အမြန်လမ်း 333 မိုင် 3 ဖာလုံ မှာ အပေါ့ဆင်းသွားပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့မိတဲ့ လင်မယား ၂ ဦးရဲ့ ထိတ်လန့်စရာဖြစ်ရပ်

အမြန်လမ်း 333 မိုင် 3 ဖာလုံ မှာ အပေါ့ဆင်းသွားပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့မိတဲ့ လင်မယား ၂ ဦးရဲ့ ထိတ်လန့်စရာဖြစ်ရပ်

ဟိုနေ့က ဘုန်းဘုန်းဦးဇောက ၃၃၃မိုင် ၃ဖာလုံမှာ ပုံလေးရိုက်ထားတာ တင်ထားလို့ ထူးခြားတာ ရှိခဲ့တယ်လို့ မန့်လိုက်သေးတယ်။ ဒီနေ့ အဲ့ထူးခြားတာကို ပြောပြ မလို့ပါ။ ဖတ်ရုံဖတ်ကြည့်ပေါ့ဗျာ ။ ဖြစ်နိုင်တာ မဖြစ်နိုင်တာထက် အဲလို ရှိဖူးတယ် ဆိုတာ ပြောပြချင်ရုံပါ။

၃၃၃ မိုင် ၃ ဖာလုံ ဆိုတာ အမြန်လမ်းမကြီးပေါ်က မိုင်တိုင်တခုပါပဲ။ ကျွန်မတို့က ပြင်စည်လမ်းကနေ အမြန်လမ်းပေါ်တက်လေ့ ရှိပါတယ် ။ အဲဒီ နေရာကိုလည်း နေ့နေ့ ညည ဖြတ်သွားနေကျပါပဲ။

 

ထူးခြားတာဖြစ်တယ်ဆိုတဲ့ တခေါက်ကတော့ အမျိုးသား အပေါ့ သွားမယ်ဆိုတာက စ တာပါ။ ၃၃၃ မိုင် ၃ ဖာလုံကျမှ အမှတ်တရ ဓာတ်ပုံရိုက်ရင်း အပေါ့ ဆင်းသွားမယ်လို့ သူကပြောပြီး ရန်ကုန်ဖက်က လာရင် လမ်း ညာဖက်ခြမ်းပေါ့ အဲ့နေရာမှာရပ်ပါတယ် ။

လမ်းပုခုံးသား ဘေးက တမာပင် ခပ်အုပ်အုပ်လေးရှိတဲ့ဖက်ကို သူက အပေါ့ဆင်းသွားပါတယ်။ ကျွန်မက ကားတံခါးဖွင့်ထားလျက်နဲ့ ထားခဲ့ပြီး လမ်းလျှောက်ရင်း မိုင်တိုင်ကို ဓာတ်ပုံရိုက်ပါတယ် ။

သူ့ကိုလည်း ငါတို့ ချဲထိုးရအောင် ဘာညာ လှမ်းပြောရင်းပေါ့ ။ အဲ့ အချိန် သူ ပြန်လာတော့ သူအပေါ့သွားတဲ့ တမာပင် ရဲ့ကိုင်းမှာ laptop အိတ်တလုံးချိတ်ထားတာကို သူရော ကျွန်မရော မြင်ပါတယ် ။ မြင်ပေမဲ့ အမှတ်တမဲ့ပါပဲ ။

သူ့ကို မိုင်တိုင်နဲ့တွဲ ဓာတ်ပုံရိုက်ပေးပြီး ကားပေါ်ပြန်တက် မောင်းထွက်လာတာပေါ့ ။ မောင်းလာလို့ ကိုက်တရာလောက်ပဲ သွားရသေးတယ် လင်မယားနှစ်ယောက်လုံး အတော်ဆိုးတဲ့ အနံ့ကြီးကို ရပါတယ်။ ပုပ်စော်လိုလို နဲ့ အနံ့ ရတည်းက မူးသွားတာပါပဲ။

သူက အနံ့ရတာ ကျွန်မကို မပြောပါဘူး။ ကျွန်မက ကားဘုရားကို လှူထားတဲ့ စံပါယ်ပန်းက ရတဲ့အနံ့လား ဆို နမ်းကြည့်တော့မှ အနံ့ နံသလားမေးပါတယ်။ ဟုတ်လို့ပြောတော့ သူက ငါ့မိန်းမရေ သိပ်တော့မဟုတ်ဘူးဟေ့ ဆိုပြီး နှစ်ယောက်သား

 

အမျှအတန်းပေးဝေ ကားမှန်တွေချ အပြင်လေ ဝင်အောင်လုပ်ပြီး အနံ့ ပျောက်ပြီ ဆိုမှ မှန်ပြန်တင်ပါတယ်။ ကားအဲကွန်းတော့ဖွင့်ထားတာပါ။ အဲလိုနဲ့ မန်းတလေးရောက်တဲ့ထိလည်း မနံတော့ပါဘူး။ ကျွန်မ ဆေးသွားပြတာမို့ ကားကို ဆေးခန်းတွေရှေ့ နေပူတွေထဲရပ်ထား ၊ ပြီး ပြန်တက်မောင်း ဘာအနံမှမရပါဘူး။

နောက်ဆုံး သွားဆေးခန်းဝင်ပြပြီး ပြန်တော့ မိုးချုပ်စပြုပါပြီ ။ ကျွန်မက သွေးကျဲဆေး သောက်နေရတာဆိုတော့ သွား လုပ်တာက သွေးအတော်ထွက်ပြီးမူးနေတော့တာ။ ဒါနဲ့ ကိုယ့်ဘာသာကြည့်ပြီး ဖြေးဖြေးမောင်းတော့ ကျွန်မ မူးနေလို့ အိပ်လိုက်ခဲ့မယ်ဆိုပြီး မှိန်းလိုက်လာတာပေါ့ ။

