က်န္တဲ့ ၂၀၂၀ ရဲ႕ လေတြမွာ မိန္းကေလးေတြအေနနဲ႔ လုပ္သင့္တဲ့အရာ(၇)ခု…

က်န္တဲ့ ၂၀၂၀ ရဲ႕ လေတြမွာ မိန္းကေလးေတြအေနနဲ႔ လုပ္သင့္တဲ့အရာ(၇)ခု…

ပ်ိဳေမတုိ႔ေရ.. ၂၀၂၀ ကုန္ဖို႔ ၄ လပဲက်န္ေတာ့တယ္ေနာ္။ တကယ္တမ္းေျပာရရင္ ၂၀၂၀ ဟာလည္း ဘယ္လိုဘယ္လို ၈ လ ပိုင္းေတာင္ ေရာက္သြားမွန္း မသိလိုက္မိပါဘူး။ ငါသင္တန္းေတြ တက္မယ္။ ဘာေတြ အသစ္ထပ္သင္မယ္။ ပိုလွလာေအာင္ လုပ္မယ္ဆိုတာေတြလည္း ကိုဗစ္ေၾကာင့္ အလကားျဖစ္ခဲ႔ရပါတယ္ …။

ဒါေပမဲ့လည္း က်န္တဲ့ ၄ လအတြင္းမွာ အားတင္းၿပီး ဒီအခ်က္ေလးေတြကို လုပ္ၾကည့္ရင္း ေျပာင္းလဲၾကည့္လိုက္ရေအာင္လားေနာ္ …။

(၁) ဘာသာစကား အသစ္တစ္မ်ိဳးကို တီးေခါက္ၾကည့္ပါ”

အခုအခ်ိန္က အြန္လုိင္းကစာသင္တဲ့ဟာေတြ အရမ္းေခတ္စားေနၿပီး အခမဲ့သင္ၾကားေပးေနတာေတြလည္းရွိတာေၾကာင့္ ကၽြမ္းကၽြမ္းက်င္က်င္ မဟုတ္ေတာင္ သာသာစကားအသစ္အဆန္းေလးကို စကားေျပာေလာက္ေတာ့ တီးမိေခါက္မိျဖစ္ေအာင္ ေလ့လာၾကည့္လိုက္ပါ …။

(၂) အိမ္အလုပ္ေတြ သင္ယူပါ”

အိမ္အလုပ္ဆိုတာ အမ်ိဳးသမီးမွလုပ္ရမယ္လို႔ သတ္မွတ္ထားတဲ့အရာမဟုတ္တဲ့အတြက္ ကိုယ္မလုပ္ခ်င္လည္း မလုပ္လို႔ရပါတယ္။ ဒါေပမဲ့ ဘယ္အရာကို ဘယ္လိုလပ္ရမယ္မွန္းသိထားေတာ့ သူမ်ားကို ငွားၿပီးခိုင္းတဲ့အခါမွာလည္း ေကာင္းေကာင္းၾကည့္လို႔ရတာေပါ့။ ဟင္းခ်က္သင္တာမ်ိဳး၊ မီးပူတိုက္သင္တာမ်ိဳးေတြေပါ့ …။

(၃) စာဖတ္ပါ

ဒီလိုအေျခအေနမ်ိဳးမွာ အျပင္မထြက္ဘဲေနတာ အေကာင္းဆံုးပါ။ အျပင္မထြက္နဲ႔ဆိုလုိ႔ ရုပ္ရွင္ေတြပဲၾကည့္၊ ဖုန္းေတြပဲ သံုးမေနနဲ႔ဦးေနာ္။ အရင္က မအားလို႔ မဖတ္ျဖစ္ခဲ့တဲ့ စာအုပ္ေတြကို အတိုးခ်ဖတ္ရင္း စာဖတ္တဲ့အက်င့္ေလးကို ျပန္ျပီး ေမြးျမဴပါ …။

(၄) ယံုၾကည္မႈကို ေမြးျမဴပါ”

