မိမိဖုန်းနံပတ်နှင့်အကျိုးပေးဂဏန်းများ အကြောင်း

ဘဝအကြောင်းတရားဟူသည်နေရာတိုင်းတွင်ရှိသည်။ အိမ်နံပတ် ကားနံပတ် ဖုန်းနံပတ် မော်တော်ဆိုင်ကယ်နံပတ်စသဖြင့်။

မိမိကံတရားနှင့်ဆက်စပ်နေသည်။မိမိနှင့်သင့်မြတ်ကအကျိုးပေးမည်။ မသင့်မြတ်ကအကျိုးမပေး။.

ထို့ကြောင့် မိမိနှင့် မိမိအသုံးပြုသောနံပတ်များမှာသင့်မြတ်နေဖို့လည်းလိုအပ်သေးသည်။

မြန်မာစကားတွင် နေ့ကောင်းရက်သာ အကျိုးအကြောင်း အချိန်အခါ အခြေအနေ စသဖြင့်စကားလုံးများတွဲစပ်ထားသည်အကျိုးအကြောင်းညီညွတ်လျင် အဆင်ပြေသွားသည်။

အချိန်အခါနှင့် အခြေအနေကိုအသုံးချလုပ်ဆောင်တတ်လျင်လည်းအဆင်ပြေနိုင်သည်။ နေ့ကောင်းရက်သာကိုရွေးချယ်လုပ်ဆောင်တတ်လျင်လည်း အဆင်ပြေသွားနိုင်သည်။

ဥပမာတခုပြောရလျင် နေ့ကောင်းဆိုသည်မှာ

မိမိနှင့် တနဂ်နွေနေ့ စနေနေ့များက မိတ်ဖြစ်နေပါက ထိုသူ့တွက် တနဂ်နွေ စနေနေ့တွငအရေးကြီးကိစ္စများကို ပြုလုပ်၍ရသည်။ထိုနေ့သည် ထိုသူ့အတွက်နေ့ကောင်းဖြစ်သည်။

ထိုတနဂ်နွေ စနေနေ့က ထိုသူနှင့်အကျိုးပေးသော 10 19 28 ရက် ပေါင်းလိုက်လျင် 1 ဂဏန်းကျသောရက်များဖြစ်နေသည်ဆိုပါစို့။

ထိုနေ့များသည် ထိုသူ့အတွက် ရက်သာဖြစ်သည်။

ထို့ကြောင့် နေ့ကောင်းနှင့် ရက်သာများကိုရွေးပြီးလုပ်ဆောင်ခြင်းက ပို၍အောင်မြင်ဖြစ်ထွန်းသွားနိုင်သည်။

ထို့ကြောင့် နေ့ကောင်းရက်သာများကို ရွေးပြီးအလုပ်လုပ်ဖို့ ရှေ့လူကြီးများက မှာကြားထားခဲ့ခြင်းဖြစ်သည်။

ယခုပြောလိုသည်မှာဖုန်းနံပတ်အကြောင်းဖြစ်သည်။ဖုန်းနံပတ်နှင့်ပတ်သက်၍ လိုင်းပေါ်မှာရော အပြင်မှာပါ အမျိုးမျိုးကြားနေရသည်။

မည်သည့်ဂဏန်းပါက ကံမကောင်း မည်သည့်ဂဏန်းပါက ကံကောင်းစသဖြင့် ။ကျွန်ုပ်လည်းစိတ်ဝင်စားမိသည်။

စိတ်ဝင်စားသည့်အတွက်ကြောင့်လည်း 7 ရက်နေ့တွင်မွေးဖွားခဲ့သောကျွန်ုပ်မှာ 7 ဏန်းများများပါသော 09 776767877နံပတ်ကို မိတ်ဆွေတယ်လီနော့ မန်နေဂျာဆီက သီးသန့်မှာယူထားသည်။

သို့သော် ထိုကံကောင်း မကောင်းပြောနေသူများမှာ မည်သည့်အတွက်ကြောင့် ထိုဂဏန်းများမှာ ကံကောင်း မကောင်းကိုမူ ဂဃနဏ မရှင်းပြထားပေ။

ထို့အတွက်ကြောင့် ဘာကြောင့်ကံမကောင်း ဘာကြောင့်ကံကောင်းဆိုသည်ကို ဘာမျှသိခွင့်မရ။သို့ကြောင့်အသိမိတ်ဆွေတချို့က ရှင်းပြရေးပြဖို့တောင်းဆိုလာခဲ့သည်။