အဲ့အထိလည်း ဘာအနံ့မှမရပါဘူး ။ နောက် တံတားဦးလမ်းနားက BOC မှာ ဆီဝင်ထည့်ပါတယ် ။ အပေါ့အပါးဆင်းသွားပြီး ကော်ဖီအေး တဗူးသောက်လိုက်တော့ လူက လန်းသွားလို့ မဟာသမယသုတ်ရွတ်ဖို့လုပ်ပါတယ်။ ကျွန်မက ညနေတိုင်း ပူဇော်တာပါ ။ အဲဒါ ပူဇော်ဖို့ ဧဝံ မေသုတံ ပဲ ရှိသေး အနံ့ကြီးက ထောင်းခနဲ ထလာပါရော ။

ညကြီး ရှစ်နာရီလောက် အမြန်လမ်းပေါ် ကားပေါ်လဲ လင်မယားနှစ်ယောက်ထဲ ကျွန်မ ကြောက်လိုက်ပုံ မပြောပါနဲ့တော့ ။ ယောက်ျားကလဲ နင် မဟာသမယ မဖြစ်ဘူး မေတ္တာသုတ်အရင်ရွတ်ဟ ဆိုပြီး မေတ္တာသုတ်ရွတ် ၊

အစောင့်အရှောက်တွေ နယ်ပိုင်ကွင်းပိုင်တွေ မေတ္တာရပ်ခံ အာဋာနာဋိယသုတ်ရွတ် ကားပေါ်မှာပါလာရင်လဲ ဆင်းနေခဲ့ပါပေါ့ တတ်သမျှ မှတ်သမျှ ပြောဆို ပြီး ကြောက်ကြောက်နဲ့မောင်းလာကြတာ ။

အဲ့မိုင်တိုင် ကျော်တော့ အနံ့ မရတော့ပါဘူး။ ဒါနဲ့ အိမ်ပြန်ရောက်ရောဆိုပါတော့။ ခါတိုင်း သုံးနာရီလောက်မောင်းရပေမဲ့ အဲ့နေ့က နှစ်နာရီခွဲလောက်နဲ့ ပြန်ရောက်လာခဲ့ရောပေါ့ဗျာ။ အဲ့မှာ ဇာတ်လမ်းပြီးပြီထင်တာ။ မပြီးဘူးဗျာ ။

 

အဲ့နောက်ပိုင်း ဘယ်သွားသွား ကားပေါ် ကျွန်မ ပါရင် နံ တော့တာ ။ အဲကွန်းတွေ ရေတိုင်ကီတွေ အကုန်ပြန်လုပ် ။ မရဘူး နံတာပဲ။ ကျွန်မပါမှ နံတာ။ အဲ့ အနံ့ ရပြီဆိုရင်လဲ ကျွန်မက မူးသွားပြီး လူမမာလုံးလုံးဖြစ်သွားရော။ နှစ်ရက်လောက်မထနိုင်ဘူး။

ဒါနဲ့ ကျွန်မ ယောက္ခမများက သူတို့မိတ်ဆွေ အကြားအမြင် ဆရာမဆီ ခေါ်သွားပါတယ်။ ဆရာမက ဟောစားတဲ့သူမဟုတ်ပါဘူး ။ တကယ်တော့ သမထ သမားပါ။ သူ့ဆီရောက်တော့ သူက ဘာပြောလဲဆိုတော့ သမီးတို့ကားပေါ် ပါလာတာ ဟုတ်တယ်တဲ့ ။

အမျိုးသမီး အသက် ၂၅နှစ်လောက်အရွယ်တဲ့ ။ ကားက ချိတ်ဆွဲသွားလို့ မျက်နှာတခြမ်းက ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်တဲ့။ သူက အဲ့နားမှာ တခြား ပရလောကသားတွေ အနှိပ်စက်ခံပြီး ပြေးလွှားနေ နေရတာ တဲ့။

သမီးတို့ကား ကို တံခါးဖွင့်ထားလို့ သူက တက်ပုန်းရင်း ပါလာတာတဲ့ ။ နယ်ကျော်သွားလို့ ပြန်မရဘူး။ သမီး ဆွမ်းသင်္ကန်းလှူပေးပြီး ပရိတ်ရွတ်လိုက်ပေါ့တဲ့။

အဲဒါနဲ့ အကို ဦးဇင်းတွေကို လျှောက်ပြီး ကားကို ပရိတ်ရွတ်ဖို့လုပ်တာပေါ့။ ဆွမ်းချိုင့်ပို့ သင်္ကန်းကပ် ပဏိတ်နာ ။ စိတ်ရှင်းပြီ အေးဆေးပဲပေါ့နော်။

တကယ်က မအေးဆေးဘူးဗျာ။ ကျွန်မတို့ အဲလိုတွေဖြစ်နေတာ တလလောက်ကြာပါတယ်။ နောက်တခါ ဆေးပြသွားဖို့ မန္တလေးသွားတော့ ကျွန်မယောက်ျား ဖုန်းနဲ့ ကားပေါ်မှာ သီချင်းဖွင့်လာပါတယ် ။

 

အဲဒါ နထိုးနက မင်းစုံတောင်ဘေးမဲ့တော ကွေ့လဲ ရောက်ရော ကား ဆောင်းဘောက်ကနေ အထိတ်တလန့် အသံနဲ့ ကျွန်မကို ကယ်ကြရှင် ကယ်ကြပါ ကယ်ကြပါ လို့ (၃)ခါ တိတိ အော်သံထွက်လာပါတယ်။ အဲဒါနဲ့ ကျွန်မတို့ လင်မယား ရုတ်တရက် လန့်ပြီး ကားရပ် ပါတယ်။ သီချင်းက မွန်းအောင်သီချင်း ဖွင့်ထားတာပါ။ radio က မဟုတ်ပါဘူး ။

mp3 ဖွင့်ထားတာပါ ။ ကားရပ်ပြီးချိန်မှာ တက္ကသိုလ် သီချင်းတပုဒ် ပြောင်းသွားပါတယ်။ သူ့ ဖုန်းထဲမှာ သီချင်းက မြကျွန်းညိုညို တခွေရယ် မွန်းအောင်တခွေရယ် ထူးအိမ်သင်တခွေရယ်ပဲ ပါတာပါ။ ရှိသမျှ အသံဖိုင်အားလုံးမှာလဲ အဲ့ ကယ်ကြပါဦးရှင်ဆိုတာ မပါပါဘူး။ ကြားလိုက်ရတာ လင်မယားနှစ်ယောက်လုံးပါ။ အသံက အထိတ်တလန့်ဖြစ်နေတာကလွဲလို့ ကြည်ကြည်လင်လင်ပါပဲ။