ယံုၾကည္မႈရွိတဲ့လူဟာ ဘယ္လုိေနရာမွာပဲမဆို ယံုၾကည္မႈမရွိတဲ့လူထက္ ေအာင္ျမင္ႏုိင္ေခ်ဟာ ထက္ဝက္ေလာက္ပိုမ်ားေနပါၿပီ။ ဒါေၾကာင့္သင့္အေနနဲ႔ ကိုယ့္ကိုယ္ကို ယံုၾကည္မႈအလံုအေလာက္ရွိရဲ႕ လားျပန္ေမးပါ။ မရွိေနဘူးဆိုရင္ေတာ့ ကိုယ့္ရဲ႕ မၿပီးျပည့္စံုမႈေတြကို နားလည္လက္ခံၿပီး က်န္တဲ့ ၄ လအတြင္းမွာ ကိုယ္႔ယံုၾကည္မႈကို တည္ေဆာက္လိုက္ပါ …။

(၅) ေလ့က်င့္ခန္း လုပ္ပါ”

ေလ့က်င့္ခန္းဆိုတာ gym မွာမွ လပ္လုိ႔ရတာမဟုတ္ဘူးေနာ္။ YouTube မွာ ဗိုက္အတြက္ဆို Belly workout, တင္အတြက္ဆို Boody workout စသျဖင့္ရွာၿပီး အိမ္မွာပဲ Home workout ေတြလုပ္ႏုိင္ပါတယ္ …။

(၆) ပိုက္ဆံစုပါ”

အကယ္၍ သင္ဟာအလုပ္လုပ္ေနၿပီး ပိုက္ဆံေတာ့ မစုျဖစ္ေသးဘူးဆိုရင္ ဒီအခ်ိန္ဟာ ပိုက္ဆံစုလို႔အေကာင္းဆံုးအခ်ိန္ပါပဲ။ ဘာေၾကာင့္ဆိုရင္ အျပင္ေတြလည္း အဲေလက္မသြးရဘူးဆိုေတာ့ food delivery ေတြက မုန္႔ မွာစားတာေတြ၊ online shopping က ပစၥည္းေတြမွာတာမ်ိဳးေတြကို ခဏေလာက္ ေအာင့္အီးသည္းခံၿပီး ပုိက္ဆံ စုၾကည့္လိုက္ပါ …။

(၇) အားနည္းခ်က္မွ အားသာခ်က္ကို ေျပာင္းပါ”

အားနည္းခ်က္ေတြကို ေသခ်ာေတြးပါ။ ေနာက္ အခ်ိန္ေပးၿပီး အဲဒီအခ်က္ေတြကို ကိုယ့္ရဲ႕ အားနည္းခ်က္မျဖစ္ေစဘဲ အားသာခ်က္ေတြျဖစ္လာေအာင္ ျပဳျပင္လိုက္ပါေနာ္ …။ ။

Penny

Unicode

ကျန်တဲ့ ၂၀၂၀ ရဲ့ လတွေမှာ မိန်းကလေးတွေအနေနဲ့ လုပ်သင့်တဲ့အရာ(၇)ခု…

ပျိုမေတို့ရေ.. ၂၀၂၀ ကုန်ဖို့ ၄ လပဲကျန်တော့တယ်နော်။ တကယ်တမ်းပြောရရင် ၂၀၂၀ ဟာလည်း ဘယ်လိုဘယ်လို ၈ လ ပိုင်းတောင် ရောက်သွားမှန်း မသိလိုက်မိပါဘူး။ ငါသင်တန်းတွေ တက်မယ်။ ဘာတွေ အသစ်ထပ်သင်မယ်။ ပိုလှလာအောင် လုပ်မယ်ဆိုတာတွေလည်း ကိုဗစ်ကြောင့် အလကားဖြစ်ခဲ့ရပါတယ် …။

ဒါပေမဲ့လည်း ကျန်တဲ့ ၄ လအတွင်းမှာ အားတင်းပြီး ဒီအချက်လေးတွေကို လုပ်ကြည့်ရင်း ပြောင်းလဲကြည့်လိုက်ရအောင်လားနော် …။

(၁) ဘာသာစကား အသစ်တစ်မျိုးကို တီးခေါက်ကြည့်ပါ”

အခုအချိန်က အွန်လိုင်းကစာသင်တဲ့ဟာတွေ အရမ်းခေတ်စားနေပြီး အခမဲ့သင်ကြားပေးနေတာတွေလည်းရှိတာကြောင့် ကျွမ်းကျွမ်းကျင်ကျင် မဟုတ်တောင် သာသာစကားအသစ်အဆန်းလေးကို စကားပြောလောက်တော့ တီးမိခေါက်မိဖြစ်အောင် လေ့လာကြည့်လိုက်ပါ …။

