စစ္ေတြက ျပည္သူမ်ား ေခတၱ ေတာင့္ထားၾကပါ တနိုင္ငံလုံးက စစ္ကူေတြ လာေနပါၿပီ

စစ္ေတြက ျပည္သူမ်ား ေခတၱ ေတာင့္ထားၾကပါ တနိုင္ငံလုံးက စစ္ကူေတြ လာေနပါၿပီ

ဒီညမွာလဲ စစ္ေတြမွာ လူနာသစ္ ၁၀ ဦးထပ္ေတြ႕ပါတယ္။

ေစတနာ့ဝန္ထမ္း ဆရာဝန္ေတြ၊ ရန္ကုန္က ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြ မနက္ျဖန္မွာ စစ္ေတြကို သြားေရာက္ပီး ကူညီကုသေပးၾကေတာ့မွာ ျဖစ္ပါတယ္။ စစ္ေဆးဖို႔ စက္ေတြလဲ စစ္ေတြကို ေပးပို႔ထားပါတယ္။ ျမန္ျမန္နဲ႔ မွန္မွန္ စစ္နိုင္ၾကမွာျဖစ္သလို ေဆးသုေတသနကလဲ ပိုးအမ်ိဳးအစားကို ရွာေဖြေနပါတယ္။

အားလုံး စည္းကမ္းေတြကို တိတိက်က် လိုက္နာမွသာ ဒီေရာဂါရဲ့ ဒုတိယလွိုင္းမွာ ရွင္သန္ၾကပါလိမ့္မယ္။ ၁၉၁၈ တုန္းက စပိန္တုပ္ေကြးတုန္းကလဲ ပထမလွိုင္းပီးလို႔ ၆လအၾကာမွာ ထပ္ျဖစ္တဲ့ ဒုတိယလွိုင္းမွာ လူအမ်ားႀကီး ေသဆုံးၾကရပါတယ္။

အထူးသတိထားၾကပါ။ တျပည္လုံး မေပါ့ဆပဲ ေနသင့္ပါတယ္။ စစ္ေတြက လူေတြလဲ အားမေလၽွာ့ပါနဲ႔။ အကူအညီေတြ လာေနၾကပါပီ။ အေကာင္းဆုံးႀကိဳးစားပီး အနိုင္ယူၾကပါမယ္။ Fighting (Nay Thway)

ေစတနာ့ဝန္ထမ္း ေရွ႕တန္းတိုက္စစ္မႉးေတြလည္း လာေနပါၿပီ

စစ္ေတြၿမိဳ႕ရွိ ကိုဗစ္ လူနာမ်ားကို ေဆးကုသေပးရန္ ဆႏၵအေလ်ာက္ အဆိုျပဳလာသည့္ ဆရာဝန္မ်ားကို စစ္ေတြျပည္သူ႔ ေဆး႐ုံႀကီးတြင္ တြဲဖက္တာဝန္ ခ်ထားေပးခဲ့ေၾကာင္း သိရသည္။

ဆႏၵအေလ်ာက္ အဆိုျပဳလာသည့္ ဆရာဝန္မ်ားမွာ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးမွ လက္ေထာက္ဆရာဝန္ (ေမ့ေဆး) ေဒါက္တာေက်ာ္စိုးဦး၊ ခုတင္(၅၅၀)ဆံ့ ကေလးေဆး႐ုံႀကီး (ရန္ကင္း) မွ လက္ေထာက္ဆရာဝန္ (ေမ့ေဆး) မ်ားျဖစ္ေသာ ေဒါက္တာေက်ာ္မင္းသာႏွင့္ ေဒါက္တာတင္ျမတ္ထြန္း တို႔ျဖစ္ေၾကာင္း သိရသည္။

ျမန္မာနိုင္ငံတြင္ ကိုဗစ္ စတင္ျဖစ္ပြားခဲ့စဥ္ အခ်ိန္ကလည္း ထိုကဲ့သို႔ ဆႏၵအေလ်ာက္ အဆိုျပဳလာသည့္ ဆရာဝန္မ်ားစြာ ရွိခဲ့ၿပီး အဆိုပါဆရာဝန္မ်ားကို လိုအပ္ခ်က္ရွိေသာ ေဆး႐ုံမ်ားတြင္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက တြဲဖက္တာဝန္ ခ်ထားေပးခဲ့သည္။