ဒါနဲ့ မန္တလေးမသွားတော့ပဲ ပြန်လာကြပါတယ် ။ ပြန်လာတော့လည်း အနံ့က ပြန်နံ လာပါတယ်။ မနက်ပိုင်းဆိုတော့ ညလောက် မကြောက်ပါဘူး။

အိမ်ပြန်ရောက်တော့ မဖြစ်ဘူး ဆိုပြီး မြတောင်ညို ဆရာတော်ကြီးတပည့် ဝိဇ္ဇာလမ်း လိုက်နေတဲ့ အကို တပါးကို သွားလျှောက်ကြပါတယ်။ သွားလျှောက်တော့ သူက ညနေလေးနာရီလောက်လာဖို့ နဲ့သူ အစီအရင်တွေလုပ်ပေးမယ်လို့ မိန့်လိုက်တော့ပြန်လာကြပေါ့လေ။ ညနေကျ သွားကြရော ။

ဇာတ်လမ်းက ခုမှ အမြင့်ဆုံးရောက်မှာ။ အဲ့မှာ ရောက်တို့ ဘုန်းဘုန်းက ရေတပုလင်းကို မန်းမှုတ် ရွတ်ဖတ်ပါတယ်။ ဘုရားရှေ့ပေါ့။ အဲ့ အချိန် ကျွန်မက ဘယ်ဘက်တခြမ်းလုံး ကြက်သီးတွေ တဖြန်းဖြန်းထပြီး ခေါင်းက ဆံပင်တွေပါ ထောင်ထောင်လာသလိုပါပဲ။ အမျိုးသားကို ကိုကြီး ငါ ငိုချင်နေတယ်လို့ ပြောတာလဲ ကိုယ့်ကို မှတ်မိပါတယ် ။

ဒါပေမဲ့ ကိုယ်ထိုင်နေတာကို ကိုယ်ပြန်ကြည့်နေရသလို ကြောင်ကြောင်ကြီးဖြစ်နေတာလဲ သိနေပါတယ်။ ဘုန်းဘုန်းက ကဲလာ ကားပေါ်သွားမယ်ဆိုပြီး ကျောင်းထဲကနေ ကားနားသွားတော့ ကျွန်မက သိသလို မသိသလိုနဲ့ ကားပေါ်မှာသူက ရွတ်ဖတ်ပြီး အမိန့်ပြန်ပါတယ်။

အမိန့်ပြန်တာကို ကောင်းကောင်းသိပြီး သမီး ငိုချင်နေတယ်လို့ လျှောက်လိုက်ပါသေးတယ်။ လျှောက်ပြီးတော့ သူက ကဲ ကားပေါ်တက် တံတားထိမောင်းလို့ ပြောလို့ အမျိုးသားက ကားပေါ်တက်ပြီးမြို့အထွက် တံတားဖက်ကို မောင်းပါတယ် ။

ကျွန်မ ငိုင်တိုင်တိုင်နဲ့ လိုက်လာလို့ ဘုန်းဘုန်းက သမီး သမီးနဲ့ တချိန်လုံး ခေါ်လာတာပါ။ တံတားမရောက်ခင်မှာပဲ အသိလွတ်သွားပြီး တအား အော်တော့တာပါပဲတဲ့။ ခု စရေးမှာတွေက သူတို့ပြောတာတွေပါနော်။

ကျွန်မ တအားအော်ပြီးတအားငို တော့ ဘုန်းဘုန်းက ကားကိုပြန်လှည့်ခိုင်းပြီး ပရိတ်ပူဇော်ပေးတဲ့ အကိုတွေကျောင်းကို မောင်းခိုင်းပါတယ်။ ငါးမိနစ်သာသာလောက် မောင်းရတာပါ။ ဝူးဝူးဝါးဝါးတွေ ပြောပြီး တအား အော်ငိုတာတဲ့ ။

ကျောင်းရောက်တော့ ကားပေါ်က ဆင်းခိုင်းလို့ မရပါဘူးတဲ့ ။ ကူရှင်ကို မျက်နှာအပ်ပြီး တအားအော်ငိုနေတာပါတဲ့။ဒါနဲ့ အမျိုးသားက ပွေ့ပြီး ကျောင်းပေါ်တင်ပေးပါတယ်။ အကိုတွေလဲ ဘာဖြစ်လာလဲလို့ အံ့သြနေကြတာပါ။ ပါလာတဲ့ ဘုန်းဘုန်းက ပြောပြတော့ အကိုတပါးက ဘာဖြစ်ချင်လဲ ပြောပါ ဘာလို့လဲ နားလည်အောင် ပြောပါလို့ မေးတော့ အိမ်ပြန်ချင်လို့ပါ လို့ ပြောတယ်တဲ့။

ဘုရားရော အကိုတွေရောဦးမချပါဘူးတဲ့။ မျက်နှာကို လက်သီးဆုပ်နှစ်ဖက်နဲ့ အုပ်ထားပြီး အော်ငိုတာတဲ့။ ကျွန်မ အော်ငိုတဲ့ အသံကို ကျောင်းဘေး ပေ၃၀ လောက်ဝေးတဲ့ အိမ်က ကြားရပါသတဲ့။

အိမ်ပြန်ချင်တယ်ပြောလို့ ဘုန်းဘုန်းတပါးက ဘယ်ပို့ပေးရမလဲ မေးတော့လဲ မပြောတတ်ဘဲ ခေါင်းရမ်းနေပြီး ပြန်ပို့ပေးပါနော်လို့ချည်း ပြောနေသတဲ့။ ဒါနဲ့ အဲ့လမ်းကြောကျွမ်းတဲ့ အကိုတပါးနဲ့ အမျိုးသားက ရွာစဉ်ပြောမေးတော့မှ အမြန်လမ်းပေါ် တိုးဂိတ်နားမှာ ရဲကင်းရှိတယ်လို့ အဖြေရပါသတဲ့။

