ေပ်ာ္ရႊင္တဲ႔ အိမ္ေထာင္ေရးျဖစ္ဖို႔ ဂရုစိုက္ရမည္႔ အခ်က္ေလးမ်ား…

ေပ်ာ္ရႊင္တဲ႔ အိမ္ေထာင္ေရးျဖစ္ဖို႔ ဂရုစိုက္ရမည္႔ အခ်က္ေလးမ်ား…

အိမ္ေထာင္ေရး သာယာေပ်ာ္ရႊင္ခ်င္ရင္ ဒီအခ်က္ေတြကို သတိထားျပီး ဆင္ျခင္သင္႔ပါတယ္ေနာ္ …။

၁။ လူေရွ႕သူေရွ႕ မေရွာင္ အိမ္ေထာက္ဘက္ကို အျပစ္တင္ျခင္း”

လင္နဲ႔မယား လွ်ာနဲ႔သြားပါ။ အိမ္ေထာင္သက္ ရလာတာနဲ႔ အမွ် အထစ္အေငွာ့ေလးေတာ့ ရွိတတ္ၾကပါတယ္။ လူေရွ႕သူေရွ႕ မေရွာင္ တစ္ဖက္သားကိုအျပစ္တင္ ရန္ေထာင္ရင္ေတာ့ ရန္ပြဲ ျဖစ္လာမွာပါ …။

အဲလိုရန္ျဖစ္တာ ျပႆနာကို ေျပလည္ေအာင္ မေျဖရွင္း ႏိုင္တဲ့ အျပင္ မီးလွ်ံထဲကို ဓါတ္ဆီ ေလာင္းလိုက္သလို ျဖစ္သြားတတ္ပါတယ္ …။

ေနာက္ဆုံးက်ရင္ ဘယ္သူမွ အေလွ်ာ့ ေပးလို႔ မရတဲ့ အေနအထား ေရာက္သြားတတ္ၿပီး ခက္ခဲသြားပါတယ္။ ဒါေၾကာင္မို႔လို႔ လင္မယား မွတ္ထားရ မွာက မည္သူရဲ႕ေရွ႕မွာမဆို အိမ္ေထာက္ဘက္ကို အျပစ္တင္မိတာမ်ိဳး လုံးဝေရွာင္ၾကဥ္သင္႔ပါတယ္။ လက္ဝါးတစ္ဖက္ထဲ ဘယ္ေတာ့မွ လက္ခုတ္တီးလို႔ မရပါဘူး …။

၂။ သားသမီး ေရွ႕မွာ ရန္ျဖစ္ျခင္း”

မိဘဆိုတာ သားသမီး ရဲ႕ အားကိုးရာ ျဖစ္သလိုခိုလုံရာ လည္းျဖစ္ပါတယ္။ လင္မယားႏွစ္ေယာက္ျပႆနာ တစ္ခုခု ရွိခဲ့ရင္ သားသမီးကို ေရွာင္ပါ။ လင္မယား ရန္ျဖစ္တယ္ဆိုတာ လူႀကီး ႏွစ္ဦးရဲ႕ ကိစၥ ျဖစ္ပါတယ္ …။

မိဘရန္ျဖစ္တာကို ကေလးေတြ ေတြ႕သြားရင္ ကေလးရဲ႕အတြင္းစိတ္ကို ထိခိုက္သြားႏိုင္သလို သူတို႔ရဲ႕ အနာဂတ္ အိမ္ေထာင္ေရး အေပၚထားရွိတဲ့ စိတ္ထား ကိုပါ ထိခိုက္ေစႏိုင္ပါတယ္ …။

တကယ္လို႔ သားသမီးမ်ားဟာ အိမ္မွာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင္ ေနာင္မ်ိဳးဆက္ တစ္ခုလုံးကို ထိခိုက္သြားေစႏိုင္ပါတယ္ …။

၃။ အိမ္ေထာင္ဘက္ ေနမေကာင္းတဲ့အခါ ရန္ျဖစ္ျခင္း”

အိမ္ေထာင္ဘက္ တစ္ဦးဦးက နာမက်န္းျဖစ္ေနရင္ စိတ္ဓါတ္က်ၿပီး စိတ္ဆိုးလြယ္တတ္ေလ့ ရွိပါတယ္။ အဲဒီအခ်ိန္မွာ ရန္ျဖစ္မိရင္ အိမ္ေထာင္ေရးကို လုံးဝ ထိခိုက္သြားတတ္ပါတယ္ …။

၄။ အနာေဟာင္း ျပန္ေဖာ္ျခင္း”

ရန္ျဖစ္တိုင္း အနာေဟာင္းကို ျပန္ေဖာ္တာမ်ိဳးလုံးဝေရွာင္ၾကင္သင့္ပါတယ္။ မမွားတဲ့ေရွ႕ေန မေသတဲ့ ေဆးသမားဆိုသလို လူတိုင္းကိုယ္စီ တစ္ခုခု မွား ဖူးတတ္ၾက စၿမဲပါ …။

