စကားမေျပာဘဲ တိတ္ဆိတ္ေနသင့္ေသာ အေျခအေနမ်ား

စကားမေျပာဘဲ တိတ္ဆိတ္ေနသင့္ေသာ အေျခအေနမ်ား

ကြၽန္ေတာ္တို႔ေတြ စကားေျပာဆိုၾကတဲ့အခါ ဘာေျပာရမယ္ဆိုတာ သိဖို႔ အေရးႀကီးသလို ဘယ္အခ်ိန္မွာ ပါးစပ္ပိတ္ထားရမယ္ဆိုတာလည္း သိဖို႔ အေရးႀကီးပါတယ္။

သင့္အေနနဲ႔ တျခားလူေတြကို ေဒါသအေလွ်ာက္တုံ႔ျပန္ေတာ့မယ္ဆိုရင္ အရင္ဆုံးစဥ္းစားပါ။ ၿငိမ္ၿငိမ္သက္သက္ေလး နားေထာင္ေနလိုက္ျခင္းက သင့္ကို ဘာဒုကၡမွ ေရာက္ေစမွာမဟုတ္ပါဘူး။

ဒါေၾကာင့္လည္း သင့္အေနနဲ႔ ဘာမွမေျပာပဲ ၿငိမ္ၿငိမ္ေလးေနသင့္တဲ့ အခ်ိန္ေတြကို သိထားရမွာျဖစ္ပါတယ္။

ဒီေန႔ kwee page ကဘယ္လိုအခ်ိန္ေတြမွာ စကားျပန္မေျပာဘဲ ေနသင့္သလဲဆိုတာကို ေျပာျပေပးသြားမွာပါ။

(1) သင္ ေျပာမယ့္စကားက တစ္ဖက္သားကို ေဒါသထြက္သြားေစမယ္ဆိုရင္

အျငင္းအခုံျဖစ္ေနခ်ိန္တြင္ တိတ္ဆိတ္ၿငိမ္သက္ျခင္းက သင့္ကို ပိုၿပီးေကာင္းေကာင္းနားေထာင္ေစဖို႔ (သို႔) အေျခအေနကို ေကာင္းမြန္စြာ သုံးသပ္ႏိူင္ဖို႔ ကူညီပါလိမ့္မယ္။

သင့္အေနနဲ႔ တစ္စုံတစ္ေယာက္ကို မေက်နပ္တဲ့အေၾကာင္းေျပာေတာ့မယ္ဆိုရင္ မေျပာခင္မွာ သင့္အေတြးေတြကို စုစည္းဖို႔အတြက္ အခ်ိန္ (၅) စကၠန္႔ခန္႔ေပးၿပီး ဘယ္လိုေအးေအးေဆးေဆးတုံ႔ျပန္ရလဲဆိုတာကို စဥ္းစားပါ။

(2) ေျပာရင္းေျပာရင္း သင္ ေပါက္ကြဲသြားႏိုင္တယ္ဆိုရင္လည္း

သင့္မွာ ေဒါသထြက္ခြင့္ေတာ့ ႐ွိပါတယ္။ ဒါေပမယ့္ သင္ ေဒါသထြက္ေနတဲ့အခ်ိန္ ေပါက္ကြဲခြင့္ေပးလိုက္တာဟာ သင္နဲ႔ စကားေျပာေနသူကိုလည္း ပိုၿပီး ေဒါသထြက္ေစႏိုင္တဲ့အျပင္ အေျခအေနေတြကိုလည္း ပိုၿပီးဆိုး႐ြားသြားေစႏိူင္ပါတယ္။

တကယ္လို႔ တစ္ဖက္သားက သင္ ေျပာခ်င္တာကို ေသခ်ာနားမလည္ႏိူင္ဘူးဆိုရင္ အထင္လြဲမႈေတြသာ ၾကဳံလာႏိုင္တာေၾကာင့္ တိတ္ဆိက္ေနတာက အေကာင္းဆုံးပါပဲ။

(3) တစ္စုံတစ္ေယာက္ရဲ႕အမွားကို ျပင္ေပးလိုစိတ္နဲ႔လည္း စကားသြားမေျပာပါနဲ႔

တကယ္လို႔ သင့္ရဲ႕စိတ္ရင္းအမွန္နဲ႔ တစ္ဖက္သားကို ကူညီခ်င္တာပဲျဖစ္ေနပါေစ၊ သူ႕အေၾကာင္း ေကာင္းေကာင္းႀကီးမသိပဲနဲ႔ သူ႕ကိုျပင္ေပးဖို႔ မႀကိဳးစားပါနဲ႔။ ဒီအတိုင္းထားလိုက္တာက ပိုေကာင္းပါတယ္။

(4) တစ္ဖက္သားကို ေစာ္ကားရာေရာက္ေနႏိုင္ရင္လည္း စကားမေျပာဘဲေနတာ အေကာင္းဆုံးပါ

သင့္အေနနဲ႔ကေတာ့ လူတစ္ဖက္သားကို ေစာ္ကားရာေရာက္မယ့္ စကားမ်ိဳး မေျပာမိေလာက္ဘူးလို႔ ထင္မိေနပါလိမ့္မယ္။ ဒါေပမယ့္ တစ္ခါတစ္ေလက်ေတာ့ သတိေတာင္မထားလိုက္မိပါပဲ တစ္ဖက္သားကို ေစာ္ကားရာေရာက္ေစတဲ့စကားေတြေျပာမိသြားတက္ၾကတယ္။

