အခ်စ္နဲ႔ ပတ္သတ္လို႔ လူေတြမႏွစ္သက္ၾကတဲ့ အရာမ်ား

အခ်စ္နဲ႔ ပတ္သတ္လို႔ လူေတြမႏွစ္သက္ၾကတဲ့ အရာမ်ား

အခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲ…။ ႐ူးသြပ္သြားေအာင္ျပဳစားတတ္တာမ်ိဳးလား…။ ဒါမွမဟုတ္ လူ႕ေလာကီမွာ ရ႐ွိႏိုင္တဲ့ အျမင့္ဆုံးေသာဆုလာဒ္တမ်ိဳးလား…။ အခ်စ္ေၾကာင့္ အရာရာအားလုံး ၿပိဳလဲသြားခဲ့ၾကတယ္။ အခ်စ္ေၾကာင့္ဘဲ ဘဝႀကီးတခုလုံး ျပည့္စုံသြားၾကတယ္။ ဒါဟာ ဘာေၾကာင့္မ်ားလဲ…။ ေသခ်ာတာကေတာ့ က်ေနာ္တို႔အားလုံးဟာ အခ်စ္နဲ႔ပတ္သတ္ရင္ လုံေလာက္တဲ့ အဓိပၸါယ္ဖြင့္ဆိုမႈမ်ိဳး မ႐ွိႏိုင္ၾကတာပါပဲ။ ဒါေပမယ့္ အခ်စ္ဆိုတဲ့အရာနဲ႔ပတ္သတ္ၿပီးေတာ့ မႏွစ္သက္ေပမယ္ လက္ခံၾကရမယ့္ အမွန္တရားေတြကေတာ့ ႐ွိေနျပန္ပါတယ္ေနာ္ ……။

အခ်စ္ဆိုတာ တစ္ႀကိမ္ေလာက္လက္လႊတ္လိုက္ရ႐ုံနဲ႔ ေသဆုံးမသြားတတ္ပါဘူး”

အခ်စ္ဆိုတာ လြယ္လြယ္နဲ႔ေတာ့ ေမြးဖြားလာတတ္တဲ့အရာမ်ိဳးမဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ က်ေနာ္တို႔အားလုံးဟာ ကိုယ္နဲ႔ကိုက္ညီမယ္ထင္တဲ့သူေတြနဲ႔ ခ်စ္သူရည္းစားေတြျဖစ္ခဲ့ၾကတယ္။ တကယ့္ခ်စ္ျခင္း ဟုတ္မဟုတ္ ေလ့လာစူးစမ္းခဲ့ၾကတယ္။ အခ်စ္လို႔ မွတ္ထင္ၿပီး ၿပိဳလဲခဲ့ၾကတယ္။ ေပ်ာ္႐ႊင္ခဲ့ၾကတယ္။ ကိုယ့္ဘက္က သူ႕အေပၚတကယ္ခ်စ္ျမတ္ႏိုးေပမယ့္ သူ႕ဘက္ကကိုယ့္လို မဟုတ္ခဲ့တဲ့အတြက္ အသည္းေတြကြဲခဲ့ၾကတယ္။ တခ်ိဳ႕ေတြကေတာ့ ပထမဆုံးအႀကိမ္ဆုံေတြ႕စဥ္မွာဘဲ တေယာက္နဲ႔တေယာက္ အျပန္အလွန္ခ်စ္ျမတ္ႏိုးခဲ့ၾကၿပီး တသက္လုံးအတူတူတကြ ျဖတ္သန္းခြင့္ရၾကေပမယ့္ တခ်ိဳ႕ေတြၾကေတာ့ ခ်စ္လ်က္နဲ႔ ေဝးကြာခဲ့ၾကရပါတယ္။ ဒါေပမယ့္လည္း အခ်စ္ဆိုတာ တႀကိမ္ေလာက္လက္လႊတ္ဆုံး႐ႈံးသြားရတာနဲ႔ မေသဆုံးသြားတတ္ပဲ ေနာက္ထပ္ျပန္ ႐ွင္သန္လာႏိုင္ပါတယ္။ ဒီအခ်က္ကိုလူေတာ္ေတာ္မ်ားမ်ားက သိပ္ၿပီးေတာ့လက္မခံခ်င္ၾကပါဘူး။ အခ်စ္ဆိုတာ တစ္သက္မွာ တခါသာ ျဖစ္ေပၚလာတတ္တာလို႔ တရားေသမွတ္ယူ ထားတတ္ၾကပါတယ္ …။