တပ္မေတာ္ကလည္း ကူညီၿပီ

ရခိုင္ျပည္နယ္အတြင္း Coronavirus Disease 2019(ကိုဗစ္) ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေတြ႕ရွိမႈမ်ား ပိုမိုမ်ားျပားလာၿပီး ေရာဂါကူးစက္ျပန႔္ႏွံ့မႈကို ပိုမိုထိေရာက္စြာ ထိန္းခ်ဳပ္နိုင္ေရးအတြက္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္တြင္ ေနထိုင္သည့္ ျပည္သူမ်ားအေနျဖင့္ ေနအိမ္တြင္ေနထိုင္ေရး (Stay at Home) အစီအစဥ္တြင္ အက်ဳံးဝင္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ဩဂုတ္ ၂၀ ရက္ ညပိုင္းတြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္အတြင္း (ကိုဗစ္) ေရာဂါေတြ႕ရွိရမႈ အေျခအေနမ်ားသည္ ေရာဂါလကၡဏာမျပဘဲ ေရာဂါပိုးသယ္ေဆာင္သူမ်ားမွတစ္ဆင့္ ျပည္သူမ်ားအၾကား တိတ္တဆိတ္ေရာဂါျပန႔္ႏွံ့မႈျဖစ္ပြားၿပီး ထိန္းခ်ဳပ္ရန္ခက္ခဲေသာ ေရာဂါျဖစ္ပြားမႈ ဒုတိယလွိုင္းအျဖစ္ ေပၚေပါက္လာနိုင္ေၾကာင္း သုံးသပ္ေတြ႕ရွိရပါသည္။

ေရာဂါျဖစ္ပြားမႈ ဒုတိယလွိုင္းအႏၲရာယ္ မျဖစ္ေပၚေစေရး ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳနိုင္ရန္အတြက္ တပ္မေတာ္က လႉဒါန္းေသာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးအေထာက္ အကူျပဳေဆးပစၥည္းမ်ားကို ယေန႔ညေနပိုင္းတြင္ တပ္မေတာ္ေလယာဥ္ျဖင့္ စစ္ေတြၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့သည္။

ထိုသို႔ပို႔ေဆာင္ရာတြင္ Surgical Mask ၆၀၀၀၀၀ ခု၊ (PPE) ဝတ္စုံ ၂၅၀၀ စုံ၊ N95 Mask၂၅၀၀ ခု၊ Goggles ၂၅၀၀ ခု၊ Examination Glove ၄၀၀၀ ခု၊ Surgical Glove ၃၀၀၀ ခု၊ Face Shield ၂၀၀ ခု၊ Hand Gel ၇၀၀ ဘူး၊ Hand Sanitizer ၂၀၀ ဘူး၊ Non Contact Infrared Thermometer ၄၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Sodium Hypochloride (15 L) ၁၀ ပုံး၊ ေဆးဖ်န္းပုံး ၅ ပုံး၊ OT Gown ၂၀၀၀ စုံ၊ OT Cap ၂၀၀၀ စုံ၊ Biosafety Cabinet Unit ၁ လုံးႏွင့္ Test Kit ၂၀၀ ေခ်ာင္းတို႔ကို ေနျပည္ေတာ္ေလဆိပ္မွတစ္ဆင့္ တပ္မေတာ္ေလယာဥ္ျဖင့္ စစ္ေတြၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့သည္။

၎ပစၥည္းမ်ားကို စစ္ေတြတပ္နယ္မွ ဗိုလ္မႉးႀကီး သက္နိုင္ဦးႏွင့္ တာဝန္ရွိသူမ်ားက စစ္ေတြေလဆိပ္၌ လႊဲေျပာင္းလက္ခံရယူသည္။

ထို႔ေနာက္ စစ္ေတြခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ သြားေရာက္၍ စစ္ေတြၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအတြက္ တပ္မေတာ္က ေပးပို႔လႉဒါန္းေသာ Surgical Mask ၅၀၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ္စုံ ၁၀၀၀ စုံ၊ N95 Mask ၁၀၀၀ ခု၊ Goggles ၁၀၀၀ ခု၊ Examination Glove ၁၀၀၀ ခု၊ Face Shield ၁၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ Non Contact Infrared Thermometer ၂၀ ခုတို႔ကို ေပးအပ္လႉဒါန္းရာ စစ္ေတြခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျမင့္ဦး ႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရယူခဲေၾကာင္းတပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကထုတ္ျပန္လိုက္သည္။

crd

Unicode

စစ်တွေက ပြည်သူများ ခေတ္တ တောင့်ထားကြပါ တနိုင်ငံလုံးက စစ်ကူတွေ လာနေပါပြီ

ဒီညမှာလဲ စစ်တွေမှာ လူနာသစ် ၁၀ ဦးထပ်တွေ့ပါတယ်။

စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ ရန်ကုန်က ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မနက်ဖြန်မှာ စစ်တွေကို သွားရောက်ပီး ကူညီကုသပေးကြတော့မှာ ဖြစ်ပါတယ်။ စစ်ဆေးဖို့ စက်တွေလဲ စစ်တွေကို ပေးပို့ထားပါတယ်။ မြန်မြန်နဲ့ မှန်မှန် စစ်နိုင်ကြမှာဖြစ်သလို ဆေးသုတေသနကလဲ ပိုးအမျိုးအစားကို ရှာဖွေနေပါတယ်။

