သူများကို မသနားခင်… ကိုယ့်ကိုယ်ကို အရင်သနားပါ

အရမ်းပြင်ရခက်တဲ့ အကျင့် အထဲမှာ သနားတတ်တဲ့ အကျင့်လဲပါတယ်ဗျ။ ကျွန်တော် အရင်ကဆို ပလိန်းကြီးတွေ လူတွေကို လိုက်သနားနေတာ။ တစ်ယောက်ယောက်က အိမ်ပေါင်ထားလို့ မရွေး နိုင်ရင် ဆုံးရပါတော့မယ်ပြောပြီး ငွေချေးရင်လဲ ပေးလိုက်တာပဲ။

ကို့ထက် အဆတစ်ရာလောက် ချမ်းသာတဲ့သူက ပိုက်ဆံမရှိဘူး ညည်းပြပြီး ငွေလာချေးရင်လဲ သနားပြီး ချေးမိတာပဲ။ နှစ်လုံးထီထိုးတာ ရှုံးလို့ သူ့ယောက်ကျားသိရင် သတ်တော့ပါမယ်ဆိုတဲ့ သူငယ်ချင်းကိုလဲ သနားပြီး ချေးတာပဲ။

အဲလိုတွေ ချေးရင်း၊ ကူညီရင်းနဲ့ ပြန်မရတာတွေ များများလာတော့… တစ်ကယ်တမ်း သနားစရာ ကောင်းတာ ကိုယ်ပဲ ဖြစ်ပြီး မွဲမွဲလာရော။ အတိုးနဲ့ ချေးတာလဲ မဟုတ်။ သနားလို့ ကူညီလိုက်ရင်းနဲ့ ကိုယ်က သနားစရာကောင်းသွားတာမျိုးပေါ့။

လူတွေကို မကူညီနဲ့ မပြောပါဘူး။ ကူညီပါ။ ကိုယ့်ကိုယ်ကို ဒုက္ခရောက်စေလောက်တဲ့ အထိ သူများကို မကူညီပါနဲ့။ ကိုယ့်မှာ မရှိတဲ့ ကြားထဲက ကူညီချင်တယ်ဆိုရင်… အဆုံးခံနိုင်မှ ကူညီသင့်ပါတယ်။

ခံရတာတွေ များလာတော့ အခုနောက်ပိုင်း ကိုယ့်ဟာကိုယ်ပဲ သနားဖြစ်သွားပြီ။ အကူညီလာတောင်းရင် ကူညီနိုင်ရင် ကူညီမယ်။ မကူညီနိုင်ရင်လည်း အားမနာဘူး။ မကူညိနိုင်ဘူး တစ်ခါတည်း ငြင်း လိုက်တယ်။ အားမနာတော့ဘူး။

ကျွန်တော်တို့ မြန်မာလူမျိုးတွေက No လို့ပြောရမှာ အင်မတန် အားနာတတ်ကြတယ်ဗျ။ အဆင်မပြေဘူး၊ မရှိဘူး၊ မလာဘူး၊ မချစ်ဘူး၊ မစားဘူး တို့ကို ဒဲ့ မပြောချင်ကြဘူး။ အဆင်မပြေဘူးကို အဆင်မပြေဘူး မပြောပဲ… ကျွန်တော် အခြေနေကြည့်ပြီး ပြန်ပြောမယ်လို့ အားနာနာနဲ့ ပြောတတ်တယ်။

တစ်ကယ်က အဲဒါက နိုး လို့ပြောချင်တာ။ ချစ်လို့ အဖြေတောင်းတာကို ငြင်းချင်လဲ ဟဲ့.. နင့်ကို ငါမကြိုက်ဘူး ပြောဖို့ အားနာတော့… နင်နဲ့ငါ Type မတူလို့ အဆင်မပြေလောက်ဘူးတို့ ဘာတို့ ကြားကောင်းအောင် ငြင်းကြပြန်ကော။

တစ်ကယ်က No တစ်ခွန်းထဲက အဆင်ပိုပြေတယ်။ တစ်ဖက်သား အတွက် ဘာမျှော်လင့်ချက်မှ ထပ် မပေး ဖြစ်တော့ဘူး။ အငြင်းခံရတဲ့သူလဲ စိတ်ရှင်းတယ်။ ငွေလာချေးလဲ မကူညီနိုင်ရင် မကူညီနိုင်ဘူး ပြောတာ ကောင်းပါတယ်။

တစ်ခြားအကူညီ ဆိုရင်လည်း ကူညီနိုင်ရင် ကူညီမယ်၊ မကူညီနိုင်ရင် မကူညီနိုင်ဘူး ဒဲ့ပဲ ပြောတာ ပို ကောင်းပါတယ်။ လူတိုင်းကို ဘယ်သူမှ မကူညီနိုင်ပါဘူး။ သင်မှ မဟုတ်ဘူး အမေရိကန် သမ္မတတောင် သူ့နိုင်ငံသားတိုင်းကို သူ မကူညီနိုင်သေးပါဘူး။