အခ်စ္ဆိုတာမွာ နာက်င္ရတာမ်ိဳးေတြလည္း ႐ွိတယ္”

ခ်စ္ျခင္းေမတၱာနဲ႔ပတ္သတ္လို႔ အဆိုးဝါးဆုံးအရာတခုကေတာ့ အနာဂတ္မွာဘာေတြျဖစ္လာႏိုင္သလဲ မသိႏိုင္တာပဲ ျဖစ္ပါတယ္။ တကယ္ခ်စ္တဲ့သူေတြအတူတူသာ႐ွိေနၾကရင္ အရာရာအားလုံး အဆင္ေျပၾကမယ္လို႔ မွတ္ထင္တတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ေပ်ာ္႐ႊင္ၾကရေပမယ့္လည္း တခါတရံမ်ိဳးမွာ ထိခိုက္နာက်င္ရတာေတြ႐ွိပါတယ္။ ဘဝဆိုတာ အခ်ိန္ျပည့္ေပ်ာ္႐ႊင္ေနေနရတာမ်ိဳးမဟုတ္တဲ့အတြက္ ဒုကၡေတြ၊ ပူပင္ေသာကေတြ၊ မေျပလည္ႏိုင္တဲ့ ဘဝေ႐ွ႕ေရးေတြၾကားမွာအခ်စ္ဆိုတာကလည္း နာက်င္စြာထိခိုက္တတ္တဲ့ အမ်ိဳးအစားတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အခ်ိဳ႕ေသာ ခ်စ္ျခင္းေတြဟာ ေလာကဓံရဲ႕ဖိႏွိပ္မႈေတြၾကားမွာ ၿပိဳလဲသြားၾကတာဘဲျဖစ္ပါတယ္ ……။

အခ်စ္ဆိုတာ စိတ္လႈပ္႐ွားစရာေကာင္းတဲ့ ကစားပြဲသာ ျဖစ္ပါတယ္”

အခ်စ္နဲ႔ပတ္သတ္ရင္ လူေတြအားလုံးစိတ္လႈပ္႐ွားတတ္ၾကပါတယ္။ အခ်စ္စစ္ဆိုတာမ်ိဳးက ျမင္သာတဲ့အရာမ်ိဳးမဟုတ္ေတာ့ အတုအေယာင္ေတြၾကားမွာ ဝမ္းနည္းနာက်င္ရတာမ်ိဳးေတြ႐ွိပါတယ္။ တကယ္ခ်စ္လို႔ ဒီလိုဒဏ္ရာေတြကို ခံစားရတာဘဲဆိုၿပီး ဘဝကို ေရစုန္ေမ်ာလို႔မရပါဘူး။ ဒါေၾကာင့္မို႔ ကိုယ့္ဆီဦးတည့္မလာႏိုင္တဲ့ ခ်စ္ျခင္းတရားတစ္ခုကို တဖက္သတ္ေမွ်ာ္လင့္ေနတာမ်ိဳးက ဘာတစ္ခုမွ အဆင္ေျပလာစရာမ႐ွိတာမို႔ ခပ္ျမန္ျမန္ပဲ လႊတ္ခ်ပစ္သင့္ပါတယ္ေနာ္ …။

အခ်စ္နဲ႔ပတ္သတ္လို႔ ပုံေသနည္းမ႐ွိပါဘူး”

