ပ်ိဳေမတို႔သတိထားရမယ့္ ရင္သားယားယံမႈကို ျဖစ္ေပၚေစတဲ့အေၾကာင္းအရင္းမ်ား…

ပ်ိဳေမတို႔သတိထားရမယ့္ ရင္သားယားယံမႈကို ျဖစ္ေပၚေစတဲ့အေၾကာင္းအရင္းမ်ား…

မိန္းကေလးတုိင္း ရင္သားယားယံမႈကို ၾကံဳေတြ႕ဖူးၾကမွာပါပဲ။ ဒါေပမဲ့ ရင္သားယားယံမႈဟာ အႏၱရာယ္ရွိတဲ့ ေရာဂါေတြနဲ႔ ေဆးဝါးေတြရဲ႕ေဘးထြက္ဆိုးက်ိဳးေတြ စသျဖင့္ ေသခ်ာေလးဂရုစိုက္ရမယ့္ အေၾကာင္းရင္းေတြေၾကာင့္လည္း ျဖစ္ေပၚႏုိင္တာမလို႔ ကိုယ္ၾကံဳေတြ႕ေနရတဲ့ ယားယံမႈမ်ိဳးဟာ ဘယ္လိုေၾကာင့္ ျဖစ္ႏုိင္သလဲဆိုတာ သိထားမွရပါမယ္။ ဒါေၾကာင့္ Asia One မွ ကိုးကားၿပီး ရင္သားယားယံမႈကို ျဖစ္ေပၚလာေစတဲ့ အေၾကာင္းရင္း (၉) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ……။

(၁) ယားယံမႈျဖစ္လာၿပီဆုိရင္ ျဖစ္ႏုိင္ေခ်အမ်ားဆံုးက ဓာတ္မတည့္မႈပါပဲ။ သံုးတဲ့ ဆပ္ျပာ၊ လိုးရွင္း ဒါမွမဟုတ္ ေရေမႊးစတဲ့အရာေတြကစလို႔ ပိတ္စေတြကလည္း ဓာတ္မတည့္မႈေတြ ျဖစ္ေပၚလာႏုိင္ပါတယ္ …။

 

 

(၂) ႏွင္းခူလို႔ေခၚတဲ့ eczema ဟာ ရင္သားတစ္ဝွက္မွာျဖစ္တဲ့အခါ အျဖဴကြက္ေလးေတြ သိပ္မသိသာပါဘူး။ ႏွင္းခူျဖစ္တဲ့ေနရာေလးဟာ အသားေျခာက္မယ္၊ ယားယံမယ္၊ တစ္ခါတစ္ေလမွာ အနီကြက္ေလးေတြျဖစ္လာပါလိမ့္မယ္ …။

(၃) ေခၽြးထြက္လြန္ရင္လည္း ယားယံတတ္ပါတယ္ …။

(၄) ေနပူထဲအရမ္းထြက္တဲ့ အခါမ်ိဳးမွာလည္း ရင္သားဟာ ေယာင္ယမ္းၿပီး ယားတတ္ပါေသးတယ္ …။

(၅) အတြင္းဝတ္အက်ႌအရမ္းၾကပ္ေနတဲ့အခါ အေရျပားဖူးေယာင္ၿပီး အရာေတြျဖစ္ကာ ေလဝင္ေလထြက္ကလည္းမေကာင္း၊ ေခၽြးကလည္းထြက္နဲ႔ ယားယံမႈေတြကို ျဖစ္လာႏုိင္ပါတယ္ …။

 

(၆) ကိုယ္ဝန္ေဆာင္စဥ္ကာလအတြင္းမွာလည္း ေဟာ္မုန္းအေျပာင္းလဲေၾကာင့္ ဒါမွမဟုတ္ ဝိတ္တက္လာၿပီး ရင္သားအရြယ္အစား ပိုႀကီးလာတဲ့အတြက္ အေရျပားကို ဆြဲဆန္႔တဲ့အခါမွာလည္း ယားယံတတ္ပါတယ္။ ဒါေၾကာင့္ ခရင္မ္ သို႔မဟုတ္ သဘာဝဆီ တစ္မ်ိဳးမ်ိဳး အျမဲလိမ္းထားေပးဖို႔ လိုပါတယ္ …။

