ဒီအခ်က္ေတြနဲ႔ကိုက္ညီေနမယ္ဆုိရင္ သင္ဟာ ခပ္လြယ္လြယ္မိန္းမသားမဟုတ္ပါဘူး

ဒီအခ်က္ေတြနဲ႔ကိုက္ညီေနမယ္ဆုိရင္ သင္ဟာ ခပ္လြယ္လြယ္မိန္းမသားမဟုတ္ပါဘူး

မိန္းကေလးတုိင္းမွာ ကိုယ္ပိုင္တန္ဖိုးေတြဆုိတာ ႐ွိတတ္ပါတယ္။ ဒါေပမယ့္ ကိုယ့္ရဲ႕ တန္ဖိုးေတြကို လက္လြတ္စပယ္ အသံုးခ်လုိက္တဲ့သူနဲ႔ ကိုယ့္ရဲ႕တန္ဖိုးေတြ ပိုအေရာင္အေသြးေတာက္ပလာေအာင္ ဖန္တီးတတ္တဲဲ့သူဆုိၿပီး ကြဲျပားသြားပါတယ္္ေနာ္။

လြယ္ကူ႐ုိး႐ွင္းတဲ့ သူတစ္ေယာက္မဟုတ္ဘဲ ကိုယ့္ရဲ႕ တန္ဖိုးကို အေလးအနက္ထားတဲ့ မိန္းကေလးေတြဆီမွာေတာ့ ဒီအခ်က္ေလးေတြကို ေတြ႔ရတတ္ပါတယ္ ….. ။

(1) မာန႐ွိတယ္

ဒီလုိမိန္းကေလးေတြက မလုိအပ္ပဲ မာနေတြေထာင္လႊားေနတာမ်ိဳး မဟုတ္ေပမယ့္ သူတုိ႔ရဲ႕ မာနကို ထိခုိက္လာရင္ေတာ့ ေခါင္းငံုခံတတ္တဲ့ သူေတြမဟုတ္ပါဘူး။

သူတုိ႔ကို လြယ္လြယ္ တုိက္ခုိက္ေျပာဆုိလုိ႔မရသလုိ မတရားစြပ္စြဲေျပာဆုိတာေတြကိုလည္း အရမ္းမုန္းတတ္ၾကတဲ့ သူေတြပါ။ သူတုိ႔ကို ဒီလုိမ်ိဳး မတရားစြပ္စြဲမႈေျပာဆုိတာေတြ ႐ွိလာခဲ့ရင္ေတာ့ သူတုိ႔ရဲ႕မာနအတြက္ ေကာင္းေကာင္းႀကီး တံု႔ျပန္တတ္ၾကတဲ့ သူေတြျဖစ္ပါတယ္။

(2) သူမ်ားနဲ႔ မတူတဲ့ အေတြးအေခၚေတြ ပိုင္ဆုိင္ထားတယ္

႐ိုး႐ွင္းမႈမ႐ွိတဲ့ မိန္းကေလးေတြက သာမာန္မိန္းကေလးေတြနဲ႔ ကြာျခားေနတတ္ပါတယ္။ သူတို႔ရဲ႕ ပံုစံက အျပင္ပန္းၾကည့္လုိက္ရင္ေတာ့ သိပ္မထူးျခားဘူးလုိ႔ ထင္ရေပမယ့္ သူတို႔ရဲ႕ အေတြးအေခၚေတြ၊ စဥ္းစားေတြးေခၚႏုိင္စြမ္းေတြဟာ ျမင့္မားေနတတ္ပါတယ္။

ျပသနာတစ္ခုကို လြယ္လြယ္ အေျဖ႐ွာလုိ႔ရတတ္္သလုိ၊ သူမ်ားနဲ႔မတူတဲ့ အေတြးအေခၚေကာင္းေတြ ပိုင္ဆုိင္ထားၾကသူေတြပါ။

