တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း 20.8.2020 မှ 26.8.2020 အထိ

တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း 20.8.2020 မှ 26.8.2020 အထိ

တနင်္ဂနွေ

ယခုကာလအတွင်း အလုပ်နေရာသစ် ပြောင်းခြင်း၊ ဋ္ဌာနပြောင်းခြင်းများ ကြုံရတတ်ပါသည်။ ကောင်းသော ပြောင်းလဲခြင်းမျိုး ဖြစ်ပါသည်။ ရောင်းချင်နေသောမြေကွက်ရောင်းထွက်ရခြင်းမျိုးလည်း ကြုံတွေ့ရတတ်ပါသည်။

အလှူကြီး၊ အတန်းကြီးများကို ရေစက်ချပြီး ကုသိုလ်ပြုမယ်ဆို အကျဉ်းရုံးသာဆောင်ရွက်ပါ။ ခရီးဝေးသွားရာတွင် အနောက်တောင်အရပ်သို့ မသွားပါနှင့်။ ကားနှင့်ပတ်သက်၍ ထိခိုက်မိခြင်းမျိုး ဖြစ်တတ်ပါသည်။

မိမိလုပ်နေသော အလုပ်၌ အသိအမှတ်ပြုခံရခြင်း၊ချီးမြှေက်ခံရခြင်းများကြုံနိုင်သည်။ဒါပေမယ့် တပည့်လက်သားများကြောင့် စိတ်ညစ်ရခြင်းမျိုးများ ကြုံရတတ်ပါသည်။ ယခုကာလတွင် အစစအရာရာအကူအညီပေးနိုင်သော သူများမှာ တနင်္ဂနွေနှင့် သောကြာ သားသမီးများ ဖြစ်ပါသည်။

၎င်းတို့နှင့် ပူးတွဲလုပ်ကိုင်ပါက အညံ့အခိုက်များ ပြေပျောက် စေနိုင်ပါသည်။ စာချုပ်၊ စာတမ်း လက်မှတ်ရေးထိုးခြင်း၊ ဆိုင်သစ်ဖွင့်ခြင်းမျိုး၊ ယခုကာလအတွင်း ရှောင်နိုင်ရင်ပို ကောင်းပါတယ်။။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။

မတော်တဆ ထိခိုက်ဒဏ်ရာများ ရတတ်ပါသည်။ အချစ်ရေး မှာတော့ ချစ်သူနဲ့သဘောထားတိုက်ဆိုင်မှု လျော့ရဲလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာ ကြားက သွေးထိုးပေးမယ့် သူတွေရှိနေတတ်တာကိုသတိပြုဆင်ခြင်ပေးပါ။

ပညာရှာနေသူများ အလှအပနှင့်သက်ဆိုင်သောပညာများရလာ တတ်ပါတယ်။

အကျိုးပေးဂဏန်း ၅/၇/၀ အထူးဟော လုပ်ငန်းခွင်တိုးတတ်မှုရှိနေမည်။ ယတြာ ပေါင်မုန့်ထောပတ်သုပ်ပြီး ဘုရားကပ်လှူပေးပါ။

တနင်္လာ

ယခုကာလအတွင်း ဥပဒေနဲ့မလွတ်တဲ့အလုပ်တွေလုပ်နေပါကအချုပ်အနှောင်ကိစ္စများ ကြုံရတတ်ပါတယ်။ ဤကာလအတွင်း မိမိ၏ လုပ်ငန်းစီးပွားရေးများအားလုံး အနည်းငယ်ပါးနေတတ်ပြီး ဆုံးရှုံးမှုများ ကြုံတွေရ နိုင်ပါသည်။

မိမိအား တွေ့သူများက အထင်အမြင်သေးစွာ ဆက်ဆံခြင်းခံရတတ်သည်။ အလုပ်နေရာ၊ အိမ်နေရာ အသစ်များ ရရှိတတ်ပါသည်။ အိမ်နေရာ ပြုပြင်မွမ်းမံခြင်း၊ ပြောင်းရွှေ့ခြင်းများ ကြုံရတတ်ပါသည်။ ကျန်းမာရေး အနည်းငယ်ညံ့တတ်ပါသည်။

ဆေးခန်းပြလျှင် တနင်္ဂနွေနံ၊ သောကြာနံပါသော ဆရာဝန်များ ဆေးခန်းများ အကျိုး ပေးပါသည်။ ထိုနေ့များသွားလျှင် အနာနှင့်ဆေးလည်း ထိတွေ့တတ်ပါသည်။ သူတစ်ပါးကိစ္စများ အာမခံလိုက်ပေး ခြင်း များ လုံးဝမပြုလုပ်သင့်သေးပါ။

အထူးသဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သင့်သော ကာလတစ်ခု လည်း ဖြစ်နေပါသေးသည်။ အရာရာတွင် ထစ်ငေါ့အဆင်မပြေမှုများနှင့် အခက်အခဲအနှောက်အယှက်များ ကာဆီးနေသဖြင့် စာမေးပွဲများ၊ အင်တာဗျူး ဖြေဆိုခြင်းများ မပြုလုပ်သင့်သေးပါ။

အချစ်ရေး၊ အိမ်ထောင်ရေးတွင် တော့အဆင်ပြေမှုတွေအထူး ကြုံတွေ့ရ နိုင်ပါသည်။ သတိထားရမှာကစကားကျွံခြင်းများလည်းဖြစ်ရတတ်ပါတယ်။ လခစားဝန်ထမ်းဆိုရင်တော့ဒီကာလမှာ အစွပ်အစွဲ ပြောဆိုခြင်းများ ခံရတတ်ပါသည်။

