ေပ်ာ္႐ႊင္တဲ့ အခ်စ္ေရး တုိင္းမွာ မ႐ွိမျဖစ္လုိအပ္တဲ့ အခ်က္ (၄) ခ်က္…

ေပ်ာ္႐ႊင္တဲ့ အခ်စ္ေရး တုိင္းမွာ မ႐ွိမျဖစ္လုိအပ္တဲ့ အခ်က္ (၄) ခ်က္…

ေပ်ာ္႐ႊင္ခုိင္ျမဲတဲ့ အခ်စ္္ေရးတုိင္းကို လူတုိင္း အားက်တတ္ ၾကပါတယ္။ ဒီလုိ အခ်စ္ေရး ေရ႐ွည္ေပ်ာ္႐ႊင္ခုိင္ျမဲဖို႔ဆုိတာ ကာယကံ႐ွင္ႏွစ္ေယာက္နဲ႔ အမ်ားၾကီး သက္ဆုိင္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈ၊ ခ်စ္ခင္မႈနဲ႔ ခြင့္လႊတ္မႈေတြ ေပါင္းစပ္ႏုိင္မွ ခ်ိဳျမိန္ျပီးလွပတဲ့ ခ်စ္ျခင္းတစ္ခု ျဖစ္လာေစတာပါ။ ေနာက္ျပီး ေပ်ာ္ရႊင္ ခုိင္ျမဲတဲ့ အခ်စ္ေတြျဖစ္လာဖုိ႔ ဒီလုိအခ်က္ေတြလည္း လုိအပ္ပါေသးတယ္ေနာ္ …။

ခ်စ္တယ္ဆုိတဲ့စကားကို သတိတရ ေျပာေပးတတ္တာ”

ခ်စ္သူစံုတြဲေတြက ခ်စ္သူျဖစ္ျပီးသြားရင္ ခ်စ္တယ္ဆိုတဲ့စကားကို သိပ္္မေျပာတတ္ၾကေတာ့ပါဘူး။ ဒါဟာ တကယ္ေတာ့ အခ်စ္ေရးကို တျဖည္းျဖည္း အခ်စ္ေတြေလ်ာ့သြားသလို ခံစားရေစပါတယ္။ ခ်စ္ေနမွန္းသိရင္ျပီးျပီ ခ်စ္တယ္လို႔ ခဏခဏေျပာေနစရာမလုိဘူးလုိ႔ေတာ ့မေတြးလုိက္ပါနဲ႔။ ေပ်ာ္႐ႊင္တဲ့အခ်စ္ေရး တစ္ခုျဖစ္လာဖို႔ ခ်စ္တယ္ဆိုတဲ့စကားလံုးကို မၾကာခဏေျပာေပးသင့္ပါတယ္။ အဲ႔ဒါက ေႏြးေထြးခ်စ္ခင္မႈ ပို႐ွိတဲ့အခ်စ္ေရးတစ္ခု ျဖစ္လာေစလုိ႔ပါပဲ …။

ကိုယ္ပိုင္လြတ္လပ္ခြင့္တယ္ ထား႐ွိတာ”

သူနဲ႔ကိုယ္က ခ်စ္သူေတြဆုိတာ သူ႔ရဲ႕အရာရာကို ကိုယ္ဝင္ေရာက္စြက္ဖက္ပိုင္ခြင့္ ႐ွိေနတာမဟုတ္ပါဘူး။ လူတုိင္းမွာ ကိုယ့္ပိုင္လြတ္လပ္ခြင့္ဆိုတာ႐ွိျပီး ကို္ယ့္ရဲ႕ သီးသန္႔အခ်ိန္ဆိုတာ လိုအပ္္လုိ႔ပါပဲ။ ေပ်ာ္႐ႊင္တဲ့အခ်စ္ေရး တည္ေဆာက္ထားသူေတြ အတြက္ကေတာ့ အခ်စ္ေရးမွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ေတြထား႐ွိထားတတ္ပါတယ္။ ဟို္မသြားရ၊ ဒီမသြားရတာေတြ မ႐ွိသလို အရာရာကို လုိက္မစပ္စုတတ္ပါဘူး။ ကိုယ္သိခြင့္႐ွိရင္ သူကေျပာျပမယ္ဆုိတာမ်ိဳးေပါ့။ ဒါက ခ်စ္သူႏွစ္ေယာက္ၾကားမွာ ထားသင့္တဲ့ ယဥ္ေက်းမႈေလးပါပဲ …။