(3) လူကဲခတ္ ကၽြမ္းက်င္တယ္

ဒီလုိ မိန္းကေလးေတြက လူတစ္ေယာက္ရဲ႕ အေျပာအဆုိ၊ အမူအရာကို ၾကည့္႐ံုနဲ႔ အဲဒီ႔လူရဲ႕ အတြင္းစိတ္ကို အၾကမ္းဖ်င္းခန္႔မွန္းမိတတ္သူေတြပါ။

ဘယ္ေလာက္ပဲ သူတို႔ေ႐ွ႕မွာ သူတို႔အႀကိဳက္ေတြ႔ေစမယ့္စကားေတြ ေျပာေနပါေစ ဒါဟာ သူတုိ႔ကို ေျမွာက္ပင့္ေျပာဆုိေနမွန္္း ခ်က္ခ်င္းရိပ္မိတတ္ၾကသူေတြ ျဖစ္ပါတယ္။ ဒီလုိ လူကဲခတ္ကၽြမ္းက်င္မႈေၾကာင့္ပဲ သူမ်ားေတြကို လြယ္လြယ္မယံုတတ္တဲဲ့ သူေတြျဖစ္လာၾကပါတယ္။

(4) ျဖစ္ခ်င္တာေတြကို ျဖစ္ေအာင္လုပ္တတ္တယ္

သာမာန္မိန္္းကေလးေတြနဲ႔ မတူတဲ့ ေနာက္ထပ္ အခ်က္တစ္ခ်က္က လြယ္လြယ္ အ႐ံႈးမေပးတတ္သလုိ၊ စိတ္အားငယ္သိမ္ငယ္မႈေတြလည္း မ႐ွိတတ္ပါဘူး။ သူတုိ႔က သူတို႔ကိုသူတုိ႔ ယံုၾကည္ၿပီး ျဖစ္ခ်င္တာေတြ၊ လုိခ်င္တာေတြကို ရေအာင္ယူတတ္တဲဲ့ အက်င့္႐ွိသူေတြပါ။

သူတို႔ရဲ႕ ထူးျခားမႈေတြကို သူတို႔နဲ႔ အခ်ိန္အၾကာႀကီး ေပါင္းသင္းၾကည့္မွ သိလာရပါတယ္။ ေနာက္ၿပီး သူတို႔ရဲ႕ အေၾကာင္းေတြကို သူတုိ႔တကယ္္ ခင္မင္တဲဲ့ သူကိုမွ ေျပာျပတတ္ၾကၿပီး လ်ိဳ႕ဝွက္နက္နဲတဲ့ သူေတြျဖစ္ၾကပါတယ္။

Khin

Unicode

ဒီအချက်တွေနဲ့ကိုက်ညီနေမယ်ဆိုရင် သင်ဟာ ခပ်လွယ်လွယ်မိန်းမသားမဟုတ်ပါဘူး

မိန်းကလေးတိုင်းမှာ ကိုယ်ပိုင်တန်ဖိုးတွေဆိုတာ ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ တန်ဖိုးတွေကို လက်လွတ်စပယ် အသုံးချလိုက်တဲ့သူနဲ့ ကိုယ့်ရဲ့တန်ဖိုးတွေ ပိုအရောင်အသွေးတောက်ပလာအောင် ဖန်တီးတတ်တဲ့သူဆိုပြီး ကွဲပြားသွားပါတယ်နော်။

လွယ်ကူရိုးရှင်းတဲ့ သူတစ်ယောက်မဟုတ်ဘဲ ကိုယ့်ရဲ့ တန်ဖိုးကို အလေးအနက်ထားတဲ့ မိန်းကလေးတွေဆီမှာတော့ ဒီအချက်လေးတွေကို တွေ့ရတတ်ပါတယ်။

(1) မာနရှိတယ်

ဒီလိုမိန်းကလေးတွေက မလိုအပ်ပဲ မာနတွေထောင်လွှားနေတာမျိုး မဟုတ်ပေမယ့် သူတို့ရဲ့ မာနကို ထိခိုက်လာရင်တော့ ခေါင်းငုံခံတတ်တဲ့ သူတွေမဟုတ်ပါဘူး။

