ရက္စက္လြန္းတဲ့ ကံၾကမၼာ သားေ႐ႊအိုးထမ္းလာတာ မျမင္ႏိုင္႐ွာေတာ့ဘူး အေမ…

ရက္စက္လြန္းတဲ့ ကံၾကမၼာ သားေ႐ႊအိုးထမ္းလာတာ မျမင္ႏိုင္႐ွာေတာ့ဘူး အေမ…

အမ်ားႏွင့္မသက္ဆိုင္ေသာသူ ကံၾကမၼာ ေလယူအယိမ္းက တမင္ သူစိမ္းလို႔ ဇာတ္သိမ္းေတြလဲမလွခဲ့ၿပီ …။

ေၾသာ္ ငါတို႔တေတြက ဆာလို႔ေနၾကတဲ့ မိသားစုအတြက္ ႐ွာလို႔ေဖြၾကတာေလ …။

ကံၾကမၼာရယ္ ရက္စက္ေလျခင္း …။

ေနညိဳ ၿပီမို႔ အေမအိုလည္း ေမ်ွာ္ေနေရာ့ေပါ့သား ေရႊအိုး ထမ္း မလာႏိုင္ေတာ့ဘူး အေမ …။

ေျမစာပုံေတြက သားခႏၵာကို ဝါးၿမိဳေနၾကၿပီ မမေရ…ညီမေလးကို ဂ႐ုစိုက္ေနာ္ …။

ေက်ာင္းကိုလဲ မွန္မွန္သြားခိုင္း။ ပညာတတ္ႀကီးျဖစ္ပါေစ ကိုႀကီး ေရ႕ ညီေလးကိုလည္း သြန္သင္ လမ္းျပေနာ္။ ဖားကန္႔ကို မလာေစနဲ႔ …။

အေမ့ကိုလည္း ဝိုင္းၿပီး ဂ႐ုစိုက္လိုက္ၾကဦးေနာ္။ အေမက အသက္ႀကီးၿပီ …။

ငါကေတာ့ အားလုံးနဲ႔ မသက္ဆိုင္ေသာသူအျဖစ္ ခရီးဆက္ရပါေတာ့မယ္။ ကံၾကမၼာ ရဲ႕ ေစၫႊန္ရာေပါ့ …။

တည္မေပးလိုက္ႏိုင္ခဲ့တဲ့ အိမ္သာတစ္လုံးနဲ႔ ငါဝယ္မေပးႏိုင္ခဲ့တဲ့ ဆိုလာ တစ္ခ်ပ္အတြက္လည္း ခြင့္လြတ္ေပးဖို႔ ေျမစာပုံေအာက္ကေနပဲ ေတာင္းပန္လိုက္ပါရေစ …။

ဘယ္သူမျပဳ မိမိမႈ မို႔ဘယ္သူကိုမွ အျပစ္မတင္ေတာ့ပါဘူး။ အစိုးရကိုလည္း ေက်းဇူးတင္တယ္ …။

ထမင္းေကြၽးထားတဲ့ ေလာပန္းကိုလည္း ေက်းဇူးတင္တယ္ …။

ကံၾကမၼာ ကိုပဲ ႐ိုးမယ္ဖဲြ႔ပါတယ္ တိမ္ရင္ တစ္ခ်က္နက္ရင္ တစ္ေဂၚ ဆိုတဲ့ စကားကိုလဲ မၾကားရဲေတာ့ပါဘူး …။

ငါသြားပါေတာ့မယ္ ဘယ္နားမွာေရာက္ေနခဲ့မွန္းေတာင္မသိတဲ့ ငါရဲ႕ စိန္တူတစ္လက္နဲ႔

ဓာတ္မီးတခ်က္ကိုသာ ေတြ႔ခဲ့ရင္ အေမအိုထံ အေရာက္ပို႔ေပးပါဦးလို႔ …။ ။

( ဟန္မင္းသူ အစား ေရးဖြဲ႔သည္)

ဦးၿဖိဳးေဝ(စိတ္ပညာ)

#Photo Crd

Unicode

ရက်စက်လွန်းတဲ့ ကံကြမ္မာ သားရွှေအိုးထမ်းလာတာ မမြင်နိုင်ရှာတော့ဘူး အမေ…

အများနှင့်မသက်ဆိုင်သောသူ ကံကြမ္မာ လေယူအယိမ်းက တမင် သူစိမ်းလို့ ဇာတ်သိမ်းတွေလဲမလှခဲ့ပြီ …။

သြော် ငါတို့တတွေက ဆာလို့နေကြတဲ့ မိသားစုအတွက် ရှာလို့ဖွေကြတာလေ …။

ကံကြမ္မာရယ် ရက်စက်လေခြင်း …။

နေညို ပြီမို့ အမေအိုလည်း မျှော်နေရော့ပေါ့သား ရွှေအိုး ထမ်း မလာနိုင်တော့ဘူး အမေ …။

မြေစာပုံတွေက သားခန္ဒာကို ဝါးမြိုနေကြပြီ မမရေ…ညီမလေးကို ဂရုစိုက်နော် …။

ကျောင်းကိုလဲ မှန်မှန်သွားခိုင်း။ ပညာတတ်ကြီးဖြစ်ပါစေ ကိုကြီး ရေ့ ညီလေးကိုလည်း သွန်သင် လမ်းပြနော်။ ဖားကန့်ကို မလာစေနဲ့ …။

အမေ့ကိုလည်း ဝိုင်းပြီး ဂရုစိုက်လိုက်ကြဦးနော်။ အမေက အသက်ကြီးပြီ …။

ငါကတော့ အားလုံးနဲ့ မသက်ဆိုင်သောသူအဖြစ် ခရီးဆက်ရပါတော့မယ်။ ကံကြမ္မာ ရဲ့ စေညွှန်ရာပေါ့ …။

တည်မပေးလိုက်နိုင်ခဲ့တဲ့ အိမ်သာတစ်လုံးနဲ့ ငါဝယ်မပေးနိုင်ခဲ့တဲ့ ဆိုလာ တစ်ချပ်အတွက်လည်း ခွင့်လွတ်ပေးဖို့ မြေစာပုံအောက်ကနေပဲ တောင်းပန်လိုက်ပါရစေ …။

ဘယ်သူမပြု မိမိမှု မို့ဘယ်သူကိုမှ အပြစ်မတင်တော့ပါဘူး။ အစိုးရကိုလည်း ကျေးဇူးတင်တယ် …။

ထမင်းကျွေးထားတဲ့ လောပန်းကိုလည်း ကျေးဇူးတင်တယ် …။

ကံကြမ္မာ ကိုပဲ ရိုးမယ်ဖွဲ့ပါတယ် တိမ်ရင် တစ်ချက်နက်ရင် တစ်ဂေါ် ဆိုတဲ့ စကားကိုလဲ မကြားရဲတော့ပါဘူး …။

ငါသွားပါတော့မယ် ဘယ်နားမှာရောက်နေခဲ့မှန်းတောင်မသိတဲ့ ငါရဲ့ စိန်တူတစ်လက်နဲ့

ဓာတ်မီးတချက်ကိုသာ တွေ့ခဲ့ရင် အမေအိုထံ အရောက်ပို့ပေးပါဦးလို့ …။ ။

( ဟန်မင်းသူ အစား ရေးဖွဲ့သည်)

ဦးဖြိုးဝေ(စိတ်ပညာ)