သူ႔ကို အခ်ိန္ေပးတာ”

ခုေခတ္စံုတြဲေတြ ြျပတ္စဲရျခင္းရဲ႕ အဓိကရ႐ြယ္ခ်က္က အခ်ိန္မေပးႏုိင္လို႔၊ ဒါမွမဟုတ္ အခ်ိန္ၾကာလာတဲဲ့အခါ ဂ႐ုစိုက္ဖုိ႔ေမ့ေလ်ာ့ေနလု႔ိစတဲ့ အေၾကာင္းအရင္းေတြ ပိုမ်ားလာပါတယ္။ ဘယ္ေလာက္ပဲ အလုပ္ေတြမ်ားေနပါေစ ကိုယ္ခ်စ္ရတဲ့သူကို အခ်ိန္ေတာ့ေပးသင့္ပါတယ္ေနာ္။ ခ်စ္သူနဲ႔ တစ္ပတ္တစ္္ခါေလာက္ျဖစ္ျဖစ္ ေအးေအးေဆးေဆး စကားေတြေျပာျပီး ဒိတ္လုပ္တာ၊ ေလွ်ာက္လည္တာစသျဖင့္ ဒါေတြက အခ်စ္ေရးတစ္ခုကို ပိုေလးနက္ အဆင္ေျပေစ ႏိုင္ပါတယ္ …။

အမွတ္တရေတြ ဖန္တီးတာ”

အခ်စ္ေရးဆိုတာကလည္း ေပ်ာ္႐ႊင္စရာေလးေတြ ဖန္္တီးႏုိင္မွ ေရ႐ွည္ မွာအဆင္ေျပႏုိင္တာပါ။ ပ်င္းရိေျခာက္ကပ္ေနတဲ့ ဆက္ဆံေရးၾကီးကို အခ်ိန္အၾကာၾကီး လက္တြဲေနရင္ေတာ့ ဒါက ေပ်ာ္႐ႊင္စရာအခ်စ္ေရးလုိ႔ ဘယ္ေခၚႏုိင္ပါေတာ့မလဲေနာ့္။ ဒီေတာ့ တစ္ခါတစ္ေလ ခ်စ္သူနဲ႔အတူ ခရီးတိုေလးေတြထြက္တာ ခ်စ္သူကိုအခ်ိန္ေပးျပီး အမွတ္္တရေတြဖန္တီးတာမ်ိဳးေတြ လုပ္သင့္ပါတယ္္။ ဒါက အခ်စ္ေရးကို ေပ်ာ္႐ႊင္ခုိင္ျမဲေစတဲ့ လ်ိဳ႕ဝွက္ခ်က္ေတြပါပဲေနာ္ …။ ။

Khin

Unicode

ပျော်ရွှင်တဲ့ အချစ်ရေး တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့ အချက် (၄) ချက်…

ပျော်ရွှင်ခိုင်မြဲတဲ့ အချစ်ရေးတိုင်းကို လူတိုင်း အားကျတတ် ကြပါတယ်။ ဒီလို အချစ်ရေး ရေရှည်ပျော်ရွှင်ခိုင်မြဲဖို့ဆိုတာ ကာယကံရှင်နှစ်ယောက်နဲ့ အများကြီး သက်ဆိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ချစ်ခင်မှုနဲ့ ခွင့်လွှတ်မှုတွေ ပေါင်းစပ်နိုင်မှ ချိုမြိန်ပြီးလှပတဲ့ ချစ်ခြင်းတစ်ခု ဖြစ်လာစေတာပါ။ နောက်ပြီး ပျော်ရွှင် ခိုင်မြဲတဲ့ အချစ်တွေဖြစ်လာဖို့ ဒီလိုအချက်တွေလည်း လိုအပ်ပါသေးတယ်နော် …။

ချစ်တယ်ဆိုတဲ့စကားကို သတိတရ ပြောပေးတတ်တာ”