ကျွန်ုပ်လည်းရေးတင်ပေးမည်ဟု ပြောဖူးသည်။

သို့သော် ရေးချင်တိုင်းရေး၍မရ။ဂဏန်းအကြောင်းပြောချင် ရေးချင်လျင်ဂဏန်းသချာ်ဆိုင်ရာ သဘောတရားကို ကျွမ်းကျင်သိမြင်နိုင်ရမည်။

တနည်း အဂ်ဝိဇ္ဇာ နက္ခတ်ပညာ နျူမရော်လော်ဂျီပညာခေါ် ဂျစ်ပစီဟောကိန်း တခုခုတော့ အသာလေးတတ်မြောက်ထားရမည်။

အထူးသဖြင့် နျူးမရော်လော်ဂျီခေါ် ဂဏန်းသချ်ပညာကို ကျွမ်းကျင်ကျေညက်ရမည်။သို့မှ ဂဏန်းအကြောင်းရေးပြ ပြောနိုင်မည်။

ထို့သို့မဟုတ်ပဲ ဟိုနံပတ်ကောင်းသည် ဒီနံပတ်မကောင်း ပြောနေရုံမျှဖြင့်တော့အကျိုးမဖြစ်နိုင်ပေ။

ယခု လူတိုင်းနားလည်နိုင်အောင် ဂဏန်းအကြောင်းကိုပြောပါမည်။

အဂ်လိပ်ရက် 1 10 19 28 ရက်နေ့တွင်မွေးဖွားသူဆိုပါစို့။ထိုသူတို့ကို 1ဂဏန်းသမားဟုခေါ်သည်။

ထို 1 ဂဏန်းသမားကို 1 4 2 7 ဂဏန်းများကအကျိုးပေးသည်။ မိမိဖုန်းနံပတ်တွင် 1427 များများပါလေ ကံကောင်းလေလည်းဖြစ်သည်။

တနည်း မိမိဖုန်းနံပတ်အားလုံးကိုပေါင်းလိုက်က1 ဂဏန်းကျနေကပိုကောင်းပါသည်။

မိမိကိုအကျိုးပေးသော 1427 ဂဏန်းများဖြစ်နေလျင်လည်း အကျိုးပေးပါသည်။

သို့ကြောင့် 1 ဂဏန်းသမားများအကျိုးပေးဂဏန်းမှာ 1247 ဖြစ်ပြီး အကျိုးပေးသော ဂဏန်းအုပ်စုမှာ

1 10 19 28

2 11 20 29

4 13 22 31

7 16 25 ဂဏန်းအုပ်စုဖြစ်ပါသည်။

သို့ကြောင့် မိမိဖုန်းနံပတ်တွင် အထက်ပါ ဂဏန်းများများများပါလေ ကံကောင်းလေဖြစ်သလို

မိမိဖုန်းနံပတ်အားလုံးကို ပေါင်းလိုက်ပါက1247 ဂဏန်းတစ်လုံးလုံးဖြစ်နေခဲ့လျှင်လည်း ကံကောင်းအကျိုးပေးနေပြီဖြစ်ကြောင်း မှတ်ယူသင့်ပေသည်။

အခြားဏန်းသမားများလည်းအောက်ပါအတိုင်းမှတ်ထားစေလိုပါသည်။

2 11 20 29 ရက်များတွင်မွေးဖွားသော2 ဂဏန်းသမားများအတွက်မိမိဖုန်းနံပတ်ကိုပေါင်းလိုက်၍2 7 14 ရရှိပါက အကျိုးပေးပါသည်။ထို့ပြင် မိမိဖုန်းနံပတ်တွင်

2 11 20 29

7 16 25

4 13 22 31 ဂဏန်းတွဲများ များများပါနေက ကံကောင်းအကျိုးပေးနေပါပြီ။

3 12 21 30 ရက်များတွင်မွေးဖွားသော3 ဂဏန်းသမားများ။မိမိဖုန်းနံပတ်ကိုပေါင်းလိုက်ပါ3 6 9 တစ်လုံးလုံးရရှိပါက အကျိုးပေးနေပါပြီ။