သူတို့ကို လွယ်လွယ် တိုက်ခိုက်ပြောဆိုလို့မရသလို မတရားစွပ်စွဲပြောဆိုတာတွေကိုလည်း အရမ်းမုန်းတတ်ကြတဲ့ သူတွေပါ။ သူတို့ကို ဒီလိုမျိုး မတရားစွပ်စွဲမှုပြောဆိုတာတွေ ရှိလာခဲ့ရင်တော့ သူတို့ရဲ့မာနအတွက် ကောင်းကောင်းကြီး တုံ့ပြန်တတ်ကြတဲ့ သူတွေဖြစ်ပါတယ်။

(2) သူများနဲ့ မတူတဲ့ အတွေးအခေါ်တွေ ပိုင်ဆိုင်ထားတယ်

ရိုးရှင်းမှုမရှိတဲ့ မိန်းကလေးတွေက သာမာန်မိန်းကလေးတွေနဲ့ ကွာခြားနေတတ်ပါတယ်။ သူတို့ရဲ့ ပုံစံက အပြင်ပန်းကြည့်လိုက်ရင်တော့ သိပ်မထူးခြားဘူးလို့ ထင်ရပေမယ့် သူတို့ရဲ့ အတွေးအခေါ်တွေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေဟာ မြင့်မားနေတတ်ပါတယ်။

ပြသနာတစ်ခုကို လွယ်လွယ် အဖြေရှာလို့ရတတ်သလို၊ သူများနဲ့မတူတဲ့ အတွေးအခေါ်ကောင်းတွေ ပိုင်ဆိုင်ထားကြသူတွေပါ။

(3) လူကဲခတ် ကျွမ်းကျင်တယ်

ဒီလို မိန်းကလေးတွေက လူတစ်ယောက်ရဲ့ အပြောအဆို၊ အမူအရာကို ကြည့်ရုံနဲ့ အဲဒီ့လူရဲ့ အတွင်းစိတ်ကို အကြမ်းဖျင်းခန့်မှန်းမိတတ်သူတွေပါ။

ဘယ်လောက်ပဲ သူတို့ရှေ့မှာ သူတို့အကြိုက်တွေ့စေမယ့်စကားတွေ ပြောနေပါစေ ဒါဟာ သူတို့ကို မြှောက်ပင့်ပြောဆိုနေမှန်း ချက်ချင်းရိပ်မိတတ်ကြသူတွေ ဖြစ်ပါတယ်။ ဒီလို လူကဲခတ်ကျွမ်းကျင်မှုကြောင့်ပဲ သူများတွေကို လွယ်လွယ်မယုံတတ်တဲ့ သူတွေဖြစ်လာကြပါတယ်။

(4) ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်တတ်တယ်

သာမာန်မိန်းကလေးတွေနဲ့ မတူတဲ့ နောက်ထပ် အချက်တစ်ချက်က လွယ်လွယ် အရှုံးမပေးတတ်သလို၊ စိတ်အားငယ်သိမ်ငယ်မှုတွေလည်း မရှိတတ်ပါဘူး။ သူတို့က သူတို့ကိုသူတို့ ယုံကြည်ပြီး ဖြစ်ချင်တာတွေ၊ လိုချင်တာတွေကို ရအောင်ယူတတ်တဲ့ အကျင့်ရှိသူတွေပါ။

သူတို့ရဲ့ ထူးခြားမှုတွေကို သူတို့နဲ့ အချိန်အကြာကြီး ပေါင်းသင်းကြည့်မှ သိလာရပါတယ်။ နောက်ပြီး သူတို့ရဲ့ အကြောင်းတွေကို သူတို့တကယ် ခင်မင်တဲ့ သူကိုမှ ပြောပြတတ်ကြပြီး လျို့ဝှက်နက်နဲတဲ့ သူတွေဖြစ်ကြပါတယ်။

Khin