










Unicode

ကိုဗစ်ရှေ့တန်း ရခိုင်ကို စေတနာ့ ဝန်ထမ်း အဖြစ် သွားရောက် မယ့် သူနာပြု ဆရာမလေး ရဲ့ နှုတ်ဆက်စာ

နာမည် စာရင်းလေးတော့ ထွက်လာပါပြီ … ။

အမေကတော့ ပြောပြောချင်း တိတ်ဆိတ် သွားခဲ့တာ၊ အမေ စိတ်မပူပါ နဲ့နော် အဖေလဲစိတ်မပူပါနဲ့ဗျ

Volunteer၊ ဒီချိန်က နိုင်ငံတော် တွက် လိုအပ်နေတဲ့ အချိန်မို့ ကိုယ်တက်နိုင်သလောက် မိခင်နိုင်ငံကို ဖြည့်ဆည်းပေးတာပါ။

အတက်နိုင်ဆုံး ကိုယ့်ဘက် က save ဖြစ်အောင် လုပ်မယ် ဆံပင်ညှပ်မယ် ကျန်တဲ့အပိုင်းတွေလဲ အကုန် saveဖြစ်အောင် လုပ်သွားမှာပါ။

မစိုးရိမ်ကြပါနဲ့နော် စာရင်းလေးမြင်တော့ အွန်လိုင်း ကနေ ဂုဏ်လဲယူတယ်ဝမ်းလဲနည်းတယ် ဂရုစိုက်နော်လို့ပြောပေးတဲ့ အသဲတွေကိုလဲ အရမ်းချစ်တယ်

မမြင်နိုင်တဲ့ ရန်သူကို ကိုယ့်ဘက် က အရှုံးပေးလို့ မဖြစ်ဘူးလေ၊ အကြောင်းအမျိုးမျိုးကြောင့် လိုက်ချင်ပြီး စိတ်မကောင်းဖြစ်နေတဲ့ သူတွေလဲ

လိုက်ချင်တဲ့စိတ် ရှိနေရုံနဲ့တင် အားရှိပါတယ် နော်။

နိုင်ငံတော်ကြီးလိုအပ်နေချိန် မှာ ကူညီခွင့်ရလို့လဲ ကြည်နူးမိတယ်…။

Every Time Every where I am ready. Don’t worry for me. Proud for me.