လူတဦးနဲ႔တဦး အခ်စ္ဆိုတာကို ခံစားသိ႐ွိပုံျခင္းလည္းမတူညီသလို၊ ၫႊန္းဆိုျပပုံျခင္းလည္းမတူညီပါဘူး။ အခ်ိဳ႕ေသာလူေတြက အခ်စ္ဆိုတာကို ႐ိုမန္႔တစ္ဆန္ဆန္ဖြဲ႕ႏြဲ႕ျပတတ္ၾကေပမယ့္ အခ်ိဳ႕ေသာလူေတြကေတာ့ အဲဒီလိုဖြဲ႕ႏြဲ႕ျပတာမ်ိဳးကို မႏွစ္သက္ၾကပါဘူး။ ဘာဘဲေျပာေျပာ အခ်စ္နဲ႔ပတ္သတ္ရင္ လူတိုင္းမွာ သူ႕ပုံစံနဲ႔သူ႐ွိေနၾကတာမို႔ အရမ္းႀကီး႐ိုမန္႔တစ္ဆန္ဆန္ေနျပမွ အခ်စ္လို႔သတ္မွတ္တာမ်ိဳးက မွန္ကန္ႏိုင္ေျခမ႐ွိပါဘူး။ ကဗ်ာဆရာတေယာက္က အခ်စ္နဲ႔ပတ္သတ္ၿပီး ကဗ်ာတပုဒ္ေရးခ်င္ေရးပါလိမ့္မယ္။ ဒါေပမယ့္ ပန္းခ်ီဆရာ တစ္ေယာက္ကေတာ့ သူ႕ရဲ႕ခ်စ္ျခင္းေတြကို စုတ္ခ်က္ေတြ၊ ေဆးေရာင္ေတြနဲ႔သာ ေဖာ္ျပပါလိမ့္မယ္ …။

ခ်စ္ျခင္းေမတၱာဆိုတာ တပ္မက္ျခင္း မဟုတ္ပါဘူး”

ခ်စ္ျခင္းေမတၱာဆိုတာ ႐ုပ္ပိုင္းဆိုင္ရာဆြဲေဆာင္မႈေတြထက္ အမ်ားႀကီးသာပါတယ္။ ႐ုပ္ရည္လွပလို႔၊ ဉာဏ္ပညာထက္ျမက္လို႔၊ စည္းစိမ္ခ်မ္းသာလို႔ အစ႐ွိတာေတြကို အေျခခံၿပီး ခ်စ္ျခင္းေမတၱာဆိုတာ ျဖစ္ေပၚလာတတ္ေပမယ့္ တကယ္ေတာ့ အခ်စ္စစ္ဆိုတာမ်ိဳးက အဲဒီလိုအရာမ်ိဳးေတြ ဘာတခုမွမ႐ွိေတာ့ရင္ေတာင္မွ တေယာက္နဲ႔တေယာက္ဆက္ၿပီးခ်စ္ေနႏိုင္တဲ့အထိကို အင္အားႀကီးမားပါတယ္။ “႐ွိေတာ့႐ွိတယ္ ဒါေပမယ့္ ႐ွားပါးတယ္” ဆိုတဲ့ အမွန္တရားေတြထဲမွာ ဒီလိုခ်စ္ျခင္းေမတၱာမ်ိဳးလည္း ပါ႐ွိပါတယ္ ……။

အခ်စ္ဆိုတာ အသုံးခ်ခံပစၥည္းမဟုတ္ပါဘူး”

အခ်စ္ဆိုတဲ့အရာမွာ လူႏွစ္ေယာက္ မွ်တတဲ့ေတြးေခၚမႈ၊ အျပန္အလွန္နားလည္ေပးမႈ၊ အနစ္နာခံမႈ၊ သည္းခံလိုက္ေလ်ာမႈ အစ႐ွိတာေတြလိုအပ္ပါတယ္။ တကိုယ္ေကာင္းဆန္တဲ့အေတြးအေခၚေတြ၊ လုပ္ရပ္ေတြကို ခြာခ်ထားရပါမယ္။ အခ်စ္ဆိုတဲ့အရာကို ေခါင္းစဥ္တပ္ၿပီး တဘက္သတ္ေတြးေခၚလုပ္ကိုင္တာမ်ိဳးက လက္ေတြ႕မွာ ဘယ္လိုမွအဆင္မေျပႏိုင္ပါဘူးေနာ္။ တကယ္ခ်စ္ၾကတယ္ဆိုရင္ေတာ့ တေယာက္နဲ႔တေယာက္ အျပဳသေဘာေဆာင္တဲ့အေတြးအေခၚေတြ၊ နားလည္မႈေတြထား႐ွိမွ ေရ႐ွည္မွာတည္တံ့ခိုင္ၿမဲပါလိမ့္မယ္။ အခ်စ္ဆိုတာ လူတေယာက္ရဲ႕ ဘဝကို ေကာင္းမြန္ေအာင္ ေျပာင္းလဲႏိုင္စြမ္း႐ွိသလို၊ ဆုတ္ယုတ္သြားေအာင္ လုပ္ေဆာင္ႏိုင္စြမ္းလည္း႐ွိပါတယ္။ တေယာက္နဲ႔တေယာက္ မွန္ကန္တဲ့လမ္းေၾကာင္းေတြကို လမ္းၫႊန္ျပသႏိုင္မႈ၊ ေဖးမကူညီမႈေတြထား႐ွိထားမွဘဲ ခ်စ္ျခင္းတရားရဲ႕ လွပမႈကို အျပည့္အဝခံစားႏိုင္မွာပဲ ျဖစ္ပါတယ္။ အခ်စ္နဲ႔ပတ္သတ္ၿပီး နားမလည္ႏိုင္တာေတြမ်ိဳးေတြ၊ သေဘာထားမကိုက္ညီတာမ်ိဳးေတြ အမ်ားႀကီး႐ွိတတ္ၾကပါတယ္။ ဘယ္ေလာက္ဘဲ ခက္ခဲမႈေတြ႐ွိပါေစ အဆုံးသတ္ၾကရင္ေတာ့ စစ္မွန္တဲ့ခ်စ္ျခင္းတရားကဘဲ အရာရာတိုင္းကို အႏိုင္ယူသြားပါလိမ့္မယ္ေနာ္ …။

