Unicode
ဆိုင်ကယ်တစ်စီးနဲ့လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာမြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ…
ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ …၊
ဗန်းမော်မြို့က ထူးခြားဖြစ်စဉ် တစ်ခုပါ …။
မြေနုဈေးမှာ ဈေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့နေတဲ့ အချိန် …၊
ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့ ဘာတိုင်သလည်းပေါ့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်မိတယ် …။
အထဲမှာ Mask တစ်ခု ငွေ ၃၀၀၀ စာရွက်တစ်ရွက်
စာဖတ်ပြီး အော် …. တော်လိုက်တာ …။
သာဓုပါဗျာ အမည်မဖော်ပဲ ကုသိုလ်လုပ်တာ အမြတ်ဆုံးပါ …။
ဒါနဲ့ ဈေးရောင်းတဲ့ ဆင်းရဲပုံရှိတဲ့ သားအမိကို တစ်ဆင့်ပြန်ပြီး ပေးလိုက်ပါတယ် …။
မြန်မာနိုင်ငံမှာ ဒီလို အမည်မဖော်လိုပဲ ပရဟိတ လုပ်ကိုင် ကုသိုလ်ပြု အလွန်အင်မတန်မှ နည်းပါးပါတယ် …။
တချို့က ပေါ်ပင်လုပ်တတ်ကြသလို တချို့တွေကလည်း နာမည်ကြီးချင် နာမည်ကောင်း ထောပနာပြုခံချင်လို့ အမျိုးပေါ့ …။
မည်သူ့မှ ပုတ်ခတ်စော်ကားခြင်းမဟုတ်ပါဘူး။ ကိုယ်နဲ့သွေးသားမတော်စပ်ပဲ အများအကျိုး သယ်ပိုး ကူညီရိုင်းပင်းနေကြသော
ပရဟိတ သူရဲကောင်းကြီးများနှင့် ပြည်သူ့ကျန်းမာရေးအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား
ဂုဏ်ယူလျှက် Kyaw Sweo Kyaw Swe