








Mrat Kyaw Khine – fb acc

Unicode

မနေ့ည တစ်နာရီဝန်းကျင်ခန့်က ဖုန်းနှစ်လုံး အခိုးခံရကြောင်း သိရှိရ

စစ်တွေဆေးရုံတွင် Covid-19 ကူးစက်ခံရသောလူနာများထားရှိရာ (ယခင်အရိုးဆောင်)တွင် မနေ့ည တစ်နာရီဝန်းကျင်ခန့်က ဖုန်းနှစ်လုံး အခိုးခံရကြောင်း သိရှိရပါသည်။

ထိုလူနာဆောင်(အရိုးဆောင်ဟောင်း) တွင် လက်ရှိ covid ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများအား ကုသလျှက်ရှိပါသည်။

မနေ့က အခိုးခံရသော ဖုန်းနှစ်လုံးမှာလည်း ရောဂါကူးစက်ခံရသောသူရဲကောင်း သူနာပြုနှစ်ယောက်၏ ဖုန်းဖြစ်ပါသည်။

ထို့ကြောင့် ဖုန်းခိုးသွားသူ သူခိုးခင်ဗျား….COVID လူနာမှန်း ခင်ဗျားသိသိ/မသိသိ ခင်ဗျားမှာ ရောဂါကူးစက်နိုင်ခြေ တော်တော်များနေပါပြီ။

ခင်ဗျားအပါအဝင် ခင်ဗျားမိသားစုလည်း စိတ်မချရသော အခြေအနေကိုရောက်နေပါပြီ။ ဖုန်းပြန်မပေးရင်တောင် Quarantine ဝင်ဖို့/ Swab ယူဖို့ လိုအပ်သလို စီမံနိုင်ရန် ကျန်းမာရေးဝန်ထမ်းများဖြင့် အမြန်ဆုံးဆက်သွယ်ပါဟု အကြံပြုအပ်ပါသည်။

နောင်တွင်လည်း ဆေးရုံတွင် ခိုးစားသောအလုပ်ကိုလုပ်မည်ဆိုပါက အထူးသဖြင့် ယခုလို COVID ကာလတွင် ဘယ်လူနာကို ဘယ်အဆောင်ကိုဖြင့် ပြောင်းသွားပြီဆိုတာကို သေသေချာချာ စုံစမ်းအားထုတ်ပြီးမှ လှုပ်ရှားသင့်ပါကြောင်း

PS – သူခိုးသိအောင် share ပေးကြပါ

Mrat Kyaw Khine – fb acc