အရင္ထက္ ၁၀ ဆ ကူးစက္ျမန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ျမန္မာတြင္ေတြ႕႐ွိ…

အရင္ထက္ ၁၀ ဆ ကူးစက္ျမန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုး ျမန္မာတြင္ေတြ႕႐ွိ…

အရင္ထက္ ၁၀ ဆ ကူးစက္ျမန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးကို ျမန္မာႏိုင္ငံမွာ ေတြ႕ေနရၿပီျဖစ္လို႔ ျပည္သူေတြ အထူးသတိထားဖို႔ လိုတယ္လို႔ ေဆးသုေတသနဦးစီး တာဝန္ရွိသူေတြက ေသတိေပးေျပာၾကားလိုက္ပါတယ္ ……။

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ စတင္ျဖစ္တုန္းက D614 မ်ိဳးဗီဇ ကူးစက္တာျဖစ္ခဲ့ၿပီး ေမ ၇ ရက္ေန႔ေနာက္ပိုင္းကစလို႔ G614 မ်ိဳးဗီဇ ကူးစက္မႈေတြ႕ရွိခဲ့ရတယ္လို႔ ဒီေန႔ ေဆးသုေတသနဦးစီးမွာ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာပါ …။

ေဆးသုေတသနဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာျမတ္ထြဋ္ၫြန႔္က “D614 ကေန G614 မ်ိဳးဗီဇေျပာင္းသြားမယ္ဆိုရင္ ေရာဂါကူးစက္ေစႏိုင္မႈက ဆယ္ဆအထိ ပိုမ်ားျပားေစပါတယ္…G614 အမ်ိဳးအစားအျဖစ္ ေျပာင္းလဲလာမယ္ဆိုရင္ ကိုဗစ္ဒုတိယလႈိင္း ျဖစ္ႏိုင္ေခ် ပိုမ်ားေစႏိုင္တယ္…

ကူးစက္မႈျမင့္မားေနတဲ့ အိႏၵိယႏိုင္ငံနဲ႔ ကိုဗစ္ဒုတိယလႈိင္းျဖစ္ေပၚေနတဲ့ ႏိုင္ငံေတြမွာ G614 ဗီဇေျပာင္းလဲေနတဲ့ ပိုးေတြကို ပိုျပီး ေတြ႕လာရပါတယ္…

ဒါေၾကာင့္ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ေကာ္မတီကေန ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ မျဖစ္မေန လိုအပ္ပါတယ္”လို႔ ေျပာပါတယ္ …..။

အရင္က ျပည္တြင္းကူးစက္တာေတြရဲ႕ ဓာတ္ခြဲနမူနာ ၅ ခုမွာ တခုပဲ G614 မ်ိဳးဗီဇကို ေတြ႕ရွိခဲ့တာေၾကာင့္ ျပည္တြင္းကူးစက္တာနည္းခဲ့တာပါ။ျပည္တြင္းကူးစက္မႈျဖစ္ေပၚခဲ့တဲ့ လူနာေတြနဲ႔ ႏိုင္ငံျခားက ျပန္ဝင္လာၿပီး ပိုးေတြ႕တဲ့လူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကို စိစစ္ၿပီး SARS-COV-2 ရဲ႕ မ်ိဳး႐ိုးဗီဇတခုလုံးကို အဆင့္ျမင့္ မ်ိဳးဗီဇစစ္ေဆးစက္ (Next Generation Sequencing)နဲ႔ ေလ့လာခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္ …။

“မ်ိဳးဗီဇ စစ္ေဆးတဲ့ ၁၀ ခုထဲမွာ ၆ ခုဟာ D ကေန G ကို ေျပာင္းလဲသြားတာကို ေတြ႕ရပါတယ္။ စိတ္ဝင္စားဖို႔ ေကာင္းတာကေတာ့ ေမလေနာက္ပိုင္းယူတဲ့ နမူနာေတြမွာပဲ ေျပာင္းတာကို ေတြ႕ရပါတယ္” လို႔ ေဒါက္တာျမတ္ထြဋ္ၫြန႔္က ေျပာပါတယ္ …။

ကမာၻတဝန္းမွာလည္း ကိုဗစ္-၁၉ စတင္ကူးစက္တုန္းက D614 မ်ိဳးဗီဇ ကူးစက္တာ ျဖစ္ခဲ့ေပမယ့္ ေဖေဖာ္ဝါရီလေလာက္ကစၿပီး G614 မ်ိဳးဗီဇ အသြင္ေျပာင္းၿပီး ကူးစက္ပ်ံ႕ႏွံ႔ခဲ့ တာပဲ ျဖစ္ပါတယ္ …။

အခုေနာက္ပိုင္း ျပည္ပကျပန္လာသူေတြရဲ႕ ဓာတ္ခြဲနမူနာအမ်ားစုမွာ G614 အမ်ိဳးအစားေတြ႕ရွိ လာတာေၾကာင့္ အဲ့ဒီပိုးကေန ျပည္တြင္းကူးစက္မႈ ျဖစ္ပြားလာမယ္ဆိုရင္ ကိုဗစ္ဒုတိယလႈိင္း ျဖစ္ေပၚလာႏိုင္တဲ့အတြက္ ျပည္သူေတြ အထူးသတိထားဖို႔ လိုအပ္တယ္လို႔ ေဆးသုေတသနဦးစီးဌာနက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္ …။

