ဆရာ သုမောင် မင်းလူ မောင်ဝဏ္ဏ ကိုရူပတို့ ညီအကိုတွေ ခါးပိုက်နှိုက်ခံရတဲ့ အကြောင်း …

ဆရာ သုမောင် မင်းလူ မောင်ဝဏ္ဏ ကိုရူပတို့ ညီအကိုတတွေ ခါးပိုက်နှိုက်ခံရတဲ့ အကြောင်းလေးကို ဖတ်ဖူးကြားဖူးကြမည် ထင်ပါသည်။ ညီအကို‌လေးယောက်လုံး၏ ခါးပိုက်နှိုက်ခံရသည့် အကြောင်းအရာလည်း တူညီကြပါသည်။

မတူညီကြတာကတော့ ခါးပိုက်နှိုက်ခံရတဲ့အပေါ် တုံ့ပြန်ပုံတုံ့ပြန်နည်းပါပဲ။

ဆရာသုမောင်တို့ ညီအကိုတတွေမှာ စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီမောင်ဝဏ္ဏက အကိုအကြီးဆုံး။

ပြီးတော့မှ စာရေးဆရာ အဆိုတော် ရုပ်ရှင်မင်းသား အကယ်ဒမီ သုမောင်၊ ပြီးတော့ သရုပ်ဆောင် ကိုရူပ၊ ပြီးမှ ဆရာမင်းလူပါ။ နာမည်တွေကို ကြီးစဉ်ငယ်လိုက် ခေါ်လိုက်ဖို့သင့်ပေမဲ့၊

သုမောင် မင်းလူ မောင်ဝဏ္ဏ ကိုရူပ ဆိုတာလေးက ဖတ်ရတာ စာချောပါသဖြင့် ထိုအတိုင်းပင် ရေးလိုက်ပါသည်။

ဆရာသုတို့ ညီအကိုတတွေ တူညီစွာ ခါးပိုက်နှိုက်ခံရသည့်ပစ္စည်းကတော့ ဈေးကြီးသော ပတ်ကားဖောင်တိန်ဖြစ်ပါသည်။ ထိုခေတ်က ပတ်ကားဖောင်တိန်များကို ပြန်ရောင်းစားလို့ ရသောခေတ်။

အနှိုက်ခံရသည့်‌ နေရာကလည်း ဘတ်စ်ကားစီးရင်းနဲ့ အနှိုက်ခံကြရပါသည်။

အရင်ဆုံးကတော့ ဆရာသုမောင် အနှိုက်ခံရသည့် အကြောင်း။

ဆရာသုက ဘတ်စ်ကားတံခါးနားမှာ စီးသည်။ လက်နှစ်ဖက်လုံးမှာ ပစ္စည်းတွေ ကိုင်ထားသဖြင့် မအားမလပ်။

ထိုခေတ်က မျက်မှန်ကိုပါ အလစ်ဖြုတ်ပြေးတတ်ကြသဖြင့် မျက်မှန်ကို သတိထားနေသည်။ ရှပ်အင်္ကျီတွင် အမြဲချိတ်ထားသော ဖောင်တိန်ကိုတော့ သတိမထားမိလိုက်။

ခါးပိုက်နှိုက်ကလည်း ပါးသည်။ သတိထားနေသော မျက်မှန်ကို မဖြုတ်ဘဲ ဖောင်တိန်ကိုသာ ဆွဲဖြုတ်၍ ခုန်ချမလို့ လုပ်သည်။

ဒီတော့ ဆရာသု ဘာလုပ်သနည်း။

ကားပေါ်မှ ခုန်ချမည့်ဆဲဆဲ ခါးပိုက်နှိုက်အား ဖင်ပိတ်ကန်ချလိုက်ရာ ခါးပိုက်နှိုက်မှာ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားရသည်။

ကားရပ်လိုက်တော့ သကောင့်သားခမျာ မြေကြီးပေါ်မှ မထနိုင်သေး။

ဆရာသု ဖောင်တိန်လည်း ပြန်ရ၍ ခါးပိုက်နှိုက်လည်း အဖမ်းခံရပါသည်။

စိတ်ထက်သော မဟုတ်မခံ ဆရာသုပါ…။

နောက်တစ်ယောက်ကတော့ ဆရာမောင်ဝဏ္ဏ။

ဆရာမောင်ဝဏ္ဏက ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်းဇာတ်ကားနဲ့ အကယ်ဒမီ ရပြီးချိန်။

အသက် ၂၄နှစ်နဲ့ အကယ်ဒမီ ဒါရိုက်တာဆုရသူ၊ မြန်မာ့ရုပ်ရှင်သမိုင်းမှာ အသက်ငယ်ဆုံး ဒါရိုက်တာအကယ်ဒမီဆုရှင်။

