Credit
Unicode
ဆံပင်တွေကျွတ် မျက်မှန်တွေတပ်နေရလို့ စိတ်ညစ် နေသူများအတွက်…
ဆံပင်တွေကျွတ် မျက်မှန်တွေတပ်နေရလို့ စိတ်ညစ်နေသူများအတွက် မနေ့ညက လက်တွေ့စမ်းကြည့်ထားတဲ့ နည်းလမ်းလေးတစ်ခု မျှဝေပေးချင်ပါတယ်နော် …။
ဆား (၅၀) ကျပ်သားလောက် ရေနွေးနဲ့ ခြေထောက်ကို နာရီဝက်လောက် စိမ်ထားပြီး ခြေဖဝါးကို ဆားနဲ့ပွတ်တာ
ပြီးတော့ ပြောင်အောင် သဘက်နဲ့ သုတ်လိုက်ပါ …။
ဒူးအောက်ကနေ ရေနွေးလေးနဲ့ လောင်းပြီး ဆေးလည်း ရပါတယ်။ ကိုယ်မှာ ချွေးများထွက်လာပြီး ညောင်းတာ ကိုက်တာ ပေါ့သွားတယ်။ အပူလည်း တော်တော်ထွက်ပါတယ် …။
ဒီနည်းအတိုင်း သုံးရက်လောက် လုပ်ကြည့်မယ်ဆိုရင် ညောင်းတာ ကိုက်တာ အပူများတာ ကျန်တဲ့ ရောဂါတစ်ချို့ သက်သာလာမှာ သေချာတယ်။ထို့ကြောင့် ကျန်းမာရေးကို လိုက်စားသူများ စမ်းကြည့်ပါ။ အကျိုး မယုတ်ပါဘူးနော် …။
နောက်တစ်နည်း၊ နေ့စဉ် အချိန်မှန် ညအိပ်ရာဝင်နီးတိုင်း ဆားနင်းခြင်း ဆားနင်းရင် ကိုယ်တွင်းအောင်း အပူတွေ ထွက်စေပါတယ် …။
နင်းပုံ နင်းနည်းကတော့ မနက်ခင်း ခြေထောက်ကို ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ ခြောက်အောင်သုတ်ပါ …။ (ဆား ၁ ပိဿာ၂ ပိဿာဆို ပိုကောင်းပါတယ်)
ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ။ နာရီဝက်လောက် ဆက်တိုက်နင်းနေရင်းနဲ့ ခြေထောက်က ချွေးများထွက်လာတာ တွေ့ရပါလိမ့်မယ် …။
မိနစ် ၃၀၊ ၄၀၊ ၁နာရီ ကိုယ်ကျေနပ်သည် အထိ နင်းပြီးတာနဲ့ မနက်ခင်း အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီးဆားတွေပြောင်အောင် သုတ်ပါ။ ခြေထောက်ကို လုံးဝ လုံးဝ ရေပြန်မဆေးရပါဘူး …။
ခြေထောက်ပြောင်တာနဲ့ အိပ်ရာဝင်ပါ။ ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ် …။
အကြောပြေ ခြေကျဉ် ထုံနာတွေ ပျောက်ကင်း။ ခြေကွဲခြင်း မရှိပါ …။
ဆံပင်မကျွတ်တော့ နဂိုဆံပင်သန်သူတွေ ပိုပြီး သန်လာပါမယ် …။
ကျန်းမာခြင်းကို အားပေးပါတယ် …။
ရှယ်ပေးခြင်းဖြင့် ကုသိုလ် ယူပေးကြပါနော် …။
အနာရောဂါကင်း၍ ကျန်းမာ ချမ်းသာကြပါစေ …။ ။
Credit