သံတြဲမွာပါ ေဒသတြင္း ကိုဗစ္ ကူးစက္မႈ ျဖစ္လာ
သံတြဲမွာပါ ေဒသတြင္း ကိုဗစ္ ကူးစက္မႈ ျဖစ္လာပီ … ။
က်န္းမာေရး နဲ႔ အားကစား ဝန္ႀကီး ဌာန ရဲ့ ၾသဂုတ္လ ၂၃ ရက္ မနက္ ၈ နာရီ ထုတ္ျပန္ခ်က္ အရ ရခိုင္ ျပည္နယ္ သံတြဲၿမိဳ႕မွာ ျပည္ပ ခရီးသြား ရာဇဝင္ မရွိ၊
အတည္ျပဳ လူနာနဲ႔ ထိေတြ႕မႈ မရွိဘဲ ေဒသတြင္း ကိုဗစ္-၁၉ ကူးစက္ခံရသူ ၂ ဦး ေတြ႕ရွိေၾကာင္း ေဖာ္ျပထားပါတယ္။
သူတို႔ ၂ ဦး လုံးဟာ ၿပီးခဲ့တဲ့ ၁၄ ရက္ အတြင္း စစ္ေတြ ၿမိဳ႕ ကို သြားေရာက္ခဲ့တဲ့ ေဒသတြင္း
ခရီးသြား ရာဇဝင္ ရွိလို႔ အသြားအလာ ကန႔္သတ္ထားရွိသူေတြလို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
ရခိုင္ျပည္နယ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူေတြ ရက္ဆက္ေတြ႕လာရလို႔ ၾသဂုတ္ ၁၆ ရက္ကေန
ဒီေန႔ ၂၃ ရက္ အထိ စစ္ေတြ၊ ေျမာက္ဦးနဲ႔ သံတြဲ ၿမိဳ႕ေတြမွာ ကိုဗစ္လူနာ ၅၃ ဦးရွိလာၿပီ ျဖစ္ပါတယ္။
ဒီေန႔ မနက္ ထုတ္ျပန္ခ်က္မွာ ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕မွာ အသြားအလာ ကန႔္သတ္ထား ရွိထား သူ အိႏၵိယျပန္ တစ္ဦးလည္း ကိုဗစ္-၁၉ ပိုးေတြ႕ ရွိရ ေၾကာင္းပါ ရွိပါတယ္။
ျမန္မာနိုင္ငံမွာ ၾသဂုတ္ ၂၃ ရက္ မနက္ အထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ စုစုေပါင္း ၄၄၄ ဦး ရွိၿပီ ျဖစ္ပါတယ္။
ဓာတ္ပုံ – ၿဖိဳးဟိန္းေက်ာ္ (ဘီဘီစီျမန္မာပိုင္း)
Unicode
သံတွဲမှာပါ ဒေသတွင်း ကိုဗစ် ကူးစက်မှု ဖြစ်လာ
သံတွဲမှာပါ ဒေသတွင်း ကိုဗစ် ကူးစက်မှု ဖြစ်လာပီ … ။
ကျန်းမာရေး နဲ့ အားကစား ဝန်ကြီး ဌာန ရဲ့ သြဂုတ်လ ၂၃ ရက် မနက် ၈ နာရီ ထုတ်ပြန်ချက် အရ ရခိုင် ပြည်နယ် သံတွဲမြို့မှာ ပြည်ပ ခရီးသွား ရာဇဝင် မရှိ၊
အတည်ပြု လူနာနဲ့ ထိတွေ့မှု မရှိဘဲ ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂ ဦး တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။
သူတို့ ၂ ဦး လုံးဟာ ပြီးခဲ့တဲ့ ၁၄ ရက် အတွင်း စစ်တွေ မြို့ ကို သွားရောက်ခဲ့တဲ့ ဒေသတွင်း
ခရီးသွား ရာဇဝင် ရှိလို့ အသွားအလာ ကန့်သတ်ထားရှိသူတွေလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ရက်ဆက်တွေ့လာရလို့ သြဂုတ် ၁၆ ရက်ကနေ
ဒီနေ့ ၂၃ ရက် အထိ စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲ မြို့တွေမှာ ကိုဗစ်လူနာ ၅၃ ဦးရှိလာပြီ ဖြစ်ပါတယ်။
ဒီနေ့ မနက် ထုတ်ပြန်ချက်မှာ ချင်းပြည်နယ် တွန်းဇံမြို့မှာ အသွားအလာ ကန့်သတ်ထား ရှိထား သူ အိန္ဒိယပြန် တစ်ဦးလည်း ကိုဗစ်-၁၉ ပိုးတွေ့ ရှိရ ကြောင်းပါ ရှိပါတယ်။
မြန်မာနိုင်ငံမှာ သြဂုတ် ၂၃ ရက် မနက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄၄၄ ဦး ရှိပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ – ဖြိုးဟိန်းကျော် (ဘီဘီစီမြန်မာပိုင်း)