ေဆးတကၠသိုလ္ ၁ ရန္ကုန္ထြက္ ကြၽန္ေတာ္႕ Ward မွာ အလုပ္သင္ဆင္းသြားတဲ့ ဆရာဝန္မေလးပါ)

ကိုဗစ္ကူးစက္ခံလိုက္ရတဲ့ ဆရာဝန္ မေလး ၿငိမ္းသီရိထိုက္ ရဲ႕ ဖခင္ကိုယ္တိုင္ေရးတဲ့စာ “ကြၽန္ေတာ္တို႔ ေခတ္ရဲ႕ တာဝန္ေက်ပြန္သူတဦး…ေဒါက္တာၿငိမ္းသီရိထိုက္ (စစ္ေတြ)ျပည္သူ႕ေဆး႐ုံႀကီး၊ Positive (+) ယေန႔(သူ႕မရဲ႕ခံယူခ်က္က ႐ွင္းတယ္…False negative ျဖစ္မွာကိုအရမ္းေၾကာက္ပါတယ္…

Carry ျဖစ္မွာစိုးလို႔ပါတဲ့ ကုသု ရယ္ လူနာရယ္ စိတ္ရင္းေစတနာနဲ႔ ေမတၱာထားလုပ္ေဆာင္မႉေတြ အတြက္ သီးေလး ေမတၱာေရာင္ျပန္ဟတ္ပါေစ…သမီးရဲ႕ အေဖျဖစ္ရတဲ့အတြက္လဲ ဂုဏ္ယူမိပါတယ္ …”

ေျမာက္ဥကၠလာေဆး႐ုံအုပ္ႀကီး ေဒါက္တာဝင္းသႏၲာျဖဴ ေရးတဲ့ စာ “ျမင္ၾကည့္ေလ ကိုယ့္သား၊သမီးဆို ဘယ္ရင္နဲ႔ခံစားၾကမလဲ ကားေပၚတက္သြားၾကရမယ့္ က်န္းမာေရးဝန္ထမ္းေတြ ဘယ္အထိမ်ားလာအုံးမလဲ ခ်စ္စရာညီမေလးေရ Nyein Thiri ေရ တာဝန္ေက်တာထက္ ပိုပါတယ္ေနာ္…ငါ့ညီမေလး နဲ႔အတူ Positive ထြက္ခဲ့တဲ့ က်န္းမာေရး ဝန္ထမ္းမ်ားအားလုံး ေကာင္းမြန္စြာ‌ ေက်ာ္လႊားႏိုင္မွာပါ…အျမန္ဆုံး က်န္းမာပါေစေနာ္…ကိုယ္ထားခဲ့တဲ့ ေစတနာေတြေရာင္ျပန္ဟပ္လို႔ ဤခႏၶာေတြေဝဒနာေဝးပါေစ။Postive ပါတဲ့ အခုဘဲလာေခၚသြားပါၿပီ ဂုဏ္ယူပါတယ္ စိတ္ကိုလုံးဝမေလွ်ာ့လိုက္ပါနဲ႔ လူနာေတြကို အၿမဲဂ႐ုစိုက္တဲ့ဆရာဝန္မေလး အခုကိုယ့္ကိုကိုယ္ အထူးဂ႐ုစိုက္ပါ…စစ္ေတြေဆး႐ုံႀကီးကဆရာဝန္ပါ…”ဆိုျပီး အသီးသီး ေရးထားၾကတာပဲ ျဖစ္ပါတယ္ …။ ။

Credit – Ori

Unicode

ကိုဗစ်ရှေ့တန်း စစ်တွေမှာ လူနာတွေကို ကုသရင်း ကူးစက်ခံလိုက်ရတဲ့ ဆရာဝန်မလေး ငြိမ်းသီရိထိုက်…

မနေ့က သြဂုတ် (၂၅) ရက်ည ပိုးတွေ့လူနာ အယောက် (၃၀) ထဲမှာ စစ်တွေ ပြည်သူ့ဆေးရုံက အမျိုးသမီးဆရာဝန်တစ်ဦးလည်း ပါဝင်တယ်လို့ စစ်တွေဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားပါတယ် …။

