ဘာေၾကာင့္အမ်ိဳးသားေတြ ဒိုက္ထိုးေလ့က်င့္ခန္းလုပ္သင့္လဲ

ဘာေၾကာင့္အမ်ိဳးသားေတြ ဒိုက္ထိုးေလ့က်င့္ခန္းလုပ္သင့္လဲ

ေငြကုန္ေၾကးက်မမ်ားပဲ ထိေရာက္မႈ႐ွိတဲ့ေလ့က်င့္ခန္းေတြထဲမွာ ဒိုက္ထိုးျခင္းကလည္း ထိပ္ဆုံးကပါဝင္ေနပါတယ္။

ဒိုက္ထိုးေလ့က်င့္ခန္းဟာ အခ်ိန္ေနရာမေ႐ြးလုပ္ေဆာင္ႏိုင္တဲ့အျပင္ အသက္အ႐ႊယ္အပိုင္းအျခားမေ႐ြးျပဳလုပ္ႏိုင္တဲ့ လြယ္ကူ႐ိုး႐ွင္းတဲ့ေလ့က်င့္ခန္းတစ္ခုပါ။

ဒီေန႔မွာေတာ့ ဘာေၾကာင့္အမ်ိဳးသားေတြ ေန႔တိုင္းဒိုက္ထိုးေလ့က်င့္ခန္းလုပ္ေပးသင့္လဲ။ ဒိုက္ထိုးေလ့က်င့္ခန္းကဘယ္လိုေကာင္းက်ိဳးေတြရေစလဲဆိုတာမွ်ေဝေပးခ်င္ပါတယ္။

(၁) ႏွလုံးက်န္းမာေရးေကာင္းေစတယ္

႐ုပ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈက ႏွလုံးေသြးေၾကာဆိုင္ရာက်န္းမာေရးႏွင့္ အၿမဲဆက္ႏြယ္ေနတယ္ဆိုတာ သင္သိပါသလား။ JAMA Network Open ဂ်ာနယ္ရဲ႕ေဖာ္ျပမႈအရေတာ့

ေန႔တိုင္း ဒိုက္ထိုးေလ့က်င့္ခန္းျပဳလုပ္တဲ့ အမ်ိဳးသားေတြဟာ ႏွလုံးေရာဂါျဖစ္ႏိုင္ေျခနည္းပါးၿပီး ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါမ်ားကိုလည္းကာကြယ္ေပးကာ ႏွလုံးက်န္းမာေရးကို ထူးျခားေကာင္းမြန္ေစတယ္လို႔ဆိုပါတယ္။

(၂) အ႐ိုးႏွင့္ႂကြက္သားမ်ားသန္မာေစတယ္

ဒိုက္ထိုးေလ့က်င့္ခန္းရဲ႕ ေနာက္ထပ္အံ့ၾသဖြယ္ အက်ိဳးေက်းဇူးတစ္ခုက ႂကြက္သားႏွင့္ အ႐ိုးအဆစ္ေတြကို သန္မာလာေစဖို႔ ကူညီေပးတာျဖစ္ပါတယ္။

အဓိကအားျဖင့္ ဒိုက္ထိုးတဲ့အခါ ခႏၶာကိုယ္ေဘာ္ဒီတစ္ခုလုံးရဲ႕ အေလးခ်ိန္ကိုထိန္းထားေပးတဲ့ လက္ ပခုံး ရင္ဘက္ ႏွင့္ ေနာက္ေက်ာစတဲ့

ခႏၶာကိုယ္အေပၚပိုင္း ႂကြက္သားမ်ားနဲ႔ အ႐ိုးအဆစ္မ်ားကို ပိုၿပီးသန္မာလာေစပါတယ္။ ဒါေၾကာင့္ ဒိုက္ထိုးေလ့က်င့္ခန္းမ်ားမ်ားလုပ္ေလ အ႐ိုးႏွင့္ႂကြက္သားမ်ားပိုၿပီးသန္မာလာေလပါပဲ။

(၃) ဝိတ္က်ဖို႔ကူညီေပးတယ္

ဒိုက္ထိုးျခင္းဟာ တခ်ိန္တည္းမွာပင္ ခႏၶာကိုယ္တစ္ခုလုံး႐ွိ ႂကြက္သားအစိတ္အပိုင္းအားလုံးကို အလုပ္လုပ္ေစတဲ့ ေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။

ဒါေၾကာင့္ ခႏၶာကိုယ္မွာ႐ွိတဲ့ ကယ္လိုရီေတြကိုမ်ားမ်ားပိုေလာင္ကြၽမ္းေစၿပီး ကိုယ္အေလးခ်ိန္က်ေစဖို႔ ကူညီေပးမွာျဖစ္ပါတယ္။

ဝိတ္က်ခ်င္သူေတြအတြက္ေတာ့ ဒိုက္ထိုးေလ့က်င့္ခန္းဟာ ေန႔တိုင္းလုပ္ေပးသင့္တဲ့ ေလ့က်င့္ခန္းတစ္ခုျဖစ္ပါတယ္။

(၄) ႀကီးထြားမႈေဟာ္မုန္းမ်ားတိုးေစတယ္

Human growth hormone (HGH) လို႔ေခၚတဲ့ ႀကီးထြားမႈေဟာ္မုန္းေတြဟာ အမ်ိဳးသားေတြရဲ႕ ကိုယ္ခႏၶာဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ႀကီးထြားမႈအတြက္ အလြန္အေရးႀကီးပါတယ္။

