႐ွားေစာင္းလက္ပတ္ ေဖ်ာ္ရည္ကို (၁)ပတ္ေလာက္ ေသာက္ၾကည့္လိုက္တဲ့ အခါ …..

႐ွားေစာင္းလက္ပတ္ ေဖ်ာ္ရည္ကို (၁)ပတ္ေလာက္ ေသာက္ၾကည့္လိုက္တဲ့ အခါ …..

အလွအပေရးရာေတြမွာ အရမ္းကို အသံုးဝင္ၿပီး မပါမျဖစ္လုိ႔ေျပာရေလာက္ေအာင္ ေကာင္းက်ိဳးေတြမ်ားတဲ့ ႐ွွားေစာင္းလက္ပတ္္ကို အလွအပေရးရာတစ္ခုတည္းတင္မကပဲ က်န္းမာေရးပိိုင္းဆုိင္ရာေတြမွာလည္း အသံုးျပဳတတ္ၾကပါတယ္။
႐ွားေစာင္းလက္ပတ္ ေဖ်ာ္ရည္ကို တစ္ပတ္ဆက္တိုက္္ ေသာက္သံုးတဲ့အခါမွာ ခႏၶာကိုယ္မွာ သိသိသာသာ ေျပာင္းလဲလာမႈေတြကို ေတြ႔လာရမွာ ျဖစ္ပါတယ္ …။

ဘာေတြ ေျပာင္းလဲလာလည္းဆုိတာကိုေတာ့ ေအာက္မွာဖတ္ၾကည့္လုိက္ေနာ္။

Day – 1

ပထမဆံုးေန႔မွာေတာ့ ႐ွားေစာင္းလက္ပတ္ေတြကို သန္႔သြားေအာင္ ေရေဆးလုိက္ၿပီး ႐ွားေစာင္းလက္ပတ္ အႏွစ္ေတြကို ျခစ္လုိက္ပါ။

ျခစ္လုိ႔ရလာတဲဲ့ အႏွစ္ေတြကို ေရခဲဲေသတၱာထဲမွာ အေအးခံံထားလုိက္ၿပီးသြြားရင္ေတာ့ ေဖ်ာ္စက္ထဲမွာ ေရခဲေရ ထည့္ၿပီး ေဖ်ာ္ၿပီးရင္ ေသာက္သံုးလို႔ရပါၿပီ။

ဒါက ေလေတြဘာေတြ ႏုိင္ၿပီး အူလမ္းေၾကာင္းအတြက္ ေကာင္းမြန္ပါတယ္။

Day – 2

ေနာက္ေန႔မွာေတာ့ အသားအေရေလးေတြ စိုေျပေနတာကို ေတြ႔လာရမွာပါ။ ဒုတိယေန႔အတြက္ကေတာ့ ႐ွားေစာင္းလက္ပတ္အႏွစ္ကို ေရခဲဲေရအနည္္းငယ္နဲ႔ ေရာေႏွာၿပီး တစ္က်ိဳက္တည္း ေမာ့ခ်လုိက္ပါ။

ဒါက ပါးစပ္ထဲမွာ ခၽြဲက်ိက်ိႀကီး ခံစားရမွာေပမယ့္ လန္းဆန္းသြားတာကို ခံစားရေစမွာပါ။ ညေနဘက္ေရာက္ရင္ေတာ့ အေရးျပားေပၚမွာ ျဖစ္ေနတဲဲ့ နာက်င္ထိခုိက္မႈေတြဟာ ေကာင္းမြြန္တာကို ခံစားရေစပါတယ္ …။

Day – 3

တတိယေန႔မွာ ႐ွားေစာင္းလက္ပတ္ေဖ်ာ္ရည္ကို ဆက္ေသာက္္ေပးျခင္းက ေနေလာင္တာေတြနဲ႔ အသားအေရ မညီညာတာေတြကို ေပ်ာက္ကင္းလာေစမွာပါ။