(၇) ရင္သားကင္ဆာရဲ႕ လကၡဏာေတြထဲမွာလည္း မေနႏုိင္ေလာက္ေအာင္ ရင္သားယားယံမႈ ပါဝင္ေနပါတယ္။ ဒီလိုယားယံမႈရယ္၊ ကေလးေမြးၿပီးခါစမဟုတ္ဘဲ သားျမတ္ေခါင္းထဲမွ အရည္ေတြထြက္လာတာရယ္၊ ေနာက္ ရင္သားမွာ စမ္းၾကည့္လိုက္လို႔ အႀကိတ္ေလးေတြ စမ္းမိေနၿပီဆိုရင္ ကၽြမ္းက်င္ဆရာဝန္ဆီ အျမန္ဆံုး သြားေရာက္ျပသေပးပါ …။

(၈) THYROIDISM လို႔ေခၚတဲ့ သိုင္းရြဳိက္ ေရာဂါတစ္မ်ိဳးလည္းျဖစ္တတ္ပါတယ္။ သိုင္းရြိဳက္ဆိုတာ လည္ပင္းမွာရွိေနတဲ့ ျပြန္ဂလင္းတစ္ခုျဖစ္ပါတယ္။ ယားယံမႈဟာလည္း ေဟာ္မုန္းမညီမွ်မႈေၾကာင့္ ျဖစ္လာတာပါ။ ဒီေရာဂါျဖစ္ၿပီဆုိရင္ေတာ့ အသားအရည္ေတြဟာ ၾကမ္းတမ္းေျခာက္ေသြ႕လာၿပီး ရင္သားကလည္းေန႔တုိင္းလိုလိုကို ယားယံေနပါလိမ့္မယ္ …။

 

(၉) လက္ရွိေသာက္သံုးေနတဲ့ ေဆးဝါးေတြေၾကာင့္လည္း ရင္သားယားယံမႈကို ျဖစ္ေစပါတယ္။ အဲ႔ဒါေၾကာင့္ ေဆးတစ္မ်ိဳး မေသာက္သံုးခင္မွာ ဆရာဝန္ကို ေဘးထြက္ဆိုးက်ိဳးေတြအေၾကာင္း ေမးၿပီးမွ ေသာက္သံုးသင္႔ပါတယ္ေနာ္ …။ ။

Penny

Unicode

ပျိုမေတို့သတိထားရမယ့် ရင်သားယားယံမှုကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းများ…

မိန်းကလေးတိုင်း ရင်သားယားယံမှုကို ကြုံတွေ့ဖူးကြမှာပါပဲ။ ဒါပေမဲ့ ရင်သားယားယံမှုဟာ အန္တရာယ်ရှိတဲ့ ရောဂါတွေနဲ့ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေ စသဖြင့် သေချာလေးဂရုစိုက်ရမယ့် အကြောင်းရင်းတွေကြောင့်လည်း ဖြစ်ပေါ်နိုင်တာမလို့ ကိုယ်ကြုံတွေ့နေရတဲ့ ယားယံမှုမျိုးဟာ ဘယ်လိုကြောင့် ဖြစ်နိုင်သလဲဆိုတာ သိထားမှရပါမယ်။ ဒါကြောင့် Asia One မှ ကိုးကားပြီး ရင်သားယားယံမှုကို ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်း (၉) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော် …။

