စစ္ေတြ အေျခအေန ( 22.8.2020)

စစ္ေတြ အေျခအေန ( 22.8.2020)

– ဒီမနက္မွာ ၁၆ ေယာက္ ထပ္ေတြ႕ပါတယ္။ ဒါဟာ စိုးရိမ္ရတဲ့ အေနအထားပါ။ ကူးေနတဲ့ပိုးက ၁၀ ေယာက္မွာ ၆ ေယာက္က G614 ပါ။

– စစ္ေတြမွာ GeneXpert စက္ ၂ လုံးရွိေနသလို Microbiologist ေတြလဲ ေရာက္ေနပါပီ။ အမ်ားႀကီးေတာ့ မစစ္ႏိုင္ေသးပါဘူး။ လိုအပ္ရင္ ရန္ကုန္ပို႔ပီး စစ္ပါမယ္။

– ဗဟိုက အထူးကြၽမ္းက်င္သူ ဆရာႀကီး ၃ ဦး ရခိုင္ကို ဆင္းပီး အနီးကပ္ ႀကီးၾကပ္ေနပါတယ္။ အခ်ိန္နဲ႔ တေျပးညီ ေဆာင္႐ြက္ေနပါတယ္။ အစိုးရကလဲ ကူညီႏိုင္တာေတြ အကုန္လုပ္ေပးေနပါတယ္။

– ရန္ကုန္က သြားေရာက္ အားျဖည့္မယ့္ ဆရာဝန္ေတြက ၂၄ ရက္ေန႔ကေနစပီး စတင္တာဝန္ထမ္းေဆာင္ၾကမွာပါ။

– Stay at Home နဲ႔ မထိန္းႏိုင္ရင္ ဒုတိယအဆင့္အေနနဲ႔ Lock Down ခ်ဖို႔ လူႀကီးေတြ စဥ္းစားေနပါတယ္။

– ျမန္မာျပည္မွာ ေနထိုင္ၾကတဲ့ ျပည္ေထာင္စုသားအားလုံး တက္ညီလက္ညီ ပါဝင္ကူညီၾကပါ။ အျငင္းအခုံေတြ မလုပ္ပဲ အားေပးၾကပါ။ အခုျဖစ္ေနတာက က်ေနာ္တို႔ တိုင္းျပည္ထဲက ေဒသတခုပဲ ျဖစ္လို႔ စိတ္ဝမ္းမကြဲပဲ ျပည္ေထာင္စုစိတ္ဓာတ္နဲ႔ စည္းလုံးၾကပါ။

– ျပည္သူအားလုံး အျပင္သြားရင္ Mask တပ္ပါ။ ခပ္ခြာခြာေနပါ။ လက္ေဆးပါ။ FB ေပၚမွာပဲ ေၾကာက္ျပေနလို႔ မရပါဘူး။ အျပင္မွာ တကယ္လိုက္နာမွ ရပါမယ္။ မလိုက္နာရင္ေတာ့ အားလုံးဒုကၡေရာက္ကုန္ၾကမွာပါ။

– ဒုတိယလႈိင္းက ပိုအေရးႀကီးပါတယ္။ လက္ခုတ္တီးေပးတာထက္ စည္းကမ္းအတိုင္း လိုက္နာေနထိုင္တာကို ဆရာဝန္ေတြက ပိုေက်းဇူးတင္ပါတယ္။ အထူး ဂ႐ုျပဳေနထိုင္ၾကပါ။

Credit to Nay Thway

Unicode

စစ်တွေ အခြေအနေ ( 22.8.2020)

– ဒီမနက်မှာ ၁၆ ယောက် ထပ်တွေ့ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့ အနေအထားပါ။ ကူးနေတဲ့ပိုးက ၁၀ ယောက်မှာ ၆ ယောက်က G614 ပါ။

– စစ်တွေမှာ GeneXpert စက် ၂ လုံးရှိနေသလို Microbiologist တွေလဲ ရောက်နေပါပီ။ အများကြီးတော့ မစစ်နိုင်သေးပါဘူး။ လိုအပ်ရင် ရန်ကုန်ပို့ပီး စစ်ပါမယ်။

– ဗဟိုက အထူးကျွမ်းကျင်သူ ဆရာကြီး ၃ ဦး ရခိုင်ကို ဆင်းပီး အနီးကပ် ကြီးကြပ်နေပါတယ်။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်။ အစိုးရကလဲ ကူညီနိုင်တာတွေ အကုန်လုပ်ပေးနေပါတယ်။

– ရန်ကုန်က သွားရောက် အားဖြည့်မယ့် ဆရာဝန်တွေက ၂၄ ရက်နေ့ကနေစပီး စတင်တာဝန်ထမ်းဆောင်ကြမှာပါ။

– Stay at Home နဲ့ မထိန်းနိုင်ရင် ဒုတိယအဆင့်အနေနဲ့ Lock Down ချဖို့ လူကြီးတွေ စဉ်းစားနေပါတယ်။

– မြန်မာပြည်မှာ နေထိုင်ကြတဲ့ ပြည်ထောင်စုသားအားလုံး တက်ညီလက်ညီ ပါဝင်ကူညီကြပါ။ အငြင်းအခုံတွေ မလုပ်ပဲ အားပေးကြပါ။ အခုဖြစ်နေတာက ကျနော်တို့ တိုင်းပြည်ထဲက ဒေသတခုပဲ ဖြစ်လို့ စိတ်ဝမ်းမကွဲပဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ စည်းလုံးကြပါ။

– ပြည်သူအားလုံး အပြင်သွားရင် Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ လက်ဆေးပါ။ FB ပေါ်မှာပဲ ကြောက်ပြနေလို့ မရပါဘူး။ အပြင်မှာ တကယ်လိုက်နာမှ ရပါမယ်။ မလိုက်နာရင်တော့ အားလုံးဒုက္ခရောက်ကုန်ကြမှာပါ။

– ဒုတိယလှိုင်းက ပိုအရေးကြီးပါတယ်။ လက်ခုတ်တီးပေးတာထက် စည်းကမ်းအတိုင်း လိုက်နာနေထိုင်တာကို ဆရာဝန်တွေက ပိုကျေးဇူးတင်ပါတယ်။ အထူး ဂရုပြုနေထိုင်ကြပါ။

Credit to Nay Thway