ရုပ်ရည်နဲ့ ပတ်သတ်ပြီး လူတိုင်း ကြုံနေရတဲ့ အမှန်တရား (၅) ခု

ရုပ္ရည္နဲ႔ ပတ္သတ္ၿပီး လူတိုင္း ၾကံဳေနရတဲ့ အမွန္တရား (၅) ခု

ရုပ္ရည္က တကယ္ အေရးမႀကီးဘူး ရုပ္ရည္ထက္ အေရးပါတဲ့အရာေတြ ရွိတယ္လို႔ ေျပာေနၾကေပမယ့္လည္း ရုပ္ရည္ေၾကာင့္ ၾကံဳရတဲ့ အရာေတြ အမ်ားႀကီး ရွိေနဆဲပါပဲ။

ရုပ္ရည္ေပၚ မူတည္ၿပီး ဆက္ဆံၾကတဲ့သူေတြလည္း ရွိေနပါေသးတယ္။ ဘဝမွာ ရုပ္ရည္နဲ႔ ပတ္သတ္ၿပီး လူတိုင္းက ဒီလို အေျခအေနေတြကို ျမင္ဖူးၾကံဳဖူးတတ္ၾကပါတယ္။

(၁) ခြဲျခားဆက္ဆံ ခံရတာ

ရုပ္ရည္နဲ႔ ပတ္သတ္ၿပီး လူတိုင္း တစ္ႀကိမ္ မဟုတ္ တစ္ႀကိမ္မွာ ခြဲျခား ဆက္ဆံခံရတတ္ပါတယ္။

ႏွစ္ေယာက္အတူ သြားတဲ့အခါ တစ္ေယာက္ကိုပဲ အသိအမွတ္ျပဳၿပီး ေခ်ာေၾကာင္း၊ လွေၾကာင္း ေျပာေနတာမ်ိဳးကလည္း ခြဲျခား ဆက္ဆံေနတာပါပဲ။

ဒါ့အျပင္ ရုပ္ကို ျမင္မွ တမ်ိဳးေျပာင္းၿပီး ဆက္ဆံသူေတြကို ျမင္ရတာမ်ိဳးလည္း ရွိေနတတ္ပါေသးတယ္။

(၂) တစ္မ်ိဳး အျမင္ခံရတာ

ရုပ္ရည္ဆိုတာ တခါတေလက် အဝတ္အစားေပၚလည္း မူတည္ၿပီး ေျပာင္းလဲသြားတတ္ပါေသးတယ္။

ျဖစ္သလို ဝတ္ထားမိၿပီး ရုပ္ရည္ အဆင္မေျပျဖစ္ေနတဲ့ အခါမွာ လူေတြက တမ်ိဳးတမည္ အၾကည့္ေတြနဲ႔ ဆက္ဆံတတ္ၾကပါတယ္။

ကိုယ့္ရုပ္ကို ၾကည့္ၿပီး သံသယတစ္ခုလို အျမင္ခံေနတဲ့ ပံုစံမ်ိဳး ျဖစ္တာက တကယ့္ကို မေကာင္းတဲ့ ခံစားခ်က္တစ္ခုပါပဲ။

(၃) ရုပ္ေခ်ာသူကို အေကာင္းေတြးေပးႏုိင္တယ္

ဒီရုပ္ ဒီရည္နဲ႔ မထင္ရဘူးေနာ္ဆိုတာမ်ိဳး လူေတြက သံုးတတ္ၾကပါတယ္။ ရုပ္ရည္ ေခ်ာတဲ့သူတစ္ေယာက္ကို လူအမ်ားစုက ေကာင္းတဲ့သူလို႔ အလိုအေလ်ာက္ သတ္မွတ္ထားမိတတ္ၾကပါတယ္။

ရုပ္ေခ်ာေနရင္ အျပစ္လုပ္ရင္ေတာင္မွ သံသယ မဝင္တာမ်ိဳးနဲ႔ သနားဂရုဏာသက္တာမ်ိဳးေတြကို ခံၾကရပါေသးတယ္။

(၄) ရုပ္ဆိုးရင္ အထင္ေသးမိတယ္

မ်ားေသာအားျဖင့္ ရုပ္ရည္ သာမန္ရွိတဲ့သူေတြနဲ႔ ေခ်ာတဲ့သူေတြက တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာ ရုပ္ဆိုးတဲ့ တစ္ေယာက္ကို ေတြ႔တဲ့ အခါမွာ ယံုလို႔ ရပါ့မလား၊

သူက ဘာလဲဆိုတဲ့ အျမင္မ်ိဳးနဲ႔ အထင္ေသးတဲ့ ပံုစံမ်ိဳး ျဖစ္မိတတ္ၾကပါတယ္။ ဒီလို ျဖစ္မိတာကေတာ့ ရုပ္ရည္ကို ခြဲျခားမိေနၾကတုန္းပဲ ဆိုတာကို ျပတာ ျဖစ္ပါတယ္။

(၅) ရုပ္ေခ်ာတဲ့သူက ပိုေနရာရတယ္

အလုပ္ေခၚစာေတြရဲ႕ အမ်ားစုမွာ ရုပ္ရည္ ေခ်ာေမာေျပျပစ္ရမယ္ဆိုတဲ့ အခ်က္က ရွိေနဆဲပါပဲ။ ဒါက ရုပ္ရည္က အလုပ္လုပ္တဲ့ေနရာမွာပါ သက္ေရာက္ေနတယ္ဆိုတဲ့ အခ်က္ကို ေဖာ္ျပေနတာပါပဲ။

