သိန္းတစ္ေသာင္းခြဲေပါက္သူမွ ဘုရားတည္ရန္ အုတ္႐ိုး တူးလိုက္ေသာအခါ…

သိန္းတစ္ေသာင္းခြဲေပါက္သူမွ ဘုရားတည္ရန္ အုတ္႐ိုး တူးလိုက္ေသာအခါ…

ၾသဂုတ္(၂၆) AlinnMyay(အလင္းေျမ)

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ ဝရာေက်း႐ြာေန (၁၇) ႀကိမ္ေျမာက္ သိန္း (၁၅၀၀၀) ဆုေပါက္ခဲ့သူတို႔က ဘုရားတည္ရန္ အုတ္႐ိုးတူးရာမွ ေ႐ွးေဟာင္းအေမြအႏွစ္မ်ား ၾသဂုတ္လ(၂၅)ရက္ေန႔လည္က တူးေဖာ္ေတြ႕႐ွိေၾကာင္းသိရပါတယ္ …။

“ဝရာေက်း႐ြာမွာ သမိုင္းဝင္ ေ႐ႊမုေဌာဘုရားႀကီးရဲ႕ေျမာက္ဘက္ကပ္ရက္မွာ ဘုရားကုန္းႀကီး႐ွိတယ္…သစ္ပင္ေတြ ေပါက္ေနတာ ၾကာၿပီ…ဦးဇင္းတို႔႐ြာက ၁၇ ႀကိမ္ေျမာက္မွာ သိန္း ၁၅ဝဝဝ ေပါက္တယ္…ေပါက္တဲ့ ကိုေသာင္းထိုက္ဦးတို႔၊ မဆုျမတ္ေမာ္ ေမာင္ႏွမတစ္စုက ဒီေ႐ွးေဟာင္းဘုရားႀကီးကိုျပင္မယ္ဆိုၿပီး လုပ္တယ္…ဒီဝါတြင္းကိုေတာ့ အုတ္႐ိုးေတြ ေဖာ္မယ္ေပါ့…ဝါကြၽတ္မွပဲ ဘုရားတည္မယ္ေပါ့…ဒီေန႔မွာ ဘတ္ဟိုးေကာ္တယ္…ဒီေန႔လူေတြနဲ႔ အုတ္႐ိုးေတြတူးရင္းနဲ႔ ေ႐ွးေဟာင္းပစၥည္းေတြ ႐ွိခဲ့တာပါ” ဟု ဦးဇင္း ဦးေဝပုံက မိန္႔ၾကားပါတယ္ …။

ေတြ႕႐ွိခဲ့သည့္ ေ႐ွးေဟာင္းအေမြအႏွစ္မ်ားမွာ ေ႐ွးေဟာင္းဘုရားမ်ား၊ ေက်ာက္ဆင္းတုဘုရား၊ စာမ်ား၊ အိုးမ်ား၊ ေၾကးဆင္းတုမ်ားျဖစ္ၿပီး မည္သို႔စီမံေဆာင္႐ြက္မည္ကို ေဆြးေႏြးတိုင္ပင္စဲ ျဖစ္ေၾကာင္းလည္း သိရပါတယ္ …။

“ဘုရားေတြကေတာ့ လက္က်ိဳးတာေတြေရာ၊ ေခါင္းျပတ္တာေတြေရာ ပါတယ္…စာေတြေတာ့ ပါတယ္…တခ်ိဳ႕ကေတာ့ အင္းဝေခတ္ကဟာလို႔ေတာ့ေျပာတယ္…ေသခ်ာမၾကည့္ရေသးဘူး…အရင္ေ႐ႊမုေဌာဘုရားႀကီးတုန္းက ငလ်င္လႈပ္တုန္းက ဓာတ္ေတာ္ေတြ႕တယ္…အဲဒါေတြလည္း ဘုရားထည့္တယ္…အခုေတြ႕ဟာကလည္း ဌာပနာထဲ ထည့္ျဖစ္မယ္ ထင္တယ္”လို႔ ဆရာေတာ္က မိန္႔ၾကားပါတယ္ …။

