ကိုယ့္ရဲ႕ ရွိရင္းစြဲ အသက္ထက္ပိုၿပီး ရုပ္ရည္ ရင့္သြားေစရတဲ့ အေၾကာင္းအရင္း ၄ ခ်က္

ကိုယ့္ရဲ႕ ရွိရင္းစြဲ အသက္ထက္ပိုၿပီး ရုပ္ရည္ ရင့္သြားေစရတဲ့ အေၾကာင္းအရင္း ၄ ခ်က္

သဘာဝအရဆိုရင္ အသက္အရြယ္အလိုက္ ရုပ္ရည္ေတြက ရင့္လာတတ္ပါတယ္။ ဒါေပမယ့္ အသက္ထက္ ပိုၿပီး ရုပ္ရင့္ေနတဲ့သူေတြလည္း ရွိေနပါေသးတယ္။

ရြယ္တူခ်င္းေတြ ယွဥ္လိုက္ရင္ေတာင္မွာ ကိုယ္က အႀကီးတစ္ေယာက္လို ခံစားရေစတဲ့အထိ ရုပ္ရင့္ရျခင္းရဲ႕ ေနာက္ကြယ္မွာေတာ့ အေၾကာင္းအရင္းေတြ ရွိေနပါတယ္။ အဲ့ဒါေတြကေတာ့……

(၁) စိတ္ပုတ္လြန္းတာ

စိတ္ထားနဲ႔ ရုပ္က လိုက္တယ္ ဆိုၾကသလိုပါပဲ။ အျမဲ စိတ္္က ပုတ္ၿပီး ျငဴစူေနတတ္တဲ့သူေတြရဲ႕ ရုပ္ရည္ေတြကေတာ့ ရင့္ေနတတ္ပါတယ္။

ငယ္ရြယ္စဥ္မွာေတာ့ ႏုပ်ိဳေကာင္း ႏုပ်ိဳႏိုင္ေပမယ့္ စိတ္အလိုမက်မႈေတြ၊ စိတ္ဆိုးမႈေတြနဲ႔ မ်က္ႏွာကို တည္လြန္းတာေတြေၾကာင့္ ရုပ္ရည္က အေရးအေၾကာင္းေတြ ပိုျဖစ္လာႏိုင္သလို ရင့္ၿပီး ရုပ္ဆိုးလာတာကိုေတာင္ ျဖစ္ႏိုင္ပါတယ္။

(၂) စိတ္ဖိစီးမႈ အရမ္း မ်ားတာ

လူပ်ိဳႀကီးေတြနဲ႔ အိမ္ေထာင္သည္ေတြနဲ႔ ယွဥ္ရင္ လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြက ပိုႏုေနတာကို ေတြ႔ဖူးၾကမွာ ျဖစ္သလို အိမ္ေထာင္သည္အခ်င္းခ်င္းေတာင္ တစ္ခ်ိဳ႕ေတြက ပိုၿပီး ႏုပ်ိဳေနတာမ်ိဳးကို ေတြ႔ဖူးၾကမွာပါ။

ဒါက စိတ္ဖိစီးမႈ အနည္းအမ်ားေပၚ မူတည္ၿပီး အခုလို ရုပ္ရည္ေတြ ကြာျခားၾကတာ ျဖစ္ပါတယ္။ စိတ္ပူပန္မႈနဲ႔ ဖိစီးမႈေတြ အျမဲ ၾကံဳေနရတဲ့သူကေတာ့ ရွိတဲ့အသက္ထက္ ပိုၿပီး ရင့္ေနမွာပါပဲ။

(၃) ဖက္ရွင္ မက်တာ

ကိုယ္နဲ႔ လိုက္ဖက္ေအာင္ မဝတ္တတ္တာကလည္း ကိုယ့္ကို ရွိရင္းစြဲပံုစံထက္ ပိုၿပီး ရင့္သြားေစႏိုင္ပါတယ္။ လူငယ္က လူငယ္လို ဝတ္မွသာ ရုပ္က နဂိုပံုစံအတိုင္း ရွိေနမွာ ျဖစ္ၿပီး လူလတ္ပိုင္းပံုစံ ဝတ္ထားရင္ေတာ့ သင့္ရဲ႕ ငယ္ရြယ္တဲ့ ရုပ္ရည္ေတြကို ဖံုးကြယ္သြားမွာပဲ ျဖစ္ပါတယ္။

(၄) အလုပ္ေတြ ပင္ပန္းတာ

အလုပ္ေတြ ပိၿပီးရင္း ပိေနတဲ့ သူေတြကလည္း ရုပ္ရည္ရင့္ေနႏိုင္ပါတယ္။ အလုပ္ေလာဘ အရမ္းႀကီးတဲ့သူေတြရယ္၊ ေငြမွေငြ ွရွာေနၿပီး မျပင္မဆင္ႏိုင္ ျဖစ္ေနတဲ့သူေတြကလည္း ကိုယ့္အသက္ထက္ ႏွစ္ဆေလာက္ ႀကီးေနတဲ့ ပံုစံေပါက္ေနတတ္ပါေသးတယ္။

