ခ်စ္ရသူေတြနဲ႔ေပြ႕ဖက္ျခင္းေၾကာင့္ ရလာႏုိင္တဲ့ သင္မသိေသးတဲ့ က်န္းမာေရးေကာင္းက်ိဴးမ်ား ..

မိသားစုအခ်င္းပဲျဖစ္ျဖစ္၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္ ခ်စ္ရခင္ရတဲ့သူေတြနဲ႔ ေပြ႕ဖက္ျခင္းဟာ ရင္းႏွီးမႈကို ျပသတဲ့အျပင္ကိုမွ စိတ္ပိုင္ဆုိင္ရာေရာ၊ ကိုယ္ႏၶာက်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြကိုလည္း ေပးစြမ္းႏုိင္ပါတယ္တဲ့။

ေကာင္းစြာအိပ္ေပ်ာ္ေစတယ္

မအိပ္ခင္း ၁၀ မိနစ္အလိုမွာ ေပြ႕ဖက္ေပးျခင္းဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္စက္မႈကို ပိုျဖစ္ေစတယ္လို႔ National Sleep Foundation က ရွာေတြ႕ထားခဲ့တယ္ဆိုၿပီး Break မွာေဖာ္ျပထားခဲ့ပါတယ္။ ေနာက္ ေနမကောင္းရင္လည္း အဖက္ခံလိုက္ရတဲ့အခါ အျမန္ဆံုးသက္သာေစပါတယ္တဲ့။

ခံစားခ်က္ေတြကို ျပန္လည္ေကာင္းမြန္ေစတယ္

တစ္စံုတစ္ခုေၾကာင့္ပဲျဖစ္ျဖစ္၊ ေဟာ္မုန္းေတြမညီမွ်လို႔ပဲျဖစ္ျဖစ္ စိတ္တုိင္းမက်တာေတြ စိတ္ညစ္တာာ ဝမ္းနည္တာ ေဒါသထြက္တာ အစရွိတဲ့ မေကာင္းတဲ့စိတ္ေတြကိုလည္း ေပြ႕ဖက္ျခင္းက ေျပေပ်ာက္ေစပါတယ္။

အာရံုေၾကာေတြကို ေျဖေလ်ာ့ေပးတယ္

ခပ္တင္းတင္းအဖက္ခံရျခင္းဟာ ဦးေႏွာက္မွာရွိေနတဲ့ဖိဆီးမႈ (stress) ေတြကို ေလ်ာ့က်စေပါတယ္။ ဒါေၾကာင့္ အာရံုေၾကာေတြလည္း relax ျဖစ္ႏုိင္တာေပါ့။

ကိုယ္ခံအားေကာင္းေစတယ္

Cortisol လို႔ေခၚတဳ stress hormone ကို ေပြ႕ဖက္ျခင္းမွ ေလ်ာ့က်ေစၿပီး အေအးမိျခင္းျဖစ္ေစတဲ့ ဘတ္တီးရီးယားေတြကို တိုက္ထုတ္ေပးတဲ့ ဆဲလ္ေကာင္းေတြကို တိုးပြားေစပါတယ္။

ေပ်ာ္ရႊင္ေစတဲ့ေဟာ္မုန္းေတြကို ထုတ္ေပးတယ္

လူေတြရဲ႕ ေဒါသထြက္ျခင္း၊ ခ်စ္ျခင္း၊ မုန္းျခင္း၊ ေပ်ာ္ရႊင္ျခင္း စတဲ့ ခံစားခ်က္ေတြဟာ ဦးေႏွာက္မွာ ထင္ဟပ္ၾကတဲ့ ေဟာ္မုန္းေတြပဲျဖစ္ပါတယ္။ေပါ႕ဖက္ခံရတဲ့အခါ လူ႕ဦးေႏွာက္ကေနၿပီး oxytocin-loving hormone ေတြကို ထုတ္ေပးတတ္ပါတယ္။

ၿပီးျပည့္စံုသြားတဲ့ခံစားမႈကို ေပးစြမ္းတယ္

ခ်စ္ရခင္ရသူတစ္ဦးနဲ႔ အခ်ိန္အၾကာႀကီးေပြ႕ဖက္ထားျခင္းဟာ စိတ္ေက်နပ္ေစတဲ့အတြက္ ၿပီးျပည့္စံုသြားတဲ့ ခံစားမႈကိုေပးစြမ္းႏုိင္တာေၾကာင့္ စိတ္ပိုင္းဆုိင္ရာအရ အမ်ားႀကီး အေထာက္အကူ ျဖစ္ေစပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြမွာေပါ့။

Unicode.