Credit – Lifestyle_Myanmar

Dmo_aung

Unicode

အချစ်နဲ့ ပတ်သတ်လို့ လူတွေမနှစ်သက်ကြတဲ့ အရာများ

အချစ်ဆိုတာ ဘယ်လိုမျိုးလဲ…။ ရူးသွပ်သွားအောင်ပြုစားတတ်တာမျိုးလား…။ ဒါမှမဟုတ် လူ့လောကီမှာ ရရှိနိုင်တဲ့ အမြင့်ဆုံးသောဆုလာဒ်တမျိုးလား…။ အချစ်ကြောင့် အရာရာအားလုံး ပြိုလဲသွားခဲ့ကြတယ်။ အချစ်ကြောင့်ဘဲ ဘဝကြီးတခုလုံး ပြည့်စုံသွားကြတယ်။ ဒါဟာ ဘာကြောင့်များလဲ…။ သေချာတာကတော့ ကျနော်တို့အားလုံးဟာ အချစ်နဲ့ပတ်သတ်ရင် လုံလောက်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုး မရှိနိုင်ကြတာပါပဲ။ ဒါပေမယ့် အချစ်ဆိုတဲ့အရာနဲ့ပတ်သတ်ပြီးတော့ မနှစ်သက်ပေမယ် လက်ခံကြရမယ့် အမှန်တရားတွေကတော့ ရှိနေပြန်ပါတယ်နော် …။

အချစ်ဆိုတာ တစ်ကြိမ်လောက်လက်လွှတ်လိုက်ရရုံနဲ့ သေဆုံးမသွားတတ်ပါဘူး”

အချစ်ဆိုတာ လွယ်လွယ်နဲ့တော့ မွေးဖွားလာတတ်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျနော်တို့အားလုံးဟာ ကိုယ်နဲ့ကိုက်ညီမယ်ထင်တဲ့သူတွေနဲ့ ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတယ်။ တကယ့်ချစ်ခြင်း ဟုတ်မဟုတ် လေ့လာစူးစမ်းခဲ့ကြတယ်။ အချစ်လို့ မှတ်ထင်ပြီး ပြိုလဲခဲ့ကြတယ်။ ပျော်ရွှင်ခဲ့ကြတယ်။ ကိုယ့်ဘက်က သူ့အပေါ်တကယ်ချစ်မြတ်နိုးပေမယ့် သူ့ဘက်ကကိုယ့်လို မဟုတ်ခဲ့တဲ့အတွက် အသည်းတွေကွဲခဲ့ကြတယ်။ တချို့တွေကတော့ ပထမဆုံးအကြိမ်ဆုံတွေ့စဉ်မှာဘဲ တယောက်နဲ့တယောက် အပြန်အလှန်ချစ်မြတ်နိုးခဲ့ကြပြီး တသက်လုံးအတူတူတကွ ဖြတ်သန်းခွင့်ရကြပေမယ့် တချို့တွေကြတော့ ချစ်လျက်နဲ့ ဝေးကွာခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း အချစ်ဆိုတာ တကြိမ်လောက်လက်လွှတ်ဆုံးရှုံးသွားရတာနဲ့ မသေဆုံးသွားတတ်ပဲ နောက်ထပ်ပြန် ရှင်သန်လာနိုင်ပါတယ်။ ဒီအချက်ကိုလူတော်တော်များများက သိပ်ပြီးတော့လက်မခံချင်ကြပါဘူး။ အချစ်ဆိုတာ တစ်သက်မှာ တခါသာ ဖြစ်ပေါ်လာတတ်တာလို့ တရားသေမှတ်ယူ ထားတတ်ကြပါတယ် …။

