ကျောင်းဆရာနဲ့ ငါးရံ့ခြောက်ပုံပြင်

မနက်က ကိုရင်ကြီးနဲ့ကျောင်းသားက ကွမ်းခြံကုန်းမှ ဦးဇင်းရဲ့ရဟန်းဒါယိကာမကြီးဒေါ်ကျင်သန်းထည့်ပေးလိုက်သည့်ငါးရံ့ခြောက်ကို မီးဖုတ် ဆီဆမ်းကာဆက်ကပ်ကြပါတယ်။

ဘုန်းပေးမယ်ဆိုပြီးငါးရံ့ခြောက်ပန်းကန်ကိုကြည့်လိုက်တော့ ပုရွက်ဆိတ်တွေက အများကြီးပါပဲ။ဒါနဲ့ပုရွက်ဆိတ်တွေကို လက်နဲ့ဖယ်ထုတ်ရင်းစဉ်းစားပါတယ်။တို့ရဲ့ငယ်ဆရာဘုန်းကြီးကိုသာ ဒါမျိုးကပ်ရင် ကိုရင်ကြီးနဲ့ကျောင်းသား အရိုက်ခံရမှာလို့ တွေးမိပါတယ်။

တွေးနေရင်းနဲ့ ခေါင်းထဲဘာပေါ်လာသလဲဆိုတော့ငယ်ငယ်ကဖတ်ခဲ့သောကြောက်စိတ် စာအုပ်ထဲမှာပါတဲ့ မင်းတုန်းမင်းကြီးငယ်ငယ်ကဘုန်းကြီးကနေပြီးတော့ ငါးရံခြောက်သိမ်းခိုင်းထားတာပျောက်သွားလို့ ဘုန်းကြီးက မင်းဒီငါးခြောက်ပြားလေးတောင်မထိမ်းနိုင်ရင်တိုင်းပြည်ကြီးကို ဘယ်ထိမ်းသိမ်းမလဲဆိုပြီးပြောလဲပြောရိုက်လည်းရိုက်ပါတယ်။

ဒီအကြောင်းအရာကိုပဲဆရာလုပ်သူက သူ့ရဲ့ကျောင်းသားတွေကိုစာစီစာကုံး ရေးခိုင်းပါတယ်။ကျောင်းသားအများအစုကတော့ဆရာ့အာဘော်အတိုင်း ကောင်းပါသည် မှန်ပါ သည် ဟုတ်ပါသည် ဒီလိုဆိုဆုံးမခဲ့လို့မင်းတုန်းမင်းကြီး ဆိုတဲ့ မင်းကောင်းတစ်ပါးပေါ်ပေါက်ခဲ့ကြောင်းရေးကြပါတယ်။

ဆရာကလည်းဒီအတိုင်းသင်ခဲ့တာဆိုတော့ ဒီလိုပဲရေးကြရပါတယ်။အဲဒီအထဲမှာ စာအရမ်းဖတ်တဲ့ တွေးခေါ်မြော်မြင် စဉ်းစားနိုင်စွမ်းရှိတဲ့ ကျောင်းသားတစ်ယောက်ကတော့အများသူငါ ရေးကြသလိုမဟုတ်ပဲမင်းတုန်းမင်းကြီးကို ရိုက်နက်ဆုံးမခဲ့သောဘုန်းကြီးမှားပါသည်။ဘာ့ကြောင့်လည်းဆိုရင် ဘုန်းကြီးသည် သူစားချင်သော ငါးရံ့ခြောက်ကြီးပျောက်သွားလို့ငါးရံ့ခြောက်ကြီးနဲ့ ဘုန်းပေးလိုက်မယ်ဟဲ့လို့ မှန်းထားသည့်ငါးခြောက်ပေါ်မှာ အစွဲအလမ်းကြီးတဲ့ ရသတဏှာကြောင့် မိမိဒေါသကိုမထိမ်းနိုင်သည့်အတွက်မင်းတုန်းမင်းကြီး ဖြစ်လာမည့်ကျောင်းသားလေးကိုအပြင်း အထန်ရိုက်ခြင်းဖြစ်ပါတယ်။