အကျိုးပေးဂဏန်း ၁/၆/၉ အထူးဟော အရာရာကို သတိနဲ့ယှဉ်ပြီးလုပ်ကိုင်ဆောင်ရွက်ပါ။ ယတြာ အောင်သပြေပန်း ဘုရားလှူတန်းပါ။

အင်္ဂါ

ယခုကာလအတွင်း လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းတို့ကို တိုးချဲ့ခြင်းများ၊ လခစား ဝန်းထမ်း များလည်း မူလ လက်ရှိ တာဝန်များအပြင် ပူးတွဲတာဝန်များကိုလည်း စုပေါင်းထမ်းဆောင်နေရတတ် ပါသည်။ စီးပွားရေးအနေဖြင့် သူတစ်ပါး အလိမ်အညာများ ခံရတတ်ပါသည်။

ယခုကာလအတွင်း မိမိအိမ်ကို ဘဏ်တွင် ပေါင်ခြင်း၊ ချေးငှားခြင်း မလုပ်ပါနှင့်။ သင်တန်းတတ်ရန် ကြံရွယ်ထားသူများ၊ ရပ်ဝေးခရီးသွားရန် ကြိုတင်ပြင်ဆင်နေ သူများ မိမိဆန္ဒအတိုင်း အောင်မြင်ဖြစ်ထွန်းနိုင်ချိန် ဖြစ်ပါသည်။

မိမိပတ်ဝန်းကျင်တွင် စိတ်ညစ်စရာများ၊ စိတ်အနှောက်အယှက် ဖြစ်စရာ များ ကြုံရတတ်ပါသည်။ လူငယ်၊ လူရွယ်များ အိမ်ထောင်မပြုသင့်သော ကာလဖြစ်ပါသည်။ ခိုးပြေးရန်လည်း စိတ်မကူးသင့်သေးပါ။

နှစ်ဖက်မိဘများလည်း အဆင်မပြေတတ်ပါ။ကျန်းမာရေး တရှောင်ရှောင်ဖြစ်လွယ်သော အချိန်ပါပဲ။ မိမိသဘောနှင့် ဆေးစား၊ ဆေးသောက်ခြင်းများ မပြုလုပ်သင့်ပါ။ ဆရာဝန်၏ ညွှန်ကြားချက်များဖြင့်သာ ဆေးဝါးသုံးစွဲသင့်ပါသည်။

စိတ်မြန်၊ ဆုံးဖြတ်ချက်မြန်ခြင်း များ ဖြစ်တတ်သောကြောင့် ယခုကာလအတွင်း မိမိ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ပါ။ နားလည်သူများထံအကြံဉာဏ်ယူပြီးမှ ဆုံးဖြတ်ချက်ချပါ။

အိမ်ထောင်ရေးမှာတော့အမျိုးသားများအိမ်ထောင်ဘက်အပေါ်သစ္စာရှိပါ။ သုံးတောင်ဝတ်အနှောက်အယှက်ရှိသည်။

အကျိုးပေးဂဏန်း ၂/၀/၇ အထူးဟော ကျန်းမာရေးကိုတော့ မပေါ့သင့်ပါ။ ယတြာ ထီးအစုတ်၊ဖိနပ်အစုတ်တွေရှိရင် စွန့်ပစ်လိုက်စေချင်ပါတယ်။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းလွန်ခဲ့သောရက်ပိုင်းက ပြီးစီးသင့်လျှက် ကြန့်ကြာနေသောကိစ္စများကို ဆုံးခန်းတိုင် အောင် ဆောင်ရွက်နိုင်မည်။ ကျန်းမာရေးတော့ အနည်းငယ် ညံ့နေတတ်ပါ၍ မတော်တဆ ထိခိုက်အနာတရများ ဖြစ်ပေါ် တတ်ပါတယ်။

သူတစ်ပါးကြောင့်ဖြစ်သော ပြဿနာများကို ဖြေရှင်းနိုင်မည်။ ခရီးသွားစဉ် လမ်းတွင် အခက်အခဲများ ရှိမည်။စပ်တူအလုပ်များ၊ စုပေါင်းလုပ်ငန်းများ အကျိုးပေးမည်။ မိတ်ဆွေကောင်း တိုးပွားမည်။ အပြိုင်အဆိုင်များကို ကျော်လွှားပြီး တိုးတတ်မှုတွေရရှိမည်။

ငွေကြေးကံကောင်းမည်။ ယှဉ်ပြိုင်မှုများ အောင်မြင်မည်။ ပညာသင်တန်း ကိစ္စ များ စီစဉ်ဆောင်ရွက်ရမည်။ ချက်ချင်းဆုံးဖြတ်ပြီး ရှေ့တိုးဆောင်ရွက်ခြင်းများမှ ကောင်းသောအကျိုးဆက် ဖြစ်ပေါ်မည်။ အလုပ်ကိစ္စပိုများ ကြုံမည်။

တစ်ခုထက်မကသောလုပ်ငန်းများ တစ်ပြိုင်နက်တည်း လုပ်ကိုင်ရမည်။ လူမှုရေးအရှုပ်အထွေးများရှိရင် ဖြေရှင်းနိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ ကပြားများနှင့် အကျိုးပေးမည်။ မိမိလှူချင်နေ သောအလှူအတန်းများ လုပ်ခွင့်ရလာတတ်ပါတယ်။

