သင္ဟာ အခ်စ္ကံေခလြန္းတဲ႔ မိန္းေကလးဆိုရင္ ဒီစာေလးကို ဖတ္ပါ…

သင္ဟာ အခ်စ္ကံေခလြန္းတဲ႔ မိန္းေကလးဆိုရင္ ဒီစာေလးကို ဖတ္ပါ…

စိတ္ထားေကာင္းတဲ့ မိန္းကေလးေတြက အခ်စ္ကံ ေခၾကတာမ်ားပါတယ္။ သင္က စိတ္ထားေကာင္းေတာ့ သင္ခ်စ္ခဲ့သူေတြကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတယ္။ ဒါေပမယ္႔ သူတို႔ကက်ေတာ့ သင့္အေပၚ ဘာလို႔ မေကာင္းရတာလဲ၊ ဒါေပမဲ့ ကမာၻႀကီးမွာ ဆိုးတဲ့ေယာက္်ားေတြခ်ည္းပဲ ရွိတာမဟုတ္ပါဘူး။ သင့္ရဲ႕ ေဝဒနာေတြ ေလ်ာ့ပါးသက္သာေစဖို႔ ဒီအခ်က္ေလးေတြကို သိထားဖို႔ လိုပါမယ္ေနာ္ ……။

သင့္မွာ ျပႆနာရွိေနတာ မဟုတ္ဘူး”

အခ်စ္ကံေခ တဲ့အတြက္ ကိုယ့္ကို ကိုယ္ယုံၾကည္မႈ မေပ်ာက္ပါနဲ႔။ ေ႐ြးခ်ယ္မႈ မွားခဲ့တာကလြဲလို႔ သင္ဘာအမ်ားမွ မလုပ္ခဲ့ပါဘူး။ သူ သင့္ကို ထားမသြားခင္ တုန္းကလိုပဲ သင္ဟာ လွေနတုန္း၊ ထက္ျမက္ေနတုန္းပါ။ အဲဒီေတာ့ ကိုယ့္ကိုကိုယ္ သံသယ မျဖစ္ပါနဲ႔ …..။

လူတိုင္း အသည္းကြဲဖူးတယ္”

အသည္းကြဲတဲ့ ေဝဒနာကို သင္မခံစား ခ်င္လို႔ မရဘူး။ အဲဒီေတာ့ ခံစားစရာရွိတာ ခံစားလိုက္ပါ။ လူတိုင္း အသည္းခြဲခံရဖူးတယ္။ သင့္ကို အသည္းခြဲသြား သူလည္း တစ္ေန႔ အသည္းခြဲ ခံရမွာပါပဲ …။

ေယာက္်ားတိုင္း အဲဒီလို မဟုတ္ဘူး”

သင္ေတြ႕တဲ့ ေယာက္်ားတိုင္းက သင့္ကို အသည္းခြဲ မယ့္သူေတြလို႔ မထင္ပါနဲ႔။ တစ္ခ်ိဳ႕ေယာက္်ားေတြက သင့္ရဲ႕ ရည္းစားေဟာင္းေတြ နဲ႔ လုံးဝမတူ ပါဘူး …။

တစ္ေန႔က်ရင္ ေပ်ာ္႐ႊင္ရမွာပါ”

သင္တကယ္ လိုခ်င္တဲ့ ခ်စ္သူမ်ိဳး ရသြားခ်ိန္မွာေတာ့ အတိတ္ကို သင္လြမ္းေနေတာ့မွာ မဟုတ္ပါဘူး။ သူတို႔ေတြေၾကာင့္သာ ကိုယ့္အေပၚ တကယ္ေကာင္းမယ့္သူကို သင္ရွာႏိုင္ခဲ့ တာေပါ့ …။

ေနာက္တစ္ခါ အျဖစ္မခံပါနဲ႔”