နည်းတဲ့ အနုပညာဇ မဟုတ်။

ဒီနေရာမှာတော့ သူရို့ညီအကိုများ ဘတ်စ်ကားတိုးစီးကြခြင်းသည် အိမ်မှာ ကားများ မရှိ၍မဟုတ်ဘဲ စီးချင်သောကြောင့်ကို စီးနေကြခြင်းဟု ပြောရပါမည်။ သဘာဝအုပ်စုကြီးက အနုပညာသမားတွေ ဒဿနသမားတွေ မဟုတ်လား။

ဆရာမောင်ဝဏ္ဏက ဆယ်တန်းအောင်တော့ ဆေးကျောင်းအမှတ်မီသည်။ သို့သော်လည်း ဒဿနိကဗေဒကိုသာ ယူ၍ ကျောင်းပြီးခဲ့သည်။

အိမ်ရှိကားများကို မစီးချင်ဘဲ ဘတ်စ်ကားတိုးစီးချင်သော ဆရာမောင်ဝဏ္ဏ၏ ဒဿနလွှမ်းမိုးမှုကြောင့် ကျန်ညီများပါ ဘတ်စ်ကားတိုးစီးခြင်းအပေါ် ဝါသနာထုံကုန်ကြရသည်ဟု ဆိုသည်။

တရက်တော့ မောင်ဝဏ္ဏတစ်ယောက် မှောင်ရီပြိုးစအချိန်လောက်မှ မျက်လုံးတစ်ဖက်ကို လက်ဖြင့်အုပ်လျက် အိမ်ပြန်ရောက်လာသည်။

ဒီတုန်းက လူပျိုလူလွတ်တွေမို့ သုမောင်နှင့် မောင်ဝဏ္ဏက နှစ်ယောက်တစ်ခန်း နေကြသည်။ မျက်လုံးတစ်ဖက် လက်နဲ့အုပ်လို့ မျက်နှာမကောင်းဖြစ်နေတဲ့ မောင်ဝဏ္ဏကို တွေ့တော့ သုမောင်က ပျာပျာသလဲ မေးသည်။ မောင်ဝဏ္ဏက ပြန်မဖြေ။

အိပ်ယာပေါ်မှာသာ မှောက်ရက်ကြီး အိပ်နေသည်။ အမေ့ကိုပါ ခေါ်မေးစေတော့မှ အဖြစ်က ပေါ်လာသည်။

ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရပြီး၊ ခါးပိုက်နှိုက်ကို ဆင်းလိုက်ရာ မှီသွားတော့ ဟိုခါးပိုက်နှိုက်က သူ့ကို ဆွဲထိုးသွားခြင်းပါတဲ့။

အနှိုက်ခံရတာကလည်း ဖောင်တိန်ပါပဲ။

မျက်လုံးကြီးက ဖူးယောင်လာတာ မြင်တော့၊

ဆရာသု ဒေါသထွက်ပြီး ရဲစခန်းကို လိုက်ကြသည်။ ရဲစခန်းရောက်တော့ နယ်မြေထဲမှာရှိတဲ့ စာရင်းဝင်ခါးပိုက်နှိုက်တွေကို ဖမ်းစစ်ရာ တရားခံ မိပါသည်။ တရားခံလည်း မိသလို အကြောင်းစုံလည်း ပေါ်လာသည်။

တကယ်တော့ ဆရာမောင်ဝဏ္ဏက ကားပေါ်မှာ သူ့ဖောင်တိန်ကို ဖြုတ်ဖြုတ်သွားချင်းပင် သိသည်။ ဒါပေမဲ့ အသာလေးငြိမ်နေပြီး ခါးပိုက်နှိုက် ဆင်း‌တော့ လိုက်ဆင်းပြီး အသာလိုက်သည်။

ခါးပိုက်နှိုက်ကို မီလာတော့မှ ညီလေးရေ ခဏ စကားပြောရအောင်ကွာဆိုပြီး ဒဿနတရားတွေ သွားဟောခြင်းပင်ဖြစ်သည်။

“ညီလေးရာ လူတစ်ယောက်ရဲ့ဘဝကို တည်ဆောက်တဲ့နေရာမှာ လုပ်နည်းလုပ်ဟန်တွေဆိုတာ ရှိပါတယ်၊ တကယ်တော့ ဘဝဆိုတာ…” စသည်အားဖြင့် သွားပြောရာ ဟိုခါးပိုက်နှိုက်က သူ့စကားမဆုံးခင် လက်သီးဖြင့် ပိတ်ထိုးပြီး ထွက်ပြေးသွားခြင်းပင်။

ဪ ချစ်ရပါသော ဆရာမောင်ဝဏ္ဏ..။

နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ရဲ့အချစ်တော် အသည်းစွဲ ဆရာမင်းလူ။