ျပည္တြင္းကူးစက္မႈ မရွိတာ တလေက်ာ္ၾကာၿပီးတဲ့ေနာက္ပိုင္း ၾသဂုတ္ ၁၆ ရက္မွာ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ ေတြ႕ခဲ့ရၿပီး မ်ိဳးဗီဇကို စစ္ေဆးသြားဖို႔ လုပ္ေနပါတယ္ …။

ၾသဂုတ္ ၂၀ ရက္ေန႔မနက္ပိုင္းအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္ခံရသူ ၃၉၆ ေယာက္ရွိၿပီး ေဆး႐ုံက ဆင္းခြင့္ရသူ ၃၂၉ ေယာက္ ရိွျပီပဲ ျဖစ္ပါတယ္ …။ ။

ဒီဗြီဘီ

Unicode

အရင်ထက် ၁၀ ဆ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာတွင်တွေ့ရှိ…

အရင်ထက် ၁၀ ဆ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို မြန်မာနိုင်ငံမှာ တွေ့နေရပြီဖြစ်လို့ ပြည်သူတွေ အထူးသတိထားဖို့ လိုတယ်လို့ ဆေးသုတေသနဦးစီး တာဝန်ရှိသူတွေက သေတိပေးပြောကြားလိုက်ပါတယ် …။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်တုန်းက D614 မျိုးဗီဇ ကူးစက်တာဖြစ်ခဲ့ပြီး မေ ၇ ရက်နေ့နောက်ပိုင်းကစလို့ G614 မျိုးဗီဇ ကူးစက်မှုတွေ့ရှိခဲ့ရတယ်လို့ ဒီနေ့ ဆေးသုတေသနဦးစီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ …။

ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က “D614 ကနေ G614 မျိုးဗီဇပြောင်းသွားမယ်ဆိုရင် ရောဂါကူးစက်စေနိုင်မှုက ဆယ်ဆအထိ ပိုများပြားစေပါတယ်…G614 အမျိုးအစားအဖြစ် ပြောင်းလဲလာမယ်ဆိုရင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်နိုင်ချေ ပိုများစေနိုင်တယ်…

ကူးစက်မှုမြင့်မားနေတဲ့ အိန္ဒိယနိုင်ငံနဲ့ ကိုဗစ်ဒုတိယလှိုင်းဖြစ်ပေါ်နေတဲ့ နိုင်ငံတွေမှာ G614 ဗီဇပြောင်းလဲနေတဲ့ ပိုးတွေကို ပိုပြီး တွေ့လာရပါတယ်…

ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ကော်မတီကနေ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ မဖြစ်မနေ လိုအပ်ပါတယ်”လို့ ပြောပါတယ် …။

အရင်က ပြည်တွင်းကူးစက်တာတွေရဲ့ ဓာတ်ခွဲနမူနာ ၅ ခုမှာ တခုပဲ G614 မျိုးဗီဇကို တွေ့ရှိခဲ့တာကြောင့် ပြည်တွင်းကူးစက်တာနည်းခဲ့တာပါ။ပြည်တွင်းကူးစက်မှုဖြစ်ပေါ်ခဲ့တဲ့ လူနာတွေနဲ့ နိုင်ငံခြားက ပြန်ဝင်လာပြီး ပိုးတွေ့တဲ့လူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စိစစ်ပြီး SARS-COV-2 ရဲ့ မျိုးရိုးဗီဇတခုလုံးကို အဆင့်မြင့် မျိုးဗီဇစစ်ဆေးစက် (Next Generation Sequencing)နဲ့ လေ့လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် …။

“မျိုးဗီဇ စစ်ဆေးတဲ့ ၁၀ ခုထဲမှာ ၆ ခုဟာ D ကနေ G ကို ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ မေလနောက်ပိုင်းယူတဲ့ နမူနာတွေမှာပဲ ပြောင်းတာကို တွေ့ရပါတယ်” လို့ ဒေါက်တာမြတ်ထွဋ်ညွန့်က ပြောပါတယ် …။

ကမာ္ဘတဝန်းမှာလည်း ကိုဗစ်-၁၉ စတင်ကူးစက်တုန်းက D614 မျိုးဗီဇ ကူးစက်တာ ဖြစ်ခဲ့ပေမယ့် ဖေဖော်ဝါရီလလောက်ကစပြီး G614 မျိုးဗီဇ အသွင်ပြောင်းပြီး ကူးစက်ပျံ့နှံ့ခဲ့ တာပဲ ဖြစ်ပါတယ် …။

အခုနောက်ပိုင်း ပြည်ပကပြန်လာသူတွေရဲ့ ဓာတ်ခွဲနမူနာအများစုမှာ G614 အမျိုးအစားတွေ့ရှိ လာတာကြောင့် အဲ့ဒီပိုးကနေ ပြည်တွင်းကူးစက်မှု ဖြစ်ပွားလာမယ်ဆိုရင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပေါ်လာနိုင်တဲ့အတွက် ပြည်သူတွေ အထူးသတိထားဖို့ လိုအပ်တယ်လို့ ဆေးသုတေသနဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ် …။

ပြည်တွင်းကူးစက်မှု မရှိတာ တလကျော်ကြာပြီးတဲ့နောက်ပိုင်း သြဂုတ် ၁၆ ရက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တွေ့ခဲ့ရပြီး မျိုးဗီဇကို စစ်ဆေးသွားဖို့ လုပ်နေပါတယ် …။

သြဂုတ် ၂၀ ရက်နေ့မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၉၆ ယောက်ရှိပြီး ဆေးရုံက ဆင်းခွင့်ရသူ ၃၂၉ ယောက် ရှိပြီပဲ ဖြစ်ပါတယ် …။ ။

ဒီဗွီဘီ