ဆံပင္အ႐ွည္ေႏွးလို႔ စိတ္ညစ္ေနသူေတြအတြက္ တစ္လအတြင္းသိသိသာသာ ဆံပင္႐ွည္လာေအာင္ ဒီလိုလုပ္ပါ…

ဆံပင္အ႐ွည္ေႏွးလို႔ စိတ္ညစ္ေနသူေတြအတြက္ တစ္လအတြင္းသိသိသာသာ ဆံပင္႐ွည္လာေအာင္ ဒီလိုလုပ္ပါ…

ဆံပင္က ဒုတိယမ်က္ႏွာဆိုတာ လူတိုင္းသိၿပီးသား ျဖစ္မွာပါ။ ဆံပင္ပုံစံကကိုယ္နဲ႔မလိုက္ရင္ လုံးဝမလွတာလည္း အားလုံးအသိပါပဲ။ ဆံပင္အ႐ွည္ထားခ်င္ေပမယ့္ စိတ္မ႐ွည္တဲ့ သူေတြအေနနဲ႔ တစ္လအတြင္း ဆံပင္႐ွည္လြယ္ၿပီး ေတာက္ေျပာင္ေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ …။

(၁) မၾကာခဏအဖ်ားတိေပးပါ”

ဆံပင္အဖ်ားေလးေတြကို မၾကာခဏတိေပးတာက ဆံပင္ရဲ႕မက်န္းမာတဲ့အစိတ္အပိုင္းေတြကိုဖယ္ထုတ္လိုက္တာျဖစ္တဲ့အတြက္ ဆံပင္ကိုက်န္းမာေတာက္ေျပာင္တဲ့ အသြင္မ်ိဳးကို ျဖစ္ေစပါတယ္ …။

(၂) သဘာဝအသီးအႏွံေတြနဲ႔ ေပါင္းတင္ပါ”

ဆံပင္႐ွည္လြယ္ခ်င္သူေတြအေနနဲ႔ သဘာဝအသီးအႏွံေတြနဲ႔ေပါင္းတင္တဲ့နည္းလမ္းေတြကို သုံးေပးသင့္ပါတယ္။ ၾကက္သြန္နီတစ္လုံးကို အတုံးေလးေတြျဖစ္ေအာင္ ႀကိတ္ၿပီး အရည္ညႇစ္ပါ …။

ရလာတဲ့အရည္ကို သံလြင္ဆီအနည္းငယ္နဲ႔ေရာၿပီး ဦးေရျပားနဲ႔ဆံပင္အႏွံ႔႐ႊဲေနေအာင္လိမ္းေပးကာ နာရီဝက္ေလာက္ၾကာရင္ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ဒီနည္းကို တစ္ပတ္ႏွစ္ႀကိမ္လုပ္ေပးရင္ တစ္လၾကာတဲ့အခါ ဆံပင္သိသိသာသာ ႐ွည္လာတာကို ေတြ႕ရပါလိမ့္မယ္ …။

(၃) ေခါင္းေလွ်ာ္တိုင္းေပါင္းေဆးသုံးေပးပါ”

ေခါင္းေလွ်ာ္တိုင္းဆံပင္ေပါင္းေဆးသုံးေပးတာက ဆံသားေျခာက္ေသြ႕တာ၊ ဆံပင္ေတြညႇိၿပီးျပတ္တာေတြမျဖစ္ေအာင္ကာကြယ္ေပးၿပီး ဆံပင္ပို႐ွည္ေအာင္ အားေပးပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္တိုင္း ဆံပင္ေပါင္းေဆးကို မျဖစ္မေန အသုံးျပဳေပးပါ …။

(၄) သဘာဝအတိုင္းအေျခာက္ခံတဲ့နည္းကိုသုံးပါ”

ဆံပင္႐ွည္လြယ္ခ်င္သူေတြက ဆံပင္နဲ႔ဦးေရျပားကို တတ္ႏိုင္သေလာက္အပူမထိေအာင္ ထိန္းသိမ္းသင့္ပါတယ္။ ေခါင္းေလွ်ာ္ၿပီးတဲ့အခါ တဘက္နဲ႔ေရစင္ေအာင္သုတ္ၿပီး သဘာဝအတိုင္း အေျခာက္ခံတာက အေကာင္းဆုံးပါပဲ …။