႐ွားေစာင္းလက္ပတ္က ေနေလာင္တာေတြနဲ႔ ပတ္သက္ၿပီး ေကာင္းေကာင္း ကုသေပးႏုိင္ပါတယ္။

Day – 4

ေလးရက္ဆက္တုိက္ေသာက္္မိတဲ့အခါ အသားအေရ ေျခာက္ေသြ႔ျခင္းေတြ မ႐ွိၿပီး သိသိသာသာ စိုေျပလာတာကို ေတြ႔ရမွာပါ။

႐ွားေစာင္းလက္ပတ္မွာ ေရဓာတ္ 98% ပါဝင္ေနတဲ့အတြက္ သဘာဝ အစိုဓာတ္ကို ရ႐ွိေစၿပီး အသားအေရကို ေရဓာတ္ျဖည့္ေပးပါတယ္။

Day – 5

ငါးရက္ေန႔မွာေတာ့ အသားအေရၾကမ္းတမ္းမႈေတြ မ႐ွိပဲ ႏူးညံစိုေျပလာၿပီး ခံံႏိုင္ရည္ ပို႐ွိလာေစမွာပါ။ အသားအေရရဲ႕ ဟိုးအတြင္းပိုင္းကေန အစုိဓာတ္ကို ထိန္းထားေပးတဲ့အတြက္ အသားအေရဟာ ပိုမိုႏူးညံစိုေျပလာတာ ျဖစ္ပါတယ္။

Day – 6

ေျခာက္ရက္ဆက္တုိက္ ေသာက္တဲ့အခါမွာေတာ့ ဆိုးဆိုးဝါးဝါး ဝက္ျခံေတြကိုေတာင္ သက္သာလာေစပါတယ္။ ႐ွားေစာင္းလက္ပတ္ ေဖ်ာ္ရည္က ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစၿပီး ဘက္တီးရီးယားေတြကို ေသေစႏုိင္တဲ့အတြက္ ဝက္ျခံအမာ႐ြက္ေတြ ေလ်ာ့နည္းလာမွာ ျဖစ္ပါတယ္။

Day – 7

တစ္ပတ္ျပည့္တဲ့ ေန႔ေလးမွာေတာ့ အသားအေရဟာ သိသိသာသာ စိုေျပၿပီး ျဖဴလာတာကို သိရမွာပါ။ သာမာန္ျဖဴတာမ်ိဳး မဟုတ္ပဲ အသားအေရေလး ၾကည္ၾကည္လင္လင္နဲ႔ကို ျဖဴလာေစတာ ျဖစ္ပါတယ္။

ဒါကေတာ့ ႐ွားေစာင္းလက္ပတ္ ေဖ်ာ္ရည္ကို တစ္ပတ္ဆက္တုိက္ ေသာက္လုိက္တဲ့အခါ ရ႐ွိလာမယ့္ ေကာင္းက်ိဳးေတြပဲ ျဖစ္ပါတယ္။

Khin

Unicode

ရှားစောင်းလက်ပတ် ဖျော်ရည်ကို (၁)ပတ်လောက် သောက်ကြည့်လိုက်တဲ့ အခါ …..

အလှအပရေးရာတွေမှာ အရမ်းကို အသုံးဝင်ပြီး မပါမဖြစ်လို့ပြောရလောက်အောင် ကောင်းကျိုးတွေများတဲ့ ရှားစောင်းလက်ပတ်ကို အလှအပရေးရာတစ်ခုတည်းတင်မကပဲ ကျန်းမာရေးပိုင်းဆိုင်ရာတွေမှာလည်း အသုံးပြုတတ်ကြပါတယ်။
ရှားစောင်းလက်ပတ် ဖျော်ရည်ကို တစ်ပတ်ဆက်တိုက် သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်မှာ သိသိသာသာ ပြောင်းလဲလာမှုတွေကို တွေ့လာရမှာ ဖြစ်ပါတယ်။

ဘာတွေ ပြောင်းလဲလာလည်းဆိုတာကိုတော့ အောက်မှာဖတ်ကြည့်လိုက်နော်။

Day – 1

ပထမဆုံးနေ့မှာတော့ ရှားစောင်းလက်ပတ်တွေကို သန့်သွားအောင် ရေဆေးလိုက်ပြီး ရှားစောင်းလက်ပတ် အနှစ်တွေကို ခြစ်လိုက်ပါ။