တကယ်ဆို ဘုန်းကြီးသည် ငါးရံ့ခြောက်ကိုဘယ်လိုသိမ်းရင် ဘယ်နေရာမှာ သိမ်းရင်လုံခြုံမှုရှိတယ်ဆိုတာကို သေချာသင်ပြပေးထားရမှာဖြစ်ပါတယ်။ဒီလိုကလေးဘဝအရွယ်ဆိုတာ သူ့ဉာဏ်မှီသလောက်သူစဉ်းစားပြီးသိမ်းမှာဖြစ်တယ်။ ဒီအရွယ်တွေ မှာဆိုတာ ဒီလိုဖြစ်တတ်တဲ့ကလေးဘဝ သဘာဝကိုနားလည်ပေးရမှာဖြစ်ပါတယ်၊ဒီလိုသေချာ ဘာမှသင်ပြနိုင်ခဲ့ခြင်းမရှိလို့မင်းတုန်းမင်းကြီး လက်ထက်မှာ အောက်ဗမာပြည်တစ်ခုလုံး အင်္ဂလိပ်လက်အောက်ကျရောက်နေရခြင်းနှင့် မင်းညီမင်းသားတွေအချင်းချင်း မသင့်မမြတ်ဖြစ်ကာ သတ်ဖြတ်နေကြခြင်း နေရာအာဏာပါဝါလုနေကြခြင်း စည်းလုံးညီညွတ်မှုမရှိကြခြင်း အကြောင်းတွေကြောင့် တိုင်းရေးပြည်ရာမကောင်းရခြင်း အကြောင်းတွေကိုကျောင်းသားက သုံးသပ်တင်ပြထားပါတယ်။

ကျောင်းသားရေးတဲ့စာကို ဆရာက ကျောင်းသားတွေကိုဖတ်ပြခိုင်းလို့နားထောင်ရတဲ့ကျောင်းသားတွေကသဘောကျကြပါတယ်။ငါတို့လည်းဒီလိုရေးတတ်ချင်တာ ဒီလိုရေးရဲချင်တာလို့ဖြစ်နေကြပါတယ်။ကျောင်းသားတွေအားလုံးသဘောကျပေမဲ့သဘောမကျတာကတော့ကျောင်းဆရာပါ။ဘာလို့လည်းဆိုတော့သူကအရိုက်ကြမ်းပါတယ်။သူကျောင်းသားတွေရိုက်ပြီးတိုင်း သူရိုက်ရတာမှန်ကန်ကြောင်းကို မင်းတုန်းမင်းကြီးရဲ့ဆရာဘုန်းကြီးနဲ့ သက်သေထူနေကျပါ။

သူရေးစေချင်တာက ဒီလိုရိုက်ဆုံးမရတာဟာမှန်ကန်ကြောင်းသို့သော်လည်း ကျောင်းသားက ဒီလိုရိုက်ပြီးဆုံးမခဲ့လို့တိုင်းပြည်ညံ့သွားရကြောင်း ရေးလိုက်တော့ဆရာဟာ အကြီးအကျယ်ပေါက်ကွဲပါတော့တယ်။အဲဒီတော့ ဆရာဟာ ကျောင်းသားတွေကိုတစ်ယောက်ခြင်းဆီ မေးပါတယ်။ဒီကျောင်းသားဒီလိုရေးတာ မှားတယ်မို့လားလို့ကြိမ်လုံးကိုင်ပြီးမေးပါတယ်။

ကျောင်းသားရေးတာ မှန်ပါတယ်လို့ ဖြေချင်ကြသော်လည်းဆရာရဲ့ နိမိတ်ပြမေးခွန်းနဲ့ ကြိမ်လုံးကိုကြောက်သည့်အတွက် မှားပါတယ်လို့ တုန်တုန်ရီရီဖြင့်သူငယ်ချင်းရဲ့မျက်နှာကိုမကြည့်ရဲပဲ စိတ်မကောင်းစွာနဲ့ဖြေကြရပါတယ်။နောက်ဆုံးထောက်ပြ ဝေဖန်ပြတဲ့ကျောင်းသားကိုမေးပါတယ်။မင်းရေးတာမှားတယ်မို့လားတဲ့..ကျောင်း သားက ကျွန်တော်မမှားဘူးဆရာကရေးပါဆိုလို့ ကျနော်အမြင် ကျနော်တင်ပြတာဆရာကြိုက်သလိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ပြောပါတယ်။

