5.12.2022 မှ 11.12.2022 အထိ တစ်ပါတ်စာဟောစာတမ်း

5.12.2022 မှ 11.12.2022 အထိ တစ်ပါတ်စာဟောစာတမ်း

တနင်္ဂနွေသားသမီး

ခရီးတစ်ခု ထွက်ရမည်။နေရာသစ် ပတ်ဝန်းကျင်သစ်သို့ သွားရောက်နေထိုင်ရခြင်း၊လုပ်ကိုင်ရခြင်း ဖြစ်တက်သည်။အိုးအိမ်နေရာ ပြောင်းရွေ့ရခြင်း(သို့)အိုးအိမ်ပြုပြင်ရခြင်း ကြုံမည်။အလုပ်အကိုင်ပြောင်းလဲလုပ်ကိုင်ရခြင်း အလုပ်တာဝန်အသစ်များလုပ်ကိုင်ရခြင်း ရာထူးလစာတိုးတက်ခြင်း ဖြစ်လာမည်။

အလုပ်သစ် အတွေ့အကြုံသစ်များ ရရှိမည်။ရေနဲ့ပက်သက်ပြီးစိတ်ညစ်ရခြင်း ရေပိုက်ပြုပြင်ရခြင်းဖြစ်တက်သည်။ထူးခြားသောဓာတ်ပုံတစ်ခုဝင်မည်။ဝင်ပြီးက လူနှစ်ယောက်အိမ်တွင်လာရောက်တည်းခိုမည်။ကောင်း၏။ထူးထူးခြားခြား လာဘ်ရွင် ငွေဝင်လိမ့်မည်။ချဲ၊ထီ၊ကံစမ်းမဲ ပေါက်ခြင်း၊လက်ဆောင်ပစ္စည်းရရှိခြင်း ဖြစ်လိမ့်မည် ၁၀ရက်အတွင်းဖြစ်နိုင်သည်။

နေအိမ်မှာ ကလေးရှိက ဂရုစိုက်ပါ ၄င်းကျန်းမာရေးအညံ့ရှိတက်သည်။အမြင့်တွေပေါ် မတက်ပါစေနဲ့။မိမိထံငွေကြေးချေးငှားလာပါက မချေးပါနဲ့ ငြင်းလိုက်ပါ။ပညာရေးမှာ ရလဒ်ကောင်းရတက်သည်။ကျန်းမာရေးမှာ မျက်စိ၊ဝမ်းဗိုက် စသည့်နေရာတွေမှာ ဝေဒနာဖြစ်ပေါ်တက်သည်။အချစ်ရေးမှာ ချစ်သူကောင်းနဲ့ဆုံရမည်။

ပြက်ပြက်သားသား ဆုံးဖြက်ရမည့်ကိစ္စရပ်တစ်ခုနဲ့ကြုံမည်။အိမ်ထောင်ရေးလည်း သာယာပါသည်။ကံကောင်းသော ဂဏန်းများမှာ ၁၊၅၊၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မိုးပြာရောင် ဖြစ်ပါသည်။ယတြာ-ဘုရားမှာ ကော်ဖီ ၂ခွက်နှင့်ကောက်ညင်းပေါင်းကို ကပ်လှူ၍ ကံကောင်းခြင်းကို ပိုမိုရရှိနိုင်ပါသည်။

တနင်္လာသားသမီး

လုပ်ငန်းတွင် အတိုက်အခံ အပြိုင်အဆိုင်တွေရှိလာမည်။ရည်မှန်းချက် ရည်ရွယ်ချက်တွေကို လက်တွေ့မှာ ခက်ခက်ခဲခဲ ကြိုးစားနေရတက်သည်။မိမိလုပ်လိုသော ကိစ္စရပ်များကို ယုံကြည်မူ့ဖြင့် လုပ်ဆောင်နိုင်အောင်မြင်နိုင်လိမ့်မည်။

လူမူ့ရေးကိစ္စတွေမှာလည်း မိမိဘက်ကမှန်နေလျက်နဲ့ မကောင်းပြောခံရတက်သည်။မိမိအနီးက သူကို သတိထားပါ။အာမခံကိစ္စတခုအတွက် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရတက်သည်။အရောင်းအဝယ် ကိစ္စတွေမှာ ရက်ပိုင်းအတွင်း ကောင်းမွန်နိုင်တဲ့ အခြေနေဖြစ်လာမည်။ငွေကြေး ၇ဂဏန်းဝင်မည်။ပြန်မထွက်အောင် ဂရုစိုက်ပါ။နေအိမ်မှာ ဖိနပ်အစုတ်များရှိကစွန့်ပစ်ပေးပါ။