အကို ဆရာတော်တွေကလဲ တို့လိုက်ပို့မယ် ခု မနှောက်ယှက်နဲ့ မနက်ဖြန်မနက် ၇နာရီ နင့်ကို လာခေါ်မယ် အခု နင်ကားပေါ်မှာအေးအေးဆေးဆေးနေ ဆိုတော့ခေါင်းငြိမ့်သတဲ့။ ငါတို့အမျှဝေတာမရဘူးလားဆိုတော့ ငြိမ်နေပြီး ဘာမှမပြောဘူးတဲ့ ။

ငါ့နှမရေသောက်မလားဆိုမေးတော့ခေါင်းငြိမ့်ပြသတဲ့ ။ ပရိတ်ရေတိုက်တော့ အကုန်ထွေးထုတ်ပြီး အဲတော့မှ ကန်တော့ခိုင်းလို့ရပါတယ်တဧ့ ။

မျက်နှာကို လက်သီးဆုပ်ပြီးကာထားတာ ရဟန်းသုံးပါးဝိုင်းဖြည်တာ လက်သီးဆုပ်မပြည်ပါဘူး။သူ့ဘာသူ ကန်တော့ပြီး ပြန်ထွက်သွားတယ်ထင်ရပါတယ်။ ကျွန်မ အသိပြန်ကပ်တော့ ရေတွေစိုရွဲ ချွေးတွေရောမျက်ရည်တွေရောပါ။

ထူးဆန်းတာက ရိုက်ကြီးတငင်အော်ငိုပေမဲ့ မမောသလို အသံလဲ မဝင် လည်ချောင်းလဲ မနာပါဘူး။ ဒါနဲ့ သူတို့လဲ ပရိတ်အကာအကွယ်လုပ်ပေးကြပြီး ကျွန်မတို့ပြန်လာပါတယ် ။

ညအိပ်တော့ကြောက်စိတ်နဲ့နိုးတဝက်ဖြစ်နေပြီး ကျွန်မ ဘယ်ဘက် လက်ဖဝါးကို လက်သည်းချွန်ချွန်နဲ့ ခနခန လာကုတ်တယ်လို့ ခံစားရပါတယ်။ မနက် ဘုန်းဘုန်းတွေ ကြွမလာခင် မိသားစု

မနက်စာစားတော့ ထမင်းစားခန်းအပေါ်ကနေ ကျီးတကောင်က အ အ ဆိုပြီးကြောက်စရာအသံကြီးနဲ့အော်ပါတယ်။ ဒါနဲ့ အမေလည်း အပြင်ကို ထမင်းတို့မုန့်တို့ယူသွားပြီး ခြံပြင်မှာ ချကျွေးခဲ့ရော။ ဘုန်းဘုန်းတွေကြွလာတော့ ကျွန်မ မနေ့က ဝတ်ထားတဲ့ အဝတ်အစား ဖိနပ် စတာတွေယူ တမာကိုင်းနဲ့ အိမ်နဲ့ကားရော ကျွန်မရောပုတ်ပြီး ခေါ်ပါတယ် ။

တမာကိုင်းပုတ်တဲ့ ဘုန်းဘုန်းက ပါတာသေချာပါတယ် အလေးကြီးပဲလို့ ပြောလို့ တခြားဘုန်းဘုန်းတွေပါ မကြည့်ကြပါတယ် ။ဟုတ်တယ်လို့ပြောပြီး သွားပို့တဲ့သူတို့အဖွဲ့က သွားပို့ကြ။ အိမ်မှာကျန်တဲ့တဖွဲ့က တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ခိုင်းပြီး ပရိတ်ပူဇော်ပေးကြပါတယ်။

ဆေးတချို့လည်းတိုက်ပါတယ်။ သွားပို့တဲ့ အဖွဲ့ ပြန်လာတော့ သူပြောတဲ့ ရဲကင်းရှိတဲ့ တိုးဂိတ်ဘေးမှာ အိမ်တလုံးရှိတယ် ခြံ လုပ်ထားတဲ့ထဲမှာလို့ ပြောကြပါတယ်။ အဲ့နောက်တော့ ဘာနံ့မှလည်း မရ ဘာမှလည်း မဖြစ်တော့ဘဲ အခု ကျန်းမာပကတိ ချမ်းသာစွာရှိပါကြောင်း။

ကျွန်မတို့လင်မယား အမြန်လမ်းကနေ မသွားတော့တာလဲ အဲ့အချိန်တည်းက ဖြစ်ပါကြောင်း ။

Edit အရင်က ဒီအိတ်ကြောင်း ကျန်နေတာ

အဲ့အိတ်ရယ် လေဒီရှူး အပ်းလေတရံရယ်က ၃၃၃မိုင် ၃ဖာလုံက တမာပင်မှာရှိနေတာပါ။

Credit after_tessa

အျမန္လမ္း 333 မိုင္ 3 ဖာလုံ မွာ အေပါ့ဆင္းသြားၿပီး အမွတ္တရ ဓာတ္ပုံ႐ိုက္ခဲ့မိတဲ့ လင္မယား ၂ ဦးရဲ႕ ထိတ္လန႔္စရာျဖစ္ရပ္

ဟိုေန႔က ဘုန္းဘုန္းဦးေဇာက ၃၃၃မိုင္ ၃ဖာလုံမွာ ပုံေလး႐ိုက္ထားတာ တင္ထားလို႔ ထူးျခားတာ ရွိခဲ့တယ္လို႔ မန္႔လိုက္ေသးတယ္။ ဒီေန႔ အဲ့ထူးျခားတာကို ေျပာျပ မလို႔ပါ။ ဖတ္႐ုံဖတ္ၾကည့္ေပါ့ဗ်ာ ။ ျဖစ္ႏိုင္တာ မျဖစ္ႏိုင္တာထက္ အဲလို ရွိဖူးတယ္ ဆိုတာ ေျပာျပခ်င္႐ုံပါ။