ေထ့လုံး ေငါ့လုံးေတြနဲ႔ေျပာမိလိုက္တတ္ၾကတာမ်ိဳးဟာလည္း တကယ္တမ္းမွာေတာ့ တစ္ဖက္သားကို ေစာ္ကားသလိုပဲျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ အဲဒီလိုအခ်ိန္ေတြမွာ တိတ္ဆိတ္ေနတာက ပို‌အဆင္ေျပပါတယ္။

Source: Bright Side

Unicode

စကားမပြောဘဲ တိတ်ဆိတ်နေသင့်သော အခြေအနေများ

ကျွန်တော်တို့တွေ စကားပြောဆိုကြတဲ့အခါ ဘာပြောရမယ်ဆိုတာ သိဖို့ အရေးကြီးသလို ဘယ်အချိန်မှာ ပါးစပ်ပိတ်ထားရမယ်ဆိုတာလည်း သိဖို့ အရေးကြီးပါတယ်။

သင့်အနေနဲ့ တခြားလူတွေကို ဒေါသအလျှောက်တုံ့ပြန်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားပါ။ ငြိမ်ငြိမ်သက်သက်လေး နားထောင်နေလိုက်ခြင်းက သင့်ကို ဘာဒုက္ခမှ ရောက်စေမှာမဟုတ်ပါဘူး။

ဒါကြောင့်လည်း သင့်အနေနဲ့ ဘာမှမပြောပဲ ငြိမ်ငြိမ်လေးနေသင့်တဲ့ အချိန်တွေကို သိထားရမှာဖြစ်ပါတယ်။

ဒီနေ့ kwee page ကဘယ်လိုအချိန်တွေမှာ စကားပြန်မပြောဘဲ နေသင့်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(1) သင် ပြောမယ့်စကားက တစ်ဖက်သားကို ဒေါသထွက်သွားစေမယ်ဆိုရင်

အငြင်းအခုံဖြစ်နေချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းက သင့်ကို ပိုပြီးကောင်းကောင်းနားထောင်စေဖို့ (သို့) အခြေအနေကို ကောင်းမွန်စွာ သုံးသပ်နိူင်ဖို့ ကူညီပါလိမ့်မယ်။

သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို မကျေနပ်တဲ့အကြောင်းပြောတော့မယ်ဆိုရင် မပြောခင်မှာ သင့်အတွေးတွေကို စုစည်းဖို့အတွက် အချိန် (၅) စက္ကန့်ခန့်ပေးပြီး ဘယ်လိုအေးအေးဆေးဆေးတုံ့ပြန်ရလဲဆိုတာကို စဉ်းစားပါ။

(2) ပြောရင်းပြောရင်း သင် ပေါက်ကွဲသွားနိုင်တယ်ဆိုရင်လည်း

သင့်မှာ ဒေါသထွက်ခွင့်တော့ ရှိပါတယ်။ ဒါပေမယ့် သင် ဒေါသထွက်နေတဲ့အချိန် ပေါက်ကွဲခွင့်ပေးလိုက်တာဟာ သင်နဲ့ စကားပြောနေသူကိုလည်း ပိုပြီး ဒေါသထွက်စေနိုင်တဲ့အပြင် အခြေအနေတွေကိုလည်း ပိုပြီးဆိုးရွားသွားစေနိူင်ပါတယ်။

တကယ်လို့ တစ်ဖက်သားက သင် ပြောချင်တာကို သေချာနားမလည်နိူင်ဘူးဆိုရင် အထင်လွဲမှုတွေသာ ကြုံလာနိုင်တာကြောင့် တိတ်ဆိက်နေတာက အကောင်းဆုံးပါပဲ။

(3) တစ်စုံတစ်ယောက်ရဲ့အမှားကို ပြင်ပေးလိုစိတ်နဲ့လည်း စကားသွားမပြောပါနဲ့

တကယ်လို့ သင့်ရဲ့စိတ်ရင်းအမှန်နဲ့ တစ်ဖက်သားကို ကူညီချင်တာပဲဖြစ်နေပါစေ၊ သူ့အကြောင်း ကောင်းကောင်းကြီးမသိပဲနဲ့ သူ့ကိုပြင်ပေးဖို့ မကြိုးစားပါနဲ့။ ဒီအတိုင်းထားလိုက်တာက ပိုကောင်းပါတယ်။

(4) တစ်ဖက်သားကို စော်ကားရာရောက်နေနိုင်ရင်လည်း စကားမပြောဘဲနေတာ အကောင်းဆုံးပါ

သင့်အနေနဲ့ကတော့ လူတစ်ဖက်သားကို စော်ကားရာရောက်မယ့် စကားမျိုး မပြောမိလောက်ဘူးလို့ ထင်မိနေပါလိမ့်မယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ သတိတောင်မထားလိုက်မိပါပဲ တစ်ဖက်သားကို စော်ကားရာရောက်စေတဲ့စကားတွေပြောမိသွားတက်ကြတယ်။

ထေ့လုံး ငေါ့လုံးတွေနဲ့ပြောမိလိုက်တတ်ကြတာမျိုးဟာလည်း တကယ်တမ်းမှာတော့ တစ်ဖက်သားကို စော်ကားသလိုပဲဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေမှာ တိတ်ဆိတ်နေတာက ပို‌အဆင်ပြေပါတယ်။

Source: Bright Side