အဲဒီလိုပြောပြီးချိန်မှာတော့ ဆရာဟာအကြီးအကျယ်ပေါက်ကွဲကာ သူကိုင်ထားသောကြိမ်လုံးဖြင့်ကျောင်းသားကို အချက်ပေါင်းမြောက်များစွာ ရိုက်ပါတယ်။ကျောင်းသားကလည်း သူ့ရေးသားချက်ပေါ်မှာယုံကြည်ချက်အပြည့်အဝရှိနေတာမိုတချက်လေးမှတွန့်မသွားခဲ့ပါဘူး။ဆရာတချက်ရိုက်တိုင်း နှလုံးသားမှာ နာကျင်သွားရတာကတော့ကျောင်းသားတွေဖြစ်ပါတယ်။

တို့သူငယ်ချင်း အနိုင်ကျင့်ခံရတယ် တို့သူ ငယ်ချင်းဘက်မှာ ရပ်တည်ပေးသင့်လျက်မရပ်တည်ပေးရဲတဲ့ကြောက်စိတ်တွေကို မကျေမနပ်ဖြစ်နေကြပါတော့တယ်။နောက်တစ်နေ့အဲဒီကျောင်းသား ဒီကျောင်းတော်ကြီးသို့မလာတော့ပါဘူး။

အခြားတစ်ကျောင်းသို့ ကျောင်းပြောင်းသွားပါတော့တယ်။အဲဒီငယ်ငယ်ကဖတ်ခဲ့ရတာလေးဟာရင်ထဲမှာစွဲကျန်ရစ်ခဲ့ရတာမို့တိုက်ဆိုင်မှုတွေရှိတိုင်း အမှတ်ရနေတဲ့ဆောင်းပါးလေးဖြစ်လေတော့မနက်က အဲဒီအကြောင်း အရာလေးတွေခေါင်းထဲပြန်ပေါ်လာပါတယ်။စာပေဖတ်ခြင်းရဲ့အကျိုးကျေးဇူးကြောင့်ကျောင်းသားတွေ တပည့်တွေကိုရိုက်ခြင်း မာန်မဲခြိမ်းဟောက်ခြင်းတွေကို လုပ်လေ့မရှိပါဘူး။အကြောင်းမှန်ကိုစဉ်းစားတယ်စဉ်းစားကြည့်တော့ မနက်ကမှ သူတို့မီးဖုတ်ဆီဆမ်းပြီးလာကပ်တာသူတို့ယူလာစဉ်ကပုရွက်ဆိတ်တွေ လုံးဝပါလာမှာမဟုတ်ပါဘူး။

ဒါဖြင့်ရင် ဘယ်ကရောက်လာတာလဲမနက်က ဦးဇင်းကဘုရားရှိခိုးပြီးတ ရား ထိုင်နေတယ် သူတို့ကဆွမ်းကပ်ဖို့စောင့်နေကြတယ်။အဲဒီစောင့်နေတဲ့အချိန်မှာ ပုရွက်ဆိတ်တွေကရောက်လာကြတာဖြစ်တယ်။အဲဒီအဖြေမှန်လေး ရှာဖွေတွေ့သွားတော့အရာအားလုံးဟာ အဖြမှန်ကိုရအောင်ရှာရင်အဖြေမှန်ကိုတွေ့ပြီး ငြိမ်းချမ်းတာပါပဲ။အဖြေမှန်ကိုလိုချင်ရင်ဒေါသတွေ အမုန်းတရားတွေမကျေနပ်မှူတွေကို ဖယ်ပြီးကြည့်နိုင်ရင်တွေ့ရပါတယ်။မေတ္တာကိုအခြေခံ၍ အဖြေမှန်တွေ့အောင်ရှာကာဆရာနှင့်တပည့် မိဘနှင့်သားသမီးအထက်လူကြီးနှင့် အောက်လက်ငယ်သားအစိုးရနှင့်ပြည်သူ အတူတကွလက်တွဲလို့ငြိမ်းချမ်းသော အေး ချမ်းသော ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးဖြစ်အောင်တည်ဆောက်နိုင်ကြပါစေ..။

Credit _ မူရင်း

 

 

မနက္က ကိုရင္ႀကီးနဲ႔ေက်ာင္းသားက ကြမ္းၿခံကုန္းမွ ဦးဇင္းရဲ႕ရဟန္းဒါယိကာမႀကီးေဒၚက်င္သန္းထည့္ေပးလိုက္သည့္ငါးရံ႕ေျခာက္ကို မီးဖုတ္ ဆီဆမ္းကာဆက္ကပ္ၾကပါတယ္။