၃၃၃ မိုင္ ၃ ဖာလုံ ဆိုတာ အျမန္လမ္းမႀကီးေပၚက မိုင္တိုင္တခုပါပဲ။ ကြၽန္မတို႔က ျပင္စည္လမ္းကေန အျမန္လမ္းေပၚတက္ေလ့ ရွိပါတယ္ ။ အဲဒီ ေနရာကိုလည္း ေန႔ေန႔ ညည ျဖတ္သြားေနက်ပါပဲ။

ထူးျခားတာျဖစ္တယ္ဆိုတဲ့ တေခါက္ကေတာ့ အမ်ိဳးသား အေပါ့ သြားမယ္ဆိုတာက စ တာပါ။ ၃၃၃ မိုင္ ၃ ဖာလုံက်မွ အမွတ္တရ ဓာတ္ပုံ႐ိုက္ရင္း အေပါ့ ဆင္းသြားမယ္လို႔ သူကေျပာၿပီး ရန္ကုန္ဖက္က လာရင္ လမ္း ညာဖက္ျခမ္းေပါ့ အဲ့ေနရာမွာရပ္ပါတယ္ ။

လမ္းပုခုံးသား ေဘးက တမာပင္ ခပ္အုပ္အုပ္ေလးရွိတဲ့ဖက္ကို သူက အေပါ့ဆင္းသြားပါတယ္။ ကြၽန္မက ကားတံခါးဖြင့္ထားလ်က္နဲ႔ ထားခဲ့ၿပီး လမ္းေလွ်ာက္ရင္း မိုင္တိုင္ကို ဓာတ္ပုံ႐ိုက္ပါတယ္ ။

သူ႔ကိုလည္း ငါတို႔ ခ်ဲထိုးရေအာင္ ဘာညာ လွမ္းေျပာရင္းေပါ့ ။ အဲ့ အခ်ိန္ သူ ျပန္လာေတာ့ သူအေပါ့သြားတဲ့ တမာပင္ ရဲ႕ကိုင္းမွာ laptop အိတ္တလုံးခ်ိတ္ထားတာကို သူေရာ ကြၽန္မေရာ ျမင္ပါတယ္ ။ ျမင္ေပမဲ့ အမွတ္တမဲ့ပါပဲ ။

သူ႔ကို မိုင္တိုင္နဲ႔တြဲ ဓာတ္ပုံ႐ိုက္ေပးၿပီး ကားေပၚျပန္တက္ ေမာင္းထြက္လာတာေပါ့ ။ ေမာင္းလာလို႔ ကိုက္တရာေလာက္ပဲ သြားရေသးတယ္ လင္မယားႏွစ္ေယာက္လုံး အေတာ္ဆိုးတဲ့ အနံ႔ႀကီးကို ရပါတယ္။ ပုပ္ေစာ္လိုလို နဲ႔ အနံ႔ ရတည္းက မူးသြားတာပါပဲ။

သူက အနံ႔ရတာ ကြၽန္မကို မေျပာပါဘူး။ ကြၽန္မက ကားဘုရားကို လႉထားတဲ့ စံပါယ္ပန္းက ရတဲ့အနံ႔လား ဆို နမ္းၾကည့္ေတာ့မွ အနံ႔ နံသလားေမးပါတယ္။ ဟုတ္လို႔ေျပာေတာ့ သူက ငါ့မိန္းမေရ သိပ္ေတာ့မဟုတ္ဘူးေဟ့ ဆိုၿပီး ႏွစ္ေယာက္သား

အမွ်အတန္းေပးေဝ ကားမွန္ေတြခ် အျပင္ေလ ဝင္ေအာင္လုပ္ၿပီး အနံ႔ ေပ်ာက္ၿပီ ဆိုမွ မွန္ျပန္တင္ပါတယ္။ ကားအဲကြန္းေတာ့ဖြင့္ထားတာပါ။ အဲလိုနဲ႔ မန္းတေလးေရာက္တဲ့ထိလည္း မနံေတာ့ပါဘူး။ ကြၽန္မ ေဆးသြားျပတာမို႔ ကားကို ေဆးခန္းေတြေရွ႕ ေနပူေတြထဲရပ္ထား ၊ ၿပီး ျပန္တက္ေမာင္း ဘာအနံမွမရပါဘူး။

ေနာက္ဆုံး သြားေဆးခန္းဝင္ျပၿပီး ျပန္ေတာ့ မိုးခ်ဳပ္စျပဳပါၿပီ ။ ကြၽန္မက ေသြးက်ဲေဆး ေသာက္ေနရတာဆိုေတာ့ သြား လုပ္တာက ေသြးအေတာ္ထြက္ၿပီးမူးေနေတာ့တာ။ ဒါနဲ႔ ကိုယ့္ဘာသာၾကည့္ၿပီး ေျဖးေျဖးေမာင္းေတာ့ ကြၽန္မ မူးေနလို႔ အိပ္လိုက္ခဲ့မယ္ဆိုၿပီး မွိန္းလိုက္လာတာေပါ့ ။

အဲ့အထိလည္း ဘာအနံ႔မွမရပါဘူး ။ ေနာက္ တံတားဦးလမ္းနားက BOC မွာ ဆီဝင္ထည့္ပါတယ္ ။ အေပါ့အပါးဆင္းသြားၿပီး ေကာ္ဖီေအး တဗူးေသာက္လိုက္ေတာ့ လူက လန္းသြားလို႔ မဟာသမယသုတ္႐ြတ္ဖို႔လုပ္ပါတယ္။ ကြၽန္မက ညေနတိုင္း ပူေဇာ္တာပါ ။ အဲဒါ ပူေဇာ္ဖို႔ ဧဝံ ေမသုတံ ပဲ ရွိေသး အနံ႔ႀကီးက ေထာင္းခနဲ ထလာပါေရာ ။