ကိုယ့္အေပၚ ေကာင္းတာတစ္ ခ်က္တည္းနဲ႔ ေသခ်ာမစူးစမ္းဘဲ ခ်စ္သူ မထားပါနဲ႔။ မ်က္စိဖြင့္ နားစြင့္ထားၿပီး ေသခ်ာ အကဲခတ္သင္႔ပါေသးတယ္ …။

အရမ္းမေကာင္းနဲ႔”

ကိုယ့္အေပၚ အမႈိက္သ႐ိုက္လို ဆက္ဆံေန တဲ့သူကို ဒုတိယအခြင့္ အေရးေတြ၊ တတိယအခြင့္ အေရးေတြ ေပးမေနပါနဲ႔။ အဲဒီလို လူမ်ိဳးကို သင့္ဘဝထဲက ေမာင္းထုတ္ပစ္ လိုက္ပါ …။

ေနာက္တစ္ခါခ်စ္ဖို႔ မေၾကာက္ပါနဲ႔”

ကိုယ့္ဘဝ အေဖာ္မြန္ကို ရွာေတြ႕တဲ့အခါ သင့္ခံစားခ်က္ေတြ အားလုံး ေျပာင္းလဲသြားပါ လိမ့္မယ္။ အသည္းခြဲခံရမွာကို သင္ေၾကာက္႐ြံ႕ေန ရေတာ့မွာ မဟုတ္ဘူး။ သူက သင့္ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံပါလိမ့္မယ္ …။

အဆုံးသတ္မဟုတ္ဘူး”

ေယာက္်ား တစ္ေယာက္ သင့္ကို ပစ္သြားခ်ိန္မွာ သင့္ကို ခ်ဥ္းကပ္ဖို႔ ေစာင့္ေနသူက အၿမဲရွိေန မွာပါပဲ။ ငကန္းေသရင္ ငေစြလာမယ္ ဆိုတဲ့ စကားအတိုင္း သင့္ရဲ႕ အေတြ႕အႀကဳံအရ ပိုေကာင္းတဲ့သူကို သင္ ေ႐ြးခ်ယ္တတ္သြားမွာပါ …။

ခဏေလာက္ တစ္ကိုယ္တည္း ေနၾကည့္လို႔ရပါတယ္”

လုံးဝႀကီး လက္ေလွ်ာ့ လိုက္တာမ်ိဳးေတာ့ မလုပ္ပါနဲ႔။ ပန္းသီးတစ္လုံး မေကာင္းတာနဲ႔ တစ္ခိုင္လုံး ပစ္စရာမွ မလိုတာ။ သင္လို မိန္းကေလးမ်ိဳးနဲ႔ ဒိတ္လုပ္ခ်င္တဲ့ ေယာက္်ားေကာင္းေတြ ရွိလို႔ေနပါေသးတယ္ေနာ္ …။ ။

Julia

Credit

Unicode

သင်ဟာ အချစ်ကံခေလွန်းတဲ့ မိန်းကေလးဆိုရင် ဒီစာလေးကို ဖတ်ပါ…

စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက အချစ်ကံ ခေကြတာများပါတယ်။ သင်က စိတ်ထားကောင်းတော့ သင်ချစ်ခဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဒါပေမယ့် သူတို့ကကျတော့ သင့်အပေါ် ဘာလို့ မကောင်းရတာလဲ၊ ဒါပေမဲ့ ကမာ္ဘကြီးမှာ ဆိုးတဲ့ယောက်ျားတွေချည်းပဲ ရှိတာမဟုတ်ပါဘူး။ သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်နော် …။

သင့်မှာ ပြဿနာရှိနေတာ မဟုတ်ဘူး”

အချစ်ကံခေ တဲ့အတွက် ကိုယ့်ကို ကိုယ်ယုံကြည်မှု မပျောက်ပါနဲ့။ ရွေးချယ်မှု မှားခဲ့တာကလွဲလို့ သင်ဘာအများမှ မလုပ်ခဲ့ပါဘူး။ သူ သင့်ကို ထားမသွားခင် တုန်းကလိုပဲ သင်ဟာ လှနေတုန်း၊ ထက်မြက်နေတုန်းပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် သံသယ မဖြစ်ပါနဲ့ …/

