ရခိုင္မွာ ကိုဗစ္ကူးစက္ခံရတဲ့ က်န္းမာေရးဝန္ထမ္း (၁၇) ဦး အထိ ရွိသြားၿပီ…

ရခိုင္မွာ ကိုဗစ္ကူးစက္ခံရတဲ့ က်န္းမာေရးဝန္ထမ္း (၁၇) ဦး အထိ ရွိသြားၿပီ…

မၿပီးဆုံးေသးသေရြ႕ …၊

ရခိုင္မွာ အခုဆိုရင္ က်န္းမာေရးဝန္ထမ္း ၁၇ ဦးအထိ ကိုဗစ္ ကူးစက္တာ ခံစားေနရပါျပီ။ ဆရာဝန္တဦး အပါအဝင္ သူနာျပဳေတြနဲ႔ အျခားဝန္ထမ္းေတြပါ။ သူတို႔ရဲ႕ မိသားစုေတြမွာလည္း စိုးရိမ္မႈေတြ ရွိေနပါတယ္။ လူထဲက လူေတြျဖစ္လို႔ ပူပန္မႈေတြ၊ ထိတ္လန႔္မႈေတြ ရွိပါတယ္ …။

ဒီလို ခက္ခဲတဲ့ အခ်ိန္ေတြကို ျဖတ္သန္းရတိုင္းမွာ အျမင္မတူတာေတြ၊ ေဒါသျဖစ္ၾကတာေတြ၊ ဖိအားေတြမ်ားလို႔ ေပါက္ကြဲၾကတာေတြ ရွိပါတယ္။ အေရးႀကီးတာက အထက္ကလဲ ေအာက္ကို နားလည္ေပးရမွာ ျဖစ္သလို စိတ္ဓာတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ေပးဖို႔လဲ လိုအပ္ပါတယ္။ သူတို႔ခမ်ာ ျပည္သူေတြရဲ့ အားေပးမႈကို လိုအပ္ေနပါတယ္။ ေငြေတြ ပစၥည္းေတြထက္ အားေပးေနတယ္ဆိုတဲ့ စကားတခြန္းက အခုအခ်ိန္မွာ ပိုျပီး လိုအပ္ပါတယ္ …။

သူငယ္ခ်င္းတို႔ေရ …

ဒီလို ဒုတိယလိႈင္း ျဖစ္နိုင္ေၿခ အလြန္မ်ားတဲ့ အေနအထားမွာ အားကုန္ ကာကြယ္ေနရလို႔ ပင္ပန္းေနၾကတာလည္း နားလည္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ငါတို႔မွ မကာကြယ္ရင္ ျပည္သူေတြ ဒုကၡေရာက္ေတာ့မယ္ဆိုပီး အားတင္းပီး တာဝန္ထမ္းေဆာင္ေနၾကလို႔ ေက်းဇူးတင္ပါတယ္။ ကပ္ေရာဂါကာလေတြဟာ တျခားအခ်ိန္ေတြထက္ အမ်ားႀကီး ပိုပင္ပန္းတယ္။ ခက္ခဲပါတယ္။ ဘာပဲျဖစ္ျဖစ္ ျမန္မာတျပည္လုံးက ျပည္သူေတြဟာ မင္းတို႔နဲ႔ အတူ ရွိေနတယ္။ အားေပးေနတယ္။ ငါတို႔ကလဲ အေလးျပဳ ဂုဏ္ယူေနၾကပါတယ္။ အဲဒါကို သူငယ္ခ်င္းတို႔ကို သိေစခ်င္တယ္ …။

မင္းတို႔ဟာ ဒီတိုက္ပြဲကို အနိုင္တိုက္မယ္လို႔လဲ ယုံၾကည္ပါတယ္။ အဆင္မေျပတာေတြ သေဘာထား ကြဲတာေတြကို ညီညႊတ္မႈနဲ႔ ေက်ာ္ျဖတ္ၾကမယ္။ တတ္နိုင္သမၽွ ငါတို႔ေတြ ကူညီမယ္။ စိတ္ဓာတ္မက်နဲ႔။ မင္းတို႔ေတြဟာ သူရဲေကာင္းေတြ ျဖစ္တယ္ …။