ဒီလိုပါပဲ ဘယ္နယ္ပယ္မွာ ျဖစ္ျဖစ္ ရုပ္ေခ်ာတဲ့သူေတြက အထင္ႀကီးေလးစားမႈကို ရေလ့ ရွိၿပီး အရည္အခ်င္းသာရွိရင္ ပိုၿပီး ေနရာဝင္တတ္ၾကပါေသးတယ္။

Kham

Unicode

ရုပ်ရည်နဲ့ ပတ်သတ်ပြီး လူတိုင်း ကြုံနေရတဲ့ အမှန်တရား (၅) ခု

ရုပ်ရည်က တကယ် အရေးမကြီးဘူး ရုပ်ရည်ထက် အရေးပါတဲ့အရာတွေ ရှိတယ်လို့ ပြောနေကြပေမယ့်လည်း ရုပ်ရည်ကြောင့် ကြုံရတဲ့ အရာတွေ အများကြီး ရှိနေဆဲပါပဲ။

ရုပ်ရည်ပေါ် မူတည်ပြီး ဆက်ဆံကြတဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဘဝမှာ ရုပ်ရည်နဲ့ ပတ်သတ်ပြီး လူတိုင်းက ဒီလို အခြေအနေတွေကို မြင်ဖူးကြုံဖူးတတ်ကြပါတယ်။

(၁) ခွဲခြားဆက်ဆံ ခံရတာ

ရုပ်ရည်နဲ့ ပတ်သတ်ပြီး လူတိုင်း တစ်ကြိမ် မဟုတ် တစ်ကြိမ်မှာ ခွဲခြား ဆက်ဆံခံရတတ်ပါတယ်။

နှစ်ယောက်အတူ သွားတဲ့အခါ တစ်ယောက်ကိုပဲ အသိအမှတ်ပြုပြီး ချောကြောင်း၊ လှကြောင်း ပြောနေတာမျိုးကလည်း ခွဲခြား ဆက်ဆံနေတာပါပဲ။

ဒါ့အပြင် ရုပ်ကို မြင်မှ တမျိုးပြောင်းပြီး ဆက်ဆံသူတွေကို မြင်ရတာမျိုးလည်း ရှိနေတတ်ပါသေးတယ်။

(၂) တစ်မျိုး အမြင်ခံရတာ

ရုပ်ရည်ဆိုတာ တခါတလေကျ အဝတ်အစားပေါ်လည်း မူတည်ပြီး ပြောင်းလဲသွားတတ်ပါသေးတယ်။

ဖြစ်သလို ဝတ်ထားမိပြီး ရုပ်ရည် အဆင်မပြေဖြစ်နေတဲ့ အခါမှာ လူတွေက တမျိုးတမည် အကြည့်တွေနဲ့ ဆက်ဆံတတ်ကြပါတယ်။

ကိုယ့်ရုပ်ကို ကြည့်ပြီး သံသယတစ်ခုလို အမြင်ခံနေတဲ့ ပုံစံမျိုး ဖြစ်တာက တကယ့်ကို မကောင်းတဲ့ ခံစားချက်တစ်ခုပါပဲ။

(၃) ရုပ်ချောသူကို အကောင်းတွေးပေးနိုင်တယ်

ဒီရုပ် ဒီရည်နဲ့ မထင်ရဘူးနော်ဆိုတာမျိုး လူတွေက သုံးတတ်ကြပါတယ်။ ရုပ်ရည် ချောတဲ့သူတစ်ယောက်ကို လူအများစုက ကောင်းတဲ့သူလို့ အလိုအလျောက် သတ်မှတ်ထားမိတတ်ကြပါတယ်။

ရုပ်ချောနေရင် အပြစ်လုပ်ရင်တောင်မှ သံသယ မဝင်တာမျိုးနဲ့ သနားဂရုဏာသက်တာမျိုးတွေကို ခံကြရပါသေးတယ်။

(၄) ရုပ်ဆိုးရင် အထင်သေးမိတယ်

များသောအားဖြင့် ရုပ်ရည် သာမန်ရှိတဲ့သူတွေနဲ့ ချောတဲ့သူတွေက တစ်ချိန်မဟုတ် တစ်ချိန်မှာ ရုပ်ဆိုးတဲ့ တစ်ယောက်ကို တွေ့တဲ့ အခါမှာ ယုံလို့ ရပါ့မလား၊

သူက ဘာလဲဆိုတဲ့ အမြင်မျိုးနဲ့ အထင်သေးတဲ့ ပုံစံမျိုး ဖြစ်မိတတ်ကြပါတယ်။ ဒီလို ဖြစ်မိတာကတော့ ရုပ်ရည်ကို ခွဲခြားမိနေကြတုန်းပဲ ဆိုတာကို ပြတာ ဖြစ်ပါတယ်။

(၅) ရုပ်ချောတဲ့သူက ပိုနေရာရတယ်

အလုပ်ခေါ်စာတွေရဲ့ အများစုမှာ ရုပ်ရည် ချောမောပြေပြစ်ရမယ်ဆိုတဲ့ အချက်က ရှိနေဆဲပါပဲ။ ဒါက ရုပ်ရည်က အလုပ်လုပ်တဲ့နေရာမှာပါ သက်ရောက်နေတယ်ဆိုတဲ့ အချက်ကို ဖော်ပြနေတာပါပဲ။

ဒီလိုပါပဲ ဘယ်နယ်ပယ်မှာ ဖြစ်ဖြစ် ရုပ်ချောတဲ့သူတွေက အထင်ကြီးလေးစားမှုကို ရလေ့ ရှိပြီး အရည်အချင်းသာရှိရင် ပိုပြီး နေရာဝင်တတ်ကြပါသေးတယ်။

Kham