အချစ်ရေး အိမ်ထောင်ရေးနှင့် ပတ်သက်၍ အရာရာချိုမြိန်နေပါ လျှက် မမျှော်လင့်သော ကိစ္စတစ်ခုကြောင့် စိတ်ညစ်စရာများ ကြုံတွေ့ရတတ်ပါတယ်။ သို့ဖြစ်ပါ၍ ကုသိုလ်တရား၊ ဘာသာတရား များများပြုလုပ်ပေးခြင်းဖြင့် အရာရာ အဆင်ပြေ အောင်မြင်မှုများ ရယူပါ။

အကျိုးပေးဂဏန်း ၁/၃/၈ အထူးဟော ကံအင်အားကောင်းနေတတ်ပါတယ်။ ယတြာ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပေးပါ။

ကြာသပတေး

သင်သည် ယခုကာလအတွင်း နယ်မှာခဏတာသွားရောက်တာဝန်ထမ်းရခြင်းမျိုး ကြုံတွေ့ရတတ်ပါသည်။ မိမိအတွက် အကျိုးပေးသော ခရီးတို၊ ခရီးရှည်များအားလုံးကို ပျော်ရွှင်စွာ သွားရောက်ခွင့်များ ရရှိပါလိမ့်မည်။

ပညာရပ်သစ်တစ်ခုကို သင်ကြားရခြင်း၊ အကျိုးရှိသော သင်တန်းတစ်ခုအား တတ်ရခြင်းများ ကြုံတွေ့ရတတ် ပါသည်။အလုပ်တွင်ဖြစ်ပေါ်သောပြဿနာများကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။

ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ ပစ္စည်း များ ရောင်းချရခြင်း၊ ပေါင်နှံရခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ ထူးထူးခြားခြားမညံ့ ပေမယ့် မတော်တဆထိခိုက်မှုအသေးစားလေးတွေ၊သွေးထွက်သံယိုတွေဖြစ်တတ်သည်။

ငွေများ အထူးတတ်သည်။ ဗုဒ္ဓဟူးသားသမီးနှင့် ထီစပ်ထိုးသင့်တဲ့ကာလပါပဲ။ သစ်၊ သံ၊ သွပ်နှင့် ရေထွက်ကုန်ပစ္စည်းများ အောင်မြင်ဖြစ်ထွန်း မည်။ မိမိနေအိမ်၌ သက်ကြီးရွယ်အိုများ လာရောက် ဆေးဝါးကုသပါက လူကြီးများ ပို၍ကျန်းမာရေး ညံ့သွားတတ် ပါ သည်။

မတည့်တဲ့အစားနှစ်မျိုးတွဲစားမိခြင်းမျိုး ကြုံရတတ်ပါ၍ အစစအရာရာ ဂရုတစိုက် နေထိုင်၊ လုပ်ကိုင် စား သောက်ပါ။အချစ်ရေးကံကောင်းပြီး လွန်စွာမှစန်းပွင့်နေတတ်ပါတယ်။အိမ်ထောင်ရေးအထူးသာယာပျော်ရွှင်ရတတ် ပါတယ်။

ပညာရေးမှာတော့ နောက်တဆင့်တတ်လှမ်းဖို့အတွက် အထောက်အပံ့တွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၅ အထူးဟော စိတ်ချမ်းသာရမယ့် အချိန်ကာလပါပဲ။ ယတြာ ကြာဆံကြော်ပြီးဘုရားကပ်ပါ။ အိမ်နီးနားချင်းတွေကိုလဲ ဝေပါ။

သောကြာ

ယခုကာလအတွင်း အလုပ်နှင့်ပတ်သက်သော အပြောင်းအလဲများစွာ ဖြစ်ပေါ်လာတတ်ပါသည်။ မိမိ ကိုယ်တိုင် အတင်းပြောင်းလဲခြင်းမျိုး မပြုလုပ်သင့်သေးပါ။ စီးပွားရေးတိုးချဲ့ခြင်းလည်း မပြုလုပ်သင့်သေးပါ။ စပ်တူလုပ်ငန်းများ လုံးဝမလုပ်သင့်သော ကာလဖြစ်ပါသည်။

မိမိနှင့် တွေ့ဆုံကြုံကြိုက်နေသူများမှာ မိမိကိုယ်ကို အနှောက်အယှက်‌ ပေးတတ်သောသူများ အပူလာပေးသူများသာ ဖြစ်နေတတ်ပါသည်။ လုပ်ငန်းစီးပွားရေးများကို စနေ၊ အင်္ဂါ သားသမီးများနှင့် ပူးတွဲ၍ လုပ်ကိုင်ဆောင်ရွက်ခြင်းမျိုးကို အထူးရှောင်ကြဉ်ပါ။

ကိုယ်ဝန်ဆောင် သည် များ မိမိအိမ်မှာ ရှိပါက အထူးကြီးပွားတတ်ပါသည်။ထိုသူနှင့်စပ်၍ထီထိုးပေးသင့်ပါတယ်။ ကျန်းမာရေးအားနည်း နေနိုင်ပါတယ်။ အနာရောဂါရှိသူများခွဲစိတ် ရခြင်းမျိုးလည်း ကြုံရတတ်ပါသည်။

အိမ်ထောင်ပြုရန် ကြံရွယ်ထား သူများဖြစ်ပါကအမိအဘကိုအရင်ဖွင့်ပြောတိုင်ပင်ပါအုံး။မိမိလက်အောက်ငယ်သား တပည့်များက မိမိကိုတော်လှန် ပုန်ကန်ခြင်း၊ အလုပ်ပြောင်းခြင်းမျိုးလည်း ကြုံတွေ့နေရတတ်ပါသည်။