Kham

Unicode

ကိုယ့်ရဲ့ ရှိရင်းစွဲ အသက်ထက်ပိုပြီး ရုပ်ရည် ရင့်သွားစေရတဲ့ အကြောင်းအရင်း ၄ ချက်

သဘာဝအရဆိုရင် အသက်အရွယ်အလိုက် ရုပ်ရည်တွေက ရင့်လာတတ်ပါတယ်။ ဒါပေမယ့် အသက်ထက် ပိုပြီး ရုပ်ရင့်နေတဲ့သူတွေလည်း ရှိနေပါသေးတယ်။

ရွယ်တူချင်းတွေ ယှဉ်လိုက်ရင်တောင်မှာ ကိုယ်က အကြီးတစ်ယောက်လို ခံစားရစေတဲ့အထိ ရုပ်ရင့်ရခြင်းရဲ့ နောက်ကွယ်မှာတော့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့……

(၁) စိတ်ပုတ်လွန်းတာ

စိတ်ထားနဲ့ ရုပ်က လိုက်တယ် ဆိုကြသလိုပါပဲ။ အမြဲ စိတ်က ပုတ်ပြီး ငြူစူနေတတ်တဲ့သူတွေရဲ့ ရုပ်ရည်တွေကတော့ ရင့်နေတတ်ပါတယ်။

ငယ်ရွယ်စဉ်မှာတော့ နုပျိုကောင်း နုပျိုနိုင်ပေမယ့် စိတ်အလိုမကျမှုတွေ၊ စိတ်ဆိုးမှုတွေနဲ့ မျက်နှာကို တည်လွန်းတာတွေကြောင့် ရုပ်ရည်က အရေးအကြောင်းတွေ ပိုဖြစ်လာနိုင်သလို ရင့်ပြီး ရုပ်ဆိုးလာတာကိုတောင် ဖြစ်နိုင်ပါတယ်။

(၂) စိတ်ဖိစီးမှု အရမ်း များတာ

လူပျိုကြီးတွေနဲ့ အိမ်ထောင်သည်တွေနဲ့ ယှဉ်ရင် လူပျိုကြီး၊ အပျိုကြီးတွေက ပိုနုနေတာကို တွေ့ဖူးကြမှာ ဖြစ်သလို အိမ်ထောင်သည်အချင်းချင်းတောင် တစ်ချို့တွေက ပိုပြီး နုပျိုနေတာမျိုးကို တွေ့ဖူးကြမှာပါ။

ဒါက စိတ်ဖိစီးမှု အနည်းအများပေါ် မူတည်ပြီး အခုလို ရုပ်ရည်တွေ ကွာခြားကြတာ ဖြစ်ပါတယ်။ စိတ်ပူပန်မှုနဲ့ ဖိစီးမှုတွေ အမြဲ ကြုံနေရတဲ့သူကတော့ ရှိတဲ့အသက်ထက် ပိုပြီး ရင့်နေမှာပါပဲ။

(၃) ဖက်ရှင် မကျတာ

ကိုယ်နဲ့ လိုက်ဖက်အောင် မဝတ်တတ်တာကလည်း ကိုယ့်ကို ရှိရင်းစွဲပုံစံထက် ပိုပြီး ရင့်သွားစေနိုင်ပါတယ်။ လူငယ်က လူငယ်လို ဝတ်မှသာ ရုပ်က နဂိုပုံစံအတိုင်း ရှိနေမှာ ဖြစ်ပြီး လူလတ်ပိုင်းပုံစံ ဝတ်ထားရင်တော့ သင့်ရဲ့ ငယ်ရွယ်တဲ့ ရုပ်ရည်တွေကို ဖုံးကွယ်သွားမှာပဲ ဖြစ်ပါတယ်။

(၄) အလုပ်တွေ ပင်ပန်းတာ

အလုပ်တွေ ပိပြီးရင်း ပိနေတဲ့ သူတွေကလည်း ရုပ်ရည်ရင့်နေနိုင်ပါတယ်။ အလုပ်လောဘ အရမ်းကြီးတဲ့သူတွေရယ်၊ ငွေမှငွှေရှာနေပြီး မပြင်မဆင်နိုင် ဖြစ်နေတဲ့သူတွေကလည်း ကိုယ့်အသက်ထက် နှစ်ဆလောက် ကြီးနေတဲ့ ပုံစံပေါက်နေတတ်ပါသေးတယ်။

Kham