အနာေဟာင္းကို လက္ကိုင္တုတ္အျဖစ္ ခဏခဏထုတ္သုံးရင္ေတာ့ အဲဒီအိမ္ေထာင္ေရး ျပန္အဆင္ေျပဖို႔ ခက္ခဲ သြားတတ္ပါတယ္ …။

၅။ အိမ္ေထာင္ဘက္ ၏ မိဘနဲ႔ အိမ္သားမ်ားကို ထိခိုက္ေစေသာ စကားမ်ား”

ရန္ျဖစ္တယ္ဆိုတာ တစ္ခုခုအေပၚ မေက်နပ္လို႔ သေဘာမတူႏိုင္လို႔ ျဖစ္ပါတယ္။ အဲဒီကိစၥအေပၚသာ အေခ်အတင္ ျငင္းခုန္ သင့္ပါတယ္ …။

အိမ္ေထာင္ဘက္ရဲ႕ မိဘနဲ႔ မိသားစု ကို ေစာင္းေျပာတာမ်ိဳး၊ ထိခိုက္ေစတဲ့ စကားမ်ိဳး လုံးဝ ေရွာင္ၾကဥ္ရမွာပဲ ျဖစ္ပါတယ္ …။

၆။ ပစၥည္းလြင့္ပစ္တတ္တဲ့ အက်င့္

ရန္ျဖစ္ၿပီဆိုမွ နဂိုကတည္းက အသံကက်ယ္ေလွာင္ၿပီးသား၊ ပစၥည္းလြင့္ပစ္တဲ့ အသံ၊ ခုန္ထု တဲ့အသံ၊ ပစၥည္းက်ကြဲသြားတဲ့အသံ ေတြနဲ႔ ေရာသြားရင္ ပြဲအမ်ားႀကီး ပိုၾကမ္းသြားတတ္ပါတယ္။ ခ်စ္လို႔ယူထားၾကတာပဲေလ …။

ပစၥည္းလြင့္ပစ္လို႔ က်ကြဲတယ္ဆိုတာ ႏွလုံးသားက် ကြဲတာနဲ႔တူတတ္ပါတယ္ …။

၇။ စိတ္နာေစတဲ့ စကားအသုံးအႏူန္းမ်ား”

စိတ္ဆိုးေအာင္လုပ္လို႔ ရတယ္။ စိတ္နာေအာင္မလုပ္ၾကပါနဲ႔၊စိတ္နာေစတဲ့ စကားမ်ိဳး လုံးဝ ေရွာင္ၾကင္ သင့္ပါတယ္ …။

“ ရွင္ကိုအားကိုးလို႔ေတာ့ သူေတာင္းစားပဲျဖစ္သြားမွာ၊ သူမ်ားေယာ့က်ၤားေတြၾကည့္ ပိုက္ဆံရွာ ဘယ္ေလာက္ေတာ္လဲ၊ ရွင္နဲ႔တစ္ စက္ကေလးမွ မတူဘူး ”စတဲ့စကားမ်ိဳး ကို မေျပာဆိုရပါဘူး …။

၈။ ေသတာနဲ႔ ခ်ိန္းေျခာက္ျခင္း”

ငါအသက္ရွင္ေနတာ ဘာထူးေသးလဲ၊ ငါအသက္မရွင္ခ်င္ေတာ့ဘူး ၊ ငါမင္းကို ေသျပမယ္စသည္ျဖင့္ ေသတာနဲ႔ ခ်ိန္းေျခာက္ တာမ်ိဳး လုံးဝ ေရွာင္ၾကဥ္သင့္ပါတယ္ …။

၉။ လက္ပါ ျခင္း”

ဘယ္ေလာက္ပဲ စိတ္ဆိုးစိတ္ဆိုး ကိုယ့္လက္ ကိုလုံး၀ ထိန္းထားရပါမယ္။ တစ္ခ်က္႐ိုက္မိသြားရင္ ခ်စ္ခဲ့သမွ် အတိုးေရာ အရင္းပါ ဆုံး႐ူံး သြားႏိုင္ပါတယ္ …။

ျပင္ပ ဒဏ္ရာ ကုစားရ လြယ္သေလာက္ စိတ္တြင္းက ဒဏ္ရာကို ေဖ်ာက္ပစ္ဖို႔ မလြယ္လွပါဘူး …။

၁၀။ ကြဲမယ္ ဆိုတဲ့စကား အလြယ္တကူ သုံးျခင္း”

ဘယ္သူပဲ ျဖစ္ျဖစ္ စိတ္ဆိုးတဲ့ အခါ ျဖစ္ခ်င္ရာျဖစ္ဆိုတဲ့စိတ္ မ်ိဳး ဝင္တတ္ပါတယ္။ ကြဲမယ္ဆိုတဲ့ စကားဟာ အင္မတန္မွ ေၾကာက္စရာ ေကာင္းတဲ့ နိမိတ္ပဲ ျဖစ္တတ္ပါတယ္ …။