ညီအကိုလေးယောက်မှာ ဆရာမင်းလူက အငယ်ဆုံး။ ဆရာ့ရဲ့ နာမည်အရင်းက ညဏ်ပေါ်။ ညီအကိုတွေထဲမှာလည်း ဉာဏ်အကောင်းဆုံး။

ငယ်ငယ်ကတည်းက သူများတွေ အမှုမဲ့အမှတ်မဲ့အရာတွေကို သူက ကပ်သီးကပ်သပ် မြင်တတ်လုပ်တတ်သည်။ ဖြတ်ထိုးဉာဏ် ကောင်းသည်။

သူ ရှစ်တန်းအောင်တော့ ဆရာသု‌ေမာင်က ပတ်ကားဖောင်တိန်လေးတစ်ချောင်း လက်ဆောင်ပေးထားသည်။

တစ်ရက်တော့ ဘတ်စ်ကားပေါ်မှာ ထိုဖောင်တိန်လေး ခါးပိုက်နှိုက်ခံရပါသည်။

ခါးပိုက်နှိုက်က ဖောင်တိန်ကို ဆွဲဖြုတ်ရာ အဖုံးပဲ ကျွတ်ပါသွားပြီး ဖောင်တိန်ကိုယ်ထည်က အိတ်ကပ်ထဲမှာပဲ ကျန်ခဲ့သည်။

ဖောင်တိန်က ကျန်ခဲ့သဖြင့် ခါးပိုက်နှိုက်ခမျာမှာလည်း အဖုံးကြီးကိုင်ပြီး အိုးတို့အမ်းတမ်း ဖြစ်နေသည်။

ဒီနေရာမှာ ဆရာမင်းလူတို့ ဖြတ်ထိုးဉာဏ်က အစွမ်းပြလာသည်။

ခါးပိုက်နှိုက်နား အသာလေးကပ်၍ ဘော်ဒါအချင်းချင်းတွေ မလုပ်ကောင်းဘူးလေကွာ အဖုံးကို အသာလေးပြန်စွပ်ပေးလိုက်ဟု ဆိုရာ ခါးပိုက်နှိုက်ကလည်း လူအလစ်ကြည့်၍ သေချာပင် ပြန်တပ်‌ေပးပါသည်။

“မင်းက ဘယ်အဖွဲ့ကလဲ”

“ငါက နှင်းဆီကုန်း”

“ငါက မိချောင်းကန်က”

“အချင်းချင်းတွေပဲ အကူအညီလိုရင် အချက်ပြလိုက်”

“ကျွမ်းပါတယ်”

ခါးပိုက်နှိုက်ကိုပင် ပြန်တပတ်ရိုက်ခဲ့သော အာဂဆရာမင်းလူပါပေ…။

နောက်တစ်ယောက်ကတော့ ကိုရူပပါ။

ဆရာမောင်ဝဏ္ဏ ဆရာသုမောင်တို့ရဲ့ အောက်၊ ဆရာမင်းလူရဲ့အထက် ညီအကိုတွေထဲမှာ နို့ညှာ။

နို့ညှာဆိုသည့်အတိုင်း သည်းခံတတ်သည်။

အကိုတွေက မှားဟောက်ရင်လည်း ငြိမ်ခံသည်။

ညီက ပြန်ပက်ရင်လည်း ဘာမှမပြော။

နောက်ပြီးကျမှ အိမ်တိုင်ကို ခေါင်းနှင့်ဆောင့်ချင်ဆောင့်နေတတ်သူ။

ကိုရူပလည်း တစ်ရက်တော့ ခါးပိုက်နှိုက်ခံရသည်။ ဖောင်တိန်ပါပဲ။

အိမ်ကို မျက်နှာမကောင်းပဲ ပြန်လာသည်။

ဆရာသုက မေးကြည့်တော့ ခါးပိုက်နှိုက်ခံရလို့တဲ့။

ဒါနဲ့ ခါးပိုက်နှိုက်ခံရတဲ့အချိန်မှာ သိလားဆိုတော့ သိပါတယ်တဲ့။

“ဒါနဲ့များကွာ မင်း အားကစားသမားလုပ်ပြီး မင်း ဗလကြီးနဲ့ ဆွဲတီးပစ်ပါတော့လား”

” မဟုတ်ဘူး ကိုကို၊ ကျွန်တော် တစ်ခုခုလုပ်လိုက်လို့ လူတွေသိသွားရင် သူ့ကို ဝိုင်းတွယ်ကြမှာ၊ နောက်ပြီးတော့ သူ့ခမျာ လူကြားသူကြားထဲ ရှက်သွားမှာပေါ့”

“ဟင်..”