အဆိုပါေဟာ္မုန္းေတြဟာ ႂကြက္သားထုထည္ တည္ေဆာက္ျခင္းတြင္လည္း အေရးပါတဲ့အခန္းက႑ကေနပါဝင္ေနပါတယ္။ ဒိုက္ထိုးေလ့က်င္းခန္းပုံမွန္ျပဳလုပ္ျခင္းဟာ

အဆိုပါေဟာ္မုန္းဓာတ္ေတြကိုတိုးေစၿပီး ခႏၶာကိုယ္ဖြံၿဖိဳးတိုးတက္ျခင္း ႂကြက္သားႏွင့္ အ႐ိုးမ်ားႀကီးထြားသန္မာလာျခင္းတို႔အတြက္ ကူညီေပးပါတယ္။

Unicode

ဘာကြောင့်အမျိုးသားတွေ ဒိုက်ထိုးလေ့ကျင့်ခန်းလုပ်သင့်လဲ

ငွေကုန်ကြေးကျမများပဲ ထိရောက်မှုရှိတဲ့လေ့ကျင့်ခန်းတွေထဲမှာ ဒိုက်ထိုးခြင်းကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။

ဒိုက်ထိုးလေ့ကျင့်ခန်းဟာ အချိန်နေရာမရွေးလုပ်ဆောင်နိုင်တဲ့အပြင် အသက်အရွှယ်အပိုင်းအခြားမရွေးပြုလုပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့လေ့ကျင့်ခန်းတစ်ခုပါ။

ဒီနေ့မှာတော့ ဘာကြောင့်အမျိုးသားတွေ နေ့တိုင်းဒိုက်ထိုးလေ့ကျင့်ခန်းလုပ်ပေးသင့်လဲ။ ဒိုက်ထိုးလေ့ကျင့်ခန်းကဘယ်လိုကောင်းကျိုးတွေရစေလဲဆိုတာမျှဝေပေးချင်ပါတယ်။

(၁) နှလုံးကျန်းမာရေးကောင်းစေတယ်

ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးနှင့် အမြဲဆက်နွယ်နေတယ်ဆိုတာ သင်သိပါသလား။ JAMA Network Open ဂျာနယ်ရဲ့ဖော်ပြမှုအရတော့

နေ့တိုင်း ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်တဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများကိုလည်းကာကွယ်ပေးကာ နှလုံးကျန်းမာရေးကို ထူးခြားကောင်းမွန်စေတယ်လို့ဆိုပါတယ်။

(၂) အရိုးနှင့်ကြွက်သားများသန်မာစေတယ်

ဒိုက်ထိုးလေ့ကျင့်ခန်းရဲ့ နောက်ထပ်အံ့သြဖွယ် အကျိုးကျေးဇူးတစ်ခုက ကြွက်သားနှင့် အရိုးအဆစ်တွေကို သန်မာလာစေဖို့ ကူညီပေးတာဖြစ်ပါတယ်။

အဓိကအားဖြင့် ဒိုက်ထိုးတဲ့အခါ ခန္ဓာကိုယ်ဘော်ဒီတစ်ခုလုံးရဲ့ အလေးချိန်ကိုထိန်းထားပေးတဲ့ လက် ပခုံး ရင်ဘက် နှင့် နောက်ကျောစတဲ့

ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားများနဲ့ အရိုးအဆစ်များကို ပိုပြီးသန်မာလာစေပါတယ်။ ဒါကြောင့် ဒိုက်ထိုးလေ့ကျင့်ခန်းများများလုပ်လေ အရိုးနှင့်ကြွက်သားများပိုပြီးသန်မာလာလေပါပဲ။

(၃) ဝိတ်ကျဖို့ကူညီပေးတယ်

ဒိုက်ထိုးခြင်းဟာ တချိန်တည်းမှာပင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားအစိတ်အပိုင်းအားလုံးကို အလုပ်လုပ်စေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီတွေကိုများများပိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးမှာဖြစ်ပါတယ်။

ဝိတ်ကျချင်သူတွေအတွက်တော့ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ နေ့တိုင်းလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

(၄) ကြီးထွားမှုဟော်မုန်းများတိုးစေတယ်

Human growth hormone (HGH) လို့ခေါ်တဲ့ ကြီးထွားမှုဟော်မုန်းတွေဟာ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်မှုနှင့်ကြီးထွားမှုအတွက် အလွန်အရေးကြီးပါတယ်။

အဆိုပါဟော်မုန်းတွေဟာ ကြွက်သားထုထည် တည်ဆောက်ခြင်းတွင်လည်း အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒိုက်ထိုးလေ့ကျင်းခန်းပုံမှန်ပြုလုပ်ခြင်းဟာ

အဆိုပါဟော်မုန်းဓာတ်တွေကိုတိုးစေပြီး ခန္ဓာကိုယ်ဖွံဖြိုးတိုးတက်ခြင်း ကြွက်သားနှင့် အရိုးများကြီးထွားသန်မာလာခြင်းတို့အတွက် ကူညီပေးပါတယ်။