




 



Min Khant Kyaw



Unicode

ဖြူဖြူထွေးကို ဘာကြောင့်မဆဲကြတာလဲဆိုတော့ ကျွန်တော့်ဖန်တွေကမရိုင်းဘူးလို့ ဒဲ့ပြောလာတဲ့ သရုပ်ဆောင်မင်းခန့်ကျော်(ရုပ်သံ)

မင်းခန့်ကျော်ကတော့ ပရိသတ်တွေရဲ့အားပေးမှုကို ပိုင်ဆိုင်ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူကတော့အမှန်တရားကို မြတ်နိုးသူတစ်ယောက်ဆိုပြီး ပွင့်ပွင်လင်းလင်းပဲပြောဆိုတတ်သူတစ်ယောက်ပါ။လက်ရှိမှာတော့မင်းခန့်ကျော်ဟာ ဖြူဖြူထွေးအပေါ်ဝေဖန်ပြောဆိုမှုတွေကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့တိုင်ကြားခြင်းကို ခံခဲ့ရပါတယ် …။

ဒီတိုင်ကြားမှုတွေကြောင့်လည်း မင်းခန့်ကျော်က ဒီကနေ့မနက်ပိုင်းမှာပဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လာရောက်ဖြေရှင်းခဲ့တယ်လို့ သိရပါတယ် …။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လာရောက်ဖြေရှင်းခဲ့မင်းခန့်ကျော်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် …။

“အမှန်တရားအတွက်အမြဲတမ်းတိုက်ခိုက်နေအုံးမှာ၊စေတနာကို နားမလည်တဲ့တစ်ချို့ သူတွေကိုပြောပြန်ရင်လဲ ရိုင်းတယ်လို့ ကျွန်တော့်ကိုပြောကြအုံးမှာ…တကယ်တော့ ဦးနှောက်မရှိတာ…သူနဲ့ကျွန်တော် တစ်ရက်ရက်မှာတွေ့ပြီး နှစ်ယောက်လုံးရဲ့ ကြေအေးမှု့နဲ့အတူ အားလုံးရဲ့ ရှေ့ကို အမှားအမှန်ချပြပေးသွားအုံးမှာပါ” လို့ရုပ်ရှင်အစည်းအရုံးမှာ ဖြူဖြူထွေးတိုင်ထားတဲ့ ကိစ္စနဲ့ ပက်သတ်ပြီး မင်းခန့်ကျော် ပြောလာပါတယ် …။

Video credit.Fashion Magazine Myanmar

Min Khant Kyaw

Photo credit.Cele Gabar

အောက်ဆုံးတွင်ရုပ်သံကြည့်ရန်