အဲ့ဒီဆရာဝန်ကို စစ်တွေပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာကနေ ဆေးကုသပေးဖို့ လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ အချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ (၅၀၄) ဦးရှိပြီး ပြန်လည်သက်သာလာသူ (၃၄၁)ဦး ရှိပါတယ်။ ဆရာဝန်မလေးနဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီးက ဆုတောင်းစကားများကို တစုတစည်းထဲ ဖော်ပြပေးလိုက်ပါတယ်။ ကလေးအထူးကုဆရာဝန်ကြီး ‌ဒေါက်တာရဲမြင့်ကျော် ကတော့ လူမှုကွန်ယက်မှာ အခုလိုပဲ ရေးသား ထားပါတယ် …။

“မျက်ရည် လည်မိတဲ့ ပုံကလေး ပါ…ဘယ်သူက ကိုယ့်သားသမီးကို ဒီလို အချိန် Frontline မှာ မြင်ချင်မလဲနော်…သူတို့လေးတွေ ကာမပေးရင် တနိုင်ငံလုံး ဗုံးကွဲသလို ဖြစ်မှာ စိုးလို့ အကူးစက်ခံ ကာပေးနေကြရရှာတာ…ကူညီနိုင်သလောက် ကူညီပါ…ကျန်းမာရေးကို ထပ်ဝန်မပိပါစေနဲ့…နှုတ်နဲ့ စာနဲ့ နှောက်ယှက်နေသူတွေ အတွက်တော့ ပြောစရာ စကားလုံး မရှိပါဘူး…” (ဆေးတက္ကသိုလ် ၁ ရန်ကုန်ထွက် ကျွန်တော့် Ward မှာ အလုပ်သင်ဆင်းသွားတဲ့ ဆရာဝန်မလေးပါ)

ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ ဆရာဝန် မလေး ငြိမ်းသီရိထိုက် ရဲ့ ဖခင်ကိုယ်တိုင်ရေးတဲ့စာ “ကျွန်တော်တို့ ခေတ်ရဲ့ တာဝန်ကျေပွန်သူတဦး…ဒေါက်တာငြိမ်းသီရိထိုက် (စစ်တွေ)ပြည်သူ့ဆေးရုံကြီး၊ Positive (+) ယနေ့(သူ့မရဲ့ခံယူချက်က ရှင်းတယ်…False negative ဖြစ်မှာကိုအရမ်းကြောက်ပါတယ်…

Carry ဖြစ်မှာစိုးလို့ပါတဲ့ ကုသု ရယ် လူနာရယ် စိတ်ရင်းစေတနာနဲ့ မေတ္တာထားလုပ်ဆောင်မှူတွေ အတွက် သီးလေး မေတ္တာရောင်ပြန်ဟတ်ပါစေ…သမီးရဲ့ အဖေဖြစ်ရတဲ့အတွက်လဲ ဂုဏ်ယူမိပါတယ် …”

မြောက်ဥက္ကလာဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူ ရေးတဲ့ စာ “မြင်ကြည့်လေ ကိုယ့်သား၊သမီးဆို ဘယ်ရင်နဲ့ခံစားကြမလဲ ကားပေါ်တက်သွားကြရမယ့် ကျန်းမာရေးဝန်ထမ်းတွေ ဘယ်အထိများလာအုံးမလဲ ချစ်စရာညီမလေးရေ Nyein Thiri ရေ တာဝန်ကျေတာထက် ပိုပါတယ်နော်…ငါ့ညီမလေး နဲ့အတူ Positive ထွက်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းများအားလုံး ကောင်းမွန်စွာ‌ ကျော်လွှားနိုင်မှာပါ…အမြန်ဆုံး ကျန်းမာပါစေနော်…ကိုယ်ထားခဲ့တဲ့ စေတနာတွေရောင်ပြန်ဟပ်လို့ ဤခန္ဓာတွေဝေဒနာဝေးပါစေ။Postive ပါတဲ့ အခုဘဲလာခေါ်သွားပါပြီ ဂုဏ်ယူပါတယ် စိတ်ကိုလုံးဝမလျှော့လိုက်ပါနဲ့ လူနာတွေကို အမြဲဂရုစိုက်တဲ့ဆရာဝန်မလေး အခုကိုယ့်ကိုကိုယ် အထူးဂရုစိုက်ပါ…စစ်တွေဆေးရုံကြီးကဆရာဝန်ပါ…”ဆိုပြီး အသီးသီး ရေးထားကြတာပဲ ဖြစ်ပါတယ် …။ ။

Credit – Ori