ကိုရူပရဲ့ စိတ်ဓာတ်လေးက ချစ်စရာ ကရုဏာသက်စရာ…။

ဒီအကြောင်းလေးကို ဖတ်ပြီး ကျွန်တော် တွေးမိတာ ကျွန်တော်သာ သူတို့နေရာမှာဆိုရင် ဘယ်လို ဖြေရှင်းမလဲ။

ဆရာ သုမောင် မင်းလူ မောင်ဝဏ္ဏ ကိုရူပတို့ ညီအကိုတွေထဲမှာ ကိုယ်က ဘယ်သူ့စရိုက်နဲ့ ကိုက်ညီနေသလဲ ဆိုတာကိုပင်။

ညီအကိုလေးယောက်လုံး၏ စရိုက်လက္ခဏာများကို ချစ်နှစ်သက်ရသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။

ခါးပိုက်နှိုက်ကို ဘတ်စ်ကားပေါ်က ကန်ချခဲ့သော ဆရာသုမောင်ကိုလည်း ချစ်ပါသည်။

ဒီလို သတ္တိကောင်းကောင်းနှင့် မဟုတ်မခံ တုံ့ပြန်ဝံ့သောသူအပေါ် လူတွေ မစော်ကားရဲကြပါ။

ခါးပိုက်နှိုက်ကို ဒဿနတရားတွေ သွားဟောရင်း ပြုပြင်ဖို့ကြိုးစားသော ဆရာမောင်ဝဏ္ဏကိုလည်း ချစ်ပါသည်။

ခါးပိုက်နှိုက်က ထိုးပြီး ထွက်ပြေးသွားတော့ ကရုဏာသက်မိရင်းပင် ရယ်ချင်မိသောစိတ်လည်း ပေါက်လာပါသည်။

ဆရာမင်းလူရဲ့ ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ ပညာသားပါပါ သဘာဝကျကျ ဖြေရှင်းလိုက်ပုံကိုလည်း သိပ်သဘောကျပါသည်။ အင်မတန် ရွှင်ပြ၍ ချစ်စရာကောင်းသော ဆရာမင်းလူပါ။

ဤနေရာမှာ ကျွန်တော်နှင့် အကိုက်ညီဆုံးစရိုက်ကတော့ ကိုရူပရဲ့ စရိုက်ပါပဲ။

ကျွန်တော်က အားနာကြီးသည်။

သူတပါးကြောင့် ကိုယ့်မှာ အနှောင့်အယှက်ဖြစ်ရသည်ထက်၊ ကိုယ့်ကြောင့် သူတပါး အနှောင့်အယှက်ဖြစ်သွားမှာကို သိပ်စိုးပါသည်။ စကားပြောလွန်မိလျှင်ပင် လွန်မိလေခြင်းဟု အချိန်အတန်ကြာ ခံစားနေမိတတ်သည်။

ထို့ကြောင့် ခါးပိုက်နှိုက်ခံရရင်လည်း ကိုရူပလိုများ အသာလေး ငြိမ်နေမိလိုက်မည်လား မပြောတတ်ပါ။

မိတ်ဆွေများဆိုရင်ကော…။

ဆရာသုမောင်လိုလား။

ဆရာမောင်ဝဏ္ဏလိုလား။

ဆရာမင်းလူလိုလား။

ဒါမှမဟုတ် ကိုရူပလိုများလား…။

ခေတ်လင်းအိမ်

၁၀.၅.၂၀၂၂

မှတ်ချက်။ ။ ကော်ပီကူးယူမယ်ဆိုရင် ကျွန်တော့်ရဲ့ နာမည်ကို မဖြုတ်ပစ်ဖို့နဲ့၊ ပိုစ့်ရဲ့ မူရင်းLinkလေးပါ ထည့်ပေးဖို့ လေးစားညွှတ်နူးစွာဖြင့် မေတ္တာရပ်ခံပါရစေ ခင်ဗျာ။

ကိုးကား ; ကွမ်းစကားပေါင်းချုပ်၊ သုမောင်၊ စိတ်ကူးချိုချိုစာပေ၊ ပထမအကြိမ်။

Photo Credit to Original Uploader

ဆရာ သုေမာင္ မင္းလူ ေမာင္ဝဏၰ ကို႐ူပတို႔ ညီအကိုတေတြ ခါးပိုက္ႏႈိက္ခံရတဲ့ အေၾကာင္းေလးကို ဖတ္ဖူးၾကားဖူးၾကမည္ ထင္ပါသည္။ ညီအကို‌ေလးေယာက္လုံး၏ ခါးပိုက္ႏႈိက္ခံရသည့္ အေၾကာင္းအရာလည္း တူညီၾကပါသည္။

မတူညီၾကတာကေတာ့ ခါးပိုက္ႏႈိက္ခံရတဲ့အေပၚ တုံ႔ျပန္ပုံတုံ႔ျပန္နည္းပါပဲ။

ဆရာသုေမာင္တို႔ ညီအကိုတေတြမွာ စာေရးဆရာ ဒါ႐ိုက္တာ အကယ္ဒမီေမာင္ဝဏၰက အကိုအႀကီးဆုံး။

ၿပီးေတာ့မွ စာေရးဆရာ အဆိုေတာ္ ႐ုပ္ရွင္မင္းသား အကယ္ဒမီ သုေမာင္၊ ၿပီးေတာ့ သ႐ုပ္ေဆာင္ ကို႐ူပ၊ ၿပီးမွ ဆရာမင္းလူပါ။ နာမည္ေတြကို ႀကီးစဥ္ငယ္လိုက္ ေခၚလိုက္ဖို႔သင့္ေပမဲ့၊