ကိုယ့်ကြောင့်… ကိုယ့်ပတ်ဝန်းကျင်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေတာကလဲ ကူညီခြင်း တစ်မျိုးပါပဲ။ သူများကို မကူညီနိုင်ရင်တောင် ဒုက္ခ လိုက်မပေးဖြစ်တော့ဘူးပေါ့။ တယောက်ယောက်က အကူညီတောင်းလာရင်လည်း ပြန် ဆန်းစစ်ပါ။ သနားစရာကောင်းတာ သူလား… ငါလား။

သူ့ကို ကူညီလိုက်ရင်… ငါက သနားစရာ ကောင်းသွားမှာလား။ စဉ်းစားပြီးမှ ကူညီသင့်ရင် ကူညီ ပါ။ ငြင်းသင့်ရင် ငြင်းပါ။ ဒီလိုပြောလို့ လူတွေကို မကူညီရဘူး မပြောဘူးနော်။ ကိုယ့်ဟာကို ထိခိုက်လောက်တဲ့အထိ မကူညီဖို့ ပြောတာ။ မထိခိုက်ရင် ကူညီပါ။

ကိုယ့်ဟာကို အရင် အခြေခိုင်အောင် တည်ဆောက်ပြီးမှ သူများကို တည်ဆောက်ပေးနိုင်မှာပါ။ ကိုယ်အဆင်ပြေမှ သူများကို ကူညီနိုင်မှာ ဖြစ်လို့… ကိုယ်အဆင်မပြေ မအောင်မြင်ခင် ကာလလေးမှာ

ကိုယ့်ဟာကို အရင်သနား ဖို့ လိုအပ်ပါတယ်။ ကိုယ်အရမ်း အဆင်ပြေသွားရင်တော့… သူများကို ဆက်ပြီး ကူညီလို့ ရတာပေါ့။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgy5

အရမ္းျပင္ရခက္တဲ့ အက်င့္ အထဲမွာ သနားတတ္တဲ့ အက်င့္လဲပါတယ္ဗ်။ ကြၽန္ေတာ္ အရင္ကဆို ပလိန္းႀကီးေတြ လူေတြကို လိုက္သနားေနတာ။ တစ္ေယာက္ေယာက္က အိမ္ေပါင္ထားလို႔ မေ႐ြး ႏိုင္ရင္ ဆုံးရပါေတာ့မယ္ေျပာၿပီး ေငြေခ်းရင္လဲ ေပးလိုက္တာပဲ။

ကို႔ထက္ အဆတစ္ရာေလာက္ ခ်မ္းသာတဲ့သူက ပိုက္ဆံမရွိဘူး ညည္းျပၿပီး ေငြလာေခ်းရင္လဲ သနားၿပီး ေခ်းမိတာပဲ။ ႏွစ္လုံးထီထိုးတာ ရႈံးလို႔ သူ႔ေယာက္က်ားသိရင္ သတ္ေတာ့ပါမယ္ဆိုတဲ့ သူငယ္ခ်င္းကိုလဲ သနားၿပီး ေခ်းတာပဲ။

အဲလိုေတြ ေခ်းရင္း၊ ကူညီရင္းနဲ႔ ျပန္မရတာေတြ မ်ားမ်ားလာေတာ့… တစ္ကယ္တမ္း သနားစရာ ေကာင္းတာ ကိုယ္ပဲ ျဖစ္ၿပီး မြဲမြဲလာေရာ။ အတိုးနဲ႔ ေခ်းတာလဲ မဟုတ္။ သနားလို႔ ကူညီလိုက္ရင္းနဲ႔ ကိုယ္က သနားစရာေကာင္းသြားတာမ်ိဳးေပါ့။

လူေတြကို မကူညီနဲ႔ မေျပာပါဘူး။ ကူညီပါ။ ကိုယ့္ကိုယ္ကို ဒုကၡေရာက္ေစေလာက္တဲ့ အထိ သူမ်ားကို မကူညီပါနဲ႔။ ကိုယ့္မွာ မရွိတဲ့ ၾကားထဲက ကူညီခ်င္တယ္ဆိုရင္… အဆုံးခံႏိုင္မွ ကူညီသင့္ပါတယ္။

ခံရတာေတြ မ်ားလာေတာ့ အခုေနာက္ပိုင္း ကိုယ့္ဟာကိုယ္ပဲ သနားျဖစ္သြားၿပီ။ အကူညီလာေတာင္းရင္ ကူညီႏိုင္ရင္ ကူညီမယ္။ မကူညီႏိုင္ရင္လည္း အားမနာဘူး။ မကူညိႏိုင္ဘူး တစ္ခါတည္း ျငင္း လိုက္တယ္။ အားမနာေတာ့ဘူး။