အားလုံး စည်းကမ်းတွေကို တိတိကျကျ လိုက်နာမှသာ ဒီရောဂါရဲ့ ဒုတိယလှိုင်းမှာ ရှင်သန်ကြပါလိမ့်မယ်။ ၁၉၁၈ တုန်းက စပိန်တုပ်ကွေးတုန်းကလဲ ပထမလှိုင်းပီးလို့ ၆လအကြာမှာ ထပ်ဖြစ်တဲ့ ဒုတိယလှိုင်းမှာ လူအများကြီး သေဆုံးကြရပါတယ်။

အထူးသတိထားကြပါ။ တပြည်လုံး မပေါ့ဆပဲ နေသင့်ပါတယ်။ စစ်တွေက လူတွေလဲ အားမလျှော့ပါနဲ့။ အကူအညီတွေ လာနေကြပါပီ။ အကောင်းဆုံးကြိုးစားပီး အနိုင်ယူကြပါမယ်။ Fighting (Nay Thway)

စေတနာ့ဝန်ထမ်း ရှေ့တန်းတိုက်စစ်မှူးတွေလည်း လာနေပါပြီ

စစ်တွေမြို့ရှိ ကိုဗစ် လူနာများကို ဆေးကုသပေးရန် ဆန္ဒအလျောက် အဆိုပြုလာသည့် ဆရာဝန်များကို စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် တွဲဖက်တာဝန် ချထားပေးခဲ့ကြောင်း သိရသည်။

ဆန္ဒအလျောက် အဆိုပြုလာသည့် ဆရာဝန်များမှာ ဗဟိုအမျိုးသမီးဆေးရုံကြီးမှ လက်ထောက်ဆရာဝန် (မေ့ဆေး) ဒေါက်တာကျော်စိုးဦး၊ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း) မှ လက်ထောက်ဆရာဝန် (မေ့ဆေး) များဖြစ်သော ဒေါက်တာကျော်မင်းသာနှင့် ဒေါက်တာတင်မြတ်ထွန်း တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် စတင်ဖြစ်ပွားခဲ့စဉ် အချိန်ကလည်း ထိုကဲ့သို့ ဆန္ဒအလျောက် အဆိုပြုလာသည့် ဆရာဝန်များစွာ ရှိခဲ့ပြီး အဆိုပါဆရာဝန်များကို လိုအပ်ချက်ရှိသော ဆေးရုံများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တွဲဖက်တာဝန် ချထားပေးခဲ့သည်။

တပ်မတော်ကလည်း ကူညီပြီ

ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019(ကိုဗစ်) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ ပိုမိုများပြားလာပြီး ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဩဂုတ် ၂၀ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း (ကိုဗစ်) ရောဂါတွေ့ရှိရမှု အခြေအနေများသည် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူများမှတစ်ဆင့် ပြည်သူများအကြား တိတ်တဆိတ်ရောဂါပြန့်နှံ့မှုဖြစ်ပွားပြီး ထိန်းချုပ်ရန်ခက်ခဲသော ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က လှူဒါန်းသော ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအထောက် အကူပြုဆေးပစ္စည်းများကို ယနေ့ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ပို့ဆောင်ရာတွင် Surgical Mask ၆၀၀၀၀၀ ခု၊ (PPE) ဝတ်စုံ ၂၅၀၀ စုံ၊ N95 Mask၂၅၀၀ ခု၊ Goggles ၂၅၀၀ ခု၊ Examination Glove ၄၀၀၀ ခု၊ Surgical Glove ၃၀၀၀ ခု၊ Face Shield ၂၀၀ ခု၊ Hand Gel ၇၀၀ ဘူး၊ Hand Sanitizer ၂၀၀ ဘူး၊ Non Contact Infrared Thermometer ၄၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Sodium Hypochloride (15 L) ၁၀ ပုံး၊ ဆေးဖျန်းပုံး ၅ ပုံး၊ OT Gown ၂၀၀၀ စုံ၊ OT Cap ၂၀၀၀ စုံ၊ Biosafety Cabinet Unit ၁ လုံးနှင့် Test Kit ၂၀၀ ချောင်းတို့ကို နေပြည်တော်လေဆိပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။

၎င်းပစ္စည်းများကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ လွှဲပြောင်းလက်ခံရယူသည်။

ထို့နောက် စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ စစ်တွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်က ပေးပို့လှူဒါန်းသော Surgical Mask ၅၀၀၀၀၀ ခု၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀၀ စုံ၊ N95 Mask ၁၀၀၀ ခု၊ Goggles ၁၀၀၀ ခု၊ Examination Glove ၁၀၀၀ ခု၊ Face Shield ၁၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ Non Contact Infrared Thermometer ၂၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး နှင့် တာဝန်ရှိသူများက လက်ခံရယူခဲကြောင်းတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်လိုက်သည်။

crd