ခြစ်လို့ရလာတဲ့ အနှစ်တွေကို ရေခဲသေတ္တာထဲမှာ အအေးခံထားလိုက်ပြီးသွားရင်တော့ ဖျော်စက်ထဲမှာ ရေခဲရေ ထည့်ပြီး ဖျော်ပြီးရင် သောက်သုံးလို့ရပါပြီ။

ဒါက လေတွေဘာတွေ နိုင်ပြီး အူလမ်းကြောင်းအတွက် ကောင်းမွန်ပါတယ်။

Day – 2

နောက်နေ့မှာတော့ အသားအရေလေးတွေ စိုပြေနေတာကို တွေ့လာရမှာပါ။ ဒုတိယနေ့အတွက်ကတော့ ရှားစောင်းလက်ပတ်အနှစ်ကို ရေခဲရေအနည်းငယ်နဲ့ ရောနှောပြီး တစ်ကျိုက်တည်း မော့ချလိုက်ပါ။

ဒါက ပါးစပ်ထဲမှာ ချွဲကျိကျိကြီး ခံစားရမှာပေမယ့် လန်းဆန်းသွားတာကို ခံစားရစေမှာပါ။ ညနေဘက်ရောက်ရင်တော့ အရေးပြားပေါ်မှာ ဖြစ်နေတဲ့ နာကျင်ထိခိုက်မှုတွေဟာ ကောင်းမွန်တာကို ခံစားရစေပါတယ်။

Day – 3

တတိယနေ့မှာ ရှားစောင်းလက်ပတ်ဖျော်ရည်ကို ဆက်သောက်ပေးခြင်းက နေလောင်တာတွေနဲ့ အသားအရေ မညီညာတာတွေကို ပျောက်ကင်းလာစေမှာပါ။

ရှားစောင်းလက်ပတ်က နေလောင်တာတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်း ကုသပေးနိုင်ပါတယ်။

Day – 4

လေးရက်ဆက်တိုက်သောက်မိတဲ့အခါ အသားအရေ ခြောက်သွေ့ခြင်းတွေ မရှိပြီး သိသိသာသာ စိုပြေလာတာကို တွေ့ရမှာပါ။

ရှားစောင်းလက်ပတ်မှာ ရေဓာတ် 98% ပါဝင်နေတဲ့အတွက် သဘာဝ အစိုဓာတ်ကို ရရှိစေပြီး အသားအရေကို ရေဓာတ်ဖြည့်ပေးပါတယ်။

Day – 5

ငါးရက်နေ့မှာတော့ အသားအရေကြမ်းတမ်းမှုတွေ မရှိပဲ နူးညံစိုပြေလာပြီး ခံနိုင်ရည် ပိုရှိလာစေမှာပါ။ အသားအရေရဲ့ ဟိုးအတွင်းပိုင်းကနေ အစိုဓာတ်ကို ထိန်းထားပေးတဲ့အတွက် အသားအရေဟာ ပိုမိုနူးညံစိုပြေလာတာ ဖြစ်ပါတယ်။

Day – 6

ခြောက်ရက်ဆက်တိုက် သောက်တဲ့အခါမှာတော့ ဆိုးဆိုးဝါးဝါး ဝက်ခြံတွေကိုတောင် သက်သာလာစေပါတယ်။ ရှားစောင်းလက်ပတ် ဖျော်ရည်က သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် ဝက်ခြံအမာရွက်တွေ လျော့နည်းလာမှာ ဖြစ်ပါတယ်။

Day – 7

တစ်ပတ်ပြည့်တဲ့ နေ့လေးမှာတော့ အသားအရေဟာ သိသိသာသာ စိုပြေပြီး ဖြူလာတာကို သိရမှာပါ။ သာမာန်ဖြူတာမျိုး မဟုတ်ပဲ အသားအရေလေး ကြည်ကြည်လင်လင်နဲ့ကို ဖြူလာစေတာ ဖြစ်ပါတယ်။

ဒါကတော့ ရှားစောင်းလက်ပတ် ဖျော်ရည်ကို တစ်ပတ်ဆက်တိုက် သောက်လိုက်တဲ့အခါ ရရှိလာမယ့် ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

Khin