ဓါတ္ပုံ- ဦးေဝ/ မ်ိဳးဝင္းထြန္း (မုံ႐ြာ)

Credit to AlinnMyay

Unicode

သိန်းတစ်သောင်းခွဲပေါက်သူမှ ဘုရားတည်ရန် အုတ်ရိုး တူးလိုက်သောအခါ…

သြဂုတ်(၂၆) AlinnMyay(အလင်းမြေ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝရာကျေးရွာနေ (၁၇) ကြိမ်မြောက် သိန်း (၁၅၀၀၀) ဆုပေါက်ခဲ့သူတို့က ဘုရားတည်ရန် အုတ်ရိုးတူးရာမှ ရှေးဟောင်းအမွေအနှစ်များ သြဂုတ်လ(၂၅)ရက်နေ့လည်က တူးဖော်တွေ့ရှိကြောင်းသိရပါတယ် …။

“ဝရာကျေးရွာမှာ သမိုင်းဝင် ရွှေမုဌောဘုရားကြီးရဲ့မြောက်ဘက်ကပ်ရက်မှာ ဘုရားကုန်းကြီးရှိတယ်…သစ်ပင်တွေ ပေါက်နေတာ ကြာပြီ…ဦးဇင်းတို့ရွာက ၁၇ ကြိမ်မြောက်မှာ သိန်း ၁၅ဝဝဝ ပေါက်တယ်…ပေါက်တဲ့ ကိုသောင်းထိုက်ဦးတို့၊ မဆုမြတ်မော် မောင်နှမတစ်စုက ဒီရှေးဟောင်းဘုရားကြီးကိုပြင်မယ်ဆိုပြီး လုပ်တယ်…ဒီဝါတွင်းကိုတော့ အုတ်ရိုးတွေ ဖော်မယ်ပေါ့…ဝါကျွတ်မှပဲ ဘုရားတည်မယ်ပေါ့…ဒီနေ့မှာ ဘတ်ဟိုးကော်တယ်…ဒီနေ့လူတွေနဲ့ အုတ်ရိုးတွေတူးရင်းနဲ့ ရှေးဟောင်းပစ္စည်းတွေ ရှိခဲ့တာပါ” ဟု ဦးဇင်း ဦးဝေပုံက မိန့်ကြားပါတယ် …။

တွေ့ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်များမှာ ရှေးဟောင်းဘုရားများ၊ ကျောက်ဆင်းတုဘုရား၊ စာများ၊ အိုးများ၊ ကြေးဆင်းတုများဖြစ်ပြီး မည်သို့စီမံဆောင်ရွက်မည်ကို ဆွေးနွေးတိုင်ပင်စဲ ဖြစ်ကြောင်းလည်း သိရပါတယ် …။

“ဘုရားတွေကတော့ လက်ကျိုးတာတွေရော၊ ခေါင်းပြတ်တာတွေရော ပါတယ်…စာတွေတော့ ပါတယ်…တချို့ကတော့ အင်းဝခေတ်ကဟာလို့တော့ပြောတယ်…သေချာမကြည့်ရသေးဘူး…အရင်ရွှေမုဌောဘုရားကြီးတုန်းက ငလျင်လှုပ်တုန်းက ဓာတ်တော်တွေ့တယ်…အဲဒါတွေလည်း ဘုရားထည့်တယ်…အခုတွေ့ဟာကလည်း ဌာပနာထဲ ထည့်ဖြစ်မယ် ထင်တယ်”လို့ ဆရာတော်က မိန့်ကြားပါတယ် …။

ဓါတ်ပုံ- ဦးဝေ/ မျိုးဝင်းထွန်း (မုံရွာ)

Credit to AlinnMyay