သုေမာင္ မင္းလူ ေမာင္ဝဏၰ ကို႐ူပ ဆိုတာေလးက ဖတ္ရတာ စာေခ်ာပါသျဖင့္ ထိုအတိုင္းပင္ ေရးလိုက္ပါသည္။

ဆရာသုတို႔ ညီအကိုတေတြ တူညီစြာ ခါးပိုက္ႏႈိက္ခံရသည့္ပစၥည္းကေတာ့ ေဈးႀကီးေသာ ပတ္ကားေဖာင္တိန္ျဖစ္ပါသည္။ ထိုေခတ္က ပတ္ကားေဖာင္တိန္မ်ားကို ျပန္ေရာင္းစားလို႔ ရေသာေခတ္။

အႏႈိက္ခံရသည့္‌ ေနရာကလည္း ဘတ္စ္ကားစီးရင္းနဲ႔ အႏႈိက္ခံၾကရပါသည္။

အရင္ဆုံးကေတာ့ ဆရာသုေမာင္ အႏႈိက္ခံရသည့္ အေၾကာင္း။

ဆရာသုက ဘတ္စ္ကားတံခါးနားမွာ စီးသည္။ လက္ႏွစ္ဖက္လုံးမွာ ပစၥည္းေတြ ကိုင္ထားသျဖင့္ မအားမလပ္။

ထိုေခတ္က မ်က္မွန္ကိုပါ အလစ္ျဖဳတ္ေျပးတတ္ၾကသျဖင့္ မ်က္မွန္ကို သတိထားေနသည္။ ရွပ္အက်ႌတြင္ အၿမဲခ်ိတ္ထားေသာ ေဖာင္တိန္ကိုေတာ့ သတိမထားမိလိုက္။

ခါးပိုက္ႏႈိက္ကလည္း ပါးသည္။ သတိထားေနေသာ မ်က္မွန္ကို မျဖဳတ္ဘဲ ေဖာင္တိန္ကိုသာ ဆြဲျဖဳတ္၍ ခုန္ခ်မလို႔ လုပ္သည္။

ဒီေတာ့ ဆရာသု ဘာလုပ္သနည္း။

ကားေပၚမွ ခုန္ခ်မည့္ဆဲဆဲ ခါးပိုက္ႏႈိက္အား ဖင္ပိတ္ကန္ခ်လိုက္ရာ ခါးပိုက္ႏႈိက္မွာ တလိမ့္ေခါက္ေကြး ျပဳတ္က်သြားရသည္။

ကားရပ္လိုက္ေတာ့ သေကာင့္သားခမ်ာ ေျမႀကီးေပၚမွ မထႏိုင္ေသး။

ဆရာသု ေဖာင္တိန္လည္း ျပန္ရ၍ ခါးပိုက္ႏႈိက္လည္း အဖမ္းခံရပါသည္။

စိတ္ထက္ေသာ မဟုတ္မခံ ဆရာသုပါ…။

ေနာက္တစ္ေယာက္ကေတာ့ ဆရာေမာင္ဝဏၰ။

ဆရာေမာင္ဝဏၰက ကတၱီပါ ဖိနပ္စီး ေ႐ႊထီးေဆာင္းဇာတ္ကားနဲ႔ အကယ္ဒမီ ရၿပီးခ်ိန္။

အသက္ ၂၄ႏွစ္နဲ႔ အကယ္ဒမီ ဒါ႐ိုက္တာဆုရသူ၊ ျမန္မာ့႐ုပ္ရွင္သမိုင္းမွာ အသက္ငယ္ဆုံး ဒါ႐ိုက္တာအကယ္ဒမီဆုရွင္။

နည္းတဲ့ အႏုပညာဇ မဟုတ္။

ဒီေနရာမွာေတာ့ သူ႐ို႕ညီအကိုမ်ား ဘတ္စ္ကားတိုးစီးၾကျခင္းသည္ အိမ္မွာ ကားမ်ား မရွိ၍မဟုတ္ဘဲ စီးခ်င္ေသာေၾကာင့္ကို စီးေနၾကျခင္းဟု ေျပာရပါမည္။ သဘာဝအုပ္စုႀကီးက အႏုပညာသမားေတြ ဒႆနသမားေတြ မဟုတ္လား။

