သူ ပညာဆက္လက္သင္ယူႏိုင္ဖို႔အတြက္ ေက်ာင္းထြက္ေပးခဲ့တဲ့ အစ္ကိုျဖစ္သူကို ဒူးေထာက္ဦးၫႊတ္ခဲ့တဲ့ ထိုင္းအမ်ိဳးသမီး
အသက္ ၂၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ အစ္ကိုျဖစ္သူရဲ႕အနစ္နာခံမႈအတြက္ ေလးေလးနက္နက္ေက်းဇူးတင္ၿပီး
အ႐ိုအေသေပးတဲ့အေနနဲ႔ သူ ဘြဲ႕ယူစဥ္အတြင္း အစ္ကိုျဖစ္သူရဲ႕ေရွ႕မွာ ဒူးေထာက္ၿပီးအ႐ိုေသေပးခဲ့ပါတယ္။
အစ္ကိုျဖစ္သူကို အခုလိုအ႐ိုအေသေပးတဲ့ အဲဒီအမ်ိဳးသမီးရဲ႕ TikTok ဗီဒီယိုက ၾကည့္ရႈသူ ၁၀ သန္းေက်ာ္ရွိခဲ့ၿပီး ဒီအေၾကာင္းကို ထိုင္းမီဒီယာေတြမွာလည္း ေဖာ္ျပခဲ့ၾကပါတယ္။
ဗီဒီယိုရဲ႕ Caption က “ညီမအတြက္ အရာအားလုံးကို ေပးဆပ္ခဲ့တဲ့ ဒီအမ်ိဳးသား (အစ္ကို) ကို ေက်းဇူးတင္ပါတယ္”တဲ့။ ဒီဗီဒီယိုကို ဒီဇင္ဘာ ၂ ရက္ေန႔က တင္ခဲ့တာပါ။
ဘြဲ႕ယူတဲ့ေန႔မွာ အဲဒီအမ်ိဳးသမီးက သူ႔အစ္ကိုကို သူ႔ရဲ႕ဘြဲ႕ဝတ္စုံ ဝတ္ေပးလိုက္တာကို ဗီဒီယိုမွာ အရင္ဆုံးေတြ႕ရပါတယ္။
အဲဒီေနာက္ ေျမျပင္ေပၚ ဒူးေထာက္ၿပီး လက္အုပ္ခ်ီကာ အစ္ကိုျဖစ္သူရဲ႕ေျခေထာက္ကို ထိၿပီး ဦးၫႊတ္ခဲ့ပါတယ္။
ဒီအျပဳအမူက ထိုင္းလူမ်ိဳးေတြရဲ႕အ႐ိုအေသေပးတာ (သို႔) ေက်းဇူးတင္တာ၊ ခြင့္လႊတ္ေပးဖို႔ေတာင္းခံတာရဲ႕လကၡဏာတစ္ခုအျဖစ္ မွတ္ယူၾကပါတယ္။
အစ္ကိုျဖစ္သူကလည္း ညီမျဖစ္သူ အ႐ိုအေသေပးတာကို အသိအမွတ္ျပဳတဲ့အေနနဲ႔ေခါင္းကို လက္နဲ႔ ထိေပးခဲ့ပါတယ္။
အဲဒီအမ်ိဳးသမီးက ရင္ခ်န္နီတာ ဆိုသူျဖစ္ၿပီး ထိုင္းေတာင္ပိုင္းျပည္နယ္ နခြန္သီရိသမာရတ္က Rajabhat University ရဲ႕ ျပည္သူ႔အုပ္ခ်ဳပ္ေရးဌာနကေန ဘြဲ႕ရရွိခဲ့တာပါ။
အရင္ကတည္းက ဘြဲ႕ယူဖို႔လုပ္ခဲ့ေပမဲ့ ကပ္ေရာဂါေၾကာင့္ ဘြဲ႕ႏွင္းသဘင္အခမ္းအနားကို ေ႐ႊ႕ဆိုင္းထားခဲ့ရတာပါ။
သူက လုပ္ခနည္းအလုပ္သမားအျဖစ္ လုပ္ကိုင္ခဲ့တဲ့ အေမျဖစ္သူ၊ အစ္ကိုႀကီးတို႔နဲ႔အတူ ေနထိုင္ပါတယ္။ သူ ႀကီးျပင္းလာတဲ့အခ်ိန္သူ႔အေမမွာ ဝင္ေငြေကာင္းေကာင္းမရွိခဲ့ဘူး။
ဒါေၾကာင့္ သားသမီးႏွစ္ေယာက္လုံးရဲ႕ပညာေရးကို ေထာက္ပံ့မေပးႏိုင္ခဲ့ဘူး။
အဲဒါေၾကာင့္ပဲ အစ္ကိုျဖစ္သူက သူ႔ကို ပညာဆက္လက္သင္ၾကားေစခ်င္တဲ့အတြက္ ေက်ာင္းကေန ထြက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
အဲဒီအခ်ိန္တုန္းက ခ်န္နီတာဟာ အရမ္းငယ္ေသးေတာ့ သူ႔အစ္ကို ဘာလို႔အဲဒီလိုလုပ္ခဲ့တာလဲဆိုတာကို နားမလည္ခဲ့ဘူး။
သူ အသက္ႀကီးလာတဲ့အခ်ိန္မွ ႏွစ္ေယာက္စလုံးအတြက္ ေက်ာင္းလခမတတ္ႏိုင္တဲ့အတြက္ အစ္ကိုျဖစ္သူက အေမရဲ႕ဝန္ကို ေပါ့ေစဖို႔ ေက်ာင္းထြက္ခဲ့တာလို႔ သူ႔အေမက ရွင္းျပေပးခဲ့ပါတယ္။
Ref: Mothership “Thai woman kneels & bows down to brother who gave up his education so she can graduate”
unicode