ကြၽန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြက No လို႔ေျပာရမွာ အင္မတန္ အားနာတတ္ၾကတယ္ဗ်။ အဆင္မေျပဘူး၊ မရွိဘူး၊ မလာဘူး၊ မခ်စ္ဘူး၊ မစားဘူး တို႔ကို ဒဲ့ မေျပာခ်င္ၾကဘူး။ အဆင္မေျပဘူးကို အဆင္မေျပဘူး မေျပာပဲ… ကြၽန္ေတာ္ အေျခေနၾကည့္ၿပီး ျပန္ေျပာမယ္လို႔ အားနာနာနဲ႔ ေျပာတတ္တယ္။

တစ္ကယ္က အဲဒါက ႏိုး လို႔ေျပာခ်င္တာ။ ခ်စ္လို႔ အေျဖေတာင္းတာကို ျငင္းခ်င္လဲ ဟဲ့.. နင့္ကို ငါမႀကိဳက္ဘူး ေျပာဖို႔ အားနာေတာ့… နင္နဲ႔ငါ Type မတူလို႔ အဆင္မေျပေလာက္ဘူးတို႔ ဘာတို႔ ၾကားေကာင္းေအာင္ ျငင္းၾကျပန္ေကာ။

တစ္ကယ္က No တစ္ခြန္းထဲက အဆင္ပိုေျပတယ္။ တစ္ဖက္သား အတြက္ ဘာေမွ်ာ္လင့္ခ်က္မွ ထပ္ မေပး ျဖစ္ေတာ့ဘူး။ အျငင္းခံရတဲ့သူလဲ စိတ္ရွင္းတယ္။ ေငြလာေခ်းလဲ မကူညီႏိုင္ရင္ မကူညီႏိုင္ဘူး ေျပာတာ ေကာင္းပါတယ္။

တစ္ျခားအကူညီ ဆိုရင္လည္း ကူညီႏိုင္ရင္ ကူညီမယ္၊ မကူညီႏိုင္ရင္ မကူညီႏိုင္ဘူး ဒဲ့ပဲ ေျပာတာ ပို ေကာင္းပါတယ္။ လူတိုင္းကို ဘယ္သူမွ မကူညီႏိုင္ပါဘူး။ သင္မွ မဟုတ္ဘူး အေမရိကန္ သမၼတေတာင္ သူ႔ႏိုင္ငံသားတိုင္းကို သူ မကူညီႏိုင္ေသးပါဘူး။

ကိုယ့္ေၾကာင့္… ကိုယ့္ပတ္ဝန္းက်င္ကို ဝန္ထုပ္ဝန္ပိုး မျဖစ္ေစတာကလဲ ကူညီျခင္း တစ္မ်ိဳးပါပဲ။ သူမ်ားကို မကူညီႏိုင္ရင္ေတာင္ ဒုကၡ လိုက္မေပးျဖစ္ေတာ့ဘူးေပါ့။ တေယာက္ေယာက္က အကူညီေတာင္းလာရင္လည္း ျပန္ ဆန္းစစ္ပါ။ သနားစရာေကာင္းတာ သူလား… ငါလား။

သူ႔ကို ကူညီလိုက္ရင္… ငါက သနားစရာ ေကာင္းသြားမွာလား။ စဥ္းစားၿပီးမွ ကူညီသင့္ရင္ ကူညီ ပါ။ ျငင္းသင့္ရင္ ျငင္းပါ။ ဒီလိုေျပာလို႔ လူေတြကို မကူညီရဘူး မေျပာဘူးေနာ္။ ကိုယ့္ဟာကို ထိခိုက္ေလာက္တဲ့အထိ မကူညီဖို႔ ေျပာတာ။ မထိခိုက္ရင္ ကူညီပါ။

ကိုယ့္ဟာကို အရင္ အေျခခိုင္ေအာင္ တည္ေဆာက္ၿပီးမွ သူမ်ားကို တည္ေဆာက္ေပးႏိုင္မွာပါ။ ကိုယ္အဆင္ေျပမွ သူမ်ားကို ကူညီႏိုင္မွာ ျဖစ္လို႔… ကိုယ္အဆင္မေျပ မေအာင္ျမင္ခင္ ကာလေလးမွာ

ကိုယ့္ဟာကို အရင္သနား ဖို႔ လိုအပ္ပါတယ္။ ကိုယ္အရမ္း အဆင္ေျပသြားရင္ေတာ့… သူမ်ားကို ဆက္ၿပီး ကူညီလို႔ ရတာေပါ့။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။