ဆရာေမာင္ဝဏၰက ဆယ္တန္းေအာင္ေတာ့ ေဆးေက်ာင္းအမွတ္မီသည္။ သို႔ေသာ္လည္း ဒႆနိကေဗဒကိုသာ ယူ၍ ေက်ာင္းၿပီးခဲ့သည္။

အိမ္ရွိကားမ်ားကို မစီးခ်င္ဘဲ ဘတ္စ္ကားတိုးစီးခ်င္ေသာ ဆရာေမာင္ဝဏၰ၏ ဒႆနလႊမ္းမိုးမႈေၾကာင့္ က်န္ညီမ်ားပါ ဘတ္စ္ကားတိုးစီးျခင္းအေပၚ ဝါသနာထုံကုန္ၾကရသည္ဟု ဆိုသည္။

တရက္ေတာ့ ေမာင္ဝဏၰတစ္ေယာက္ ေမွာင္ရီၿပိဳးစအခ်ိန္ေလာက္မွ မ်က္လုံးတစ္ဖက္ကို လက္ျဖင့္အုပ္လ်က္ အိမ္ျပန္ေရာက္လာသည္။

ဒီတုန္းက လူပ်ိဳလူလြတ္ေတြမို႔ သုေမာင္ႏွင့္ ေမာင္ဝဏၰက ႏွစ္ေယာက္တစ္ခန္း ေနၾကသည္။ မ်က္လုံးတစ္ဖက္ လက္နဲ႔အုပ္လို႔ မ်က္ႏွာမေကာင္းျဖစ္ေနတဲ့ ေမာင္ဝဏၰကို ေတြ႕ေတာ့ သုေမာင္က ပ်ာပ်ာသလဲ ေမးသည္။ ေမာင္ဝဏၰက ျပန္မေျဖ။

အိပ္ယာေပၚမွာသာ ေမွာက္ရက္ႀကီး အိပ္ေနသည္။ အေမ့ကိုပါ ေခၚေမးေစေတာ့မွ အျဖစ္က ေပၚလာသည္။

ဘတ္စ္ကားေပၚမွာ ခါးပိုက္ႏႈိက္ခံရၿပီး၊ ခါးပိုက္ႏႈိက္ကို ဆင္းလိုက္ရာ မွီသြားေတာ့ ဟိုခါးပိုက္ႏႈိက္က သူ႔ကို ဆြဲထိုးသြားျခင္းပါတဲ့။

အႏႈိက္ခံရတာကလည္း ေဖာင္တိန္ပါပဲ။

မ်က္လုံးႀကီးက ဖူးေယာင္လာတာ ျမင္ေတာ့၊

ဆရာသု ေဒါသထြက္ၿပီး ရဲစခန္းကို လိုက္ၾကသည္။ ရဲစခန္းေရာက္ေတာ့ နယ္ေျမထဲမွာရွိတဲ့ စာရင္းဝင္ခါးပိုက္ႏႈိက္ေတြကို ဖမ္းစစ္ရာ တရားခံ မိပါသည္။ တရားခံလည္း မိသလို အေၾကာင္းစုံလည္း ေပၚလာသည္။

တကယ္ေတာ့ ဆရာေမာင္ဝဏၰက ကားေပၚမွာ သူ႔ေဖာင္တိန္ကို ျဖဳတ္ျဖဳတ္သြားခ်င္းပင္ သိသည္။ ဒါေပမဲ့ အသာေလးၿငိမ္ေနၿပီး ခါးပိုက္ႏႈိက္ ဆင္း‌ေတာ့ လိုက္ဆင္းၿပီး အသာလိုက္သည္။

ခါးပိုက္ႏႈိက္ကို မီလာေတာ့မွ ညီေလးေရ ခဏ စကားေျပာရေအာင္ကြာဆိုၿပီး ဒႆနတရားေတြ သြားေဟာျခင္းပင္ျဖစ္သည္။

“ညီေလးရာ လူတစ္ေယာက္ရဲ႕ဘဝကို တည္ေဆာက္တဲ့ေနရာမွာ လုပ္နည္းလုပ္ဟန္ေတြဆိုတာ ရွိပါတယ္၊ တကယ္ေတာ့ ဘဝဆိုတာ…” စသည္အားျဖင့္ သြားေျပာရာ ဟိုခါးပိုက္ႏႈိက္က သူ႔စကားမဆုံးခင္ လက္သီးျဖင့္ ပိတ္ထိုးၿပီး ထြက္ေျပးသြားျခင္းပင္။

ဪ ခ်စ္ရပါေသာ ဆရာေမာင္ဝဏၰ..။

ေနာက္တစ္ေယာက္ကေတာ့ ကြၽန္ေတာ္တို႔ရဲ႕အခ်စ္ေတာ္ အသည္းစြဲ ဆရာမင္းလူ။

ညီအကိုေလးေယာက္မွာ ဆရာမင္းလူက အငယ္ဆုံး။ ဆရာ့ရဲ႕ နာမည္အရင္းက ညဏ္ေပၚ။ ညီအကိုေတြထဲမွာလည္း ဉာဏ္အေကာင္းဆုံး။

