ကိုယ့္ဘဝကိုယ္ ဖ်က္ဆီးေနမိေၾကာင္း သိႏိုင္တဲ့အခ်က္မ်ား

ကိုယ့္ဘဝကိုယ္ ဖ်က္ဆီးေနမိေၾကာင္း သိႏိုင္တဲ့အခ်က္မ်ား

တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ သင့္ဘဝထဲက ဘယ္အရာအေပၚမွာမွ စိတ္အားထက္သန္မႈမ႐ွိေတာ့ေၾကာင္း သိလိုက္ရတာမ်ိဳး မျဖစ္ခ်င္ဘူးဆိုရင္ ဒီေဆာင္းပါးေလးကို ဖတ္ေပးပါ။

ၿပီးေတာ့ တခ်ိဳ႕ေသာ အေလ့အက်င့္ဆိုးေတြကို ေ႐ွာင္႐ွားလိုက္ပါ။

(1) မိမိကိုယ္ကို တျခားသူေတြနဲ႔ ႏိႈင္းယွဥ္းျခင္း

ႏိႈင္းယွဥ္တာက ျပႆနာမ႐ွိပါဘူး။ ဒါေပမယ့္ တျခားသူေတြရဲ႕အားသာခ်က္ေတြနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ အားနည္းခ်က္ေတြကိုပဲ ႏိႈင္းယွဥ္ေနတယ္ဆိုရင္ေတာ့ ဒါကျပသာနာပါ။ ဒီလိုႏိႈင္းယွဥ္မူေတြကေန ဂုဏ္သိကၡာေတြ၊ စိတ္အားထက္သန္မႈေတြကိုသာ ဆုံး႐ႈံးလိုက္ရတက္ပါတယ္။

ကြၽန္ေတာ္တို႔က တျခားသူေတြနဲ႔ အၿမဲႏိႈင္းယွဥ္ေနေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ေအာင္ျမင္မႈေတြကလည္း ကြၽန္ေတာ္တို႔ကို မကူညီႏိုင္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ရဲ႕စြမ္းအင္ေတြကိုလည္း ကြၽန္ေတာ္တို႔ ျဖဳန္းပစ္မိတယ္။ ႏိႈင္းယွဥ္လိုက္လို႔လည္း ကြၽန္ေတာ္တို႔ မေပ်ာ္ရဘူး။ လူတစ္ေယာက္ခ်င္းစီက တန္ဖိုး႐ွိပါတယ္။ မတူကြဲျပားတဲ့လူေတြကို ႏိႈင္းယွဥ္လို႔မရပါဘူး။

(2) အတိတ္ကအမွားေတြကို ခြင့္မလႊတ္ႏိုင္တာ

ကြၽန္ေတာ္တို႔ဘဝမွာ ျပန္မေတြးခ်င္တဲ့ အတိတ္တစ္ခ်ိဳ႕႐ွိပါတယ္။ သစၥာေဖာက္ခံရတာ၊ ေစာ္ကားခံရတာ စသည္ျဖင့္ေပါ့။ အဲဒီအတိတ္ဆိုးေတြေၾကာင့္ သင့္ရဲ႕ကိုယ့္ကိုယ္ကိုယ္တန္ဖိုးထားမႈကို မထိခိုက္ပါေစနဲ႔။

အဲဒါက သင့္ကိုယ္သင္ ဖ်က္ဆီးေနတာပါပဲ။ ေမ့ပစ္လိုက္ပါ၊ခြင့္လႊတ္လိုက္ပါ။ အတိတ္ကို အတိတ္မွာပဲ ခ်န္ထားခဲ့ပါ။ လက္႐ွိပစၥဳပၸန္မွာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားၿပီးေနထိုင္ေပးပါ။