အချစ်ဆိုတာမှာ နာကျင်ရတာမျိုးတွေလည်း ရှိတယ်”

ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်လို့ အဆိုးဝါးဆုံးအရာတခုကတော့ အနာဂတ်မှာဘာတွေဖြစ်လာနိုင်သလဲ မသိနိုင်တာပဲ ဖြစ်ပါတယ်။ တကယ်ချစ်တဲ့သူတွေအတူတူသာရှိနေကြရင် အရာရာအားလုံး အဆင်ပြေကြမယ်လို့ မှတ်ထင်တတ်ကြပါတယ်။ များသောအားဖြင့်တော့ ပျော်ရွှင်ကြရပေမယ့်လည်း တခါတရံမျိုးမှာ ထိခိုက်နာကျင်ရတာတွေရှိပါတယ်။ ဘဝဆိုတာ အချိန်ပြည့်ပျော်ရွှင်နေနေရတာမျိုးမဟုတ်တဲ့အတွက် ဒုက္ခတွေ၊ ပူပင်သောကတွေ၊ မပြေလည်နိုင်တဲ့ ဘဝရှေ့ရေးတွေကြားမှာအချစ်ဆိုတာကလည်း နာကျင်စွာထိခိုက်တတ်တဲ့ အမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အချို့သော ချစ်ခြင်းတွေဟာ လောကဓံရဲ့ဖိနှိပ်မှုတွေကြားမှာ ပြိုလဲသွားကြတာဘဲဖြစ်ပါတယ်။

အချစ်ဆိုတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားပွဲသာ ဖြစ်ပါတယ်”

အချစ်နဲ့ပတ်သတ်ရင် လူတွေအားလုံးစိတ်လှုပ်ရှားတတ်ကြပါတယ်။ အချစ်စစ်ဆိုတာမျိုးက မြင်သာတဲ့အရာမျိုးမဟုတ်တော့ အတုအယောင်တွေကြားမှာ ဝမ်းနည်းနာကျင်ရတာမျိုးတွေရှိပါတယ်။ တကယ်ချစ်လို့ ဒီလိုဒဏ်ရာတွေကို ခံစားရတာဘဲဆိုပြီး ဘဝကို ရေစုန်မျောလို့မရပါဘူး။ ဒါကြောင့်မို့ ကိုယ့်ဆီဦးတည့်မလာနိုင်တဲ့ ချစ်ခြင်းတရားတစ်ခုကို တဖက်သတ်မျှော်လင့်နေတာမျိုးက ဘာတစ်ခုမှ အဆင်ပြေလာစရာမရှိတာမို့ ခပ်မြန်မြန်ပဲ လွှတ်ချပစ်သင့်ပါတယ်နော် …။

အချစ်နဲ့ပတ်သတ်လို့ ပုံသေနည်းမရှိပါဘူး”

လူတဦးနဲ့တဦး အချစ်ဆိုတာကို ခံစားသိရှိပုံခြင်းလည်းမတူညီသလို၊ ညွှန်းဆိုပြပုံခြင်းလည်းမတူညီပါဘူး။ အချို့သောလူတွေက အချစ်ဆိုတာကို ရိုမန့်တစ်ဆန်ဆန်ဖွဲ့နွဲ့ပြတတ်ကြပေမယ့် အချို့သောလူတွေကတော့ အဲဒီလိုဖွဲ့နွဲ့ပြတာမျိုးကို မနှစ်သက်ကြပါဘူး။ ဘာဘဲပြောပြော အချစ်နဲ့ပတ်သတ်ရင် လူတိုင်းမှာ သူ့ပုံစံနဲ့သူရှိနေကြတာမို့ အရမ်းကြီးရိုမန့်တစ်ဆန်ဆန်နေပြမှ အချစ်လို့သတ်မှတ်တာမျိုးက မှန်ကန်နိုင်ခြေမရှိပါဘူး။ ကဗျာဆရာတယောက်က အချစ်နဲ့ပတ်သတ်ပြီး ကဗျာတပုဒ်ရေးချင်ရေးပါလိမ့်မယ်။ ဒါပေမယ့် ပန်းချီဆရာ တစ်ယောက်ကတော့ သူ့ရဲ့ချစ်ခြင်းတွေကို စုတ်ချက်တွေ၊ ဆေးရောင်တွေနဲ့သာ ဖော်ပြပါလိမ့်မယ် …။