ငယ္ငယ္ကတည္းက သူမ်ားေတြ အမႈမဲ့အမွတ္မဲ့အရာေတြကို သူက ကပ္သီးကပ္သပ္ ျမင္တတ္လုပ္တတ္သည္။ ျဖတ္ထိုးဉာဏ္ ေကာင္းသည္။

သူ ရွစ္တန္းေအာင္ေတာ့ ဆရာသု‌ေမာင္က ပတ္ကားေဖာင္တိန္ေလးတစ္ေခ်ာင္း လက္ေဆာင္ေပးထားသည္။

တစ္ရက္ေတာ့ ဘတ္စ္ကားေပၚမွာ ထိုေဖာင္တိန္ေလး ခါးပိုက္ႏႈိက္ခံရပါသည္။

ခါးပိုက္ႏႈိက္က ေဖာင္တိန္ကို ဆြဲျဖဳတ္ရာ အဖုံးပဲ ကြၽတ္ပါသြားၿပီး ေဖာင္တိန္ကိုယ္ထည္က အိတ္ကပ္ထဲမွာပဲ က်န္ခဲ့သည္။

ေဖာင္တိန္က က်န္ခဲ့သျဖင့္ ခါးပိုက္ႏႈိက္ခမ်ာမွာလည္း အဖုံးႀကီးကိုင္ၿပီး အိုးတို႔အမ္းတမ္း ျဖစ္ေနသည္။

ဒီေနရာမွာ ဆရာမင္းလူတို႔ ျဖတ္ထိုးဉာဏ္က အစြမ္းျပလာသည္။

ခါးပိုက္ႏႈိက္နား အသာေလးကပ္၍ ေဘာ္ဒါအခ်င္းခ်င္းေတြ မလုပ္ေကာင္းဘူးေလကြာ အဖုံးကို အသာေလးျပန္စြပ္ေပးလိုက္ဟု ဆိုရာ ခါးပိုက္ႏႈိက္ကလည္း လူအလစ္ၾကည့္၍ ေသခ်ာပင္ ျပန္တပ္‌ေပးပါသည္။

“မင္းက ဘယ္အဖြဲ႕ကလဲ”

“ငါက ႏွင္းဆီကုန္း”

“ငါက မိေခ်ာင္းကန္က”

“အခ်င္းခ်င္းေတြပဲ အကူအညီလိုရင္ အခ်က္ျပလိုက္”

“ကြၽမ္းပါတယ္”

ခါးပိုက္ႏႈိက္ကိုပင္ ျပန္တပတ္႐ိုက္ခဲ့ေသာ အာဂဆရာမင္းလူပါေပ…။

ေနာက္တစ္ေယာက္ကေတာ့ ကို႐ူပပါ။

ဆရာေမာင္ဝဏၰ ဆရာသုေမာင္တို႔ရဲ႕ ေအာက္၊ ဆရာမင္းလူရဲ႕အထက္ ညီအကိုေတြထဲမွာ ႏို႔ညႇာ။

ႏို႔ညႇာဆိုသည့္အတိုင္း သည္းခံတတ္သည္။

အကိုေတြက မွားေဟာက္ရင္လည္း ၿငိမ္ခံသည္။

ညီက ျပန္ပက္ရင္လည္း ဘာမွမေျပာ။

ေနာက္ၿပီးက်မွ အိမ္တိုင္ကို ေခါင္းႏွင့္ေဆာင့္ခ်င္ေဆာင့္ေနတတ္သူ။

ကို႐ူပလည္း တစ္ရက္ေတာ့ ခါးပိုက္ႏႈိက္ခံရသည္။ ေဖာင္တိန္ပါပဲ။

အိမ္ကို မ်က္ႏွာမေကာင္းပဲ ျပန္လာသည္။

ဆရာသုက ေမးၾကည့္ေတာ့ ခါးပိုက္ႏႈိက္ခံရလို႔တဲ့။

ဒါနဲ႔ ခါးပိုက္ႏႈိက္ခံရတဲ့အခ်ိန္မွာ သိလားဆိုေတာ့ သိပါတယ္တဲ့။

“ဒါနဲ႔မ်ားကြာ မင္း အားကစားသမားလုပ္ၿပီး မင္း ဗလႀကီးနဲ႔ ဆြဲတီးပစ္ပါေတာ့လား”

” မဟုတ္ဘူး ကိုကို၊ ကြၽန္ေတာ္ တစ္ခုခုလုပ္လိုက္လို႔ လူေတြသိသြားရင္ သူ႔ကို ဝိုင္းတြယ္ၾကမွာ၊ ေနာက္ၿပီးေတာ့ သူ႔ခမ်ာ လူၾကားသူၾကားထဲ ရွက္သြားမွာေပါ့”

“ဟင္..”