(၁) ယားယံမှုဖြစ်လာပြီဆိုရင် ဖြစ်နိုင်ချေအများဆုံးက ဓာတ်မတည့်မှုပါပဲ။ သုံးတဲ့ ဆပ်ပြာ၊ လိုးရှင်း ဒါမှမဟုတ် ရေမွှေးစတဲ့အရာတွေကစလို့ ပိတ်စတွေကလည်း ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ် …။

(၂) နှင်းခူလို့ခေါ်တဲ့ eczema ဟာ ရင်သားတစ်ဝှက်မှာဖြစ်တဲ့အခါ အဖြူကွက်လေးတွေ သိပ်မသိသာပါဘူး။ နှင်းခူဖြစ်တဲ့နေရာလေးဟာ အသားခြောက်မယ်၊ ယားယံမယ်၊ တစ်ခါတစ်လေမှာ အနီကွက်လေးတွေဖြစ်လာပါလိမ့်မယ် …။

(၃) ချွေးထွက်လွန်ရင်လည်း ယားယံတတ်ပါတယ် …။

(၄) နေပူထဲအရမ်းထွက်တဲ့ အခါမျိုးမှာလည်း ရင်သားဟာ ယောင်ယမ်းပြီး ယားတတ်ပါသေးတယ် …။

(၅) အတွင်းဝတ်အင်္ကျီအရမ်းကြပ်နေတဲ့အခါ အရေပြားဖူးယောင်ပြီး အရာတွေဖြစ်ကာ လေဝင်လေထွက်ကလည်းမကောင်း၊ ချွေးကလည်းထွက်နဲ့ ယားယံမှုတွေကို ဖြစ်လာနိုင်ပါတယ် …။

(၆) ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာလည်း ဟော်မုန်းအပြောင်းလဲကြောင့် ဒါမှမဟုတ် ဝိတ်တက်လာပြီး ရင်သားအရွယ်အစား ပိုကြီးလာတဲ့အတွက် အရေပြားကို ဆွဲဆန့်တဲ့အခါမှာလည်း ယားယံတတ်ပါတယ်။ ဒါကြောင့် ခရင်မ် သို့မဟုတ် သဘာဝဆီ တစ်မျိုးမျိုး အမြဲလိမ်းထားပေးဖို့ လိုပါတယ် …။

(၇) ရင်သားကင်ဆာရဲ့ လက္ခဏာတွေထဲမှာလည်း မနေနိုင်လောက်အောင် ရင်သားယားယံမှု ပါဝင်နေပါတယ်။ ဒီလိုယားယံမှုရယ်၊ ကလေးမွေးပြီးခါစမဟုတ်ဘဲ သားမြတ်ခေါင်းထဲမှ အရည်တွေထွက်လာတာရယ်၊ နောက် ရင်သားမှာ စမ်းကြည့်လိုက်လို့ အကြိတ်လေးတွေ စမ်းမိနေပြီဆိုရင် ကျွမ်းကျင်ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်ပြသပေးပါ …။

(၈) THYROIDISM လို့ခေါ်တဲ့ သိုင်းရွိုက် ရောဂါတစ်မျိုးလည်းဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဆိုတာ လည်ပင်းမှာရှိနေတဲ့ ပြွန်ဂလင်းတစ်ခုဖြစ်ပါတယ်။ ယားယံမှုဟာလည်း ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်လာတာပါ။ ဒီရောဂါဖြစ်ပြီဆိုရင်တော့ အသားအရည်တွေဟာ ကြမ်းတမ်းခြောက်သွေ့လာပြီး ရင်သားကလည်းနေ့တိုင်းလိုလိုကို ယားယံနေပါလိမ့်မယ် …။

(၉) လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့်လည်း ရင်သားယားယံမှုကို ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် ဆေးတစ်မျိုး မသောက်သုံးခင်မှာ ဆရာဝန်ကို ဘေးထွက်ဆိုးကျိုးတွေအကြောင်း မေးပြီးမှ သောက်သုံးသင့်ပါတယ်နော် …။ ။

Penny