မိသားစုအတွင်း မြေ၊ အမွေကိစ္စများ လုံးဝ မဆွေးနွေးသင့်သေးပါ။ မိမိကိုယ်တိုင် ဝင်ရောက်ပြောဆိုခြင်း မပြုသင့်သေးပါ။ အချစ်ရေး၊အိမ်ထောင်ရေး ညံ့နေ တာမျိုးတော့ မတွေ့ရပါဘူး။

ပညာရှာနေသူများကတော့ မိမိလေ့လာနေတဲ့ ပညာရပ်အပေါ်စိတ်နှစ်မရတာမျိုးတွေ အထူးဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၅/၈ အထူးဟော ကံအညံ့များနေတတ်ပါတယ်။ ယတြာ ဗွက်ထနေသော၊ ရေဝပ်နေသော လမ်းတွေကို သဲခင်းလှူတန်းပေးပါ။

စနေ

ဒီကာလတွေမှာတော့ ဦးတည်ရာလမ်းကြောင်းတိုင်း၌ အနှောက်အယှက်များ၊ မနာလိုသူများနှင့် ထိပ်တိုက် တွေ့မည်။ ငွေကြေးကိစ္စများ အငြင်းပွားရလိမ့်မည်။ ရင်းနှီးမြှတ်နှံမှုများ မပြုလုပ်သင့်ပါ။ ဆုံးရှုံးမည်။

စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ အပျက်အစီးများမည်။ ဝေဖန်မှုကို အလေးမထား၊ တစ်ဇွတ်ထိုးလုပ်သော ဗီဇစိတ်များ လွှမ်းမိုး နေမည်။ အမှားမလုပ်လင့်ကစား၊ အမှန်မဟုတ်သောကိစ္စများကို ဇွတ်လုပ်နေလိမ့်မည်။

တစ်ပြိုင်နက်တည်း အလုပ် နှစ်မျိုး လုပ်ကိုင်နေရမည်။ တွေဝေဒွိဟ ဖြစ်ခြင်းများကြောင့် အခွင့်ကောင်းများ ဆုံးရှုံးမည်။ နှစ်ကြိမ်၊ နှစ်ခါ စဉ်းစား ခြင်း မပြုသင့်ပါ။ မူလစဉ်းစားဆုံးဖြတ်ထားသည့်အတိုင်း ရှေ့တိုးဆောင်ရွက်သွားပါ။

ခရီးသွား၍ အကျိုးရှိမည်။ အပြောင်းအလဲအသစ်များ လုပ်ကိုင်အောင်မြင်မည်။ စကားကတိ မတည်သူများနှင့် တွေ့တတ်သည်။ မရည်ရွယ်ပဲ ဘာသာရေးနှင့် ပတ်သက်သော အလှူအတန်းများ ပြုလုပ်ရတတ်သည်။ အခက်အခဲများ ဖြေရှင်းနိုင်မည်။

ဆိုင်းငံ့ ထားသည်များ ပြန်လည်လုပ်ကိုင်ရမည်။ လူမျိုးကွဲ၊ လူမျိုးခြားများ အကျိုးပေးမည်။ အရေးကြီးသော စာရွက် စာတမ်း များ ပျောက်ရှရတတ်ပါသည်။ ပတ်ဝန်းကျင်နှင့် ကင်းကွာနေမည်။အိမ်ထောင်ရေးမှာ မိမိက စန်းပွင့်နေတတ် ၍သတိထားပါ။

အချစ်ရေးမှာတော့ ချစ်သူဆီက မိမိလိုချင်တဲ့အဖြေရတတ်ပါတယ်။ ပညာရေးအတွက် ရတတ် မအေးဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၆/၇ အထူးဟော အရာရာသတိနဲ့ယှဉ်ပြီးဆောင်ရွက်ပါ။ ယတြာ သံပုရာရည်ဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ 0977 5555 695 09 44 5555 695

Zawgyi

တစ္ပတ္စာ ၇ရက္သားသမီးမ်ား ေဟာစာတမ္း 20.8.2020 မွ 26.8.2020 အထိ

တနဂၤေႏြ

ယခုကာလအတြင္း အလုပ္ေနရာသစ္ ေျပာင္းျခင္း၊ ႒ာနေျပာင္းျခင္းမ်ား ႀကဳံရတတ္ပါသည္။ ေကာင္းေသာ ေျပာင္းလဲျခင္းမ်ိဳး ျဖစ္ပါသည္။ ေရာင္းခ်င္ေနေသာေျမကြက္ေရာင္းထြက္ရျခင္းမ်ိဳးလည္း ႀကဳံေတြ႕ရတတ္ပါသည္။

အလႉႀကီး၊ အတန္းႀကီးမ်ားကို ေရစက္ခ်ၿပီး ကုသိုလ္ျပဳမယ္ဆို အက်ဥ္း႐ုံးသာေဆာင္႐ြက္ပါ။ ခရီးေဝးသြားရာတြင္ အေနာက္ေတာင္အရပ္သို႔ မသြားပါႏွင့္။ ကားႏွင့္ပတ္သက္၍ ထိခိုက္မိျခင္းမ်ိဳး ျဖစ္တတ္ပါသည္။

မိမိလုပ္ေနေသာ အလုပ္၌ အသိအမွတ္ျပဳခံရျခင္း၊ခ်ီးေျမႇက္ခံရျခင္းမ်ားႀကဳံႏိုင္သည္။ဒါေပမယ့္ တပည့္လက္သားမ်ားေၾကာင့္ စိတ္ညစ္ရျခင္းမ်ိဳးမ်ား ႀကဳံရတတ္ပါသည္။ ယခုကာလတြင္ အစစအရာရာအကူအညီေပးႏိုင္ေသာ သူမ်ားမွာ တနဂၤေႏြႏွင့္ ေသာၾကာ သားသမီးမ်ား ျဖစ္ပါသည္။