ချစ်သူစုံတွဲတွေက ချစ်သူဖြစ်ပြီးသွားရင် ချစ်တယ်ဆိုတဲ့စကားကို သိပ်မပြောတတ်ကြတော့ပါဘူး။ ဒါဟာ တကယ်တော့ အချစ်ရေးကို တဖြည်းဖြည်း အချစ်တွေလျော့သွားသလို ခံစားရစေပါတယ်။ ချစ်နေမှန်းသိရင်ပြီးပြီ ချစ်တယ်လို့ ခဏခဏပြောနေစရာမလိုဘူးလို့တော့မတွေးလိုက်ပါနဲ့။ ပျော်ရွှင်တဲ့အချစ်ရေး တစ်ခုဖြစ်လာဖို့ ချစ်တယ်ဆိုတဲ့စကားလုံးကို မကြာခဏပြောပေးသင့်ပါတယ်။ အဲ့ဒါက နွေးထွေးချစ်ခင်မှု ပိုရှိတဲ့အချစ်ရေးတစ်ခု ဖြစ်လာစေလို့ပါပဲ …။

ကိုယ်ပိုင်လွတ်လပ်ခွင့်တယ် ထားရှိတာ”

သူနဲ့ကိုယ်က ချစ်သူတွေဆိုတာ သူ့ရဲ့အရာရာကို ကိုယ်ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ရှိနေတာမဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ့်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိပြီး က်ိုယ့်ရဲ့ သီးသန့်အချိန်ဆိုတာ လိုအပ်လို့ပါပဲ။ ပျော်ရွှင်တဲ့အချစ်ရေး တည်ဆောက်ထားသူတွေ အတွက်ကတော့ အချစ်ရေးမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေထားရှိထားတတ်ပါတယ်။ ဟ်ိုမသွားရ၊ ဒီမသွားရတာတွေ မရှိသလို အရာရာကို လိုက်မစပ်စုတတ်ပါဘူး။ ကိုယ်သိခွင့်ရှိရင် သူကပြောပြမယ်ဆိုတာမျိုးပေါ့။ ဒါက ချစ်သူနှစ်ယောက်ကြားမှာ ထားသင့်တဲ့ ယဉ်ကျေးမှုလေးပါပဲ …။

သူ့ကို အချိန်ပေးတာ”

ခုခေတ်စုံတွဲတွေွပြတ်စဲရခြင်းရဲ့ အဓိကရရွယ်ချက်က အချိန်မပေးနိုင်လို့၊ ဒါမှမဟုတ် အချိန်ကြာလာတဲ့အခါ ဂရုစိုက်ဖို့မေ့လျော့နေလို့စတဲ့ အကြောင်းအရင်းတွေ ပိုများလာပါတယ်။ ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ ကိုယ်ချစ်ရတဲ့သူကို အချိန်တော့ပေးသင့်ပါတယ်နော်။ ချစ်သူနဲ့ တစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် အေးအေးဆေးဆေး စကားတွေပြောပြီး ဒိတ်လုပ်တာ၊ လျှောက်လည်တာစသဖြင့် ဒါတွေက အချစ်ရေးတစ်ခုကို ပိုလေးနက် အဆင်ပြေစေ နိုင်ပါတယ် …။

အမှတ်တရတွေ ဖန်တီးတာ”

အချစ်ရေးဆိုတာကလည်း ပျော်ရွှင်စရာလေးတွေ ဖန်တီးနိုင်မှ ရေရှည် မှာအဆင်ပြေနိုင်တာပါ။ ပျင်းရိခြောက်ကပ်နေတဲ့ ဆက်ဆံရေးကြီးကို အချိန်အကြာကြီး လက်တွဲနေရင်တော့ ဒါက ပျော်ရွှင်စရာအချစ်ရေးလို့ ဘယ်ခေါ်နိုင်ပါတော့မလဲနော့်။ ဒီတော့ တစ်ခါတစ်လေ ချစ်သူနဲ့အတူ ခရီးတိုလေးတွေထွက်တာ ချစ်သူကိုအချိန်ပေးပြီး အမှတ်တရတွေဖန်တီးတာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါက အချစ်ရေးကို ပျော်ရွှင်ခိုင်မြဲစေတဲ့ လျို့ဝှက်ချက်တွေပါပဲနော် …။ ။

Khin