ပညာရေး ကိစ္စတွေကတော့ အခက်ခဲတွေနဲ့ရင်ဆိုင်ရပြီးမှ အောင်မြင်လိမ့်မည်။ပညာရေးလမ်းစအတွက် မိမိကိုယ်တိုင်ယုံကြည်မူ့ဖြင့် ကြိုးစားရှာဖွေရပါလိမ့်မည်။ကျန်းမာရေးမှာတော့ ခြေ၊လက် စသည့်နေရာတွေမှာ မတော်တဆထိခိုက်ဒဏ်ရာရတက်သည်။

အချစ်ရေးကတော့ နှစ်ဦးကြား နားလည်မူ့လွဲခြင်း၊ကြားလူနှောက်ယှက်ခြင်းကြောင့် အဆင်မပြေသေးပါ။အိမ်ထောင်ရေးလည်း အနည်းငယ်ညံ့ပါသည်။ကံကောင်းစေသော ဂဏန်းများမှာ ၄၊၇၊၉ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ အစိမ်းပုပ်ရောင်ဖြစ်သည်။

ယတြာ – ဘုရားမှာ ထီးနီ၂လက် လှူဒါန်း၍ ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။

အင်္ဂါသားသမီး

ယခုကာလအတွင်း လုပ်ငန်းသစ်များ စတင်လုပ်ကိုင်ခြင်း၊လုပ်ငန်းများ တိုးချဲ့ခြင်းများ မပြုလုပ်သင့်သေးပါ။လက်ရှိအတိုင်း ပုံမှန်သာထိန်းလုပ်သင့်သည် သို့မဟုတ် ခေတ္တနားနေသင့်သည်။စိတ်ပင်ပန်းမူ့ စိတ်မကြည်မူ့များ မကြာမကြာဖြစ်နေတက်သည်။မိတ်ဆွေဟောင်းတချို့ရဲ့ ကူညီမူ့ရရှိမည်။

နေအိမ်သို့ ပန်ချီကားချပ်ရုပ်ပုံ တစ်ခုဝင်မည်။ဝင်လာခဲ့သော် မကြာခင်ရက်အတွင်း ၃ဂဏန်းပါသော ငွေကြေးဝင်လိမ့်မည်။ထူးဆန်းသောအိပ်မက်များ မြင်မက်လိမ့်မည်။ဘာသာရေးနဲ့ပက်သက်သော ကိစ္စတချို့ လုပ်ကိုင်ရမည်(သို့)ဘာသာရေး ကျင့်စဥ်တစ်ခု ရရှိမည်။ပစ္စည်းတချို့ ပျောက်ပျက်ခြင်း၊အထားမှား​ နေရာမှားဖြစ်ခြင်း ​ဖြစ်တက်သည်။

ပညာရေး ကိစ္စတွေမှာ ခက်ခဲပင်ပန်းမူ့ရှိပေမယ့် အောင်မြင်မူ့ရရှိပါလိမ့်မည်။မျှော်မှန်းထားသော ပညာရေးကိစ္စများ လုပ်ကိုင်ရလိမ့်မည်။ကျန်းမာရေးမှာ စိတ်မကြည်ခြင်း၊ပင်ပန်းနွမ်းနွယ်ခြင်း၊စိတ်ဖိစီးမူများ ဖြစ်တက်သည်။အချစ်ရေးမှာ ချစ်သူနဲ့ပက်သက်ပြီး စိတ်ပင်ပန်းရတက်သည်။

အိမ်ထောင်ရေး အနည်းငယ်ညံ့မည်။ကံကောင်းစေသော ဂဏန်းများမှာ ၃၊၅၊၉ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာအဝါရောင် ဖြစ်ပါသည်။ယတြာ – ရေချမ်းသက်စေ့ကပ်ပါ အရဟံဂုဏ်တော် ပွားများပေးပါ ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။

ဗုဒ္ဓဟူးသားသမီး

လက်တလော ကြုံတွေ့နေရတဲ့ အခက်အခဲများ ပြေလည်လာပါလိမ့်မည်။မိမိကိုးကွယ်ယုံကြည်ရသော ဆရာသမားရဲ့ အကူညီကို ရရှိတက်သည်။နောက် ၃လအတွင်း မိတ်ဆွေကောင်း ၂ဦးရရှိလိမ့်မည်။အလှူတန်းကိစ္စများပြုလုပ်ရခြင်း ပရဟိတလုပ်ငန်းများ ဘာသာရေးကိစ္စများ လုပ်ကိုင်ရခြင်းရှိမည်။သင်ကြားရေးလုပ်ငန်း ဆေးဝါးလုပ်ငန်း ဘာသာရေးလုပ်ငန်းများ အောင်မြင်မည်။