အခုေဖာ္ျပခဲ့တဲ့နည္းလမ္းေတြကို ေသေသခ်ာခ်ာလိုက္နာၿပီး လုပ္ေပးမယ္ဆိုရင္ တစ္လအတြင္း ဆံပင္အ႐ွည္ ျမန္လာတာကို ေတြ႕ရပါလိမ့္မယ္ေနာ္ …။ ။

ေလးစားစြာျဖင့္ခရက္ဒစ္ PP

Unicode

ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေသူတွေအတွက် တစ်လအတွင်းသိသိသာသာ ဆံပင်ရှည်လာအောင် ဒီလိုလုပ်ပါ…

ဆံပင်က ဒုတိယမျက်နှာဆိုတာ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ဆံပင်ပုံစံကကိုယ်နဲ့မလိုက်ရင် လုံးဝမလှတာလည်း အားလုံးအသိပါပဲ။ ဆံပင်အရှည်ထားချင်ပေမယ့် စိတ်မရှည်တဲ့ သူတွေအနေနဲ့ တစ်လအတွင်း ဆံပင်ရှည်လွယ်ပြီး တောက်ပြောင်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) မကြာခဏအဖျားတိပေးပါ”

ဆံပင်အဖျားလေးတွေကို မကြာခဏတိပေးတာက ဆံပင်ရဲ့မကျန်းမာတဲ့အစိတ်အပိုင်းတွေကိုဖယ်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆံပင်ကိုကျန်းမာတောက်ပြောင်တဲ့ အသွင်မျိုးကို ဖြစ်စေပါတယ် …။

(၂) သဘာဝအသီးအနှံတွေနဲ့ ပေါင်းတင်ပါ”

ဆံပင်ရှည်လွယ်ချင်သူတွေအနေနဲ့ သဘာဝအသီးအနှံတွေနဲ့ပေါင်းတင်တဲ့နည်းလမ်းတွေကို သုံးပေးသင့်ပါတယ်။ ကြက်သွန်နီတစ်လုံးကို အတုံးလေးတွေဖြစ်အောင် ကြိတ်ပြီး အရည်ညှစ်ပါ …။

ရလာတဲ့အရည်ကို သံလွင်ဆီအနည်းငယ်နဲ့ရောပြီး ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင်လိမ်းပေးကာ နာရီဝက်လောက်ကြာရင် ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်ပေးရင် တစ်လကြာတဲ့အခါ ဆံပင်သိသိသာသာ ရှည်လာတာကို တွေ့ရပါလိမ့်မယ် …။

(၃) ခေါင်းလျှော်တိုင်းပေါင်းဆေးသုံးပေးပါ”

ခေါင်းလျှော်တိုင်းဆံပင်ပေါင်းဆေးသုံးပေးတာက ဆံသားခြောက်သွေ့တာ၊ ဆံပင်တွေညှိပြီးပြတ်တာတွေမဖြစ်အောင်ကာကွယ်ပေးပြီး ဆံပင်ပိုရှည်အောင် အားပေးပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်း ဆံပင်ပေါင်းဆေးကို မဖြစ်မနေ အသုံးပြုပေးပါ …။

(၄) သဘာဝအတိုင်းအခြောက်ခံတဲ့နည်းကိုသုံးပါ”

ဆံပင်ရှည်လွယ်ချင်သူတွေက ဆံပင်နဲ့ဦးရေပြားကို တတ်နိုင်သလောက်အပူမထိအောင် ထိန်းသိမ်းသင့်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ တဘက်နဲ့ရေစင်အောင်သုတ်ပြီး သဘာဝအတိုင်း အခြောက်ခံတာက အကောင်းဆုံးပါပဲ …။

အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကို သေသေချာချာလိုက်နာပြီး လုပ်ပေးမယ်ဆိုရင် တစ်လအတွင်း ဆံပင်အရှည် မြန်လာတာကို တွေ့ရပါလိမ့်မယ်နော် …။ ။

လေးစားစွာဖြင့်ခရက်ဒစ် PP