၎တို႔ႏွင့္ ပူးတြဲလုပ္ကိုင္ပါက အညံ့အခိုက္မ်ား ေျပေပ်ာက္ ေစႏိုင္ပါသည္။ စာခ်ဳပ္၊ စာတမ္း လက္မွတ္ေရးထိုးျခင္း၊ ဆိုင္သစ္ဖြင့္ျခင္းမ်ိဳး၊ ယခုကာလအတြင္း ေရွာင္ႏိုင္ရင္ပို ေကာင္းပါတယ္။။ က်န္းမာေရး အနည္းငယ္ ဂ႐ုစိုက္ပါ။

မေတာ္တဆ ထိခိုက္ဒဏ္ရာမ်ား ရတတ္ပါသည္။ အခ်စ္ေရး မွာေတာ့ ခ်စ္သူနဲ႔သေဘာထားတိုက္ဆိုင္မႈ ေလ်ာ့ရဲလာတတ္ပါတယ္။ အိမ္ေထာင္ေရးမွာ ၾကားက ေသြးထိုးေပးမယ့္ သူေတြရွိေနတတ္တာကိုသတိျပဳဆင္ျခင္ေပးပါ။

ပညာရွာေနသူမ်ား အလွအပႏွင့္သက္ဆိုင္ေသာပညာမ်ားရလာ တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၅/၇/၀ အထူးေဟာ လုပ္ငန္းခြင္တိုးတတ္မႈရွိေနမည္။ ယၾတာ ေပါင္မုန႔္ေထာပတ္သုပ္ၿပီး ဘုရားကပ္လႉေပးပါ။

တနလၤာ

ယခုကာလအတြင္း ဥပေဒနဲ႔မလြတ္တဲ့အလုပ္ေတြလုပ္ေနပါကအခ်ဳပ္အေႏွာင္ကိစၥမ်ား ႀကဳံရတတ္ပါတယ္။ ဤကာလအတြင္း မိမိ၏ လုပ္ငန္းစီးပြားေရးမ်ားအားလုံး အနည္းငယ္ပါးေနတတ္ၿပီး ဆုံးရႈံးမႈမ်ား ႀကဳံေတြရ ႏိုင္ပါသည္။

မိမိအား ေတြ႕သူမ်ားက အထင္အျမင္ေသးစြာ ဆက္ဆံျခင္းခံရတတ္သည္။ အလုပ္ေနရာ၊ အိမ္ေနရာ အသစ္မ်ား ရရွိတတ္ပါသည္။ အိမ္ေနရာ ျပဳျပင္မြမ္းမံျခင္း၊ ေျပာင္းေ႐ႊ႕ျခင္းမ်ား ႀကဳံရတတ္ပါသည္။ က်န္းမာေရး အနည္းငယ္ညံ့တတ္ပါသည္။

ေဆးခန္းျပလွ်င္ တနဂၤေႏြနံ၊ ေသာၾကာနံပါေသာ ဆရာဝန္မ်ား ေဆးခန္းမ်ား အက်ိဳး ေပးပါသည္။ ထိုေန႔မ်ားသြားလွ်င္ အနာႏွင့္ေဆးလည္း ထိေတြ႕တတ္ပါသည္။ သူတစ္ပါးကိစၥမ်ား အာမခံလိုက္ေပး ျခင္း မ်ား လုံးဝမျပဳလုပ္သင့္ေသးပါ။

အထူးသျဖင့္ က်န္းမာေရးကိုလည္း အထူးဂ႐ုစိုက္သင့္ေသာ ကာလတစ္ခု လည္း ျဖစ္ေနပါေသးသည္။ အရာရာတြင္ ထစ္ေငါ့အဆင္မေျပမႈမ်ားႏွင့္ အခက္အခဲအေႏွာက္အယွက္မ်ား ကာဆီးေနသျဖင့္ စာေမးပြဲမ်ား၊ အင္တာဗ်ဴး ေျဖဆိုျခင္းမ်ား မျပဳလုပ္သင့္ေသးပါ။

အခ်စ္ေရး၊ အိမ္ေထာင္ေရးတြင္ ေတာ့အဆင္ေျပမႈေတြအထူး ႀကဳံေတြ႕ရ ႏိုင္ပါသည္။ သတိထားရမွာကစကားကြၽံျခင္းမ်ားလည္းျဖစ္ရတတ္ပါတယ္။ လခစားဝန္ထမ္းဆိုရင္ေတာ့ဒီကာလမွာ အစြပ္အစြဲ ေျပာဆိုျခင္းမ်ား ခံရတတ္ပါသည္။

အက်ိဳးေပးဂဏန္း ၁/၆/၉ အထူးေဟာ အရာရာကို သတိနဲ႔ယွဥ္ၿပီးလုပ္ကိုင္ေဆာင္႐ြက္ပါ။ ယၾတာ ေအာင္သေျပပန္း ဘုရားလႉတန္းပါ။

အဂၤါ

ယခုကာလအတြင္း လက္ရွိလုပ္ကိုင္ေနေသာ လုပ္ငန္းတို႔ကို တိုးခ်ဲ႕ျခင္းမ်ား၊ လခစား ဝန္းထမ္း မ်ားလည္း မူလ လက္ရွိ တာဝန္မ်ားအျပင္ ပူးတြဲတာဝန္မ်ားကိုလည္း စုေပါင္းထမ္းေဆာင္ေနရတတ္ ပါသည္။ စီးပြားေရးအေနျဖင့္ သူတစ္ပါး အလိမ္အညာမ်ား ခံရတတ္ပါသည္။