ညႀကီး ရွစ္နာရီေလာက္ အျမန္လမ္းေပၚ ကားေပၚလဲ လင္မယားႏွစ္ေယာက္ထဲ ကြၽန္မ ေၾကာက္လိုက္ပုံ မေျပာပါနဲ႔ေတာ့ ။ ေယာက္်ားကလဲ နင္ မဟာသမယ မျဖစ္ဘူး ေမတၱာသုတ္အရင္႐ြတ္ဟ ဆိုၿပီး ေမတၱာသုတ္႐ြတ္ ၊

အေစာင့္အေရွာက္ေတြ နယ္ပိုင္ကြင္းပိုင္ေတြ ေမတၱာရပ္ခံ အာဋာနာဋိယသုတ္႐ြတ္ ကားေပၚမွာပါလာရင္လဲ ဆင္းေနခဲ့ပါေပါ့ တတ္သမွ် မွတ္သမွ် ေျပာဆို ၿပီး ေၾကာက္ေၾကာက္နဲ႔ေမာင္းလာၾကတာ ။

အဲ့မိုင္တိုင္ ေက်ာ္ေတာ့ အနံ႔ မရေတာ့ပါဘူး။ ဒါနဲ႔ အိမ္ျပန္ေရာက္ေရာဆိုပါေတာ့။ ခါတိုင္း သုံးနာရီေလာက္ေမာင္းရေပမဲ့ အဲ့ေန႔က ႏွစ္နာရီခြဲေလာက္နဲ႔ ျပန္ေရာက္လာခဲ့ေရာေပါ့ဗ်ာ။ အဲ့မွာ ဇာတ္လမ္းၿပီးၿပီထင္တာ။ မၿပီးဘူးဗ်ာ ။

အဲ့ေနာက္ပိုင္း ဘယ္သြားသြား ကားေပၚ ကြၽန္မ ပါရင္ နံ ေတာ့တာ ။ အဲကြန္းေတြ ေရတိုင္ကီေတြ အကုန္ျပန္လုပ္ ။ မရဘူး နံတာပဲ။ ကြၽန္မပါမွ နံတာ။ အဲ့ အနံ႔ ရၿပီဆိုရင္လဲ ကြၽန္မက မူးသြားၿပီး လူမမာလုံးလုံးျဖစ္သြားေရာ။ ႏွစ္ရက္ေလာက္မထႏိုင္ဘူး။

ဒါနဲ႔ ကြၽန္မ ေယာကၡမမ်ားက သူတို႔မိတ္ေဆြ အၾကားအျမင္ ဆရာမဆီ ေခၚသြားပါတယ္။ ဆရာမက ေဟာစားတဲ့သူမဟုတ္ပါဘူး ။ တကယ္ေတာ့ သမထ သမားပါ။ သူ႔ဆီေရာက္ေတာ့ သူက ဘာေျပာလဲဆိုေတာ့ သမီးတို႔ကားေပၚ ပါလာတာ ဟုတ္တယ္တဲ့ ။

အမ်ိဳးသမီး အသက္ ၂၅ႏွစ္ေလာက္အ႐ြယ္တဲ့ ။ ကားက ခ်ိတ္ဆြဲသြားလို႔ မ်က္ႏွာတျခမ္းက ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတယ္တဲ့။ သူက အဲ့နားမွာ တျခား ပရေလာကသားေတြ အႏွိပ္စက္ခံၿပီး ေျပးလႊားေန ေနရတာ တဲ့။

သမီးတို႔ကား ကို တံခါးဖြင့္ထားလို႔ သူက တက္ပုန္းရင္း ပါလာတာတဲ့ ။ နယ္ေက်ာ္သြားလို႔ ျပန္မရဘူး။ သမီး ဆြမ္းသကၤန္းလႉေပးၿပီး ပရိတ္႐ြတ္လိုက္ေပါ့တဲ့။

အဲဒါနဲ႔ အကို ဦးဇင္းေတြကို ေလွ်ာက္ၿပီး ကားကို ပရိတ္႐ြတ္ဖို႔လုပ္တာေပါ့။ ဆြမ္းခ်ိဳင့္ပို႔ သကၤန္းကပ္ ပဏိတ္နာ ။ စိတ္ရွင္းၿပီ ေအးေဆးပဲေပါ့ေနာ္။

တကယ္က မေအးေဆးဘူးဗ်ာ။ ကြၽန္မတို႔ အဲလိုေတြျဖစ္ေနတာ တလေလာက္ၾကာပါတယ္။ ေနာက္တခါ ေဆးျပသြားဖို႔ မႏၲေလးသြားေတာ့ ကြၽန္မေယာက္်ား ဖုန္းနဲ႔ ကားေပၚမွာ သီခ်င္းဖြင့္လာပါတယ္ ။

အဲဒါ နထိုးနက မင္းစုံေတာင္ေဘးမဲ့ေတာ ေကြ႕လဲ ေရာက္ေရာ ကား ေဆာင္းေဘာက္ကေန အထိတ္တလန္႔ အသံနဲ႔ ကြၽန္မကို ကယ္ၾကရွင္ ကယ္ၾကပါ ကယ္ၾကပါ လို႔ (၃)ခါ တိတိ ေအာ္သံထြက္လာပါတယ္။ အဲဒါနဲ႔ ကြၽန္မတို႔ လင္မယား ႐ုတ္တရက္ လန္႔ၿပီး ကားရပ္ ပါတယ္။ သီခ်င္းက မြန္းေအာင္သီခ်င္း ဖြင့္ထားတာပါ။ radio က မဟုတ္ပါဘူး ။

mp3 ဖြင့္ထားတာပါ ။ ကားရပ္ၿပီးခ်ိန္မွာ တကၠသိုလ္ သီခ်င္းတပုဒ္ ေျပာင္းသြားပါတယ္။ သူ႔ ဖုန္းထဲမွာ သီခ်င္းက ျမကြၽန္းညိဳညိဳ တေခြရယ္ မြန္းေအာင္တေခြရယ္ ထူးအိမ္သင္တေခြရယ္ပဲ ပါတာပါ။ ရွိသမွ် အသံဖိုင္အားလုံးမွာလဲ အဲ့ ကယ္ၾကပါဦးရွင္ဆိုတာ မပါပါဘူး။ ၾကားလိုက္ရတာ လင္မယားႏွစ္ေယာက္လုံးပါ။ အသံက အထိတ္တလန္႔ျဖစ္ေနတာကလြဲလို႔ ၾကည္ၾကည္လင္လင္ပါပဲ။