(3) ခံစားခ်က္ေတြကို မေဖာ္ျပတာ

လူအမ်ားစုဟာ ဘဝမွာ အခက္အခဲေတြ ၾကဳံလာခဲ့ရၿပီးရင္ တည္ၿငိမ္သြားတတ္ၾကတယ္။ လူသစ္ေတြနဲ႔ ၾကဳံရတဲ့အခါလည္း တစ္ခုခုေျပာလိုက္လို႔ အမွားအယြင္းျဖစ္သြားမွာစိုးလို႔ မေျပာၾကေတာ့ဘူး။ ခံစားခ်က္ေတြကို ေဖာ္ျပတဲ့အခါ အားငယ္တယ္လို႔ အထင္ခံရမွာ ေၾကာက္ၾကတယ္။ တကယ္ေတာ့ အားငယ္တယ္ဆိုတာဟာလည္း မေကာင္းတဲ့အရာတစ္ခုေတာ့မဟုတ္ပါဘူး။

လူေတြဆီကို ရင္ဖြင့္ဖို႔ မေၾကာက္႐ြံ႕ပါနဲ႔။ ခ်စ္လိုက္ပါ။ အခ်စ္မွာ သတၱိေတြ လိုအပ္ပါတယ္။ တကယ္ေတာ့ သင့္ခံစားခ်က္ေတြဟာ ေဖာ္ျပဖို႔ ထိုက္တန္တယ္ဆိုတာ သိလာပါလိမ့္မယ္။

(4) မွားယြင္းတဲ့လူေတြကို အနားမွာထားထားတာ

ကြၽန္ေတာ္တို႔က တစ္ေယာက္တည္းေနရမွာကို ေၾကာက္ၾကတယ္။ တကယ္ေတာ့ တစ္ေယာက္တည္းေနျခင္းက အရမ္းကို အက်ိဳး႐ွိတယ္ဆိုတာ မသိၾကေသးလို႔ပါ။ မိမိအနားမွာ အေရးမပါတဲ့လူေတြ ဝိုင္းရံေနမယ့္အစား တစ္ေယာက္ထဲေနၾကည့္ပါ။

တစ္ေယာက္တည္းေနျခင္းအားျဖင့္ ကြၽန္ေတာ္တို႔က ကိုယ့္ကိုယ္ကိုယ္ပိုသိလာတယ္။ ကြၽန္ေတာ္တို႔ ဘာကို အမွန္တကယ္လိုခ်င္သလဲဆိုတာကိုလည္း သိလာတယ္။ အရာရာတိုင္းမွာကေတာ့ အက်ိဳးနဲ႔အျပစ္႐ွိတာပဲ။ အထီးက်န္ျခင္းလည္း အတူတူပဲေပါ့။

Unicode

ကိုယ့်ဘဝကိုယ် ဖျက်ဆီးနေမိကြောင်း သိနိုင်တဲ့အချက်များ

တစ်နေ့နေ့တစ်ချိန်ချိန်မှာ သင့်ဘဝထဲက ဘယ်အရာအပေါ်မှာမှ စိတ်အားထက်သန်မှုမရှိတော့ကြောင်း သိလိုက်ရတာမျိုး မဖြစ်ချင်ဘူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ပေးပါ။

ပြီးတော့ တချို့သော အလေ့အကျင့်ဆိုးတွေကို ရှောင်ရှားလိုက်ပါ။

(1) မိမိကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်းခြင်း

နှိုင်းယှဉ်တာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားသူတွေရဲ့အားသာချက်တွေနဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကိုပဲ နှိုင်းယှဉ်နေတယ်ဆိုရင်တော့ ဒါကပြသာနာပါ။ ဒီလိုနှိုင်းယှဉ်မူတွေကနေ ဂုဏ်သိက္ခာတွေ၊ စိတ်အားထက်သန်မှုတွေကိုသာ ဆုံးရှုံးလိုက်ရတက်ပါတယ်။