ယခုကာလအတြင္း မိမိအိမ္ကို ဘဏ္တြင္ ေပါင္ျခင္း၊ ေခ်းငွားျခင္း မလုပ္ပါႏွင့္။ သင္တန္းတတ္ရန္ ႀကံ႐ြယ္ထားသူမ်ား၊ ရပ္ေဝးခရီးသြားရန္ ႀကိဳတင္ျပင္ဆင္ေန သူမ်ား မိမိဆႏၵအတိုင္း ေအာင္ျမင္ျဖစ္ထြန္းႏိုင္ခ်ိန္ ျဖစ္ပါသည္။

မိမိပတ္ဝန္းက်င္တြင္ စိတ္ညစ္စရာမ်ား၊ စိတ္အေႏွာက္အယွက္ ျဖစ္စရာ မ်ား ႀကဳံရတတ္ပါသည္။ လူငယ္၊ လူ႐ြယ္မ်ား အိမ္ေထာင္မျပဳသင့္ေသာ ကာလျဖစ္ပါသည္။ ခိုးေျပးရန္လည္း စိတ္မကူးသင့္ေသးပါ။

ႏွစ္ဖက္မိဘမ်ားလည္း အဆင္မေျပတတ္ပါ။က်န္းမာေရး တေရွာင္ေရွာင္ျဖစ္လြယ္ေသာ အခ်ိန္ပါပဲ။ မိမိသေဘာႏွင့္ ေဆးစား၊ ေဆးေသာက္ျခင္းမ်ား မျပဳလုပ္သင့္ပါ။ ဆရာဝန္၏ ၫႊန္ၾကားခ်က္မ်ားျဖင့္သာ ေဆးဝါးသုံးစြဲသင့္ပါသည္။

စိတ္ျမန္၊ ဆုံးျဖတ္ခ်က္ျမန္ျခင္း မ်ား ျဖစ္တတ္ေသာေၾကာင့္ ယခုကာလအတြင္း မိမိ ဆုံးျဖတ္ခ်က္ျဖင့္ ျပဳလုပ္ျခင္းမ်ားကို ေရွာင္ၾကဥ္ပါ။ နားလည္သူမ်ားထံအႀကံဉာဏ္ယူၿပီးမွ ဆုံးျဖတ္ခ်က္ခ်ပါ။

အိမ္ေထာင္ေရးမွာေတာ့အမ်ိဳးသားမ်ားအိမ္ေထာင္ဘက္အေပၚသစၥာရွိပါ။ သုံးေတာင္ဝတ္အေႏွာက္အယွက္ရွိသည္။

အက်ိဳးေပးဂဏန္း ၂/၀/၇ အထူးေဟာ က်န္းမာေရးကိုေတာ့ မေပါ့သင့္ပါ။ ယၾတာ ထီးအစုတ္၊ဖိနပ္အစုတ္ေတြရွိရင္ စြန႔္ပစ္လိုက္ေစခ်င္ပါတယ္။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းလြန္ခဲ့ေသာရက္ပိုင္းက ၿပီးစီးသင့္လွ်က္ ၾကန႔္ၾကာေနေသာကိစၥမ်ားကို ဆုံးခန္းတိုင္ ေအာင္ ေဆာင္႐ြက္ႏိုင္မည္။ က်န္းမာေရးေတာ့ အနည္းငယ္ ညံ့ေနတတ္ပါ၍ မေတာ္တဆ ထိခိုက္အနာတရမ်ား ျဖစ္ေပၚ တတ္ပါတယ္။

သူတစ္ပါးေၾကာင့္ျဖစ္ေသာ ျပႆနာမ်ားကို ေျဖရွင္းႏိုင္မည္။ ခရီးသြားစဥ္ လမ္းတြင္ အခက္အခဲမ်ား ရွိမည္။စပ္တူအလုပ္မ်ား၊ စုေပါင္းလုပ္ငန္းမ်ား အက်ိဳးေပးမည္။ မိတ္ေဆြေကာင္း တိုးပြားမည္။ အၿပိဳင္အဆိုင္မ်ားကို ေက်ာ္လႊားၿပီး တိုးတတ္မႈေတြရရွိမည္။

ေငြေၾကးကံေကာင္းမည္။ ယွဥ္ၿပိဳင္မႈမ်ား ေအာင္ျမင္မည္။ ပညာသင္တန္း ကိစၥ မ်ား စီစဥ္ေဆာင္႐ြက္ရမည္။ ခ်က္ခ်င္းဆုံးျဖတ္ၿပီး ေရွ႕တိုးေဆာင္႐ြက္ျခင္းမ်ားမွ ေကာင္းေသာအက်ိဳးဆက္ ျဖစ္ေပၚမည္။ အလုပ္ကိစၥပိုမ်ား ႀကဳံမည္။

တစ္ခုထက္မကေသာလုပ္ငန္းမ်ား တစ္ၿပိဳင္နက္တည္း လုပ္ကိုင္ရမည္။ လူမႈေရးအရႈပ္အေထြးမ်ားရွိရင္ ေျဖရွင္းႏိုင္မည္။ လူမ်ိဳးကြဲ၊ လူမ်ိဳးျခား၊ ကျပားမ်ားႏွင့္ အက်ိဳးေပးမည္။ မိမိလႉခ်င္ေန ေသာအလႉအတန္းမ်ား လုပ္ခြင့္ရလာတတ္ပါတယ္။