မိသားစုအချင်းပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ချစ်ရခင်ရတဲ့သူတွေနဲ့ ပွေ့ဖက်ခြင်းဟာ ရင်းနှီးမှုကို ပြသတဲ့အပြင်ကိုမှ စိတ်ပိုင်ဆိုင်ရာရော၊ ကိုယ်န္ဓာကျန်းမာရေးအတွက် ကောင်းကျိုးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်တဲ့။

ကောင်းစွာအိပ်ပျော်စေတယ်

မအိပ်ခင်း ၁၀ မိနစ်အလိုမှာ ပွေ့ဖက်ပေးခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုကို ပိုဖြစ်စေတယ်လို့ National Sleep Foundation က ရှာတွေ့ထားခဲ့တယ်ဆိုပြီး Break မှာဖော်ပြထားခဲ့ပါတယ်။ နောက် နေမကောင်းရင်လည်း အဖက်ခံလိုက်ရတဲ့အခါ အမြန်ဆုံးသက်သာစေပါတယ်တဲ့။

ခံစားချက်တွေကို ပြန်လည်ကောင်းမွန်စေတယ်

တစ်စုံတစ်ခုကြောင့်ပဲဖြစ်ဖြစ်၊ ဟော်မုန်းတွေမညီမျှလို့ပဲဖြစ်ဖြစ် စိတ်တိုင်းမကျတာတွေ စိတ်ညစ်တာာ ဝမ်းနည်တာ ဒေါသထွက်တာ အစရှိတဲ့ မကောင်းတဲ့စိတ်တွေကိုလည်း ပွေ့ဖက်ခြင်းက ပြေပျောက်စေပါတယ်။

အာရုံကြောတွေကို ဖြေလျော့ပေးတယ်

ခပ်တင်းတင်းအဖက်ခံရခြင်းဟာ ဦးနှောက်မှာရှိနေတဲ့ဖိဆီးမှု (stress) တွေကို လျော့ကျစပေါတယ်။ ဒါကြောင့် အာရုံကြောတွေလည်း relax ဖြစ်နိုင်တာပေါ့။

ကိုယ်ခံအားကောင်းစေတယ်

Cortisol လို့ခေါ်တု stress hormone ကို ပွေ့ဖက်ခြင်းမှ လျော့ကျစေပြီး အအေးမိခြင်းဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးတဲ့ ဆဲလ်ကောင်းတွေကို တိုးပွားစေပါတယ်။

ပျော်ရွှင်စေတဲ့ဟော်မုန်းတွေကို ထုတ်ပေးတယ်

လူတွေရဲ့ ဒေါသထွက်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ခြင်း စတဲ့ ခံစားချက်တွေဟာ ဦးနှောက်မှာ ထင်ဟပ်ကြတဲ့ ဟော်မုန်းတွေပဲဖြစ်ပါတယ်။ပေါ့ဖက်ခံရတဲ့အခါ လူ့ဦးနှောက်ကနေပြီး oxytocin-loving hormone တွေကို ထုတ်ပေးတတ်ပါတယ်။

ပြီးပြည့်စုံသွားတဲ့ခံစားမှုကို ပေးစွမ်းတယ်

ချစ်ရခင်ရသူတစ်ဦးနဲ့ အချိန်အကြာကြီးပွေ့ဖက်ထားခြင်းဟာ စိတ်ကျေနပ်စေတဲ့အတွက် ပြီးပြည့်စုံသွားတဲ့ ခံစားမှုကိုပေးစွမ်းနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာအရ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။