ယနေ့ မန္တလေးတွင် အမျိုးသမီး(၂)ဦးအား ရက်ရက်စက်စက် သ..တ်သွားတဲ့ သူခိုးမိပြီ…













credit to orginal

 

မန္တလေးတွင် အမျိုးသမီး(၂)ဦးအား ရက်ရက်စက်စက် သ..တ်သွားတဲ့ သူခိုးမိပြီ…

မန္တလေး၌ အမျိုးသမီး(၂)ဦးအား နေအိမ်အတွင်းသို့ ဝင်ရောက်-တ်ဖြတ်ပြီး ငွေကြေးများစွာ လုယက်ခဲ့သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

မန္တလေး၌ အမျိုးသမီး(၂)ဦးအား နေအိမ်အတွင်းသို့ ဝင်ရောက်-တ်ဖြတ်ပြီး ငွေ ကြေးများစွာ လုယက်ခဲ့သူကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သ တင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၆ ရက်)၊ နံနက်အစောပိုင်းတွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်ရှိ ၁၁၈ လမ်းနှင့် ၇၂ လမ်းအနီးရှိ ဆေးအရောင်းဆိုင်ဖွင့်လှစ်ထားသော နေအိမ်တစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

အမျိုးသားတစ်ဦးသည် ဆေးအရောင်းဆိုင်နှင့်တွဲဖွင့်ထားသည့် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ

အသက် (၆ဝ)အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အသက်(၃ဝ)ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦးတို့ကို

-တ်ဖြတ်ကာ ငွေသားများကို လုယက်ခဲ့ခြင်းဖြစ် သည်။

“အမျိုးသမီးနှစ်ဦးတော့ နေအိမ်မှာ အ-တ်ခံခဲ့ရပါတယ်။ ကျူးလွန်သူကိုတော့ နာရီပိုင်းအတွင်း ဖမ်းမိပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာအနီးမှာပဲ ဖမ်းမိတာပါ။

သူလု ယက်သွားတဲ့ ငွေသားတွေလည်း အကုန်ပြန်ရပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကို အသိပေးပြောဆိုထား သည်။

အဆိုပါအမျိုးသမီးနှစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း လက်ရှိတွင် အမျိုးသမီးနှစ်ဦးကို -တ်ဖြတ်ကာ ငွေသားများလုယက်ခဲ့သူကို နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခြင်းဖြစ်ပြီး

စစ်ဆေးလျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆို ထားသည်။

credit to orginal