ကို႐ူပရဲ႕ စိတ္ဓာတ္ေလးက ခ်စ္စရာ က႐ုဏာသက္စရာ…။

ဒီအေၾကာင္းေလးကို ဖတ္ၿပီး ကြၽန္ေတာ္ ေတြးမိတာ ကြၽန္ေတာ္သာ သူတို႔ေနရာမွာဆိုရင္ ဘယ္လို ေျဖရွင္းမလဲ။

ဆရာ သုေမာင္ မင္းလူ ေမာင္ဝဏၰ ကို႐ူပတို႔ ညီအကိုေတြထဲမွာ ကိုယ္က ဘယ္သူ႔စ႐ိုက္နဲ႔ ကိုက္ညီေနသလဲ ဆိုတာကိုပင္။

ညီအကိုေလးေယာက္လုံး၏ စ႐ိုက္လကၡဏာမ်ားကို ခ်စ္ႏွစ္သက္ရသည္ကေတာ့ အမွန္ပင္ ျဖစ္ပါသည္။

ခါးပိုက္ႏႈိက္ကို ဘတ္စ္ကားေပၚက ကန္ခ်ခဲ့ေသာ ဆရာသုေမာင္ကိုလည္း ခ်စ္ပါသည္။

ဒီလို သတၱိေကာင္းေကာင္းႏွင့္ မဟုတ္မခံ တုံ႔ျပန္ဝံ့ေသာသူအေပၚ လူေတြ မေစာ္ကားရဲၾကပါ။

ခါးပိုက္ႏႈိက္ကို ဒႆနတရားေတြ သြားေဟာရင္း ျပဳျပင္ဖို႔ႀကိဳးစားေသာ ဆရာေမာင္ဝဏၰကိုလည္း ခ်စ္ပါသည္။

ခါးပိုက္ႏႈိက္က ထိုးၿပီး ထြက္ေျပးသြားေတာ့ က႐ုဏာသက္မိရင္းပင္ ရယ္ခ်င္မိေသာစိတ္လည္း ေပါက္လာပါသည္။

ဆရာမင္းလူရဲ႕ ျဖတ္ထိုးဉာဏ္ေကာင္းေကာင္းနဲ႔ ပညာသားပါပါ သဘာဝက်က် ေျဖရွင္းလိုက္ပုံကိုလည္း သိပ္သေဘာက်ပါသည္။ အင္မတန္ ႐ႊင္ျပ၍ ခ်စ္စရာေကာင္းေသာ ဆရာမင္းလူပါ။

ဤေနရာမွာ ကြၽန္ေတာ္ႏွင့္ အကိုက္ညီဆုံးစ႐ိုက္ကေတာ့ ကို႐ူပရဲ႕ စ႐ိုက္ပါပဲ။

ကြၽန္ေတာ္က အားနာႀကီးသည္။

သူတပါးေၾကာင့္ ကိုယ့္မွာ အေႏွာင့္အယွက္ျဖစ္ရသည္ထက္၊ ကိုယ့္ေၾကာင့္ သူတပါး အေႏွာင့္အယွက္ျဖစ္သြားမွာကို သိပ္စိုးပါသည္။ စကားေျပာလြန္မိလွ်င္ပင္ လြန္မိေလျခင္းဟု အခ်ိန္အတန္ၾကာ ခံစားေနမိတတ္သည္။

ထို႔ေၾကာင့္ ခါးပိုက္ႏႈိက္ခံရရင္လည္း ကို႐ူပလိုမ်ား အသာေလး ၿငိမ္ေနမိလိုက္မည္လား မေျပာတတ္ပါ။

မိတ္ေဆြမ်ားဆိုရင္ေကာ…။

ဆရာသုေမာင္လိုလား။

ဆရာေမာင္ဝဏၰလိုလား။

ဆရာမင္းလူလိုလား။

ဒါမွမဟုတ္ ကို႐ူပလိုမ်ားလား…။

ေခတ္လင္းအိမ္

၁၀.၅.၂၀၂၂

မွတ္ခ်က္။ ။ ေကာ္ပီကူးယူမယ္ဆိုရင္ ကြၽန္ေတာ့္ရဲ႕ နာမည္ကို မျဖဳတ္ပစ္ဖို႔နဲ႔၊ ပိုစ့္ရဲ႕ မူရင္းLinkေလးပါ ထည့္ေပးဖို႔ ေလးစားၫႊတ္ႏူးစြာျဖင့္ ေမတၱာရပ္ခံပါရေစ ခင္ဗ်ာ။

ကိုးကား ; ကြမ္းစကားေပါင္းခ်ဳပ္၊ သုေမာင္၊ စိတ္ကူးခ်ိဳခ်ိဳစာေပ၊ ပထမအႀကိမ္။

Photo Credit to Original Uploader