ကျွန်တော်တို့က တခြားသူတွေနဲ့ အမြဲနှိုင်းယှဉ်နေတော့ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကလည်း ကျွန်တော်တို့ကို မကူညီနိုင်တော့ဘူး။ ကျွန်တော်တို့ရဲ့စွမ်းအင်တွေကိုလည်း ကျွန်တော်တို့ ဖြုန်းပစ်မိတယ်။ နှိုင်းယှဉ်လိုက်လို့လည်း ကျွန်တော်တို့ မပျော်ရဘူး။ လူတစ်ယောက်ချင်းစီက တန်ဖိုးရှိပါတယ်။ မတူကွဲပြားတဲ့လူတွေကို နှိုင်းယှဉ်လို့မရပါဘူး။

(2) အတိတ်ကအမှားတွေကို ခွင့်မလွှတ်နိုင်တာ

ကျွန်တော်တို့ဘဝမှာ ပြန်မတွေးချင်တဲ့ အတိတ်တစ်ချို့ရှိပါတယ်။ သစ္စာဖောက်ခံရတာ၊ စော်ကားခံရတာ စသည်ဖြင့်ပေါ့။ အဲဒီအတိတ်ဆိုးတွေကြောင့် သင့်ရဲ့ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို မထိခိုက်ပါစေနဲ့။

အဲဒါက သင့်ကိုယ်သင် ဖျက်ဆီးနေတာပါပဲ။ မေ့ပစ်လိုက်ပါ၊ခွင့်လွှတ်လိုက်ပါ။ အတိတ်ကို အတိတ်မှာပဲ ချန်ထားခဲ့ပါ။ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေထိုင်ပေးပါ။

(3) ခံစားချက်တွေကို မဖော်ပြတာ

လူအများစုဟာ ဘဝမှာ အခက်အခဲတွေ ကြုံလာခဲ့ရပြီးရင် တည်ငြိမ်သွားတတ်ကြတယ်။ လူသစ်တွေနဲ့ ကြုံရတဲ့အခါလည်း တစ်ခုခုပြောလိုက်လို့ အမှားအယွင်းဖြစ်သွားမှာစိုးလို့ မပြောကြတော့ဘူး။ ခံစားချက်တွေကို ဖော်ပြတဲ့အခါ အားငယ်တယ်လို့ အထင်ခံရမှာ ကြောက်ကြတယ်။ တကယ်တော့ အားငယ်တယ်ဆိုတာဟာလည်း မကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။

လူတွေဆီကို ရင်ဖွင့်ဖို့ မကြောက်ရွံ့ပါနဲ့။ ချစ်လိုက်ပါ။ အချစ်မှာ သတ္တိတွေ လိုအပ်ပါတယ်။ တကယ်တော့ သင့်ခံစားချက်တွေဟာ ဖော်ပြဖို့ ထိုက်တန်တယ်ဆိုတာ သိလာပါလိမ့်မယ်။

(4) မှားယွင်းတဲ့လူတွေကို အနားမှာထားထားတာ

ကျွန်တော်တို့က တစ်ယောက်တည်းနေရမှာကို ကြောက်ကြတယ်။ တကယ်တော့ တစ်ယောက်တည်းနေခြင်းက အရမ်းကို အကျိုးရှိတယ်ဆိုတာ မသိကြသေးလို့ပါ။ မိမိအနားမှာ အရေးမပါတဲ့လူတွေ ဝိုင်းရံနေမယ့်အစား တစ်ယောက်ထဲနေကြည့်ပါ။

တစ်ယောက်တည်းနေခြင်းအားဖြင့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ်ပိုသိလာတယ်။ ကျွန်တော်တို့ ဘာကို အမှန်တကယ်လိုချင်သလဲဆိုတာကိုလည်း သိလာတယ်။ အရာရာတိုင်းမှာကတော့ အကျိုးနဲ့အပြစ်ရှိတာပဲ။ အထီးကျန်ခြင်းလည်း အတူတူပဲပေါ့။