ဒီကပ္ေရာဂါႀကီး မၿပီးဆုံးေသးသေရြ႕ လက္ေတြတြဲထား။ ေခါင္းေတြေမာ့ထားၾကပါစို႔။ ဒါဟာ ငါတို႔ေခတ္ရဲ့ တာဝန္ကို ေက်ပြန္ျခင္းပါပဲ။ တိုက္ပြဲအတူ ဝင္ၾကပါစို႔ …။ ။

Nay Thway

Unicode

ရခိုင်မှာ ကိုဗစ်ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၁၇) ဦး အထိ ရှိသွားပြီ…

မပြီးဆုံးသေးသရွေ့ …၊

ရခိုင်မှာ အခုဆိုရင် ကျန်းမာရေးဝန်ထမ်း ၁၇ ဦးအထိ ကိုဗစ် ကူးစက်တာ ခံစားနေရပါပြီ။ ဆရာဝန်တဦး အပါအဝင် သူနာပြုတွေနဲ့ အခြားဝန်ထမ်းတွေပါ။ သူတို့ရဲ့ မိသားစုတွေမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။ လူထဲက လူတွေဖြစ်လို့ ပူပန်မှုတွေ၊ ထိတ်လန့်မှုတွေ ရှိပါတယ် …။

ဒီလို ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းရတိုင်းမှာ အမြင်မတူတာတွေ၊ ဒေါသဖြစ်ကြတာတွေ၊ ဖိအားတွေများလို့ ပေါက်ကွဲကြတာတွေ ရှိပါတယ်။ အရေးကြီးတာက အထက်ကလဲ အောက်ကို နားလည်ပေးရမှာ ဖြစ်သလို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့လဲ လိုအပ်ပါတယ်။ သူတို့ခမျာ ပြည်သူတွေရဲ့ အားပေးမှုကို လိုအပ်နေပါတယ်။ ငွေတွေ ပစ္စည်းတွေထက် အားပေးနေတယ်ဆိုတဲ့ စကားတခွန်းက အခုအချိန်မှာ ပိုပြီး လိုအပ်ပါတယ် …။

သူငယ်ချင်းတို့ရေ …

ဒီလို ဒုတိယလှိုင်း ဖြစ်နိုင်ခြေ အလွန်များတဲ့ အနေအထားမှာ အားကုန် ကာကွယ်နေရလို့ ပင်ပန်းနေကြတာလည်း နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့မှ မကာကွယ်ရင် ပြည်သူတွေ ဒုက္ခရောက်တော့မယ်ဆိုပီး အားတင်းပီး တာဝန်ထမ်းဆောင်နေကြလို့ ကျေးဇူးတင်ပါတယ်။ ကပ်ရောဂါကာလတွေဟာ တခြားအချိန်တွေထက် အများကြီး ပိုပင်ပန်းတယ်။ ခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာတပြည်လုံးက ပြည်သူတွေဟာ မင်းတို့နဲ့ အတူ ရှိနေတယ်။ အားပေးနေတယ်။ ငါတို့ကလဲ အလေးပြု ဂုဏ်ယူနေကြပါတယ်။ အဲဒါကို သူငယ်ချင်းတို့ကို သိစေချင်တယ် …။

မင်းတို့ဟာ ဒီတိုက်ပွဲကို အနိုင်တိုက်မယ်လို့လဲ ယုံကြည်ပါတယ်။ အဆင်မပြေတာတွေ သဘောထား ကွဲတာတွေကို ညီညွှတ်မှုနဲ့ ကျော်ဖြတ်ကြမယ်။ တတ်နိုင်သမျှ ငါတို့တွေ ကူညီမယ်။ စိတ်ဓာတ်မကျနဲ့။ မင်းတို့တွေဟာ သူရဲကောင်းတွေ ဖြစ်တယ် …။

ဒီကပ်ရောဂါကြီး မပြီးဆုံးသေးသရွေ့ လက်တွေတွဲထား။ ခေါင်းတွေမော့ထားကြပါစို့။ ဒါဟာ ငါတို့ခေတ်ရဲ့ တာဝန်ကို ကျေပွန်ခြင်းပါပဲ။ တိုက်ပွဲအတူ ဝင်ကြပါစို့ …။ ။

Nay Thway