အခ်စ္ေရး အိမ္ေထာင္ေရးႏွင့္ ပတ္သက္၍ အရာရာခ်ိဳၿမိန္ေနပါ လွ်က္ မေမွ်ာ္လင့္ေသာ ကိစၥတစ္ခုေၾကာင့္ စိတ္ညစ္စရာမ်ား ႀကဳံေတြ႕ရတတ္ပါတယ္။ သို႔ျဖစ္ပါ၍ ကုသိုလ္တရား၊ ဘာသာတရား မ်ားမ်ားျပဳလုပ္ေပးျခင္းျဖင့္ အရာရာ အဆင္ေျပ ေအာင္ျမင္မႈမ်ား ရယူပါ။

အက်ိဳးေပးဂဏန္း ၁/၃/၈ အထူးေဟာ ကံအင္အားေကာင္းေနတတ္ပါတယ္။ ယၾတာ အုန္းႏို႔ေခါက္ဆြဲ ဘုရားကပ္လႉေပးပါ။

ၾကာသပေတး

သင္သည္ ယခုကာလအတြင္း နယ္မွာခဏတာသြားေရာက္တာဝန္ထမ္းရျခင္းမ်ိဳး ႀကဳံေတြ႕ရတတ္ပါသည္။ မိမိအတြက္ အက်ိဳးေပးေသာ ခရီးတို၊ ခရီးရွည္မ်ားအားလုံးကို ေပ်ာ္႐ႊင္စြာ သြားေရာက္ခြင့္မ်ား ရရွိပါလိမ့္မည္။

ပညာရပ္သစ္တစ္ခုကို သင္ၾကားရျခင္း၊ အက်ိဳးရွိေသာ သင္တန္းတစ္ခုအား တတ္ရျခင္းမ်ား ႀကဳံေတြ႕ရတတ္ ပါသည္။အလုပ္တြင္ျဖစ္ေပၚေသာျပႆနာမ်ားကိုေကာင္းစြာေျဖရွင္းႏိုင္ပါလိမ့္မယ္။

ေ႐ႊ၊ ေငြ၊ လက္ဝတ္ရတနာ ပစၥည္း မ်ား ေရာင္းခ်ရျခင္း၊ ေပါင္ႏွံရျခင္းမ်ား ေဆာင္႐ြက္ႏိုင္ပါတယ္။ က်န္းမာေရးအေနနဲ႔ ထူးထူးျခားျခားမညံ့ ေပမယ့္ မေတာ္တဆထိခိုက္မႈအေသးစားေလးေတြ၊ေသြးထြက္သံယိုေတြျဖစ္တတ္သည္။

ေငြမ်ား အထူးတတ္သည္။ ဗုဒၶဟူးသားသမီးႏွင့္ ထီစပ္ထိုးသင့္တဲ့ကာလပါပဲ။ သစ္၊ သံ၊ သြပ္ႏွင့္ ေရထြက္ကုန္ပစၥည္းမ်ား ေအာင္ျမင္ျဖစ္ထြန္း မည္။ မိမိေနအိမ္၌ သက္ႀကီး႐ြယ္အိုမ်ား လာေရာက္ ေဆးဝါးကုသပါက လူႀကီးမ်ား ပို၍က်န္းမာေရး ညံ့သြားတတ္ ပါ သည္။

မတည့္တဲ့အစားႏွစ္မ်ိဳးတြဲစားမိျခင္းမ်ိဳး ႀကဳံရတတ္ပါ၍ အစစအရာရာ ဂ႐ုတစိုက္ ေနထိုင္၊ လုပ္ကိုင္ စား ေသာက္ပါ။အခ်စ္ေရးကံေကာင္းၿပီး လြန္စြာမွစန္းပြင့္ေနတတ္ပါတယ္။အိမ္ေထာင္ေရးအထူးသာယာေပ်ာ္႐ႊင္ရတတ္ ပါတယ္။

ပညာေရးမွာေတာ့ ေနာက္တဆင့္တတ္လွမ္းဖို႔အတြက္ အေထာက္အပံ့ေတြရလာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၄/၅ အထူးေဟာ စိတ္ခ်မ္းသာရမယ့္ အခ်ိန္ကာလပါပဲ။ ယၾတာ ၾကာဆံေၾကာ္ၿပီးဘုရားကပ္ပါ။ အိမ္နီးနားခ်င္းေတြကိုလဲ ေဝပါ။

ေသာၾကာ

ယခုကာလအတြင္း အလုပ္ႏွင့္ပတ္သက္ေသာ အေျပာင္းအလဲမ်ားစြာ ျဖစ္ေပၚလာတတ္ပါသည္။ မိမိ ကိုယ္တိုင္ အတင္းေျပာင္းလဲျခင္းမ်ိဳး မျပဳလုပ္သင့္ေသးပါ။ စီးပြားေရးတိုးခ်ဲ႕ျခင္းလည္း မျပဳလုပ္သင့္ေသးပါ။ စပ္တူလုပ္ငန္းမ်ား လုံးဝမလုပ္သင့္ေသာ ကာလျဖစ္ပါသည္။

မိမိႏွင့္ ေတြ႕ဆုံႀကဳံႀကိဳက္ေနသူမ်ားမွာ မိမိကိုယ္ကို အေႏွာက္အယွက္‌ ေပးတတ္ေသာသူမ်ား အပူလာေပးသူမ်ားသာ ျဖစ္ေနတတ္ပါသည္။ လုပ္ငန္းစီးပြားေရးမ်ားကို စေန၊ အဂၤါ သားသမီးမ်ားႏွင့္ ပူးတြဲ၍ လုပ္ကိုင္ေဆာင္႐ြက္ျခင္းမ်ိဳးကို အထူးေရွာင္ၾကဥ္ပါ။