ဘုန္းေပးမယ္ဆိုၿပီးငါးရံ႕ေျခာက္ပန္းကန္ကိုၾကည့္လိုက္ေတာ့ ပု႐ြက္ဆိတ္ေတြက အမ်ားႀကီးပါပဲ။ဒါနဲ႔ပု႐ြက္ဆိတ္ေတြကို လက္နဲ႔ဖယ္ထုတ္ရင္းစဥ္းစားပါတယ္။တို႔ရဲ႕ငယ္ဆရာဘုန္းႀကီးကိုသာ ဒါမ်ိဳးကပ္ရင္ ကိုရင္ႀကီးနဲ႔ေက်ာင္းသား အ႐ိုက္ခံရမွာလို႔ ေတြးမိပါတယ္။

ေတြးေနရင္းနဲ႔ ေခါင္းထဲဘာေပၚလာသလဲဆိုေတာ့ငယ္ငယ္ကဖတ္ခဲ့ေသာေၾကာက္စိတ္ စာအုပ္ထဲမွာပါတဲ့ မင္းတုန္းမင္းႀကီးငယ္ငယ္ကဘုန္းႀကီးကေနၿပီးေတာ့ ငါးရံေျခာက္သိမ္းခိုင္းထားတာေပ်ာက္သြားလို႔ ဘုန္းႀကီးက မင္းဒီငါးေျခာက္ျပားေလးေတာင္မထိမ္းႏိုင္ရင္တိုင္းျပည္ႀကီးကို ဘယ္ထိမ္းသိမ္းမလဲဆိုၿပီးေျပာလဲေျပာ႐ိုက္လည္း႐ိုက္ပါတယ္။

ဒီအေၾကာင္းအရာကိုပဲဆရာလုပ္သူက သူ႔ရဲ႕ေက်ာင္းသားေတြကိုစာစီစာကုံး ေရးခိုင္းပါတယ္။ေက်ာင္းသားအမ်ားအစုကေတာ့ဆရာ့အာေဘာ္အတိုင္း ေကာင္းပါသည္ မွန္ပါ သည္ ဟုတ္ပါသည္ ဒီလိုဆိုဆုံးမခဲ့လို႔မင္းတုန္းမင္းႀကီး ဆိုတဲ့ မင္းေကာင္းတစ္ပါးေပၚေပါက္ခဲ့ေၾကာင္းေရးၾကပါတယ္။

ဆရာကလည္းဒီအတိုင္းသင္ခဲ့တာဆိုေတာ့ ဒီလိုပဲေရးၾကရပါတယ္။အဲဒီအထဲမွာ စာအရမ္းဖတ္တဲ့ ေတြးေခၚေျမာ္ျမင္ စဥ္းစားႏိုင္စြမ္းရွိတဲ့ ေက်ာင္းသားတစ္ေယာက္ကေတာ့အမ်ားသူငါ ေရးၾကသလိုမဟုတ္ပဲမင္းတုန္းမင္းႀကီးကို ႐ိုက္နက္ဆုံးမခဲ့ေသာဘုန္းႀကီးမွားပါသည္။ဘာ့ေၾကာင့္လည္းဆိုရင္ ဘုန္းႀကီးသည္ သူစားခ်င္ေသာ ငါးရံ႕ေျခာက္ႀကီးေပ်ာက္သြားလို႔ငါးရံ႕ေျခာက္ႀကီးနဲ႔ ဘုန္းေပးလိုက္မယ္ဟဲ့လို႔ မွန္းထားသည့္ငါးေျခာက္ေပၚမွာ အစြဲအလမ္းႀကီးတဲ့ ရသတဏွာေၾကာင့္ မိမိေဒါသကိုမထိမ္းႏိုင္သည့္အတြက္မင္းတုန္းမင္းႀကီး ျဖစ္လာမည့္ေက်ာင္းသားေလးကိုအျပင္း အထန္႐ိုက္ျခင္းျဖစ္ပါတယ္။