ဒါနဲ႔ မႏၲေလးမသြားေတာ့ပဲ ျပန္လာၾကပါတယ္ ။ ျပန္လာေတာ့လည္း အနံ႔က ျပန္နံ လာပါတယ္။ မနက္ပိုင္းဆိုေတာ့ ညေလာက္ မေၾကာက္ပါဘူး။

အိမ္ျပန္ေရာက္ေတာ့ မျဖစ္ဘူး ဆိုၿပီး ျမေတာင္ညိဳ ဆရာေတာ္ႀကီးတပည့္ ဝိဇၨာလမ္း လိုက္ေနတဲ့ အကို တပါးကို သြားေလွ်ာက္ၾကပါတယ္။ သြားေလွ်ာက္ေတာ့ သူက ညေနေလးနာရီေလာက္လာဖို႔ နဲ႔သူ အစီအရင္ေတြလုပ္ေပးမယ္လို႔ မိန္႔လိုက္ေတာ့ျပန္လာၾကေပါ့ေလ။ ညေနက် သြားၾကေရာ ။

ဇာတ္လမ္းက ခုမွ အျမင့္ဆုံးေရာက္မွာ။ အဲ့မွာ ေရာက္တို႔ ဘုန္းဘုန္းက ေရတပုလင္းကို မန္းမႈတ္ ႐ြတ္ဖတ္ပါတယ္။ ဘုရားေရွ႕ေပါ့။ အဲ့ အခ်ိန္ ကြၽန္မက ဘယ္ဘက္တျခမ္းလုံး ၾကက္သီးေတြ တျဖန္းျဖန္းထၿပီး ေခါင္းက ဆံပင္ေတြပါ ေထာင္ေထာင္လာသလိုပါပဲ။ အမ်ိဳးသားကို ကိုႀကီး ငါ ငိုခ်င္ေနတယ္လို႔ ေျပာတာလဲ ကိုယ့္ကို မွတ္မိပါတယ္ ။

ဒါေပမဲ့ ကိုယ္ထိုင္ေနတာကို ကိုယ္ျပန္ၾကည့္ေနရသလို ေၾကာင္ေၾကာင္ႀကီးျဖစ္ေနတာလဲ သိေနပါတယ္။ ဘုန္းဘုန္းက ကဲလာ ကားေပၚသြားမယ္ဆိုၿပီး ေက်ာင္းထဲကေန ကားနားသြားေတာ့ ကြၽန္မက သိသလို မသိသလိုနဲ႔ ကားေပၚမွာသူက ႐ြတ္ဖတ္ၿပီး အမိန္႔ျပန္ပါတယ္။

အမိန္႔ျပန္တာကို ေကာင္းေကာင္းသိၿပီး သမီး ငိုခ်င္ေနတယ္လို႔ ေလွ်ာက္လိုက္ပါေသးတယ္။ ေလွ်ာက္ၿပီးေတာ့ သူက ကဲ ကားေပၚတက္ တံတားထိေမာင္းလို႔ ေျပာလို႔ အမ်ိဳးသားက ကားေပၚတက္ၿပီးၿမိဳ႕အထြက္ တံတားဖက္ကို ေမာင္းပါတယ္ ။

ကြၽန္မ ငိုင္တိုင္တိုင္နဲ႔ လိုက္လာလို႔ ဘုန္းဘုန္းက သမီး သမီးနဲ႔ တခ်ိန္လုံး ေခၚလာတာပါ။ တံတားမေရာက္ခင္မွာပဲ အသိလြတ္သြားၿပီး တအား ေအာ္ေတာ့တာပါပဲတဲ့။ ခု စေရးမွာေတြက သူတို႔ေျပာတာေတြပါေနာ္။

ကြၽန္မ တအားေအာ္ၿပီးတအားငို ေတာ့ ဘုန္းဘုန္းက ကားကိုျပန္လွည့္ခိုင္းၿပီး ပရိတ္ပူေဇာ္ေပးတဲ့ အကိုေတြေက်ာင္းကို ေမာင္းခိုင္းပါတယ္။ ငါးမိနစ္သာသာေလာက္ ေမာင္းရတာပါ။ ဝူးဝူးဝါးဝါးေတြ ေျပာၿပီး တအား ေအာ္ငိုတာတဲ့ ။

ေက်ာင္းေရာက္ေတာ့ ကားေပၚက ဆင္းခိုင္းလို႔ မရပါဘူးတဲ့ ။ ကူရွင္ကို မ်က္ႏွာအပ္ၿပီး တအားေအာ္ငိုေနတာပါတဲ့။ဒါနဲ႔ အမ်ိဳးသားက ေပြ႕ၿပီး ေက်ာင္းေပၚတင္ေပးပါတယ္။ အကိုေတြလဲ ဘာျဖစ္လာလဲလို႔ အံ့ၾသေနၾကတာပါ။ ပါလာတဲ့ ဘုန္းဘုန္းက ေျပာျပေတာ့ အကိုတပါးက ဘာျဖစ္ခ်င္လဲ ေျပာပါ ဘာလို႔လဲ နားလည္ေအာင္ ေျပာပါလို႔ ေမးေတာ့ အိမ္ျပန္ခ်င္လို႔ပါ လို႔ ေျပာတယ္တဲ့။

ဘုရားေရာ အကိုေတြေရာဦးမခ်ပါဘူးတဲ့။ မ်က္ႏွာကို လက္သီးဆုပ္ႏွစ္ဖက္နဲ႔ အုပ္ထားၿပီး ေအာ္ငိုတာတဲ့။ ကြၽန္မ ေအာ္ငိုတဲ့ အသံကို ေက်ာင္းေဘး ေပ၃၀ ေလာက္ေဝးတဲ့ အိမ္က ၾကားရပါသတဲ့။