ကိုယ္ဝန္ေဆာင္ သည္ မ်ား မိမိအိမ္မွာ ရွိပါက အထူးႀကီးပြားတတ္ပါသည္။ထိုသူႏွင့္စပ္၍ထီထိုးေပးသင့္ပါတယ္။ က်န္းမာေရးအားနည္း ေနႏိုင္ပါတယ္။ အနာေရာဂါရွိသူမ်ားခြဲစိတ္ ရျခင္းမ်ိဳးလည္း ႀကဳံရတတ္ပါသည္။

အိမ္ေထာင္ျပဳရန္ ႀကံ႐ြယ္ထား သူမ်ားျဖစ္ပါကအမိအဘကိုအရင္ဖြင့္ေျပာတိုင္ပင္ပါအုံး။မိမိလက္ေအာက္ငယ္သား တပည့္မ်ားက မိမိကိုေတာ္လွန္ ပုန္ကန္ျခင္း၊ အလုပ္ေျပာင္းျခင္းမ်ိဳးလည္း ႀကဳံေတြ႕ေနရတတ္ပါသည္။

မိသားစုအတြင္း ေျမ၊ အေမြကိစၥမ်ား လုံးဝ မေဆြးေႏြးသင့္ေသးပါ။ မိမိကိုယ္တိုင္ ဝင္ေရာက္ေျပာဆိုျခင္း မျပဳသင့္ေသးပါ။ အခ်စ္ေရး၊အိမ္ေထာင္ေရး ညံ့ေန တာမ်ိဳးေတာ့ မေတြ႕ရပါဘူး။

ပညာရွာေနသူမ်ားကေတာ့ မိမိေလ့လာေနတဲ့ ပညာရပ္အေပၚစိတ္ႏွစ္မရတာမ်ိဳးေတြ အထူးျဖစ္တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၅/၈ အထူးေဟာ ကံအညံ့မ်ားေနတတ္ပါတယ္။ ယၾတာ ဗြက္ထေနေသာ၊ ေရဝပ္ေနေသာ လမ္းေတြကို သဲခင္းလႉတန္းေပးပါ။

စေန

ဒီကာလေတြမွာေတာ့ ဦးတည္ရာလမ္းေၾကာင္းတိုင္း၌ အေႏွာက္အယွက္မ်ား၊ မနာလိုသူမ်ားႏွင့္ ထိပ္တိုက္ ေတြ႕မည္။ ေငြေၾကးကိစၥမ်ား အျငင္းပြားရလိမ့္မည္။ ရင္းႏွီးျမႇတ္ႏွံမႈမ်ား မျပဳလုပ္သင့္ပါ။ ဆုံးရႈံးမည္။

စက္ပစၥည္း၊ လွ်ပ္စစ္ပစၥည္းမ်ား အပ်က္အစီးမ်ားမည္။ ေဝဖန္မႈကို အေလးမထား၊ တစ္ဇြတ္ထိုးလုပ္ေသာ ဗီဇစိတ္မ်ား လႊမ္းမိုး ေနမည္။ အမွားမလုပ္လင့္ကစား၊ အမွန္မဟုတ္ေသာကိစၥမ်ားကို ဇြတ္လုပ္ေနလိမ့္မည္။

တစ္ၿပိဳင္နက္တည္း အလုပ္ ႏွစ္မ်ိဳး လုပ္ကိုင္ေနရမည္။ ေတြေဝဒြိဟ ျဖစ္ျခင္းမ်ားေၾကာင့္ အခြင့္ေကာင္းမ်ား ဆုံးရႈံးမည္။ ႏွစ္ႀကိမ္၊ ႏွစ္ခါ စဥ္းစား ျခင္း မျပဳသင့္ပါ။ မူလစဥ္းစားဆုံးျဖတ္ထားသည့္အတိုင္း ေရွ႕တိုးေဆာင္႐ြက္သြားပါ။

ခရီးသြား၍ အက်ိဳးရွိမည္။ အေျပာင္းအလဲအသစ္မ်ား လုပ္ကိုင္ေအာင္ျမင္မည္။ စကားကတိ မတည္သူမ်ားႏွင့္ ေတြ႕တတ္သည္။ မရည္႐ြယ္ပဲ ဘာသာေရးႏွင့္ ပတ္သက္ေသာ အလႉအတန္းမ်ား ျပဳလုပ္ရတတ္သည္။ အခက္အခဲမ်ား ေျဖရွင္းႏိုင္မည္။

ဆိုင္းငံ့ ထားသည္မ်ား ျပန္လည္လုပ္ကိုင္ရမည္။ လူမ်ိဳးကြဲ၊ လူမ်ိဳးျခားမ်ား အက်ိဳးေပးမည္။ အေရးႀကီးေသာ စာ႐ြက္ စာတမ္း မ်ား ေပ်ာက္ရွရတတ္ပါသည္။ ပတ္ဝန္းက်င္ႏွင့္ ကင္းကြာေနမည္။အိမ္ေထာင္ေရးမွာ မိမိက စန္းပြင့္ေနတတ္ ၍သတိထားပါ။

အခ်စ္ေရးမွာေတာ့ ခ်စ္သူဆီက မိမိလိုခ်င္တဲ့အေျဖရတတ္ပါတယ္။ ပညာေရးအတြက္ ရတတ္ မေအးျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၆/၇ အထူးေဟာ အရာရာသတိနဲ႔ယွဥ္ၿပီးေဆာင္႐ြက္ပါ။ ယၾတာ သံပုရာရည္ဘုရားကပ္လႉလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ 0977 5555 695 09 44 5555 695