လူတိုင်း အသည်းကွဲဖူးတယ်”

အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစား ချင်လို့ မရဘူး။ အဲဒီတော့ ခံစားစရာရှိတာ ခံစားလိုက်ပါ။ လူတိုင်း အသည်းခွဲခံရဖူးတယ်။ သင့်ကို အသည်းခွဲသွား သူလည်း တစ်နေ့ အသည်းခွဲ ခံရမှာပါပဲ …။

ယောက်ျားတိုင်း အဲဒီလို မဟုတ်ဘူး”

သင်တွေ့တဲ့ ယောက်ျားတိုင်းက သင့်ကို အသည်းခွဲ မယ့်သူတွေလို့ မထင်ပါနဲ့။ တစ်ချို့ယောက်ျားတွေက သင့်ရဲ့ ရည်းစားဟောင်းတွေ နဲ့ လုံးဝမတူ ပါဘူး …။

တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ”

သင်တကယ် လိုချင်တဲ့ ချစ်သူမျိုး ရသွားချိန်မှာတော့ အတိတ်ကို သင်လွမ်းနေတော့မှာ မဟုတ်ပါဘူး။ သူတို့တွေကြောင့်သာ ကိုယ့်အပေါ် တကယ်ကောင်းမယ့်သူကို သင်ရှာနိုင်ခဲ့ တာပေါ့ …။

နောက်တစ်ခါ အဖြစ်မခံပါနဲ့”

ကိုယ့်အပေါ် ကောင်းတာတစ် ချက်တည်းနဲ့ သေချာမစူးစမ်းဘဲ ချစ်သူ မထားပါနဲ့။ မျက်စိဖွင့် နားစွင့်ထားပြီး သေချာ အကဲခတ်သင့်ပါသေးတယ် …။

အရမ်းမကောင်းနဲ့”

ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေ တဲ့သူကို ဒုတိယအခွင့် အရေးတွေ၊ တတိယအခွင့် အရေးတွေ ပေးမနေပါနဲ့။ အဲဒီလို လူမျိုးကို သင့်ဘဝထဲက မောင်းထုတ်ပစ် လိုက်ပါ …။

နောက်တစ်ခါချစ်ဖို့ မကြောက်ပါနဲ့”

ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့အခါ သင့်ခံစားချက်တွေ အားလုံး ပြောင်းလဲသွားပါ လိမ့်မယ်။ အသည်းခွဲခံရမှာကို သင်ကြောက်ရွံ့နေ ရတော့မှာ မဟုတ်ဘူး။ သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ် …။

အဆုံးသတ်မဟုတ်ဘူး”

ယောက်ျား တစ်ယောက် သင့်ကို ပစ်သွားချိန်မှာ သင့်ကို ချဉ်းကပ်ဖို့ စောင့်နေသူက အမြဲရှိနေ မှာပါပဲ။ ငကန်းသေရင် ငစွေလာမယ် ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ အတွေ့အကြုံအရ ပိုကောင်းတဲ့သူကို သင် ရွေးချယ်တတ်သွားမှာပါ …။

ခဏလောက် တစ်ကိုယ်တည်း နေကြည့်လို့ရပါတယ်”

လုံးဝကြီး လက်လျှော့ လိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ပန်းသီးတစ်လုံး မကောင်းတာနဲ့ တစ်ခိုင်လုံး ပစ်စရာမှ မလိုတာ။ သင်လို မိန်းကလေးမျိုးနဲ့ ဒိတ်လုပ်ချင်တဲ့ ယောက်ျားကောင်းတွေ ရှိလို့နေပါသေးတယ်နော် …။ ။

Julia

Credit