အလုပ်ရှာနေသူများ မကြာခင် အလုပ်နေရာရလိမ့်မည်။အလုပ်တွင် အထက်အကြီးအကဲ အကူညီရရှိမည်။ဆရာကောင်းသမားကောင်းနဲ့ဆုံရမည်။အလှူတန်းကိစ္စ၊ဘုရားဖူးကိစ္စ ပြုလုပ်ရမည်။ဘုန်းတော်ကြီး(သို့)ကိုးကွယ်မူ့ဆိုင်ရာ ပုံတော်များ နေအိမ်သို့ကြွရောက်မည်။ကတုံးဆံပင်ပါသောသူ အကူညီပေးမည်။

ပညာရေးကိစ္စများ အရမ်းကောင်းမွန်သော ကာလဖြစ်သည်။သင်ယူလေ့လာမူ့ဖြင့်

ပညာရေးနဲ့ပက်သက်ပြီး တိုးတက်မူ့များ ပျော်ရွင်စရာများကြုံရမည်။ကျန်းမာရေးလည်း ကောင်းမွန်ပါသည်။အချစ်ရေးကံကတော့ အရမ်းကောင်းပါသည်။ အဆင်မပြေ​ဖြစ်နေတဲ့သူများ နောက်၂လအတွင်း အဆင်ပြေလာပါလိမ်ံမည်။

အိမ်ထောင်ရေးလည်း သာယာမည်။ကံကောင်းသော ဂဏန်းများမှာ ၁၊ ၅၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ နီညိုရောင်၊အဖြူရောင် ဖြစ်ပါသည်။ယတြာ -ဘုန်းတော်ကြီးတပါးအား ဆွမ်းလောင်းဆွမ်းလှူခြင်း၊ဆေးဝါးလှူခြင်းများပြုလုပ်၍ ကံကောင်းခြင်းကိုပိုမိုရယူနိုင်ပါလိမ့်မည်။

ကြာသပတေးသားသမီး

ယခုကာလအတွင်း သူတပါးကိစ္စများကို ကြားဝင်ဖြေရှင်းပေးနေရမည်။မှန်ကန်သော ရွေးချယ်မူ့တစ်ခု၊ဆုံးဖြက်ချက်တစ်ခု ချမှတ်နိုင်မည်။အကြီးအကဲများဖြစ်ပါက ဘယ်ကိစ္စမဆို သမာသမတ်ကျကျ ဖြေရှင်းပါ သို့မဟုတ်ပါက ရန်ရှိသည်။စိတ်ကူးသစ်အတွေ့ကြုံသစ်များ ရရှိမည်။သစ်ကိစ္စ၊မြေကိစ္စများ ဆောင်ရွက်ရမည်။ရပ်ဝေးမှ သတင်းစကားကြားရမည်။

အိုးအိမ်နေရာထိုင်ခင်း ကိစ္စများ အဆင်ပြေမည်။ဘာသာစကား လေ့လာသူများ ကောင်းမွန်သောကာလဖြစ်သည်။အကြီးအကဲဖြစ်ပါက အောက်လက်ငယ်သား ၂ဦးနဲ့ အဆင်မပြေဖြစ်လိမ့်မည်။ကိုယ်ပိုင်လုပ်ငန်းများ အဆင်ပြေသော်လည်း တခါတရံ စိတ်အလိုမကျ ရှိနေတက်သည်။အလုပ်ပြောင်းလဲလုပ်ကိုင်ချင်သော စိတ်များရှိက ပြောင်းလိုက်ပါ အဆင်ပြေပါလိမ့်မည်။ပညာရေးအထူးကောင်းမွန်၏ လွယ်ကူစွာဖြင့် ဖြေဆိုနိုင်မည်။

ကျန်းမာရေးမှာ ခါးအနည်းငယ်နာမည်။အချစ်ရေးကတော့ အထီးကျန်မည် မကောင်းသေးပါ။အိမ်ထောင်ရေးလည်း သာယာမူ့နည်းပါမည်။ကံကောင်းသောဂဏန်းများမှာ ၂၊၃၊၅ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မဲနယ်ရောင် ဖြစ်ပါသည်။ယတြာ -ဘုရားမှာ မြေပဲကြော်နဲ့ ဆွမ်းတော်တင်ခြင်းဖြင့် ကံကောင်းခြင်းကို ရယူပါ။