ချစ်ခြင်းမေတ္တာဆိုတာ တပ်မက်ခြင်း မဟုတ်ပါဘူး”

ချစ်ခြင်းမေတ္တာဆိုတာ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတွေထက် အများကြီးသာပါတယ်။ ရုပ်ရည်လှပလို့၊ ဉာဏ်ပညာထက်မြက်လို့၊ စည်းစိမ်ချမ်းသာလို့ အစရှိတာတွေကို အခြေခံပြီး ချစ်ခြင်းမေတ္တာဆိုတာ ဖြစ်ပေါ်လာတတ်ပေမယ့် တကယ်တော့ အချစ်စစ်ဆိုတာမျိုးက အဲဒီလိုအရာမျိုးတွေ ဘာတခုမှမရှိတော့ရင်တောင်မှ တယောက်နဲ့တယောက်ဆက်ပြီးချစ်နေနိုင်တဲ့အထိကို အင်အားကြီးမားပါတယ်။ “ရှိတော့ရှိတယ် ဒါပေမယ့် ရှားပါးတယ်” ဆိုတဲ့ အမှန်တရားတွေထဲမှာ ဒီလိုချစ်ခြင်းမေတ္တာမျိုးလည်း ပါရှိပါတယ် …။

အချစ်ဆိုတာ အသုံးချခံပစ္စည်းမဟုတ်ပါဘူး”

အချစ်ဆိုတဲ့အရာမှာ လူနှစ်ယောက် မျှတတဲ့တွေးခေါ်မှု၊ အပြန်အလှန်နားလည်ပေးမှု၊ အနစ်နာခံမှု၊ သည်းခံလိုက်လျောမှု အစရှိတာတွေလိုအပ်ပါတယ်။ တကိုယ်ကောင်းဆန်တဲ့အတွေးအခေါ်တွေ၊ လုပ်ရပ်တွေကို ခွာချထားရပါမယ်။ အချစ်ဆိုတဲ့အရာကို ခေါင်းစဉ်တပ်ပြီး တဘက်သတ်တွေးခေါ်လုပ်ကိုင်တာမျိုးက လက်တွေ့မှာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူးနော်။ တကယ်ချစ်ကြတယ်ဆိုရင်တော့ တယောက်နဲ့တယောက် အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေ၊ နားလည်မှုတွေထားရှိမှ ရေရှည်မှာတည်တံ့ခိုင်မြဲပါလိမ့်မယ်။ အချစ်ဆိုတာ လူတယောက်ရဲ့ ဘဝကို ကောင်းမွန်အောင် ပြောင်းလဲနိုင်စွမ်းရှိသလို၊ ဆုတ်ယုတ်သွားအောင် လုပ်ဆောင်နိုင်စွမ်းလည်းရှိပါတယ်။ တယောက်နဲ့တယောက် မှန်ကန်တဲ့လမ်းကြောင်းတွေကို လမ်းညွှန်ပြသနိုင်မှု၊ ဖေးမကူညီမှုတွေထားရှိထားမှဘဲ ချစ်ခြင်းတရားရဲ့ လှပမှုကို အပြည့်အဝခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ အချစ်နဲ့ပတ်သတ်ပြီး နားမလည်နိုင်တာတွေမျိုးတွေ၊ သဘောထားမကိုက်ညီတာမျိုးတွေ အများကြီးရှိတတ်ကြပါတယ်။ ဘယ်လောက်ဘဲ ခက်ခဲမှုတွေရှိပါစေ အဆုံးသတ်ကြရင်တော့ စစ်မှန်တဲ့ချစ်ခြင်းတရားကဘဲ အရာရာတိုင်းကို အနိုင်ယူသွားပါလိမ့်မယ်နော် …။

Credit – Lifestyle_Myanmar

Dmo_aung