တကယ္ဆို ဘုန္းႀကီးသည္ ငါးရံ႕ေျခာက္ကိုဘယ္လိုသိမ္းရင္ ဘယ္ေနရာမွာ သိမ္းရင္လုံၿခဳံမႈရွိတယ္ဆိုတာကို ေသခ်ာသင္ျပေပးထားရမွာျဖစ္ပါတယ္။ဒီလိုကေလးဘဝအ႐ြယ္ဆိုတာ သူ႔ဉာဏ္မွီသေလာက္သူစဥ္းစားၿပီးသိမ္းမွာျဖစ္တယ္။ ဒီအ႐ြယ္ေတြ မွာဆိုတာ ဒီလိုျဖစ္တတ္တဲ့ကေလးဘဝ သဘာဝကိုနားလည္ေပးရမွာျဖစ္ပါတယ္၊ဒီလိုေသခ်ာ ဘာမွသင္ျပႏိုင္ခဲ့ျခင္းမရွိလို႔မင္းတုန္းမင္းႀကီး လက္ထက္မွာ ေအာက္ဗမာျပည္တစ္ခုလုံး အဂၤလိပ္လက္ေအာက္က်ေရာက္ေနရျခင္းႏွင့္ မင္းညီမင္းသားေတြအခ်င္းခ်င္း မသင့္မျမတ္ျဖစ္ကာ သတ္ျဖတ္ေနၾကျခင္း ေနရာအာဏာပါဝါလုေနၾကျခင္း စည္းလုံးညီၫြတ္မႈမရွိၾကျခင္း အေၾကာင္းေတြေၾကာင့္ တိုင္းေရးျပည္ရာမေကာင္းရျခင္း အေၾကာင္းေတြကိုေက်ာင္းသားက သုံးသပ္တင္ျပထားပါတယ္။

ေက်ာင္းသားေရးတဲ့စာကို ဆရာက ေက်ာင္းသားေတြကိုဖတ္ျပခိုင္းလို႔နားေထာင္ရတဲ့ေက်ာင္းသားေတြကသေဘာက်ၾကပါတယ္။ငါတို႔လည္းဒီလိုေရးတတ္ခ်င္တာ ဒီလိုေရးရဲခ်င္တာလို႔ျဖစ္ေနၾကပါတယ္။ေက်ာင္းသားေတြအားလုံးသေဘာက်ေပမဲ့သေဘာမက်တာကေတာ့ေက်ာင္းဆရာပါ။ဘာလို႔လည္းဆိုေတာ့သူကအ႐ိုက္ၾကမ္းပါတယ္။သူေက်ာင္းသားေတြ႐ိုက္ၿပီးတိုင္း သူ႐ိုက္ရတာမွန္ကန္ေၾကာင္းကို မင္းတုန္းမင္းႀကီးရဲ႕ဆရာဘုန္းႀကီးနဲ႔ သက္ေသထူေနက်ပါ။

သူေရးေစခ်င္တာက ဒီလို႐ိုက္ဆုံးမရတာဟာမွန္ကန္ေၾကာင္းသို႔ေသာ္လည္း ေက်ာင္းသားက ဒီလို႐ိုက္ၿပီးဆုံးမခဲ့လို႔တိုင္းျပည္ညံ့သြားရေၾကာင္း ေရးလိုက္ေတာ့ဆရာဟာ အႀကီးအက်ယ္ေပါက္ကြဲပါေတာ့တယ္။အဲဒီေတာ့ ဆရာဟာ ေက်ာင္းသားေတြကိုတစ္ေယာက္ျခင္းဆီ ေမးပါတယ္။ဒီေက်ာင္းသားဒီလိုေရးတာ မွားတယ္မို႔လားလို႔ႀကိမ္လုံးကိုင္ၿပီးေမးပါတယ္။

ေက်ာင္းသားေရးတာ မွန္ပါတယ္လို႔ ေျဖခ်င္ၾကေသာ္လည္းဆရာရဲ႕ နိမိတ္ျပေမးခြန္းနဲ႔ ႀကိမ္လုံးကိုေၾကာက္သည့္အတြက္ မွားပါတယ္လို႔ တုန္တုန္ရီရီျဖင့္သူငယ္ခ်င္းရဲ႕မ်က္ႏွာကိုမၾကည့္ရဲပဲ စိတ္မေကာင္းစြာနဲ႔ေျဖၾကရပါတယ္။ေနာက္ဆုံးေထာက္ျပ ေဝဖန္ျပတဲ့ေက်ာင္းသားကိုေမးပါတယ္။မင္းေရးတာမွားတယ္မို႔လားတဲ့..ေက်ာင္း သားက ကြၽန္ေတာ္မမွားဘူးဆရာကေရးပါဆိုလို႔ က်ေနာ္အျမင္ က်ေနာ္တင္ျပတာဆရာႀကိဳက္သလိုဆုံးျဖတ္ပိုင္ခြင့္ရွိတယ္လို႔ေျပာပါတယ္။