သောကြာသားသမီး

ယခုကာလအတွင်း အလျင်စလို ပြုလုပ်ခြင်းများ ရှောင်ကြဥ်ပါ။မထင်မှတ်ပဲအလွဲလွဲအချော်ချော်လေးတွေ ဖြစ်တက်ပါသည်။ အတွေ့အကြုံသစ် စိတ်ကူးသစ်များ ပေါ်လိမ့်မည်။လုပ်ငန်းသစ်တိုးချဲ့ခြင်း၊လုပ်ငန်းပြောင်းလဲခြင်းများ ပြုလုပ်ရမည်။အလုပ်ရှာနေသူများအလုပ်သစ်ရဖို့ အလားလာရှိသည်။မိတ်ဆွေတချို့ရဲ့ ဝေဖန်မူ့ခံရတက်သည်။

၇ဂဏန်း ငွေကြေးဝင်လိမ့်မည်။စောင့်ဆိုင်းရသည့် ကြွေးမှီးတချို့ရလိမ့်မည်။မိမိပြုခဲ့ဖူးသော ကိစ္စရပ်တချို့ကြောင့် စိတ်ထိခိုက်ရတက်သည်။အထီးကျန်ဆန်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း ခံစားလွယ်ခြင်း ဖြစ်နေတက်သည်။ပညာရေးကိစ္စများ ကောင်းမွန်ပါသည်။ မိမိရဲ့ကြိုးစားမူ့အလျောက် အောင်မြင်မူ့တွေရရှိလိမ့်မည်။

ကျန်းမာရေးမှာ လက်နာခြင်း၊ခေါင်မကြည်ခြင်း ဖြစ်တက်သည်။အချစ်ရေးကိစ္စတွေကတော့ ချစ်သူအပေါ် သံသယစိတ်တွေဝင်ရောက်နေပြီး သာယာမူ့နည်းနေတက်သည်အိမ်ထောင်ရေးကတော့ သာယာပါသည်။ကံကောင်းစေသော ဂဏန်းများမှာ ၃၊၅၊၇ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာလိမ္မော်ရောင် ဖြစ်ပါသည်။ယတြာ -သံပုရာရည်တခွက် ကပ်လှူခြင်းဖြင့် ကံ​ကောင်းခြင်းကို ရယူနိုင်ပါလိမ့်မည်။

စနေသားသမီး

အလုပ်ထဲတွင် ရန်အနည်းငယ်ပေါ်မည်။မိမိဘက်က မှန်ကန်ပါလျက် မနာလိုတိုက်ခိုက်ခြင်းခံရမည်။သူတစ်ပါး၏ပြဿနာများကိုလည်း ဖြေရှင်းပေးရတတ်သည်။တရားသော ကောင်းသောလုပ်ငန်းများမှ အကျိုးပေးကောင်းတက်ပြီး မတရားသော မကောင်းသောလုပ်ငန်းများမှ စိတ်သောကဖြစ်ရလိမ့်မည်။

အလုပ်တွင် ရာထူးတိုးခြင်း၊လစာတိုးခြင်း ကြုံရမည်။ ချီးမွမ်းခြင်း ဂုဏ်ပြုခြင်းခံရမည်။မိတ်ဆွေရင်းတစ်ဦး မိမိအပေါ် လိမ်လည်တတ်သည်။ အလှူတန်းတစ်ခုပြုလုပ်ရမည်။ ခရီးတစ်ခုထွက်ရမည်။ပညာရေးနဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းကြားရမည်။ကျန်းမာရေးအနေဖြင့် အစားမှားခြင်း၊အညောင်းထိုင်ခြင်း၊အကြောနဲ့ပတ်သက်ပြီး ဖြစ်ပါလိမ့်မည်။

အချစ်ရေးကိစ္စတွေကတော့ မိမိဘက်ကပြန်လည်အားသာလာနိုင်သလို မိမိစ်ိတ်အလိုကျသူနဲ့ ဆုံရပါလိမ့်မည်။အိမ်တွင်းရေးအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ပြဿနာအနည်းငယ်ကြုံမည်။ကံကောင်းစေသော ဂဏန်းများမှာ ၁၊၂၊၉ ဂဏန်းများဖြစ်ပါသည်။ကံကောင်းသော အရောင်မှာ အနီရင့်ရောင် ဖြစ်ပါသည်။ယတြာ – ဘုရားမှာ ဆွမ်း၇ပုံ အုန်းသီး၊ထန်းလျက်ခဲ တင်၍ လှူပေးပါ ကံကောင်းခြင်းကိုပိုမို ရယူနိုင်ပါမည်။


တနငျ်ဂနှသေားသမီး





တနငျ်လာသားသမီး






အငျ်ဂါသားသမီး





ဗုဒ်ဓဟူးသားသမီး
