အိမ္ျပန္ခ်င္တယ္ေျပာလို႔ ဘုန္းဘုန္းတပါးက ဘယ္ပို႔ေပးရမလဲ ေမးေတာ့လဲ မေျပာတတ္ဘဲ ေခါင္းရမ္းေနၿပီး ျပန္ပို႔ေပးပါေနာ္လို႔ခ်ည္း ေျပာေနသတဲ့။ ဒါနဲ႔ အဲ့လမ္းေၾကာကြၽမ္းတဲ့ အကိုတပါးနဲ႔ အမ်ိဳးသားက ႐ြာစဥ္ေျပာေမးေတာ့မွ အျမန္လမ္းေပၚ တိုးဂိတ္နားမွာ ရဲကင္းရွိတယ္လို႔ အေျဖရပါသတဲ့။

အကို ဆရာေတာ္ေတြကလဲ တို႔လိုက္ပို႔မယ္ ခု မေႏွာက္ယွက္နဲ႔ မနက္ျဖန္မနက္ ၇နာရီ နင့္ကို လာေခၚမယ္ အခု နင္ကားေပၚမွာေအးေအးေဆးေဆးေန ဆိုေတာ့ေခါင္းၿငိမ့္သတဲ့။ ငါတို႔အမွ်ေဝတာမရဘူးလားဆိုေတာ့ ၿငိမ္ေနၿပီး ဘာမွမေျပာဘူးတဲ့ ။

ငါ့ႏွမေရေသာက္မလားဆိုေမးေတာ့ေခါင္းၿငိမ့္ျပသတဲ့ ။ ပရိတ္ေရတိုက္ေတာ့ အကုန္ေထြးထုတ္ၿပီး အဲေတာ့မွ ကန္ေတာ့ခိုင္းလို႔ရပါတယ္တဧ့ ။

မ်က္ႏွာကို လက္သီးဆုပ္ၿပီးကာထားတာ ရဟန္းသုံးပါးဝိုင္းျဖည္တာ လက္သီးဆုပ္မျပည္ပါဘူး။သူ႔ဘာသူ ကန္ေတာ့ၿပီး ျပန္ထြက္သြားတယ္ထင္ရပါတယ္။ ကြၽန္မ အသိျပန္ကပ္ေတာ့ ေရေတြစို႐ြဲ ေခြၽးေတြေရာမ်က္ရည္ေတြေရာပါ။

ထူးဆန္းတာက ႐ိုက္ႀကီးတငင္ေအာ္ငိုေပမဲ့ မေမာသလို အသံလဲ မဝင္ လည္ေခ်ာင္းလဲ မနာပါဘူး။ ဒါနဲ႔ သူတို႔လဲ ပရိတ္အကာအကြယ္လုပ္ေပးၾကၿပီး ကြၽန္မတို႔ျပန္လာပါတယ္ ။

ညအိပ္ေတာ့ေၾကာက္စိတ္နဲ႔ႏိုးတဝက္ျဖစ္ေနၿပီး ကြၽန္မ ဘယ္ဘက္ လက္ဖဝါးကို လက္သည္းခြၽန္ခြၽန္နဲ႔ ခနခန လာကုတ္တယ္လို႔ ခံစားရပါတယ္။ မနက္ ဘုန္းဘုန္းေတြ ႂကြမလာခင္ မိသားစု

မနက္စာစားေတာ့ ထမင္းစားခန္းအေပၚကေန က်ီးတေကာင္က အ အ ဆိုၿပီးေၾကာက္စရာအသံႀကီးနဲ႔ေအာ္ပါတယ္။ ဒါနဲ႔ အေမလည္း အျပင္ကို ထမင္းတို႔မုန္႔တို႔ယူသြားၿပီး ၿခံျပင္မွာ ခ်ေကြၽးခဲ့ေရာ။ ဘုန္းဘုန္းေတြႂကြလာေတာ့ ကြၽန္မ မေန႔က ဝတ္ထားတဲ့ အဝတ္အစား ဖိနပ္ စတာေတြယူ တမာကိုင္းနဲ႔ အိမ္နဲ႔ကားေရာ ကြၽန္မေရာပုတ္ၿပီး ေခၚပါတယ္ ။

တမာကိုင္းပုတ္တဲ့ ဘုန္းဘုန္းက ပါတာေသခ်ာပါတယ္ အေလးႀကီးပဲလို႔ ေျပာလို႔ တျခားဘုန္းဘုန္းေတြပါ မၾကည့္ၾကပါတယ္ ။ဟုတ္တယ္လို႔ေျပာၿပီး သြားပို႔တဲ့သူတို႔အဖြဲ႕က သြားပို႔ၾက။ အိမ္မွာက်န္တဲ့တဖြဲ႕က တေရာ္ကင္ပြန္းနဲ႔ ေခါင္းေလွ်ာ္ခိုင္းၿပီး ပရိတ္ပူေဇာ္ေပးၾကပါတယ္။

ေဆးတခ်ိဳ႕လည္းတိုက္ပါတယ္။ သြားပို႔တဲ့ အဖြဲ႕ ျပန္လာေတာ့ သူေျပာတဲ့ ရဲကင္းရွိတဲ့ တိုးဂိတ္ေဘးမွာ အိမ္တလုံးရွိတယ္ ၿခံ လုပ္ထားတဲ့ထဲမွာလို႔ ေျပာၾကပါတယ္။ အဲ့ေနာက္ေတာ့ ဘာနံ႔မွလည္း မရ ဘာမွလည္း မျဖစ္ေတာ့ဘဲ အခု က်န္းမာပကတိ ခ်မ္းသာစြာရွိပါေၾကာင္း။

ကြၽန္မတို႔လင္မယား အျမန္လမ္းကေန မသြားေတာ့တာလဲ အဲ့အခ်ိန္တည္းက ျဖစ္ပါေၾကာင္း ။

Edit အရင္က ဒီအိတ္ေၾကာင္း က်န္ေနတာ

အဲ့အိတ္ရယ္ ေလဒီရႉး အပ္းေလတရံရယ္က ၃၃၃မိုင္ ၃ဖာလုံက တမာပင္မွာရွိေနတာပါ။

Credit after_tessa