အဲဒီလိုေျပာၿပီးခ်ိန္မွာေတာ့ ဆရာဟာအႀကီးအက်ယ္ေပါက္ကြဲကာ သူကိုင္ထားေသာႀကိမ္လုံးျဖင့္ေက်ာင္းသားကို အခ်က္ေပါင္းေျမာက္မ်ားစြာ ႐ိုက္ပါတယ္။ေက်ာင္းသားကလည္း သူ႔ေရးသားခ်က္ေပၚမွာယုံၾကည္ခ်က္အျပည့္အဝရွိေနတာမိုတခ်က္ေလးမွတြန႔္မသြားခဲ့ပါဘူး။ဆရာတခ်က္႐ိုက္တိုင္း ႏွလုံးသားမွာ နာက်င္သြားရတာကေတာ့ေက်ာင္းသားေတြျဖစ္ပါတယ္။

တို႔သူငယ္ခ်င္း အႏိုင္က်င့္ခံရတယ္ တို႔သူ ငယ္ခ်င္းဘက္မွာ ရပ္တည္ေပးသင့္လ်က္မရပ္တည္ေပးရဲတဲ့ေၾကာက္စိတ္ေတြကို မေက်မနပ္ျဖစ္ေနၾကပါေတာ့တယ္။ေနာက္တစ္ေန႔အဲဒီေက်ာင္းသား ဒီေက်ာင္းေတာ္ႀကီးသို႔မလာေတာ့ပါဘူး။

အျခားတစ္ေက်ာင္းသို႔ ေက်ာင္းေျပာင္းသြားပါေတာ့တယ္။အဲဒီငယ္ငယ္ကဖတ္ခဲ့ရတာေလးဟာရင္ထဲမွာစြဲက်န္ရစ္ခဲ့ရတာမို႔တိုက္ဆိုင္မႈေတြရွိတိုင္း အမွတ္ရေနတဲ့ေဆာင္းပါးေလးျဖစ္ေလေတာ့မနက္က အဲဒီအေၾကာင္း အရာေလးေတြေခါင္းထဲျပန္ေပၚလာပါတယ္။စာေပဖတ္ျခင္းရဲ႕အက်ိဳးေက်းဇူးေၾကာင့္ေက်ာင္းသားေတြ တပည့္ေတြကို႐ိုက္ျခင္း မာန္မဲၿခိမ္းေဟာက္ျခင္းေတြကို လုပ္ေလ့မရွိပါဘူး။အေၾကာင္းမွန္ကိုစဥ္းစားတယ္စဥ္းစားၾကည့္ေတာ့ မနက္ကမွ သူတို႔မီးဖုတ္ဆီဆမ္းၿပီးလာကပ္တာသူတို႔ယူလာစဥ္ကပု႐ြက္ဆိတ္ေတြ လုံးဝပါလာမွာမဟုတ္ပါဘူး။

ဒါျဖင့္ရင္ ဘယ္ကေရာက္လာတာလဲမနက္က ဦးဇင္းကဘုရားရွိခိုးၿပီးတ ရား ထိုင္ေနတယ္ သူတို႔ကဆြမ္းကပ္ဖို႔ေစာင့္ေနၾကတယ္။အဲဒီေစာင့္ေနတဲ့အခ်ိန္မွာ ပု႐ြက္ဆိတ္ေတြကေရာက္လာၾကတာျဖစ္တယ္။အဲဒီအေျဖမွန္ေလး ရွာေဖြေတြ႕သြားေတာ့အရာအားလုံးဟာ အျဖမွန္ကိုရေအာင္ရွာရင္အေျဖမွန္ကိုေတြ႕ၿပီး ၿငိမ္းခ်မ္းတာပါပဲ။အေျဖမွန္ကိုလိုခ်င္ရင္ေဒါသေတြ အမုန္းတရားေတြမေက်နပ္မႉေတြကို ဖယ္ၿပီးၾကည့္ႏိုင္ရင္ေတြ႕ရပါတယ္။ေမတၱာကိုအေျခခံ၍ အေျဖမွန္ေတြ႕ေအာင္ရွာကာဆရာႏွင့္တပည့္ မိဘႏွင့္သားသမီးအထက္လူႀကီးႏွင့္ ေအာက္လက္ငယ္သားအစိုးရႏွင့္ျပည္သူ အတူတကြလက္တြဲလို႔ၿငိမ္းခ်မ္းေသာ ေအး ခ်မ္းေသာ ဖြံ႕ၿဖိဳးတိုးတက္ေသာႏိုင္ငံေတာ္ႀကီးျဖစ္ေအာင္တည္ေဆာက္ႏိုင္ၾကပါေစ..။

Credit _ မူရင္း