ေနာက္ဆုံး ေျပာခ်င္တာကေတာ့ ရန္မျဖစ္တာ အေကာင္းဆုံးပါ။ အခ်စ္ဆိုတာဟာ အိမ္ေထာင္သက္ ၾကာလာတာနဲ႔ အမွ် ရင္ခုန္တာေတြ ဓါတ္လိုက္တာေတြ တျဖည္းျဖည္း

ေပ်ာက္ကြယ္သြားေပမဲ့ တစ္ဦးအေပၚတစ္ဦး ဆက္ၿပီး တန္ဖိုးထားေနေသးျခင္းကို ဆိုလိုပါေၾကာင္း တင္ျပလိုက္ရပါတယ္ေနာ္ …။ ။

Forward Mail

Unicode

ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ဂရုစိုက်ရမည့် အချက်လေးများ…

အိမ်ထောင်ရေး သာယာပျော်ရွှင်ချင်ရင် ဒီအချက်တွေကို သတိထားပြီး ဆင်ခြင်သင့်ပါတယ်နော် …။

၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း”

လင်နဲ့မယား လျှာနဲ့သွားပါ။ အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တစ်ဖက်သားကိုအပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ …။

အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင် မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ် …။

နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြဉ်သင့်ပါတယ်။ လက်ဝါးတစ်ဖက်ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး …။

၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း”

မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလိုခိုလုံရာ လည်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက်ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။ လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စ ဖြစ်ပါတယ် …။

မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလို သူတို့ရဲ့ အနာဂတ် အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါ ထိခိုက်စေနိုင်ပါတယ် …။

တကယ်လို့ သားသမီးများဟာ အိမ်မှာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင် နောင်မျိုးဆက် တစ်ခုလုံးကို ထိခိုက်သွားစေနိုင်ပါတယ် …။

၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း”

အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင် စိတ်ဓါတ်ကျပြီး စိတ်ဆိုးလွယ်တတ်လေ့ ရှိပါတယ်။ အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကို လုံးဝ ထိခိုက်သွားတတ်ပါတယ် …။

၄။ အနာဟောင်း ပြန်ဖော်ခြင်း”

ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုးလုံးဝရှောင်ကြင်သင့်ပါတယ်။ မမှားတဲ့ရှေ့နေ မသေတဲ့ ဆေးသမားဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှား ဖူးတတ်ကြ စမြဲပါ …။

အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏထုတ်သုံးရင်တော့ အဲဒီအိမ်ထောင်ရေး ပြန်အဆင်ပြေဖို့ ခက်ခဲ သွားတတ်ပါတယ် …။

၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကို ထိခိုက်စေသော စကားများ”

ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။ အဲဒီကိစ္စအပေါ်သာ အချေအတင် ငြင်းခုန် သင့်ပါတယ် …။

အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ ထိခိုက်စေတဲ့ စကားမျိုး လုံးဝ ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ် …။

၆။ ပစ္စည်းလွင့်ပစ်တတ်တဲ့ အကျင့်

ရန်ဖြစ်ပြီဆိုမှ နဂိုကတည်းက အသံကကျယ်လှောင်ပြီးသား၊ ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့အသံ၊ ပစ္စည်းကျကွဲသွားတဲ့အသံ တွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်းသွားတတ်ပါတယ်။ ချစ်လို့ယူထားကြတာပဲလေ …။

ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့တူတတ်ပါတယ် …။

၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ”

စိတ်ဆိုးအောင်လုပ်လို့ ရတယ်။ စိတ်နာအောင်မလုပ်ကြပါနဲ့၊စိတ်နာစေတဲ့ စကားမျိုး လုံးဝ ရှောင်ကြင် သင့်ပါတယ် …။

“ ရှင်ကိုအားကိုးလို့တော့ သူတောင်းစားပဲဖြစ်သွားမှာ၊ သူများယော့င်္ကျားတွေကြည့် ပိုက်ဆံရှာ ဘယ်လောက်တော်လဲ၊ ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး ”စတဲ့စကားမျိုး ကို မပြောဆိုရပါဘူး …။

၈။ သေတာနဲ့ ချိန်းခြောက်ခြင်း”

ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊ ငါအသက်မရှင်ချင်တော့ဘူး ၊ ငါမင်းကို သေပြမယ်စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုး လုံးဝ ရှောင်ကြဉ်သင့်ပါတယ် …။

၉။ လက်ပါ ခြင်း”

ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး ကိုယ့်လက် ကိုလုံး၀ ထိန်းထားရပါမယ်။ တစ်ချက်ရိုက်မိသွားရင် ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံး သွားနိုင်ပါတယ် …။

ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါဘူး …။

၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူ သုံးခြင်း”

ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ် မျိုး ဝင်တတ်ပါတယ်။ ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ်ပဲ ဖြစ်တတ်ပါတယ် …။

နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။ အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့ အမျှ ရင်ခုန်တာတွေ ဓါတ်လိုက်တာတွေ တဖြည်းဖြည်း

ပျောက်ကွယ်သွားပေမဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ပြီး တန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်း တင်ပြလိုက်ရပါတယ်နော် …။ ။

Forward Mail