သူ ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် ကျောင်းထွက်ပေးခဲ့တဲ့ အစ်ကိုဖြစ်သူကို ဒူးထောက်ဦးညွှတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး
အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အစ်ကိုဖြစ်သူရဲ့အနစ်နာခံမှုအတွက် လေးလေးနက်နက်ကျေးဇူးတင်ပြီး
အရိုအသေပေးတဲ့အနေနဲ့ သူ ဘွဲ့ယူစဉ်အတွင်း အစ်ကိုဖြစ်သူရဲ့ရှေ့မှာ ဒူးထောက်ပြီးအရိုသေပေးခဲ့ပါတယ်။
အစ်ကိုဖြစ်သူကို အခုလိုအရိုအသေပေးတဲ့ အဲဒီအမျိုးသမီးရဲ့ TikTok ဗီဒီယိုက ကြည့်ရှုသူ ၁၀ သန်းကျော်ရှိခဲ့ပြီး ဒီအကြောင်းကို ထိုင်းမီဒီယာတွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။
ဗီဒီယိုရဲ့ Caption က “ညီမအတွက် အရာအားလုံးကို ပေးဆပ်ခဲ့တဲ့ ဒီအမျိုးသား (အစ်ကို) ကို ကျေးဇူးတင်ပါတယ်”တဲ့။ ဒီဗီဒီယိုကို ဒီဇင်ဘာ ၂ ရက်နေ့က တင်ခဲ့တာပါ။
ဘွဲ့ယူတဲ့နေ့မှာ အဲဒီအမျိုးသမီးက သူ့အစ်ကိုကို သူ့ရဲ့ဘွဲ့ဝတ်စုံ ဝတ်ပေးလိုက်တာကို ဗီဒီယိုမှာ အရင်ဆုံးတွေ့ရပါတယ်။
အဲဒီနောက် မြေပြင်ပေါ် ဒူးထောက်ပြီး လက်အုပ်ချီကာ အစ်ကိုဖြစ်သူရဲ့ခြေထောက်ကို ထိပြီး ဦးညွှတ်ခဲ့ပါတယ်။
ဒီအပြုအမူက ထိုင်းလူမျိုးတွေရဲ့အရိုအသေပေးတာ (သို့) ကျေးဇူးတင်တာ၊ ခွင့်လွှတ်ပေးဖို့တောင်းခံတာရဲ့လက္ခဏာတစ်ခုအဖြစ် မှတ်ယူကြပါတယ်။
အစ်ကိုဖြစ်သူကလည်း ညီမဖြစ်သူ အရိုအသေပေးတာကို အသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းကို လက်နဲ့ ထိပေးခဲ့ပါတယ်။
အဲဒီအမျိုးသမီးက ရင်ချန်နီတာ ဆိုသူဖြစ်ပြီး ထိုင်းတောင်ပိုင်းပြည်နယ် နခွန်သီရိသမာရတ်က Rajabhat University ရဲ့ ပြည်သူ့အုပ်ချုပ်ရေးဌာနကနေ ဘွဲ့ရရှိခဲ့တာပါ။
အရင်ကတည်းက ဘွဲ့ယူဖို့လုပ်ခဲ့ပေမဲ့ ကပ်ရောဂါကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ရွှေ့ဆိုင်းထားခဲ့ရတာပါ။
သူက လုပ်ခနည်းအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့တဲ့ အမေဖြစ်သူ၊ အစ်ကိုကြီးတို့နဲ့အတူ နေထိုင်ပါတယ်။ သူ ကြီးပြင်းလာတဲ့အချိန်သူ့အမေမှာ ဝင်ငွေကောင်းကောင်းမရှိခဲ့ဘူး။
ဒါကြောင့် သားသမီးနှစ်ယောက်လုံးရဲ့ပညာရေးကို ထောက်ပံ့မပေးနိုင်ခဲ့ဘူး။
အဲဒါကြောင့်ပဲ အစ်ကိုဖြစ်သူက သူ့ကို ပညာဆက်လက်သင်ကြားစေချင်တဲ့အတွက် ကျောင်းကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ချန်နီတာဟာ အရမ်းငယ်သေးတော့ သူ့အစ်ကို ဘာလို့အဲဒီလိုလုပ်ခဲ့တာလဲဆိုတာကို နားမလည်ခဲ့ဘူး။
သူ အသက်ကြီးလာတဲ့အချိန်မှ နှစ်ယောက်စလုံးအတွက် ကျောင်းလခမတတ်နိုင်တဲ့အတွက် အစ်ကိုဖြစ်သူက အမေရဲ့ဝန်ကို ပေါ့စေဖို့ ကျောင်းထွက်ခဲ့တာလို့ သူ့အမေက ရှင်းပြပေးခဲ့ပါတယ်။
Ref: Mothership “Thai woman kneels & bows down to brother who gave up his education so she can graduate”