ဒေါက်တာ ဇင်မင်းထွန်း
Unicode
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ဒီလိုတွေခံစားရလိမ့်မယ်…
ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့အခါ ရက်စွဲအလိုက် ဒီလိုတွေ ခံစားရ ပါလိမ့်မယ် …။
( 1 – 3 ) ရက် ရိုးရိုးတုပ်ကွေး အဖျားနဲ့ တူတယ် …။
အဖျားငွေ့ငွေ့လေးရှိမယ် ။ ခေါင်းနည်းနည်းကိုက်မယ်။ လည်ချောင်းနာမယ်။ အစားအသောက် မပျက်ဘူး ။ စားနိုင်သောက် နိုင်ပါတယ် …။
( 4 ) ရက်မြောက်နေ့ အဖျားငွေ့ငွေ့လေးပဲ ရှိနေဦးမယ် …။
လည်ချောင်းနည်းနည်း ပိုနာလာမယ် ။ အစားအသောက်ပျက်လာမယ် ။ ခေါင်းတွေ ကိုက်လာမယ် ။ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ် …။
( 5 ) ရက်မြောက်နေ့ လည်ပင်းတွေ အရမ်းနာလာမယ် …။
အစားအသောက်စားရင်တောင် လည်ပင်းနာလာမယ် ။ ရေသောက်ရင်တောင် လည်ပင်း နာလာမယ် ။ စကားပြောရင်လည်း လည်ပင်းတွေ နာလာမယ် ။ ခြေထောက်တွေ ပိုပြီး ကိုက်ခဲလာတယ် ။ လူက ညောင်းပြီးတော့ အားနည်းလာပါမယ် …။
( 6 ) ရက်မြောက်နေ့ အဖျားက ငွေ့ငွေ့လေးပဲ ရှိနေဦးမယ် …။
လည်ချောင်းတွေ အရမ်းနာလာပြီး ချောင်းခြောက်တွေ ဆိုးလာမယ် ။ အသက်ရှူရတာ ခက်ခဲပြီး မောလာမယ် ။ ခြေလက်တွေ ပိုပြီး ကိုက်ခဲလာပါမယ် …။
( 7 ) ရက်မြောက်နေ့ အဖျားက 100 ကျော်လာမယ် ။ ချောင်းတွေ အရမ်းဆိုးလာမယ် ။ သလိပ်တွေ ထွက်လာမယ် …။
( 8 ) ရက်မြောက်နေ့ လူက လုံးဝ အားမရှိတော့သလိုဖြစ်ပြီးတော့ အရမ်းနုံးလာမယ် ။ အရမ်းမောလာမယ် ။ ရင်ဘတ်တွေ အရမ်းအောင့်လာမယ် …။
ခံစားရတဲ့ဝေဒနာတွေ ပိုဆိုးလာမယ် ။ ခြေဆစ်လက်ဆစ်တွေ အရမ်းကိုက်ပြီး လည်ပင်း ကလည်း အရမ်းနာလာမယ် …။
အရေးပေါ် အခြေအနေမှာတော့ ရင်ဘတ်တွေ အရမ်းအောင့်ပြီး မောလာမယ် ။ မျက်နာတြွေပာလာမယ် ။ မျက်လုံးတြွေပာလာမယ် ။ ဒါဆိုရင်တော့ ဆေးရုံအရေးပေါ် သွားဖို့ လိုအပ်ပါပြီ …။
အတိုချုပ်ပြောရရင် လူတစ်ယောက်ဟာ ဖျားမယ် / ချောင်းဆိုးမယ် / မောလာမယ် ဆိုရင်တော့ မဖြစ်မနေ ဆရာဝန်ပြဖို့ လိုအပ်ပါတယ် …။
80%က သူ့ကိုယ်ခံအားစနစ်နဲ့ ခုခံပျောက်ကင်းပြီးတော့ 20% က ရောဂါ ပြင်းထန် တတ်ကြပါတယ် …။
ဒေါက်တာ ဇင်မင်းထွန်း
ကိုးကား စင်္ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