ထို့ပြင် မိမိဖုန်းနံပတ်တွင်

3 12 2130

6 15 24

9 18 27 ဂဏန်းတွဲများ များများပါနေကလည်း ကံကောင်းအကျိုးပေးနေပါပြီ။

4 13 21 31 ရက်နေ့တွင်မွေးဖွားသော 4 ဂဏန်းသမားများအတွက်မိမိဖုန်းနံပတ်ကိုတစ်လုံးတည်းရအောင်ပေါင်းလိုက်က 1 2 4 7 ဂဏန်းတစ်လုံးလုံးဖြစ်နေမည်ဆိုကကံကောင်းနေပါပြီ။

ထို့ပြင် မိမိကိုအကျိုးပေးသော

1 10 19 28

2 11 20 29

4 11 22 31

7 16 25 ဂဏန်းတွဲများ များများပါနေကလည်းမိမိဖုန်းမှာ အိုကေပြီးစိုပြေနေပါပြီ။ ကံကောင်းအကျိုးပေးနေပါပြီ။

5 14 23 ရက်နေ့တွင် မွေးဖွားသော 5 ဂဏန်းသမားများအတွက်။မိမိဖုန်းနံပတ်ကိုပေါင်းလိုက်ပါ

5 ဂဏန်းရရှိခဲ့ပါက အလွန်ကံကောင်းအကျိုးပေးပေးပါသည်။ထို့ပြင် မိမိဖုန်းနံပတ်တွင်5 14 23 ဂဏန်းတွဲများပါရှိနေကလည်း ကံကောင်းအကျိုးပေးနေပါပြီ။

6 15 24 ရက်နေ့တွင်မွေးဖွားသော 6 ဂဏန်းသမားများအတွက်။မိမိဖုန်းနံပတ်များကိုပေါင်းလိုက်ပါ369 ဂဏန်းတစ်လုံးလုံးကျနေပါက အလွန်ကံကောင်းနေပါပြီ။

ထို့ပြင် မိမိဖုန်းနံပတ်တွင် မိတ်အုပ်စုဂဏန်းများဖြစ်သော

3 12 21 30

615 24

9 18 27ဂဏန်းတွဲများ များများပါရှိနေက ကံကောင်းအကျိုးပေးနေပါပြီ။7 16 25 ရက်နေ့တွင်မွေးဖွားသော7 ဂဏန်းသမားများအတွက်။မိမိဖုန်းနံပတ်ကိုပေါင်းလိုက်ပါ။

7 ဂဏန်းဖြစ်နေက အလွန်ကံကောင်းပါသည်။

သို့မဟုတ် မိမိကိုအကျိုးပေးအားကောင်းစေသော

1 10 19 28

2 11 20 29

4 13 22 31

7 16 25 ဂဏန်းတွဲများ များများပါက အကျိုးပေးနေပါပြီ။8 17 26 ရက်နေ့တွင်မွေးဖွားသော8 ဂဏန်းသမားများအတွက်။မိမိဖုန်းနံပတ်များကိုပေါင်းလိုက်၍ 8 ဂဏန်းကျနေကအကောင်းဆုံးဖြစ်ပါသည်။

ထို့ပြင် မိမိဖုန်းနံပတ်ထဲတွင်8 17 26 ဂဏန်းတွဲများ ပါရှိနေကလည်း အကျိုးပေး ကံကောင်းနေပါပြီ။

9 18 27 ရက်နေ့များတွင်မွေးဖွားသူများအတွက်မိမိဖုန်းနံပတ်ကိုပေါင်းလိုက်၍9 ဂဏန်းကျနေက အကောင်းဆုံးဖြစ်ပါသည်။

3 6ဂဏန်းတစ်လုံးလုံးဖြစ်နေလျင်လည်းအကျိုးပေးပါသည်။

ထို့ပြင် မိမိဖုန်းနံပတ်တွင်

3 12 21 30

6 15 24

9 18 27 ဂဏန်းတွဲများ ပါဝင်နေပါကလည်းကံကောင်းအကျိုးပေးနေကြောင်းပါတဲ့ ခင်ဗျား။

မိတ်ဆွေအပေါင်း ကံကောင်းချမ်းသာ အောင်မြင်ကြပါစေ။

ဆရာအောင်ချစ်မင်းမြတ်တဲရော့ ဗေဒလက္ခဏာ နှင့်နျူမရော်လောဂျီ ဂျစ်ပစီဟောကိန်းများဣစ္ဆာသယသိဒ္ဓိပေါက်ဓာတ်ခန်း

မော်လမြိုင်ရွှေမြို့တော်။

crd

Zawgyi