(၂) အိမ်အလုပ်တွေ သင်ယူပါ”

အိမ်အလုပ်ဆိုတာ အမျိုးသမီးမှလုပ်ရမယ်လို့ သတ်မှတ်ထားတဲ့အရာမဟုတ်တဲ့အတွက် ကိုယ်မလုပ်ချင်လည်း မလုပ်လို့ရပါတယ်။ ဒါပေမဲ့ ဘယ်အရာကို ဘယ်လိုလပ်ရမယ်မှန်းသိထားတော့ သူများကို ငှားပြီးခိုင်းတဲ့အခါမှာလည်း ကောင်းကောင်းကြည့်လို့ရတာပေါ့။ ဟင်းချက်သင်တာမျိုး၊ မီးပူတိုက်သင်တာမျိုးတွေပေါ့ …။

(၃) စာဖတ်ပါ

ဒီလိုအခြေအနေမျိုးမှာ အပြင်မထွက်ဘဲနေတာ အကောင်းဆုံးပါ။ အပြင်မထွက်နဲ့ဆိုလို့ ရုပ်ရှင်တွေပဲကြည့်၊ ဖုန်းတွေပဲ သုံးမနေနဲ့ဦးနော်။ အရင်က မအားလို့ မဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေကို အတိုးချဖတ်ရင်း စာဖတ်တဲ့အကျင့်လေးကို ပြန်ပြီး မွေးမြူပါ …။

(၄) ယုံကြည်မှုကို မွေးမြူပါ”

ယုံကြည်မှုရှိတဲ့လူဟာ ဘယ်လိုနေရာမှာပဲမဆို ယုံကြည်မှုမရှိတဲ့လူထက် အောင်မြင်နိုင်ချေဟာ ထက်ဝက်လောက်ပိုများနေပါပြီ။ ဒါကြောင့်သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလုံအလောက်ရှိရဲ့ လားပြန်မေးပါ။ မရှိနေဘူးဆိုရင်တော့ ကိုယ့်ရဲ့ မပြီးပြည့်စုံမှုတွေကို နားလည်လက်ခံပြီး ကျန်တဲ့ ၄ လအတွင်းမှာ ကိုယ့်ယုံကြည်မှုကို တည်ဆောက်လိုက်ပါ …။

(၅) လေ့ကျင့်ခန်း လုပ်ပါ”

လေ့ကျင့်ခန်းဆိုတာ gym မှာမှ လပ်လို့ရတာမဟုတ်ဘူးနော်။ YouTube မှာ ဗိုက်အတွက်ဆို Belly workout, တင်အတွက်ဆို Boody workout စသဖြင့်ရှာပြီး အိမ်မှာပဲ Home workout တွေလုပ်နိုင်ပါတယ် …။

(၆) ပိုက်ဆံစုပါ”

အကယ်၍ သင်ဟာအလုပ်လုပ်နေပြီး ပိုက်ဆံတော့ မစုဖြစ်သေးဘူးဆိုရင် ဒီအချိန်ဟာ ပိုက်ဆံစုလို့အကောင်းဆုံးအချိန်ပါပဲ။ ဘာကြောင့်ဆိုရင် အပြင်တွေလည်း အဲလေက်မသွးရဘူးဆိုတော့ food delivery တွေက မုန့် မှာစားတာတွေ၊ online shopping က ပစ္စည်းတွေမှာတာမျိုးတွေကို ခဏလောက် အောင့်အီးသည်းခံပြီး ပိုက်ဆံ စုကြည့်လိုက်ပါ …။

(၇) အားနည်းချက်မှ အားသာချက်ကို ပြောင်းပါ”

အားနည်းချက်တွေကို သေချာတွေးပါ။ နောက် အချိန်ပေးပြီး အဲဒီအချက်တွေကို ကိုယ့်ရဲ့ အားနည်းချက်မဖြစ်စေဘဲ အားသာချက်တွေဖြစ်လာအောင် ပြုပြင်လိုက်ပါနော် …။ ။

Penny